သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ေဒသတြင္းအင္အားႀကီး ၃ ႏိုင္ငံနဲ႔ ကန္ ႏိုင္ငံျခားေရး၀န္ႀကီး ေဆြးေႏြး


အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken ဟာ ၾကာသပေတးေန႔မွာ ျမန္မာႏုိင္ငံအေရးကို အာရွေဒသတြင္းအင္အားႀကီး ႏိုင္ငံ ၃ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ၾကာသပေတးေန႔မွာ ေဆြးေႏြးခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေျပာပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony J. Blinken ၊ Australia ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ၊ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး Dr. S. Jaishankar နဲ႔ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi တို႔ဟာ ကမာၻ႔စိန္ေခၚမႈေတြအတြက္ ၄ ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္တဲ့ Quad အဖြဲ႔ အစည္းအေဝးမွာ ျမန္မာႏို္င္ငံမွာ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ထားတဲ့ အစိုးရအုပ္ခ်ဳပ္မႈ အျမန္ျပန္ရလာေစဖို႔ အေရးတႀကီး လိုအပ္ေနေၾကာင္း ေဆြးေႏြးခဲ့ၾကတာပါ။

၄ ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ ကမာၻ႔စိန္ေခၚမႈႀကီးေတြ ျဖစ္တဲ့ COVID- 19 ကပ္ေရာဂါဆိုင္ရာ တုန္႔ျပန္ေရးနဲ႔ ျပန္လည္နလံထူေရး နဲ႔ ဥတုရာသီေျပာင္းလဲမႈဆိုင္ရာေတြမွာ ၄ ႏိုင္ငံ လက္တြဲေဆာင္ရြက္ေနတဲ့ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကသလို သတင္းမွား ျဖန္႔ခ်ီမႈ တိုက္ဖ်က္ေရး၊ အၾကမ္းဖက္ဝါဒစြဲ တုိက္ဖ်က္ေရးနဲ႔ ေရေၾကာင္းလံုၿခံဳေရး ကိစၥရပ္ေတြနဲ႔ ျမန္မာႏုိင္ငံမွာ ဒီမိုကေရစီ အစိုးရျပန္ ေပၚထြန္းလာေရး အပါအဝင္ ေဒသတြင္း ဒီမိုကေရစီ ခိုင္မာေရး ဦးစားေပးလုပ္ေဆာင္ဖုိ႔ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

အာရွေဒသကို ဦးစားေပးတဲ့ အျပန္အလွန္ကူညီပံ့ပိုးမႈ ေတြ လုပ္သြားမွာ ျဖစ္ေၾကာင္း ၄ ႏိုင္ငံ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ထပ္ေလာင္း ကတိျပဳခဲ့ၾကတဲ့အျပင္ ေရေၾကာင္း လြတ္လပ္ခြင့္နဲ႔ ႏိုင္ငံ့အခ်ဳပ္အခ်ာအာဏာပိုင္ဆိုု္င္မႈ ေတြကို ေထာက္ခံပံ့ပိုးေပးတာ အပါအဝင္ အင္ဒို- ပစိဖိတ္ေဒသတြင္း လြတ္လပ္ပြင့္လင္းမႈရွိေစဖို႔ ပူးေပါင္းေဆာင္ရြက္ေရး ပိုမိုခိုင္မာေအာင္ လုပ္ေဆာင္မွာ ျဖစ္ေၾကာင္းလည္း ကတိျပဳခဲ့ၾကပါတယ္။

အေမရိကန္နိုင္ငံျခားေရး၀န္ႀကီး Anthony Blinken ဟာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး လက္ရွိျဖစ္ရပ္ေတြအတြက္ အထူးစိုးရိမ္ေၾကာင္း ေျပာၾကားခဲ့သလို ျမန္မာစစ္ေခါင္းေဆာင္ေတြအေနနဲ ့ ဖမ္းဆီးထားတဲ့ ျမန္မာအစိုးရေခါင္းေဆာင္ေတြ အရပ္ဘက္အဖြဲ႕ အစည္းေခါင္းေဆာင္ေတြအားလံုးကို လႊတ္ေပးဖို႔၊ ေရြးေကာက္ပြဲေတြမွာ ေဖာ္ျပထားျပီးျဖစ္တဲ့ ျမန္မာလူထုရဲ့ဆႏၵကို ေလးစားဖို ့ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာ့အရေး ဒေသတွင်းအင်အားကြီး ၃ နိုင်ငံနဲ့ ကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

(Unicode)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ဟာ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံအရေးကို အာရှဒေသတွင်းအင်အားကြီး နိုင်ငံ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken ၊ Australia နိုင်ငံခြားရေးဝန်ကြီး Marise Payne ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့ဟာ ကမ္ဘာ့စိန်ခေါ်မှုတွေအတွက် ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ Quad အဖွဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအုပ်ချုပ်မှု အမြန်ပြန်ရလာစေဖို့ အရေးတကြီး လိုအပ်နေကြောင်း ဆွေးနွေးခဲ့ကြတာပါ။

၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကမ္ဘာ့စိန်ခေါ်မှုကြီးတွေ ဖြစ်တဲ့ COVID- 19 ကပ်ရောဂါဆိုင်ရာ တုန့်ပြန်ရေးနဲ့ ပြန်လည်နလံထူရေး နဲ့ ဥတုရာသီပြောင်းလဲမှုဆိုင်ရာတွေမှာ ၄ နိုင်ငံ လက်တွဲဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြသလို သတင်းမှား ဖြန့်ချီမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒစွဲ တိုက်ဖျက်ရေးနဲ့ ရေကြောင်းလုံခြုံရေး ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရပြန် ပေါ်ထွန်းလာရေး အပါအဝင် ဒေသတွင်း ဒီမိုကရေစီ ခိုင်မာရေး ဦးစားပေးလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အာရှဒေသကို ဦးစားပေးတဲ့ အပြန်အလှန်ကူညီပံ့ပိုးမှု တွေ လုပ်သွားမှာ ဖြစ်ကြောင်း ၄ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထပ်လောင်း ကတိပြုခဲ့ကြတဲ့အပြင် ရေကြောင်း လွတ်လပ်ခွင့်နဲ့ နိုင်ငံ့အချုပ်အချာအာဏာပိုင်ဆိုင်မှု တွေကို ထောက်ခံပံ့ပိုးပေးတာ အပါအဝင် အင်ဒို- ပစိဖိတ်ဒေသတွင်း လွတ်လပ်ပွင့်လင်းမှုရှိစေဖို့ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ကတိပြုခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လက်ရှိဖြစ်ရပ်တွေအတွက် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သလို မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာအစိုးရခေါင်းဆောင်တွေ အရပ်ဘက်အဖွဲ့ အစည်းခေါင်းဆောင်တွေအားလုံးကို လွှတ်ပေးဖို့၊ ရွေးကောက်ပွဲတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ မြန်မာလူထုရဲ့ဆန္ဒကို လေးစားဖို့ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG