သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာ ကုလစုံစမ္းစစ္ေဆးေရးအဖြဲ႔ (IIMM) ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ေတြ႔


ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား။ (ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သီးျခားလြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ (IIMM) ဟာ ဘဂၤလားေဒ့ရွ္ကိုသြားခဲ့တဲ့ သူတို႔ရဲ႕အလုပ္ခရီးကို စေနေန႔မွာ အဆုံးသတ္လိုက္ပါတယ္။ ဒီခရီးဟာ အဖြဲ႕ရဲ႕ ဒုတိယခရီးစဥ္ပါ။ ေမလ ၇ ရက္ကေန ၁၄ ရက္ေန႔အထိ ဒကၠာနဲ႔ ေကာ့္စ္ဘဇားကို သြားေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။

ပထမခရီးစဥ္ကို ၂၀၁၉ ႏိုဝင္ဘာလက သြားေရာက္ခဲ့ၿပီး ကိုဗစ္ကပ္ေဘးေၾကာင့္ ခရီးတခုနဲ႔တခုၾကား ခုလို ျခားသြားခဲ့ရတာ ျဖစ္ပါတယ္။ ဒီရီးစဥ္ဟာ အလြန႔္ကို ေအာင္ျမင္ ခဲ့တယ္လို႔ အဖြဲ႕ေခါင္းေဆာင္ လက္ေထာက္အတြင္းေရးမႉးခ်ဳပ္ Nicholas Koumjian က ေျပာပါတယ္။

ဒီခရီးစဥ္မွာ ျမန္မာႏိုင္ငံကေန အဓမၼ ေ႐ႊ႕ေျပာင္းခံလိုက္ၾကရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ေတြနဲ႔ ေတြ႕ဆုံေရးကို အထူးအေလးထားခဲ့တယ္လို႔ ေျပာပါတယ္။ ႏိုင္ငံတကာ ရာဇဝတ္မႈ ခုံ႐ုံး (ICC) နဲ႔ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (ICJ) တို႔ အပါအဝင္ ႐ိုဟင္ဂ်ာေတြ အေပၚ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြနဲ႔ ပတ္သက္ၿပီး တရားမွ်တမႈနဲ႔ တာဝန္ခံမႈ ရွိေစေရး ေဆာင္႐ြက္မႈ ျဖစ္စဥ္ေတြမွာ ဒီအဖြဲ႕ရဲ႕ ေတြ႕ရွိခ်က္ေတြကို ပို႔ေပးမွာ ျဖစ္ေၾကာင္း လူ႔အခြင့္အေရး အခ်ိဳးေဖာက္ခံ ႐ိုဟင္ဂ်ာေတြကိုအဖြဲ႕က အာမခံခဲ့တယ္လို႔လည္း ေၾကညာခ်က္မွာ ေျပာထားပါတယ္။

အဖြဲ႕က ေတြ႕ဆုံခဲ့ၾကတဲ့သူေတြဟာ ၂၀၁၁ ကတည္းက ျဖစ္ခဲ့တဲ့ သူတို႔ ခံစားခဲ့ရတာေတြကိုသာမက ျမန္မာႏိုင္ငံကို ျပန္သြားလိုၾကတဲ့ သူတို႔ရဲ႕ ဆႏၵနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ၊ ပုံမွန္ အေျခခံလူ႔အခြင့္အေရးရရွိေရး ကိစၥေတြကို ေျပာခဲ့ၾကတယ္လို႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

IIMM ကို ၂၀၁၈ စက္တင္ဘာလမွာ ဖြဲ႔စည္းခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

[[Unicode]]

မြန်မာဆိုင်ရာ ကုလစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ဘင်္ဂလား‌ဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့တွေ့

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ဟာ ဘင်္ဂလားဒေ့ရှ်ကိုသွားခဲ့တဲ့ သူတို့ရဲ့အလုပ်ခရီးကို စနေနေ့မှာ အဆုံးသတ်လိုက်ပါတယ်။ ဒီခရီးဟာ အဖွဲ့ရဲ့ ဒုတိယခရီးစဉ်ပါ။ မေလ ၇ ရက်ကနေ ၁၄ ရက်နေ့အထိ ဒက္ကာနဲ့ ကော့်စ်ဘဇားကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပထမခရီးစဉ်ကို ၂၀၁၉ နိုဝင်ဘာလက သွားရောက်ခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် ခရီးတခုနဲ့တခုကြား ခုလို ခြားသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီရီးစဉ်ဟာ အလွန့်ကို အောင်မြင် ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် လက်ထောက်အတွင်းရေးမှူးချုပ် Nicholas Koumjian က ပြောပါတယ်။

ဒီခရီးစဉ်မှာ မြန်မာနိုင်ငံကနေ အဓမ္မ ရွှေ့ပြောင်းခံလိုက်ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေနဲ့ တွေ့ဆုံရေးကို အထူးအလေးထားခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့ အပါအဝင် ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်မှု ဖြစ်စဉ်တွေမှာ ဒီအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို ပို့ပေးမှာ ဖြစ်ကြောင်း လူ့အခွင့်အရေး အချိုးဖောက်ခံ ရိုဟင်ဂျာတွေကိုအဖွဲ့က အာမခံခဲ့တယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

အဖွဲ့က တွေ့ဆုံခဲ့ကြတဲ့သူတွေဟာ ၂၀၁၁ ကတည်းက ဖြစ်ခဲ့တဲ့ သူတို့ ခံစားခဲ့ရတာတွေကိုသာမက မြန်မာနိုင်ငံကို ပြန်သွားလိုကြတဲ့ သူတို့ရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေ၊ ပုံမှန် အခြေခံလူ့အခွင့်အရေးရရှိရေး ကိစ္စတွေကို ပြောခဲ့ကြတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။

IIMM ကို ၂၀၁၈ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

=========

XS
SM
MD
LG