သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သီရိလကၤာသမၼတ ႏုတ္ထြက္မယ္လို႔ ဝန္ႀကီးခ်ဳပ္ရံုးအတည္ျပဳ 


သီရိလကၤာႏိုင္ငံမွာ သမၼတႏုတ္ထြက္ေရးေတာင္းဆိုသူေတြက သမၼတအိမ္ေတာ္ထဲဝင္ေရာက္စီးနင္းထားၿပီး သမၼတခ်က္ျခင္းႏုတ္ထြက္ေပးဖို႔ ဆက္လက္ေတာင္းဆိုေနစဥ္။  


[[Zawgyi/Unicode]]

သီရိလကၤာသမၼတ Gotabaya Rajapaksa ရာထူးကေန ဆင္းေပးမယ္ဆိုတာ အတည္ျပဳတယ္လို႔ သီရိလကၤာဝန္ႀကီးခ်ဳပ္ရံုးက ဒီေန႔ တနလၤာေန႔မွာ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ကိုလံဘို ၿမိဳ႕ေတာ္က သမၼတအိမ္ေတာ္နဲ႔ဝန္ႀကီးခ်ဳပ္အိမ္ေတြ ဝင္ေရာက္သိမ္းပိုက္ ထားၾကတဲ့ ရာနဲ႔ခ်ီတဲ့ဆႏၵျပသူေတြက သမၼတနဲ႔ဝန္ႀကီးခ်ဳပ္ တရားဝင္ထြက္သြားမွ ဖယ္ရွားေပးမယ္လို႔ ေျပာၾကားၿပီး ဆက္လက္သိမ္းပိုက္ထားၾကပါတယ္။ သမၼတ Gotabaya Rajapaksa နဲ႔ ဝန္ႀကီးခ်ဳပ္ Ranil Wickremesinghe တို႔ရဲ႕ ေနအိမ္ေတြကို အနယ္နယ္အရပ္ရပ္က ေရာက္လာၾကတဲ့ ဆႏၵျပသူေတြ စေနေန႔မွာ စတင္ဝင္ေရာက္ သိမ္းပိုက္ခဲ့ၾကၿပီးေနာက္ ရာထူးကေန ဆင္းေပးဖို႔ သူတို႔ ၂ ေယာက္လံုး သေဘာတူခဲ့ၾကပါတယ္။

အာဏာလႊဲေျပားေရး ေခ်ာေမြ႕ဖို႔အတြက္ ဇူလိုင္ ၁၃ ရက္ေန႔ မွာ ဆင္းေပးမယ္လို႔ သမၼတ Gotabaya Rajapaksa က ပါလီမန္ ဥကၠ႒ကို ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ဆႏၵျပသူေတြကေတာ့ ခ်က္ခ်င္းထြက္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။ သီရိလကၤာ အတိုက္အခံပါတီေတြကလည္း အစိုးရအသစ္ဖြဲ႕ဖို႔ တနဂၤေႏြေန႔က ေဆြးေႏြးခဲ့ၾကပါတယ္။

ပါလီမန္ဟာ ပါတီတရပ္အတြက္မဟုတ္ဘဲ တိုင္းျပည္ေကာင္းက်ိဳးကို ေရွ႕ရႈၿပီး ျပႆနာကိုခ်ဥ္းကပ္ဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken က ဘန္ေကာက္မွာ ေရာက္ရွိေနစဥ္ တိုက္တြန္းလိုက္ပါတယ္။ သီရိလကၤာရဲ႕ျပႆနာေတြက ၾကာၿပီျဖစ္ေပမယ့္ သမၼတ Rajapaksa ရဲ႕မူဝါဒနဲ႔စီမံခန႔္ခြဲမႈ လြဲမွားတာေတြက စီးပြါးေရး ၿပိဳက်သြားေစခဲ့တယ္လို႔ စီးပြါးေရး ပညာရွင္ေတြက သုံးသပ္ၾကပါတယ္။

