သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေညာင္ေလးပင္ေဒသခံ ေထာင္နဲ႔ခ်ီ ေဘးလြတ္ရာထြက္ေျပး


ေလေၾကာင္းတုိက္ခိုက္မႈေၾကာင့္ထြက္ေျပးေနၾကရတဲ့ ကနစိုးရြာသားမ်ား။ (ၾသဂုတ္ ၂၃၊ ၂၀၂၂/ဓာတ္ပံု- KNU)

[[Zawgyi/Unicode]]

ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၃) ထိန္းခ်ဳပ္ရာေညာင္ေလးပင္ခရိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တုိ့ တုိက္ပဲြေတြျဖစ္ေနျပီး ၾသဂုတ္လ၂၃ ရက္ေန့က စစ္ေကာင္စီကေလေၾကာင္းကေန ဗံုးႀကဲတုိက္ ခို္က္ေနေၾကာင့္ ေဒသခံရြာသား တေထာင္ေက်ာ္ဟာ ေဘးလြတ္ရာ ထြက္ေျပးေနရတယ္လို့ ေကအန္ယူက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအရံုး တပ္မဟာ (၃) ထိန္းခ်ဳပ္ရာ ေညာင္ေလးပင္ခရိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ့ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တုိ့ဟာ ၾသဂုတ္ လ ၂၃ ရက္ မနက္ပုိင္းကစျပီး တုိက္ပဲြေတြျဖစ္ခဲ့တာပါ။ မၾကာခနတိုက္ပဲြျဖစ္ေနတဲ့ ေညာင္ေလးပင္ခရိုင္ထဲမွာ စစ္ေဘးေရွာင္ဒုကၡသည္ ေသာင္းနဲ့ခ်ီျပီးထြက္ေျပးေနရသလို ့မေန့ကလည္း ေလေႀကာင္းကေန ဗံုးႀကဲတုိက္ခိုက္ခံရတယ္လို ့ေကအန္ယူ ဗဟိုသတင္းနဲ့ျပန္ၾကားေရးဌာနခဲြရဲ႕ ဒုတာဝန္ခံ ေစာယြာခြီဒူးက VOA ကုိ အခုလိုေျပာပါတယ္။

“က်ေနာ္တို့ ေကအန္ယူ ေညာင္ေလးပင္ခရိုင္ မုန္းျမိဳ့နယ္အတြင္းေပါ့၊ မနက္ ၅ နာရီ၊ မိနစ္ ၂၀ ေလာက္မွာ အဲဒီမွာ စစ္ေကာင္စီဘက္ကေန က်ေနာ္တို့ ကနစိုးပင္ေက်းရြာဘက္မွာ တုိက္ပဲြေတြ ျဖစ္တယ္။ တိုက္ပဲြျဖစ္ျပီးေနာက္ပိုင္းမွာပဲ စစ္ေကာင္စီဘက္ကေန ေလယာဥ္နဲ့ဗံုးလာႀကဲတယ္။”

ကနစိုးရြာအျပင္ အနီးတ၀ိုက္ကေက်းရြာေတြလည္း ထြက္ေျပးေနရသလို့ ေလေႀကာင္းတိုက္ခိုက္ခံရတဲ့ ကနစိုးပင္ရြာတခုတည္းကပဲ စစ္ေဘးေရွာင္ဒုကၡသည္ တေထာင္ေက်ာ္ရွိတယ္လို့လည္း ေဒသခံတဦးက ေျပာပါတယ္။

“အဲဒီေနရာက ကနစိုးပင္ရြာ ေကအန္ယူ တပ္ရင္း (၈) နယ္ေျမေပါ့၊ အဲဒီရြာမွာေလယာဥ္နဲ့လာျပီး ဗံုႀကဲသြားတာေပါ့။ အဲဒီရြာနဲ့ကပ္ေနတဲ့ရြာေတြ ေတာင္ေျခမွာရွိတဲ့ရြာေတြက အကုန္ထြက္ေျပးရတယ္။ ရြာသားတေထာင္ေက်ာ္ေလာက္ရွိတယ္။ အဲဒီနားက ကနစိုးပင္ရြာေအာက္က ရြာေတြကေတာ့ ကရင္ရြာေတြပဲ။ ေက်ာက္ႀကီးေပါက္ရြာတို့၊ သေျပပင္ေက်းရြာတုိ့ ေျပးရတဲ့ရြာေတြကေတာ့ ေလးငါးရြာေလာက္ ရိွတယ္။ တပ္ရင္း (၈) နယ္ေျမ ႏြားေလးခိုစခန္းဘက္မွာလည္း စစ္တပ္က ညဘက္မွာ ဒရုန္းနဲ့ကင္းေထာက္တာေတြ လုပ္ေနတယ္။”

ေလေၾကာင္းတုိက္ခုိက္မႈနဲ့ပတ္သက္လုိ့ေတာ့ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။

