သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် အင်ဒိုနီးရှား ကာကွယ်ရေး တိုးမြှင့်ပူးပေါင်းဖို့ကတိပြု


ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto (ဓါတ်ပုံ - REUTERS/Ajeng Dinar Ulfiana)
ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto (ဓါတ်ပုံ - REUTERS/Ajeng Dinar Ulfiana)

ဂျပန်နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကြား စီးပွားရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ကတိပြုခဲ့ကြပါတယ်။ မလေးရှားနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံကို ဆက်လက်ခရီးထွက်လာတဲ့ ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့ Bogor မြို့က သမ္မတအိမ်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဂျပန်သံတမန်ရေးမှာ အာဆီယံဒေသနိုင်ငံတွေနဲ့ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဟာ ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ ဝန်ကြီးချုပ် Ishiba က ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်မှာ ပြောကြားထားပါတယ်။ ရေကြောင်းလုံခြုံရေးအတွက် ၂ နိုင်ငံ ကာကွယ်ရေးပိုင်း တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ စတင်ဖို့၊ လုံခြုံရေးနယ်ပယ်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အပြန်အလှန် တိုင်ပင်ဆွေးနွေးမှုတွေလုပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ ၂ နိုင်ငံကြား မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာမှုနဲ့ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်နိုင်ရေး သံန္နိဌာန်ခိုင်မာမှုကို ပြသတာ ဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ Subianto ကလည်း ပူးတွဲကြေညာချက်မှာ ပြောထားပါတယ်။

တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ် ရေနယ်နမိတ်ကို ထိန်းချုပ်နိုင်ရေးနဲ့၊ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် ဩဇာလွှမ်းမိုးနိုင်ရေး တွန်းတွန်းတိုက်တိုက် လုပ်နေချိန်မှာ ဂျပန်ဝန်ကြီးချုပ်ဟာ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို သွားရောက်နေတာ ဖြစ်ပါတယ်။ အာရှဒေသ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဂျပန်က အင်ဒိုနီးရှားကို ကင်းလှည့်အမြန်ယာဉ် ၂ စင်းပေးမယ်လို့ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မှာ ကတိပြုခဲ့ပါတယ်။

Forum

XS
SM
MD
LG