သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လက္ရွိျပင္သစ္သမၼတ ေ႐ြးေကာက္ပြဲအႏိုင္ရ


ဒုတိယအႀကိမ္ေရြးေကာက္ပြဲအႏိုင္ရလိုက္တဲ့ ျပင္သစ္သမၼတ Emmanuel Macron


[[Zawgyi/Unicode]]

ျပင္သစ္သမၼတေ႐ြးေကာက္ပြဲမွာ Emmanuel Macron က လက္ယာစြန္း သမၼတေလာင္း Marine Le Pen ကို အႏိုင္ရရွိသြားပါတယ္။ ႏွစ္ေပါင္း ၂၀ အတြင္း ျပင္သစ္ႏိုင္ငံမွာ ဒုတိယအႀကိမ္ေ႐ြးေကာက္ခံရတဲ့ ပထမဆုံးသမၼတလည္း ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္၊ လူထုသေဘာထားစစ္တမ္းအရ လူႀကိဳက္အနည္းဆုံး ျဖစ္ခဲ့ၿပီး ကန႔္ကြက္ဆႏၵျပၾကတာေတြရွိခဲ့ေပမယ့္ ျပင္သစ္ႏိုင္ငံသားအမ်ားစုက ကိုဗစ္ ၁၉ နဲ႔ ယူကရိန္းအက်ပ္အတည္းလို ကမာၻ႔အက်ပ္အတည္းကို ရင္ဆိုင္ရာမွာ သူ ဟာ အသင့္ေလ်ာ္ဆုံးေခါင္းေဆာင္ျဖစ္တယ္လို႔ မၾကာခင္က လုပ္ခဲ့ၾကတဲ့ လူထု စစ္တမ္းေတြက ေျပာပါတယ္။ သူဟာ စိတ္ႀကီးဝင္တတ္ၿပီး သာမာန္လူေတြနဲ႔ ကင္းကြာတတ္တယ္လို႔လည္း လူထုက ထင္ျမင္ၾကတာပါ။ အသက္ ၄၄ ႏွစ္ သာ ရွိေသးၿပီး ႏိုင္ငံေရးအရ အလယ္ဗဟိုဝါဒီျဖစ္တဲ့ မက္ခ႐ြန္ဟာ ယူကရိန္း စစ္ပြဲမွာ ၿငိမ္းခ်မ္းေရးရရွိေအာင္ သံတမန္ေရးအရ ႀကိဳးစား အားထုတ္ခဲ့ပါေသးတယ္။

သမၼတ Francois Hollande လက္ထက္မွာ စီးပြါးေရးဝန္ႀကီးအျဖစ္ ေဆာင္႐ြက္ခဲ့သလို အဲဒီ မတိုင္မီက သူဟာ ဘဏ္လုပ္ငန္းမွာ ဦးေဆာင္ေနရာက အလုပ္လုပ္ခဲ့သူ တေယာက္လည္း ျဖစ္ပါတယ္။

မက္ခ႐ြန္နဲ႔ လီပင္န္းတို႔ ရဲ႕မဲက မကြာလွဘဲ တခ်ိဳ႕မဲဆႏၵရွင္ေတြက သူ႔ကို ႀကိဳက္လို႔ မဟုတ္ဘဲ လီပင္းန္းကို သမၼတမျဖစ္ေစခ်င္လို႔ ေပးခဲ့ၾကတဲ့မဲေတြ ျဖစ္ပါတယ္။

သူ႔ဇနီး Brigitte Macron ဟာ သူ႔ထက္ အသက္ ၂၄ ႏွစ္ ႀကီးပါတယ္။ စာေပ ကို ျမတ္ႏိုးတဲ့ မက္ခ႐ြန္နဲ႔ သူ႔ဇနီး ဆရာမတို႔ဟာ အထက္တန္းေက်ာင္းရဲ႕ စာေပကလပ္မွာေတြ႕ရွိခဲ့ၾကတာပါ။ ၂၀၀၇ ခုႏွစ္ မွာ သူတို႔ လက္ထပ္ခဲ့ၾကပါတယ္။

လက္ရွိျပင္သစ္သမၼတ ေ႐ြးေကာက္ပြဲအႏိုင္ရ
please wait

No media source currently available

0:00 0:01:15 0:00
တိုက္႐ိုက္ လင့္ခ္

==========


[[Unicode]]

လက်ရှိပြင်သစ်သမ္မတ ရွေးကောက်ပွဲအနိုင်ရ

ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ Emmanuel Macron က လက်ယာစွန်း သမ္မတလောင်း Marine Le Pen ကို အနိုင်ရရှိသွားပါတယ်။ နှစ်ပေါင်း ၂၀ အတွင်း ပြင်သစ်နိုင်ငံမှာ ဒုတိယအကြိမ်ရွေးကောက်ခံရတဲ့ ပထမဆုံးသမ္မတလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ လူထုသဘောထားစစ်တမ်းအရ လူကြိုက်အနည်းဆုံး ဖြစ်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြကြတာတွေရှိခဲ့ပေမယ့် ပြင်သစ်နိုင်ငံသားအများစုက ကိုဗစ် ၁၉ နဲ့ ယူကရိန်းအကျပ်အတည်းလို ကမ္ဘာ့အကျပ်အတည်းကို ရင်ဆိုင်ရာမှာ သူ ဟာ အသင့်လျော်ဆုံးခေါင်းဆောင်ဖြစ်တယ်လို့ မကြာခင်က လုပ်ခဲ့ကြတဲ့ လူထု စစ်တမ်းတွေက ပြောပါတယ်။ သူဟာ စိတ်ကြီးဝင်တတ်ပြီး သာမာန်လူတွေနဲ့ ကင်းကွာတတ်တယ်လို့လည်း လူထုက ထင်မြင်ကြတာပါ။ အသက် ၄၄ နှစ် သာ ရှိသေးပြီး နိုင်ငံရေးအရ အလယ်ဗဟိုဝါဒီဖြစ်တဲ့ မက်ခရွန်ဟာ ယူကရိန်း စစ်ပွဲမှာ ငြိမ်းချမ်းရေးရရှိအောင် သံတမန်ရေးအရ ကြိုးစား အားထုတ်ခဲ့ပါသေးတယ်။

သမ္မတ Francois Hollande လက်ထက်မှာ စီးပွါးရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သလို အဲဒီ မတိုင်မီက သူဟာ ဘဏ်လုပ်ငန်းမှာ ဦးဆောင်နေရာက အလုပ်လုပ်ခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

မက်ခရွန်နဲ့ လီပင်န်းတို့ ရဲ့မဲက မကွာလှဘဲ တချို့မဲဆန္ဒရှင်တွေက သူ့ကို ကြိုက်လို့ မဟုတ်ဘဲ လီပင်းန်းကို သမ္မတမဖြစ်စေချင်လို့ ပေးခဲ့ကြတဲ့မဲတွေ ဖြစ်ပါတယ်။

သူ့ဇနီး Brigitte Macron ဟာ သူ့ထက် အသက် ၂၄ နှစ် ကြီးပါတယ်။ စာပေ ကို မြတ်နိုးတဲ့ မက်ခရွန်နဲ့ သူ့ဇနီး ဆရာမတို့ဟာ အထက်တန်းကျောင်းရဲ့ စာပေကလပ်မှာတွေ့ရှိခဲ့ကြတာပါ။ ၂၀၀၇ ခုနှစ် မှာ သူတို့ လက်ထပ်ခဲ့ကြပါတယ်။

==========

XS
SM
MD
LG