သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာ့ႏိုင္ငံေရးဂယက္ ျမန္မာျပည္တြင္း ေ႐ႊေဈး၊ ေလာင္စာဆီေဈးႏႈန္း အတက္ၾကမ္း


Picture taken on September 1, 2010 shows Myanmar vendors arranging a display of gold jewellery at a jewellery shop at Chinatown in downtown Yangon. Housewives huddle over jewellery counters in Yangon's bustling Chinatown -- but they do not have fashion o

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံကို ႐ု႐ွားက စစ္ဝင္တိုက္ခဲ့တဲ့ဂယက္က ျမန္မာႏိုင္ငံက ေလာင္စာဆီေစ်းနဲ႔ ေ႐ႊေစ်းေပၚမွာလည္း ႐ိုက္ခတ္ခဲ့ပါတယ္။ ေ႐ႊေစ်းက တရက္အတြင္း ၁ က်ပ္သားကို ပွ်မ္းမွ် က်ပ္ ၄ ေသာင္းဝန္းက်င္ ေစ်းတက္ခဲ့သလို ဓါတ္ဆီေစ်းကလည္း တရက္အတြင္း တပီပါကို က်ပ္ ၁၀,၀၀၀ ေလာက္ ေစ်းတက္သြားပါတယ္။ လုပ္ငန္းရွင္ေတြကေတာ့ မတည္ၿငိမ္တဲ့အေျခအေနေၾကာင့္ သတိထားၿပီး ေရာင္းဝယ္ေနရတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

ယူကရိန္းႏိုင္ငံကို ႐ု႐ွားက ဝင္ေရာက္ က်ဴးေက်ာ္စစ္တိုက္ေနတဲ့ဂယက္အျဖစ္ ျမန္မာႏိုင္ငံက ေ႐ႊေစ်းနဲ႔ ေလာင္စာဆီေစ်းေတြ တက္သြားခဲ့ပါတယ္။ တက်ပ္သားကို ၁၉ သိန္းအတိမွာ ၿငိမ္သက္ေနတဲ့ အေခါက္ေ႐ႊေစ်းကဟာ ဒီေန႔ ေဖေဖၚဝါရီ ၂၅ ရက္ ရန္ကုန္ၿမိဳ႕မွာ ေစ်းကြက္ဖြင့္ခ်ိန္မွာ ၁,၉၄၀,၀၀၀ က်ပ္နဲ႔ ေစ်းဖြင့္ခဲ့တာပါ။ ကမာၻ႔ေ႐ြေစ်းနဲ႔ က်ပ္ေငြ၊ အေမရိကန္ေဒၚလာ လဲလွယ္ႏႈန္းကလည္း တက္ေနတဲ့အတြက္ ေ႐ႊေစ်းျပန္က်ဖို႔ မခန႔္မွန္းႏိုင္ေသးဘူးလို႔ ရန္ကုန္ က ေ႐ႊေစ်းကြက္ေလ့လာသူတဦးက ေျပာပါတယ္။

"(ျပည္ပ) ႏိုင္ငံေရးက ႐ုတ္တရက္ႀကီးျဖစ္လာတာဆိုေတာ့ လူေတြက ေ႐ႊ အဓိကထားၿပီး ဝယ္တဲ့အခါက်ေတာ့ ကမာၻ႔ေ႐ႊေစ်းကလည္း အျမင့္ဆုံးထိ တက္သြားတာေပါ့ေနာ္။ မေန႔က အျမင့္ဆုံးထိတက္တယ္။ ဒါေပမယ့္ ေစ်းက ညပိုင္းေရာက္တဲ့အခါမွာ ျပန္က်လာတယ္။ ဒီေစ်းကြက္ကို သုံးသပ္တဲ့အခါမွာ ညီမတို႔က ႏွစ္မ်ိဳးၾကည့္တယ္ေပါ့ေနာ္။ FDA Fundamental လည္းၾကည့္တယ္။ TA Technical analyst ေပါ့။ ဒါေပမယ့္ အခုလက္ရွိ အေျခအေနအရ မေန႔ကလည္းျဖစ္သြားတယ္ ဆိုေတာ့ ဒါ FDA ေပါ့။ ႏိုင္ငံေရးျဖစ္တာျဖစ္တဲ့အတြက္ ေစ်းက တဟုန္ထိုးတက္သြားတယ္ေပါ့။ တက္သြားတဲ့အခ်ိန္ေနာက္မွာေတာ့ ျပည္တြင္းကေတာ့ ဒါပုံမွန္ ျပည္ပမွာျဖစ္တယ္ဆိုရင္ ျပည္တြင္းမွာ အလႈပ္အခတ္ေတာ့ အၿမဲတမ္းျဖစ္တယ္ေလ။"