အခြန္လြတ္ၿငိမ္းခြင့္ေတြ ေပးတာ၊ ေအာ္ဂဲနစ္ စိုက္ပ်ိဳးေရးကို ႐ုတ္ခ်ည္း ေျပာင္းပစ္ တာ၊ ကိုဗစ္ကပ္ေဘးေၾကာင့္ ခရီးသြားလုပ္ငန္းအေပၚမီွခိုေနရတဲ့စီးပြါးေရး ထိခိုက္ ခဲ့တာ၊ တ႐ုတ္ႏိုင္ငံက ေငြ အမ်ားႀကီးေခ်းခဲ့ၿပီး အေႂကြးပိလာတာ အစရွိတာေတြ က စီးပြါးေရး ၿပိဳက်ဖို႔ ျဖစ္လာရတယ္လို႔ ပညာရွင္ေတြက ဆိုပါတယ္။ ဘ႑ာေရးအၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတဲ့ သီရိလကၤာႏိုင္ငံမွာ အစားအေသာက္၊ ေဆးဝါးနဲ႔ ေလာင္စာဆီေတြ ျပတ္လပ္ေနတဲ့အတြက္ ျပည္သူအမ်ားက အစိုးရဆင္းေပးဖို႔ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]


သီရိလင်္ကာသမ္မတ နုတ်ထွက်မယ်လို့ ဝန်ကြီးချုပ်ရုံးအတည်ပြု

သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ရာထူးကနေ ဆင်းပေးမယ်ဆိုတာ အတည်ပြုတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ်ရုံးက ဒီနေ့ တနင်္လာနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

ကိုလံဘို မြို့တော်က သမ္မတအိမ်တော်နဲ့ဝန်ကြီးချုပ်အိမ်တွေ ဝင်ရောက်သိမ်းပိုက် ထားကြတဲ့ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက သမ္မတနဲ့ဝန်ကြီးချုပ် တရားဝင်ထွက်သွားမှ ဖယ်ရှားပေးမယ်လို့ ပြောကြားပြီး ဆက်လက်သိမ်းပိုက်ထားကြပါတယ်။ သမ္မတ Gotabaya Rajapaksa နဲ့ ဝန်ကြီးချုပ် Ranil Wickremesinghe တို့ရဲ့ နေအိမ်တွေကို အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ ဆန္ဒပြသူတွေ စနေနေ့မှာ စတင်ဝင်ရောက် သိမ်းပိုက်ခဲ့ကြပြီးနောက် ရာထူးကနေ ဆင်းပေးဖို့ သူတို့ ၂ ယောက်လုံး သဘောတူခဲ့ကြပါတယ်။

အာဏာလွှဲပြေားရေး ချောမွေ့ဖို့အတွက် ဇူလိုင် ၁၃ ရက်နေ့ မှာ ဆင်းပေးမယ်လို့ သမ္မတ Gotabaya Rajapaksa က ပါလီမန် ဥက္ကဋ္ဌကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေကတော့ ချက်ချင်းထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။ သီရိလင်္ကာ အတိုက်အခံပါတီတွေကလည်း အစိုးရအသစ်ဖွဲ့ဖို့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြပါတယ်။

ပါလီမန်ဟာ ပါတီတရပ်အတွက်မဟုတ်ဘဲ တိုင်းပြည်ကောင်းကျိုးကို ရှေ့ရှုပြီး ပြဿနာကိုချဉ်းကပ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ဘန်ကောက်မှာ ရောက်ရှိနေစဉ် တိုက်တွန်းလိုက်ပါတယ်။ သီရိလင်္ကာရဲ့ပြဿနာတွေက ကြာပြီဖြစ်ပေမယ့် သမ္မတ Rajapaksa ရဲ့မူဝါဒနဲ့စီမံခန့်ခွဲမှု လွဲမှားတာတွေက စီးပွါးရေး ပြိုကျသွားစေခဲ့တယ်လို့ စီးပွါးရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

အခွန်လွတ်ငြိမ်းခွင့်တွေ ပေးတာ၊ အော်ဂဲနစ် စိုက်ပျိုးရေးကို ရုတ်ချည်း ပြောင်းပစ် တာ၊ ကိုဗစ်ကပ်ဘေးကြောင့် ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေရတဲ့စီးပွါးရေး ထိခိုက် ခဲ့တာ၊ တရုတ်နိုင်ငံက ငွေ အများကြီးချေးခဲ့ပြီး အကြွေးပိလာတာ အစရှိတာတွေ က စီးပွါးရေး ပြိုကျဖို့ ဖြစ်လာရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ အစားအသောက်၊ ဆေးဝါးနဲ့ လောင်စာဆီတွေ ပြတ်လပ်နေတဲ့အတွက် ပြည်သူအများက အစိုးရဆင်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG