သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ေလယာဥ္ ၂၀ နဲ႔ ကန္-ေတာင္ကိုရီးယား ေလေၾကာင္းအင္အားျပ


ေတာင္ကိုရီးယားနဲ႔အေမရိကန္ေလတပ္တိ႔ အဂၤါေန႔ ပူးတြဲစစ္ေရးေလ့က်င့္မႈ။ (ဇြန္ ၇၊ ၂၀၂၂)   


[[Zawgyi/Unicode]]

ေျမာက္ကိုရီးယားက မၾကာမီ န်ဴကလီယား လက္နက္တရပ္ကို စမ္းသပ္ေတာ့မယ့္ လကၡဏာျပေနခ်ိန္မွာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က တိုက္ေလယာဥ္ ၂၀ နဲ႔ ေလေၾကာင္းအင္အားတရပ္ကို ျပသလိုက္ၾကပါတယ္။ ေျမာက္ကိုရီးယား က တမင္တကာ စလာတာမွန္သမွ်ကို တုံ႔ျပန္မယ့္အေၾကာင္း ဆိုးလ္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး မစၥ Wendy Sherman က ေျပာပါတယ္။

“ေျမာက္ကိုရီးယားအေပၚ အေမရိကန္က ရန္လိုစိတ္မရွိပါဘူး။ မတည္မၿငိမ္ျဖစ္ေအာင္၊ တမင္တကာ စေနတာကိုရပ္ၿပီး သံတမန္ေရးလမ္းေၾကာင္းကို ေ႐ြးခ်ယ္ဖို႔ က်မတို႔ ဆက္လက္ တိုက္တြန္းလိုပါတယ္။ ကိုရီးယားကြၽန္းဆြယ္မွာ လုံးဝဥႆုံ န်ဴကလီယားလက္နက္ကင္းစင္ေရး ရည္မွန္းခ်က္ကို အေမရိကန္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံတို႔က ဆက္လက္ထားရွိထားပါတယ္။” လို႔ မစၥ Sherman က ေျပာသြားတာပါ။

ေလေၾကာင္းအင္အားျပသရာမွာ ေတာင္ကိုရီးယား တိုက္ေလယာဥ္ ၁၆ စင္း နဲ႔ အေမရိကန္ တိုက္ေလယာဥ္ ၄ စင္းတို႔ ပါခဲ့ၾကပါတယ္။

ခုနစ္ႀကိမ္ေျမာက္ န်ဴကလီယားလက္နက္စမ္းသပ္မယ့္ အရိပ္လကၡဏာေတြကိုလည္း ေတြ႕ေနရပါတယ္။ အေရွ႕ေျမာက္ပိုင္း Punggye-ri. ၿမိဳ႕အနီးက ေျမေအာက္စမ္းသပ္မႈေနရာကိုသြားတဲ့လမ္းေၾကာင္းတေၾကာင္းကို ျပန္ဖြင့္လိုက္တဲ့လကၡဏာ ေတြ႕ရတယ္လို႔ အျပည္ျပည္ဆိုင္ရာ အႏုျမဴစြမ္းအင္ ေအဂ်င္စီရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ Rafael Mariano Grossi က တနလၤာေန႔ မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

============
[[Unicode]]

တိုက်လေယာဉ် ၂၀ နဲ့ ကန်-တောင်ကိုရီးယား လေကြောင်းအင်အားပြ

မြောက်ကိုရီးယားက မကြာမီ နျူကလီယား လက်နက်တရပ်ကို စမ်းသပ်တော့မယ့် လက္ခဏာပြနေချိန်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က တိုက်လေယာဉ် ၂၀ နဲ့ လေကြောင်းအင်အားတရပ်ကို ပြသလိုက်ကြပါတယ်။ မြောက်ကိုရီးယား က တမင်တကာ စလာတာမှန်သမျှကို တုံ့ပြန်မယ့်အကြောင်း ဆိုးလ်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ Wendy Sherman က ပြောပါတယ်။

“မြောက်ကိုရီးယားအပေါ် အမေရိကန်က ရန်လိုစိတ်မရှိပါဘူး။ မတည်မငြိမ်ဖြစ်အောင်၊ တမင်တကာ စနေတာကိုရပ်ပြီး သံတမန်ရေးလမ်းကြောင်းကို ရွေးချယ်ဖို့ ကျမတို့ ဆက်လက် တိုက်တွန်းလိုပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ လုံးဝဥဿုံ နျူကလီယားလက်နက်ကင်းစင်ရေး ရည်မှန်းချက်ကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ဆက်လက်ထားရှိထားပါတယ်။” လို့ မစ္စ Sherman က ပြောသွားတာပါ။

လေကြောင်းအင်အားပြသရာမှာ တောင်ကိုရီးယား တိုက်လေယာဉ် ၁၆ စင်း နဲ့ အမေရိကန် တိုက်လေယာဉ် ၄ စင်းတို့ ပါခဲ့ကြပါတယ်။

ခုနစ်ကြိမ်မြောက် နျူကလီယားလက်နက်စမ်းသပ်မယ့် အရိပ်လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။ အရှေ့မြောက်ပိုင်း Punggye-ri. မြို့အနီးက မြေအောက်စမ်းသပ်မှုနေရာကိုသွားတဲ့လမ်းကြောင်းတကြောင်းကို ပြန်ဖွင့်လိုက်တဲ့လက္ခဏာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ညွှန်ကြားရေးမှူးချုပ် Rafael Mariano Grossi က တနင်္လာနေ့ မှာ ပြောပါတယ်။
============

XS
SM
MD
LG