၂၀၂၁ ဇန္နဝါရီလက အေခါက္ေ႐ႊတက်ပ္သားကို က်ပ္ေငြ ၁၃ သိန္း ဝန္းက်င္ပဲရွိပါတယ္။ ေငြလဲႏႈန္းကလည္ အေမရိကန္တေဒၚလာကို ၁,၃၀၀ က်ပ္ ဝန္းက်ပ္ပဲရွိခဲ့တာပါ။ အာဏာသိမ္းၿပီးတဲ့ေနာက္ ၂၀၂၁ တႏွစ္လုံးမွာလည္း ေ႐ႊေစ်းက က်ပ္ ၁၉ သိန္းဝန္းက်င္မွာ အတက္အက် ျဖစ္ေနခဲ့ပါတယ္။ ေ႐ႊလုပ္ငန္းရွင္ေတြက ေ႐ႊေစ်းကြက္တည္ၿငိမ္ဖို႔ ေ႐ႊထုတ္ေရာင္းတာေတြ လုပ္ခဲ့ေပမယ့္ ႏိုင္ငံေရးမတည္ၿငိမ္မႈ၊ ကမာၻ႔ေ႐ႊေစ်း အေျပာင္းအလဲေတြေၾကာင့္ ေရရွည္ထိန္းထားႏိုင္ဖို႔ေတာ့ မလြယ္ကူဘူးလို႔ေျပာပါတယ္။

ေလာင္စာဆီတင္ပို႔ေရာင္းခ်တဲ့ ႏိုင္ငံတခုျဖစ္တဲ့ ႐ု႐ွားႏိုင္ငံက ယူကရိန္းႏိုင္ငံကို စစ္ဝင္တိုက္ခဲ့ၿပီးေနာက္ ကမာၻ႔တဝန္း ေလာင္စာဆီေစ်းေတြ တက္မယ္လို႔ ေလ့လာသူေတြက သတိေပးေနပါတယ္။ ျမန္မာႏိုင္ငံမွာလည္း စက္သံုးဆီ ၁ လီတာကို ဒီေန႔ က်ပ္ ၄၀ ဝန္းက်င္ ေစ်းတက္ခဲ့ပါတယ္။ ေအာ့တိန္း 95 တလီတာကို ၾကာသပေတးေန႔က ၁၇၇၀ က်ပ္ေစ်း႐ွိခဲ့ရာက ဒီေန႔ ၁,၈၁၀ ေစ်းတက္သြားတာျဖစ္ပါတယ္။ ဓာတ္ဆီတပီပါေစ်းဆိုရင္ တရက္အတြင္းမွာ က်ပ္ ၁၀,၀၀၀ နီးပါးေလာက္ တက္သြားတယ္လို႔ မႏၲေလးတိုင္းက ေဇယ်ာေ႐ႊျပည္ စက္သုံးဆီေရာင္းဝယ္ေရးက ေျပာပါတယ္။

"ေစ်းေတြကေတာ့ တက္ဦးမွာ။ တခ်ိဳ႕ဆို ေစ်းမဖြင့္ၾကဘူး။ ဒါေပမယ့္ ဖြင့္တာကလည္း မနက္ေစ်း၊ ေန႔လည္ေစ်း၊ ညေနေစ်း အဲလိုျဖစ္ေနတာ။ 92 တပီပါကို အစက ၃၆၀,၀၀၀ ၊ အဲဒီကေန ၃၆၆,၀၀၀ ျဖစ္သြားတယ္။ Premium ကေတာ့ ၃၇၂,၀၀၀ ကေန ၃၇၃,၀၀၀ ဆိုၿပီး တေထာင္ေလာက္ တက္သြားတယ္။ အခုေလာေလာဆယ္ ေရာင္းအားကေတာ့ ပါးသြားတာမရွိဘူး။ ပိုေရာင္းေကာင္းလာတာေပါ့။ ေစ်းတက္ေလ ေရာင္းအားေကာင္းေလပါပဲ။"

ျမန္မာႏိုင္ငံမွာ စစ္ေရးပဋိပကၡေတြျဖစ္ေနတဲ့ ေနရာေတြ၊ အသြားအလာခက္ခဲတဲ့ေနရာေတြမွာ အရင္ထဲက စက္သံုးဆီေစ်းႏႈန္းေတြ အဆမတန္တက္ၿပီး တခ်ဳိ႕ေနရာေတြမွာ ႐ွားပါး ျပတ္လပ္တဲ့အထိ ျဖစ္ေနပါတယ္။

ယူကရိန္းကို ႐ု႐ွားစစ္ဝင္တိုက္တဲ့ ၾကာသပေတးေန႔က ကမာၻ႔ေရနံစိမ္းေစ်း ၁ စည္ကို ၁၀၅ ေဒၚလာအထိ တခ်ိန္မွာ ေစ်းတက္သြားခဲ့ၿပီး ဥေရာပ သဘာဝဓါတ္ေငြ႔ေစ်းကလည္း ၅၀% အထိ ေစ်းခုန္တက္သြားခဲ့တာပါ။ ဒါေပမ့ဲ အေမရိကန္ျပည္ေထာင္စုနဲ႔ ဥေရာပႏိုင္ငံေတြက အရန္သိုေလွာင္ထားတဲ့ ေရနံေတြ ထုတ္သံုးဖုိ႔ စဥ္းစားမယ္လို႔ ေၾကညာခဲ့ၾကၿပီးေနာက္မွာေတာ့ ေလာင္စာေစ်းေတြ ျပန္က်သြားခဲ့ပါတယ္။ ဒီေန႔ ေသာၾကာေန႔မွာလည္း သဘာဝဓါတ္ေငြ႔နဲ႔ ကမာၻ႔ေရနံစိမ္းေစ်းေတြ ေလာေလာဆယ္ အနည္းငယ္ျပန္က်ၿပီး တစည္ကို ေဒၚလာ ၁၀၀ ေအာက္မွာ ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ကမ္ဘာ့နိုင်ငံရေးဂယက် မြန်မာပြည်တွင်း ရွှေဈေး၊ လောင်စာဆီဈေးနှုန်း အတက်ကြမ်း

