သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

သမၼတ Joe Biden ေမလ တတိယပတ္အတြင္း ေတာင္ကိုရီးယားနဲ႔ဂ်ပန္ကို သြားမယ္ 


အေမရိကန္သမၼတ Joe Biden (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

အေမရိကန္သမၼတ Joe Biden ဟာ ေရွ႕လထဲမွာ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ႏိုင္ငံတို႔ကို သြားေရာက္ဖို႔ရွိၿပီး စီးပြားေရးနဲ႔ လုံျခံဳေရးဆိုင္ရာကိစၥရပ္ေတြကို အိမ္ရွင္ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးမွာျဖစ္ပါတယ္။

သမၼတ Biden ဟာ အာရွတိုက္ကို ေမလ ၂၀ ရက္ကေန ၂၄ ရက္ေန႔အထိ သြားေရာက္မွာျဖစ္ေၾကာင္း အေမရိကန္သမၼတအိမ္ျဖဴေတာ္က ေျပာပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံမွာ မတ္လ ေတာင္ကိုရီးယားသမၼတ ေရြးေကာက္ပြဲမွာ အႏုိ္င္ရထားၿပီး ေမလ ၁၀ ရက္ေန႔မွာ သမၼတသစ္အျဖစ္ စၿပီးတာဝန္ယူမယ့္ Yoon Seok-yeol နဲ႔ ေတြ႔ဆုံမွာ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံမွာေတာ့ ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ေတြ႔ဆုံမွာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံမွာ ရွိေနစဥ္အတြင္း Quad ေလးႏိုင္ငံက ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးမွာျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေဆြးေႏြးပြဲဟာ ေခါင္းေဆာင္ေတြအားလံုး လူကိုယ္တိုင္တက္ေရာက္ မယ့္ ေဆြးေႏြးပြဲလား၊ အြန္လိုင္းေဆြးေႏြးပြဲလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

Quad အဖြဲ႔ထဲမွာ အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ အိႏၵိယတို႔ ပါဝင္ပါတယ္။
ဒီ Quad ေလးႏိုင္ငံ လုံျခံဳေရး ပူးေပါင္းေဆာင္ရြက္မႈအဖြဲ႔ကိုေတာ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe က ဦးေဆာင္ၿပီး ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ John Howard ၊ အေမရိကန္ ဒုသမၼတ Dick Cheney နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Manmohan Singh တို႔ရဲ႕ ေထာက္ခံမႈနဲ႔ ၂၀၀၇ ခုႏွစ္မွာ ဖြဲ႔စည္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

သမ္မတ Joe Biden မေလ တတိယပတ်အတွင်း တောင်ကိုရီးယားနဲ့ဂျပန်ကို သွားမယ်

အမေရိကန်သမ္မတ Joe Biden ဟာ ရှေ့လထဲမှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို သွားရောက်ဖို့ရှိပြီး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အိမ်ရှင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။

သမ္မတ Biden ဟာ အာရှတိုက်ကို မေလ ၂၀ ရက်ကနေ ၂၄ ရက်နေ့အထိ သွားရောက်မှာဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မတ်လ တောင်ကိုရီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး မေလ ၁၀ ရက်နေ့မှာ သမ္မတသစ်အဖြစ် စပြီးတာဝန်ယူမယ့် Yoon Seok-yeol နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ ရှိနေစဉ်အတွင်း Quad လေးနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲဟာ ခေါင်းဆောင်တွေအားလုံး လူကိုယ်တိုင်တက်ရောက် မယ့် ဆွေးနွေးပွဲလား၊ အွန်လိုင်းဆွေးနွေးပွဲလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Quad အဖွဲ့ထဲမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယတို့ ပါဝင်ပါတယ်။
ဒီ Quad လေးနိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကိုတော့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe က ဦးဆောင်ပြီး သြစတြေးလျဝန်ကြီးချုပ် John Howard ၊ အမေရိကန် ဒုသမ္မတ Dick Cheney နဲ့ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh တို့ရဲ့ ထောက်ခံမှုနဲ့ ၂၀၀၇ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
==================

XS
SM
MD
LG