ကနစိုးပင္ရြာဟာ ေကအန္ယူ တပ္မဟာ (၃) နယ္ေျမ၊ ေညာင္ေလးပင္ခရိုင္ မုန္းျမိဳ့နယ္ထဲမွာရိွျပီး အိမ္ေျခ ၂၀၀ ေက်ာ္နဲ့ ေက်းရြာသား ၁,၁၀၀ ေက်ာ္ ေနထုိင္ေနတဲ့ေက်းရြာျဖစ္ပါတယ္။ အခုအခါမွာေတာ့ စစ္ေကာင္စီဘက္က ေလေၾကာင္းက တုိက္ခိုက္ေနတာေၾကာင့္ ေဘးလြတ္ရာကို ထြက္ေျပးေနရတယ္လို့ ေဒသခံေတြကေျပာပါတယ္။

ေကအန္ယူ တပ္မဟာ (၅) နယ္ေျမ မုေၾတာ္ခရိုင္ထဲမွာ စစ္ေဘးေရွာင္ဒုကၡသည္ ၉ ေသာင္းေက်ာ္ရွိျပီး ေညာင္ေလးပင္ခရိုင္ တပ္မဟာ (၃) နယ္ေျမမွာ စစ္ေဘးေရွာင္ ၆ ေသာင္းေက်ာ္ ရွိေနတာပါ ။အခုရက္ပိုင္းအတြင္းမွာေတာ့ ေညာင္ေလးပင္ခရိုင္၊ ေက်ာက္ႀကီးျမိဳ့နယ္ မုန္းျမိဳ႕နယ္ေတြထဲမွာ ေလေၾကာင္းပစ္ခတ္တာေကာ၊ ႏွစ္ဘက္တိုက္ပဲြေၾကာင္းပါ ဒုကၡသည္ေတြပုိတိုးလာေႀကာင္း ေဒသခံေတြကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထောင်နဲ့ချီတဲ့ ညောင်လေးပင်ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်ရာညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ တိုက်ပွဲတွေဖြစ်နေပြီး သြဂုတ်လ၂၃ ရက်နေ့က စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်နေကြောင့် ဒေသခံရွာသား တထောင်ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တို့ဟာ သြဂုတ် လ ၂၃ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ မကြာခနတိုက်ပွဲဖြစ်နေတဲ့ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် သောင်းနဲ့ချီပြီးထွက်ပြေးနေရသလို့မနေ့ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ကေအန်ယူ ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနခွဲရဲ့ ဒုတာဝန်ခံ စောယွာခွီဒူးက VOA ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ကေအန်ယူ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းပေါ့၊ မနက် ၅ နာရီ၊ မိနစ် ၂၀ လောက်မှာ အဲဒီမှာ စစ်ကောင်စီဘက်ကနေ ကျနော်တို့ ကနစိုးပင်ကျေးရွာဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာပဲ စစ်ကောင်စီဘက်ကနေ လေယာဉ်နဲ့ဗုံးလာကြဲတယ်။”

ကနစိုးရွာအပြင် အနီးတဝိုက်ကကျေးရွာတွေလည်း ထွက်ပြေးနေရသလို့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကနစိုးပင်ရွာတခုတည်းကပဲ စစ်ဘေးရှောင်ဒုက္ခသည် တထောင်ကျော်ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“အဲဒီနေရာက ကနစိုးပင်ရွာ ကေအန်ယူ တပ်ရင်း (၈) နယ်မြေပေါ့၊ အဲဒီရွာမှာလေယာဉ်နဲ့လာပြီး ဗုံကြဲသွားတာပေါ့။ အဲဒီရွာနဲ့ကပ်နေတဲ့ရွာတွေ တောင်ခြေမှာရှိတဲ့ရွာတွေက အကုန်ထွက်ပြေးရတယ်။ ရွာသားတထောင်ကျော်လောက်ရှိတယ်။ အဲဒီနားက ကနစိုးပင်ရွာအောက်က ရွာတွေကတော့ ကရင်ရွာတွေပဲ။ ကျောက်ကြီးပေါက်ရွာတို့၊ သပြေပင်ကျေးရွာတို့ ပြေးရတဲ့ရွာတွေကတော့ လေးငါးရွာလောက် ရှိတယ်။ တပ်ရင်း (၈) နယ်မြေ နွားလေးခိုစခန်းဘက်မှာလည်း စစ်တပ်က ညဘက်မှာ ဒရုန်းနဲ့ကင်းထောက်တာတွေ လုပ်နေတယ်။”

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကနစိုးပင်ရွာဟာ ကေအန်ယူ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာရှိပြီး အိမ်ခြေ ၂၀၀ ကျော်နဲ့ ကျေးရွာသား ၁,၁၀၀ ကျော် နေထိုင်နေတဲ့ကျေးရွာဖြစ်ပါတယ်။ အခုအခါမှာတော့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကေအန်ယူ တပ်မဟာ (၅) နယ်မြေ မုတြော်ခရိုင်ထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် ၉ သောင်းကျော်ရှိပြီး ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေမှာ စစ်ဘေးရှောင် ၆ သောင်းကျော် ရှိနေတာပါ ။အခုရက်ပိုင်းအတွင်းမှာတော့ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မုန်းမြို့နယ်တွေထဲမှာ လေကြောင်းပစ်ခတ်တာကော၊ နှစ်ဘက်တိုက်ပွဲကြောင်းပါ ဒုက္ခသည်တွေပိုတိုးလာကြောင်း ဒေသခံတွေကပြောပါတယ်။

XS
SM
MD
LG