ယူကရိန်းနိုင်ငံကို ရုရှားက စစ်ဝင်တိုက်ခဲ့တဲ့ဂယက်က မြန်မာနိုင်ငံက လောင်စာဆီဈေးနဲ့ ရွှေဈေးပေါ်မှာလည်း ရိုက်ခတ်ခဲ့ပါတယ်။ ရွှေဈေးက တရက်အတွင်း ၁ ကျပ်သားကို ပျှမ်းမျှ ကျပ် ၄ သောင်းဝန်းကျင် ဈေးတက်ခဲ့သလို ဓါတ်ဆီဈေးကလည်း တရက်အတွင်း တပီပါကို ကျပ် ၁၀,၀၀၀ လောက် ဈေးတက်သွားပါတယ်။ လုပ်ငန်းရှင်တွေကတော့ မတည်ငြိမ်တဲ့အခြေအနေကြောင့် သတိထားပြီး ရောင်းဝယ်နေရတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက ဝင်ရောက် ကျူးကျော်စစ်တိုက်နေတဲ့ဂယက်အဖြစ် မြန်မာနိုင်ငံက ရွှေဈေးနဲ့ လောင်စာဆီဈေးတွေ တက်သွားခဲ့ပါတယ်။ တကျပ်သားကို ၁၉ သိန်းအတိမှာ ငြိမ်သက်နေတဲ့ အခေါက်ရွှေဈေးကဟာ ဒီနေ့ ဖေဖေါ်ဝါရီ ၂၅ ရက် ရန်ကုန်မြို့မှာ ဈေးကွက်ဖွင့်ချိန်မှာ ၁,၉၄၀,၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့တာပါ။ ကမ္ဘာ့ရွေဈေးနဲ့ ကျပ်ငွေ၊ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကလည်း တက်နေတဲ့အတွက် ရွှေဈေးပြန်ကျဖို့ မခန့်မှန်းနိုင်သေးဘူးလို့ ရန်ကုန် က ရွှေဈေးကွက်လေ့လာသူတဦးက ပြောပါတယ်။

"(ပြည်ပ) နိုင်ငံရေးက ရုတ်တရက်ကြီးဖြစ်လာတာဆိုတော့ လူတွေက ရွှေ အဓိကထားပြီး ဝယ်တဲ့အခါကျတော့ ကမ္ဘာ့ရွှေဈေးကလည်း အမြင့်ဆုံးထိ တက်သွားတာပေါ့နော်။ မနေ့က အမြင့်ဆုံးထိတက်တယ်။ ဒါပေမယ့် ဈေးက ညပိုင်းရောက်တဲ့အခါမှာ ပြန်ကျလာတယ်။ ဒီဈေးကွက်ကို သုံးသပ်တဲ့အခါမှာ ညီမတို့က နှစ်မျိုးကြည့်တယ်ပေါ့နော်။ FDA Fundamental လည်းကြည့်တယ်။ TA Technical analyst ပေါ့။ ဒါပေမယ့် အခုလက်ရှိ အခြေအနေအရ မနေ့ကလည်းဖြစ်သွားတယ် ဆိုတော့ ဒါ FDA ပေါ့။ နိုင်ငံရေးဖြစ်တာဖြစ်တဲ့အတွက် ဈေးက တဟုန်ထိုးတက်သွားတယ်ပေါ့။ တက်သွားတဲ့အချိန်နောက်မှာတော့ ပြည်တွင်းကတော့ ဒါပုံမှန် ပြည်ပမှာဖြစ်တယ်ဆိုရင် ပြည်တွင်းမှာ အလှုပ်အခတ်တော့ အမြဲတမ်းဖြစ်တယ်လေ။"

၂၀၂၁ ဇန်နဝါရီလက အခေါက်ရွှေတကျပ်သားကို ကျပ်ငွေ ၁၃ သိန်း ဝန်းကျင်ပဲရှိပါတယ်။ ငွေလဲနှုန်းကလည် အမေရိကန်တဒေါ်လာကို ၁,၃၀၀ ကျပ် ဝန်းကျပ်ပဲရှိခဲ့တာပါ။ အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ တနှစ်လုံးမှာလည်း ရွှေဈေးက ကျပ် ၁၉ သိန်းဝန်းကျင်မှာ အတက်အကျ ဖြစ်နေခဲ့ပါတယ်။ ရွှေလုပ်ငန်းရှင်တွေက ရွှေဈေးကွက်တည်ငြိမ်ဖို့ ရွှေထုတ်ရောင်းတာတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှု၊ ကမ္ဘာ့ရွှေဈေး အပြောင်းအလဲတွေကြောင့် ရေရှည်ထိန်းထားနိုင်ဖို့တော့ မလွယ်ကူဘူးလို့ပြောပါတယ်။

