သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းလူေနတိုက္ခန္း ႐ုရွားမစ္ဇိုင္းဒုံး ထိမွန္မႈ ေသဆုံးသူ ၄၀ အထိရွိ 


UKRAINE-CRISIS/DNIPRO-STRIKE

[[Zawgyi/Unicode]]

ယူကရိန္းႏိုင္ငံ Dnipro ၿမိဳ႕က တိုက္ခန္းတြဲတခုကို ရုရွားမစ္ဇိုင္းဒုံးထိမွန္ရာက ေသဆုံးသူအနည္းဆုံး ၄ဝ အထိရွိေနၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လုပ္ေနေၾကာင္း အာဏာပိုင္ေတြက တနလၤာေန႔မွာ ေျပာပါတယ္။

ေဒသခံ အုပ္ခ်ဳပ္ေရးမွဴး Valentyn Reznichenko ကေတာ့ ရုရွားေတြဘက္ကတိုက္ခိုက္မႈေၾကာင့္ လူ ၇၅ ဦး ဒဏ္ရာရရွိခဲ့ၿပီး လူ ၃ဝ ရဲ႕အေျခအေနေတြကိုေတာ့ မသိရွိရေသးဘူးလို႔ လူမူကြန္ယက္မွာ ေျပာပါတယ္။ ၃၉ ေယာက္ကိုေတာ့ ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

တိုက္ခိုက္ခဲ့တဲ့ မစ္ဇိုင္းဒုံးက်ည္ဟာ Kh-22 အမ်ဳိးအစားျဖစ္ၿပီး ရုရွားႏိုင္ငံအေနာက္ပိုင္း Kursk ေဒသကေန ပစ္လႊတ္ခဲ့တာျဖစ္တယ္လို႔ ယူကရိန္း ေလေၾကာင္းရန္ကာကြယ္ေရး ဌာနက ေျပာပါတယ္။ အဲဒီေန႔က ရုရွားမစ္ဇုိင္းဒုံး ၃၃ စင္းအနက္ ၂၁ စင္းကို ၾကားျဖတ္ပစ္ခ်ႏိုင္ခဲ့ေပမယ့္ Kh - 22 အမ်ဳိးအစားကို ပစ္ခ်ႏိုင္တဲ့လက္နက္ေတာ့ ယူကရိန္းမွာမရွိဘူးလို႔ေျပာပါတယ္။

ဥေရာပသမဂၢ (EU) ႏိုင္ငံျခား မူဝါဒေရးရာအႀကီးအကဲ Josep Borrell ကေတာ့ အခုေနာက္ဆုံး မစ္ဇိုင္းဒုံးတိုက္ခိုက္မႈ အပါအဝင္ ႐ုရွားရဲ႕တိုက္ခိုက္မႈေတြမွာ အရပ္သားေတြကိုပစ္မွတ္ထားတာဟာ လူမဆန္တဲ့လုပ္ရပ္အျဖစ္ ေဝဖန္ခဲ့ပါတယ္။ ဒီလိုရာဇဝတ္မႈေတြအတြက္ သက္ညွာခြင့္ရမွာမဟုတ္ေၾကာင္းလည္း တနဂၤေႏြေန႔က Twitter လူမႈကြန္ယက္မွာ ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ယူကရိန်းလူနေတိုက်ခန်း ရုရှားမစ်ဇိုင်းဒုံး ထိမှန်မှု သေဆုံးသူ ၄၀ အထိရှိ

ယူကရိန်းနိုင်ငံ Dnipro မြို့က တိုက်ခန်းတွဲတခုကို ရုရှားမစ်ဇိုင်းဒုံးထိမှန်ရာက သေဆုံးသူအနည်းဆုံး ၄ဝ အထိရှိနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေကြောင်း အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောပါတယ်။

ဒေသခံ အုပ်ချုပ်ရေးမှူး Valentyn Reznichenko ကတော့ ရုရှားတွေဘက်ကတိုက်ခိုက်မှုကြောင့် လူ ၇၅ ဦး ဒဏ်ရာရရှိခဲ့ပြီး လူ ၃ဝ ရဲ့အခြေအနေတွေကိုတော့ မသိရှိရသေးဘူးလို့ လူမူကွန်ယက်မှာ ပြောပါတယ်။ ၃၉ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ခိုက်ခဲ့တဲ့ မစ်ဇိုင်းဒုံးကျည်ဟာ Kh-22 အမျိုးအစားဖြစ်ပြီး ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသကနေ ပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေး ဌာနက ပြောပါတယ်။ အဲဒီနေ့က ရုရှားမစ်ဇိုင်းဒုံး ၃၃ စင်းအနက် ၂၁ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပေမယ့် Kh - 22 အမျိုးအစားကို ပစ်ချနိုင်တဲ့လက်နက်တော့ ယူကရိန်းမှာမရှိဘူးလို့ပြောပါတယ်။

ဥရောပသမဂ္ဂ (EU) နိုင်ငံခြား မူဝါဒရေးရာအကြီးအကဲ Josep Borrell ကတော့ အခုနောက်ဆုံး မစ်ဇိုင်းဒုံးတိုက်ခိုက်မှု အပါအဝင် ရုရှားရဲ့တိုက်ခိုက်မှုတွေမှာ အရပ်သားတွေကိုပစ်မှတ်ထားတာဟာ လူမဆန်တဲ့လုပ်ရပ်အဖြစ် ဝေဖန်ခဲ့ပါတယ်။ ဒီလိုရာဇဝတ်မှုတွေအတွက် သက်ညှာခွင့်ရမှာမဟုတ်ကြောင်းလည်း တနင်္ဂနွေနေ့က Twitter လူမှုကွန်ယက်မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG