သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏိၵယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ကုလအတြင္းေရးမွဴးခ်ဳပ္ ေတြ႔ဆံုေဆြးေႏြးမႈ ျမန္မာ့အေရးပါဝင္ 


ကုလအတြင္းေရးမႉးခ်ဳပ္ Antonio Guterres နဲ႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S Jaishankar

[[Zawgyi/Unicode]]

ယူကရိန္းပဋိပကၡက ကမာၻအေပၚသက္ေရာက္မႈ၊ အာဖဂန္နစၥတန္နဲ႔ ျမန္မာအေျခအေနေတြကို အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး S Jaishankar နဲ႔ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres တို႔ အျမင္ဖလွယ္ ေဆြးေႏြးခဲ့ၾကပါတယ္။

အိႏိၵယ ႏုိင္ငံျခားေရးဝန္ႀကီးဟာ ဝါရွင္တန္ကို သြားေရာက္ၿပီးေနာက္ ကုလသမဂၢဌာနခ်ဳပ္ကို ဗုဒၶဟူးေန႔ညေနပိုင္းက ေရာက္ရွိခဲ့တာပါ။ အထူးသျဖင့္ ဖြံၿဖိဳးဆဲႏိုင္ငံေတြအေပၚ သက္ေရာက္တဲ့ စားနပ္ရိကၡာနဲ႔ စြမ္းအင္ဆိုင္ရာ လုံၿခဳံေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက Twitter မွာ ၾကာသပေတးေန႔က ေရးပါတယ္။

အိႏၵိယနဲ႔ ျမန္မာတို႔ရဲ႕ ေနာက္ဆုံး ျဖစ္ေပၚတိုးတက္မႈေတြကိုလည္း ေျပာခဲ့ၾကတယ္လို႔ သူကဆိုပါတယ္။ အေသးစိတ္ကိုေတာ့ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက မေျပာပါဘူး။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken၊ ကာကြယ္ေရးဝန္ႀကီး Lloyd J Austin တို႔နဲ႔ ေဆြးေႏြးဖို႔အတြက္ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီး Jaishankar နဲ႔ ကာကြယ္ေရးဝန္ႀကီး Rajnath Singh တို႔ ႏွစ္ဦး အေမရိကန္မွာ ေရာက္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံဆွေးနွေးမှု မြန်မာ့အရေးပါဝင်

ယူကရိန်းပဋိပက္ခက ကမ္ဘာအပေါ်သက်ရောက်မှု၊ အာဖဂန်နစ္စတန်နဲ့ မြန်မာအခြေအနေတွေကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တို့ အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ ဝါရှင်တန်ကို သွားရောက်ပြီးနောက် ကုလသမဂ္ဂဌာနချုပ်ကို ဗုဒ္ဓဟူးနေ့ညနေပိုင်းက ရောက်ရှိခဲ့တာပါ။ အထူးသဖြင့် ဖွံဖြိုးဆဲနိုင်ငံတွေအပေါ် သက်ရောက်တဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဆိုင်ရာ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက Twitter မှာ ကြာသပတေးနေ့က ရေးပါတယ်။

အိန္ဒိယနဲ့ မြန်မာတို့ရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ပြောခဲ့ကြတယ်လို့ သူကဆိုပါတယ်။ အသေးစိတ်ကိုတော့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက မပြောပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd J Austin တို့နဲ့ ဆွေးနွေးဖို့အတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ နှစ်ဦး အမေရိကန်မှာ ရောက်နေတာဖြစ်ပါတယ်။

=============

XS
SM
MD
LG