လောင်စာဆီတင်ပို့ရောင်းချတဲ့ နိုင်ငံတခုဖြစ်တဲ့ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စစ်ဝင်တိုက်ခဲ့ပြီးနောက် ကမ္ဘာ့တဝန်း လောင်စာဆီဈေးတွေ တက်မယ်လို့ လေ့လာသူတွေက သတိပေးနေပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်သုံးဆီ ၁ လီတာကို ဒီနေ့ ကျပ် ၄၀ ဝန်းကျင် ဈေးတက်ခဲ့ပါတယ်။ အော့တိန်း 95 တလီတာကို ကြာသပတေးနေ့က ၁၇၇၀ ကျပ်ဈေးရှိခဲ့ရာက ဒီနေ့ ၁,၈၁၀ ဈေးတက်သွားတာဖြစ်ပါတယ်။ ဓာတ်ဆီတပီပါဈေးဆိုရင် တရက်အတွင်းမှာ ကျပ် ၁၀,၀၀၀ နီးပါးလောက် တက်သွားတယ်လို့ မန္တလေးတိုင်းက ဇေယျာရွှေပြည် စက်သုံးဆီရောင်းဝယ်ရေးက ပြောပါတယ်။

"ဈေးတွေကတော့ တက်ဦးမှာ။ တချို့ဆို ဈေးမဖွင့်ကြဘူး။ ဒါပေမယ့် ဖွင့်တာကလည်း မနက်ဈေး၊ နေ့လည်ဈေး၊ ညနေဈေး အဲလိုဖြစ်နေတာ။ 92 တပီပါကို အစက ၃၆၀,၀၀၀ ၊ အဲဒီကနေ ၃၆၆,၀၀၀ ဖြစ်သွားတယ်။ Premium ကတော့ ၃၇၂,၀၀၀ ကနေ ၃၇၃,၀၀၀ ဆိုပြီး တထောင်လောက် တက်သွားတယ်။ အခုလောလောဆယ် ရောင်းအားကတော့ ပါးသွားတာမရှိဘူး။ ပိုရောင်းကောင်းလာတာပေါ့။ ဈေးတက်လေ ရောင်းအားကောင်းလေပါပဲ။"

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေ၊ အသွားအလာခက်ခဲတဲ့နေရာတွေမှာ အရင်ထဲက စက်သုံးဆီဈေးနှုန်းတွေ အဆမတန်တက်ပြီး တချို့နေရာတွေမှာ ရှားပါး ပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။

ယူကရိန်းကို ရုရှားစစ်ဝင်တိုက်တဲ့ ကြာသပတေးနေ့က ကမ္ဘာ့ရေနံစိမ်းဈေး ၁ စည်ကို ၁၀၅ ဒေါ်လာအထိ တချိန်မှာ ဈေးတက်သွားခဲ့ပြီး ဥရောပ သဘာဝဓါတ်ငွေ့ဈေးကလည်း ၅၀% အထိ ဈေးခုန်တက်သွားခဲ့တာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက အရန်သိုလှောင်ထားတဲ့ ရေနံတွေ ထုတ်သုံးဖို့ စဉ်းစားမယ်လို့ ကြေညာခဲ့ကြပြီးနောက်မှာတော့ လောင်စာဈေးတွေ ပြန်ကျသွားခဲ့ပါတယ်။ ဒီနေ့ သောကြာနေ့မှာလည်း သဘာဝဓါတ်ငွေ့နဲ့ ကမ္ဘာ့ရေနံစိမ်းဈေးတွေ လောလောဆယ် အနည်းငယ်ပြန်ကျပြီး တစည်ကို ဒေါ်လာ ၁၀၀ အောက်မှာ ရှိနေပါတယ်။
=================

XS
SM
MD
LG