သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ရာထူးကေန ႏုတ္ထြက္မယ္ ေၾကညာ 


ဝန္ႀကီးခ်ဳပ္သက္တမ္း ၄၅ ရက္မွာ ရာထူးကႏုတ္ထြက္ဖို႔ ေၾကညာလိုက္တဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss 

[[Zawgyi/Unicode]]

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss က ရာထူးတာဝန္ကေန ႏုတ္ထြက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္တာဝန္ယူခဲ့ၿပီး ၄၅ ရက္အၾကာမွာပဲ သူထမ္းေဆာင္ရမယ့္ တာဝန္ေတြ လက္ေတြ႕မေဖာ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဝန္ႀကီးခ်ဳပ္တာဝန္ကေနေရာ ကြန္ဆာေဗးတစ္ပါတီေခါင္းေဆာင္တာဝန္ကေနပါ ႏုတ္ထြက္မယ့္အေၾကာင္း ဒီေန႔ ၾကာသပေတးေန႔မွာ ေၾကညာလိုက္တာျဖစ္ပါတယ္။

ကြန္ဆာေဗးတစ္ပါတီေခါင္းေဆာင္တာဝန္ကေန ႏုတ္ထြက္မယ္ဆိုတာ ဘုရင္ကို ဒီေန႔မနက္ကပဲ အသိေပး အေၾကာင္းၾကားလိုက္ပါတယ္လို႔ ဝန္ႀကီးခ်ဳပ္ Truss က ေဒါင္းနင္းလမ္းက ဝန္ႀကီးခ်ဳပ္ရံုးေရွ႕မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ သူ႔ေနရာအစားထိုးမယ့္ ေခါင္းေဆာင္သစ္မေရြးႏိုင္ခင္အထိ လက္ရွိတာဝန္ေတြကို ဆက္ထမ္းေဆာင္သြားမယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။ ပါတီေခါင္းေဆာင္သစ္ကို တပတ္အတြင္း ေရြးခ်ယ္သြားဖို႔ ကြန္ဆာေဗးတစ္ပါတီဆိုင္ရာ လႊတ္ေတာ္ေကာ္မတီ ဥကၠ႒နဲ႔ သေဘာတူခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ Truss ရဲ႕ စီးပြားေရးဆိုင္ရာ မူဝါဒသစ္ေတြေၾကာင့္ ၿဗိတိန္စီးပြားေရးနဲ႔ဘ႑ာေရးမွာ အႀကီးအက်ယ္ ဂယက္႐ိုက္ခတ္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဘ႑ာေရးဝန္ႀကီးကို ရာထူးကေနထုတ္ပယ္ခဲ့ရသလို အခြန္ေလွ်ာ့ေကာက္မယ့္ အစီအစဥ္ေတြအားလံုးကိုလည္း ျပန္လည္ျပင္ဆင္ခဲ့ရပါတယ္။ ဒီလိုအေျခအေနေတြၾကားမွာ ဝန္ႀကီးခ်ဳပ္အေပၚ ပါတီတြင္း ဆန္႔က်င္ကန္႔ကြက္မႈ ႀကီးႀကီးမားမား ဆက္ခံရၿပီး ေနာက္ဆံုး ႏုတ္ထြက္ေပးဖို႔ ျဖစ္လာတာပါ။

ဝန္ႀကီးခ်ဳပ္ Truss က စီးပြားေရးစိန္ေခၚမႈေတြၾကံဳရခ်ိန္ ဝန္ႀကီးခ်ဳပ္တာဝန္ကို သူယူခဲ့ရတာျဖစ္တယ္လို႔ ဒီေန႔ ကာကြယ္ေျပာၾကားခဲ့ပါတယ္။

မေန႔ကေတာ့ လႊတ္ေတာ္အမတ္ေတြရဲ႕အေမးကိုေျဖစဥ္မွာ သူဟာ ႏုတ္ထြက္မဲ့လူစားမ်ဳိးမဟုတ္ဘူး၊ ဆက္တိုက္ပြဲဝင္သြားမယ္၊ ဝန္ႀကီးခ်ဳပ္တာဝန္ ဆက္ယူသြားမယ္လို႔ ျပတ္ျပတ္သားသား ေျပာခဲ့ၿပီးမွ ႏုတ္ထြက္မယ္လို႔ ဒီေန႔ေၾကညာတာဟာ ပါတီတြင္း ေဝဖန္မႈေတြ၊ ဖိအားေတြပိုမ်ားလာတာေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာသူေတြက သံုးသပ္ပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ အာဏာရပါတီေခါင္းေဆာင္က ဝန္ႀကီးခ်ဳပ္တာဝန္ကို ယူရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဗြိတိန်ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်မယ် ကြေညာ

ဗြိတိန်ဝန်ကြီးချုပ် Liz Truss က ရာထူးတာဝန်ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်တာဝန်ယူခဲ့ပြီး ၄၅ ရက်အကြာမှာပဲ သူထမ်းဆောင်ရမယ့် တာဝန်တွေ လက်တွေ့မဖော်ဆောင်နိုင်ခဲ့တာကြောင့် ဝန်ကြီးချုပ်တာဝန်ကနေရော ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တာဝန်ကနေပါ နုတ်ထွက်မယ့်အကြောင်း ဒီနေ့ ကြာသပတေးနေ့မှာ ကြေညာလိုက်တာဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်တာဝန်ကနေ နုတ်ထွက်မယ်ဆိုတာ ဘုရင်ကို ဒီနေ့မနက်ကပဲ အသိပေး အကြောင်းကြားလိုက်ပါတယ်လို့ ဝန်ကြီးချုပ် Truss က ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်ရုံးရှေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့နေရာအစားထိုးမယ့် ခေါင်းဆောင်သစ်မရွေးနိုင်ခင်အထိ လက်ရှိတာဝန်တွေကို ဆက်ထမ်းဆောင်သွားမယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ်ကို တပတ်အတွင်း ရွေးချယ်သွားဖို့ ကွန်ဆာဗေးတစ်ပါတီဆိုင်ရာ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌနဲ့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။

ဝန်ကြီးချုပ် Truss ရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တွေကြောင့် ဗြိတိန်စီးပွားရေးနဲ့ဘဏ္ဍာရေးမှာ အကြီးအကျယ် ဂယက်ရိုက်ခတ်ခဲ့ပါတယ်။ အဲဒါကြောင့် ဘဏ္ဍာရေးဝန်ကြီးကို ရာထူးကနေထုတ်ပယ်ခဲ့ရသလို အခွန်လျှော့ကောက်မယ့် အစီအစဉ်တွေအားလုံးကိုလည်း ပြန်လည်ပြင်ဆင်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ ဝန်ကြီးချုပ်အပေါ် ပါတီတွင်း ဆန့်ကျင်ကန့်ကွက်မှု ကြီးကြီးမားမား ဆက်ခံရပြီး နောက်ဆုံး နုတ်ထွက်ပေးဖို့ ဖြစ်လာတာပါ။

ဝန်ကြီးချုပ် Truss က စီးပွားရေးစိန်ခေါ်မှုတွေကြုံရချိန် ဝန်ကြီးချုပ်တာဝန်ကို သူယူခဲ့ရတာဖြစ်တယ်လို့ ဒီနေ့ ကာကွယ်ပြောကြားခဲ့ပါတယ်။

မနေ့ကတော့ လွှတ်တော်အမတ်တွေရဲ့အမေးကိုဖြေစဉ်မှာ သူဟာ နုတ်ထွက်မဲ့လူစားမျိုးမဟုတ်ဘူး၊ ဆက်တိုက်ပွဲဝင်သွားမယ်၊ ဝန်ကြီးချုပ်တာဝန် ဆက်ယူသွားမယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပြီးမှ နုတ်ထွက်မယ်လို့ ဒီနေ့ကြေညာတာဟာ ပါတီတွင်း ဝေဖန်မှုတွေ၊ ဖိအားတွေပိုများလာတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ အာဏာရပါတီခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန်ကို ယူရတာဖြစ်ပါတယ်။

XS
SM
MD
LG