သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား မြန်မာစစ်ကောင်စီကို အပြစ်တင်


(ဝဲမှယာ) သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ရက်နေ့ သတင်းထုတ်ပြန်ခဲ့သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်
(ဝဲမှယာ) သေဒဏ်စီရင်ပြီးစီးကြောင်း ဇူလိုင်လ ၂၅ရက်နေ့ သတင်းထုတ်ပြန်ခဲ့သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်

[[Zawgyi/Unicode]]

မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတို့ က ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့တာအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပါတယ်။ စစ်ကောင်စီက ခုလို သတ်ဖြတ်လိုက်တာဟာ လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်ပြီး အာဆီယံဦးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြောင်လှောင်လိုက်တာဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေး န်ကြီး ဒီကနေ့ ပြောလိုက်ပါတယ်။

“စစ်ကောင်စီ သဘောတူညီချက် ၅ ရပ်ကို လှောင်ပြောင်လိုက်တာအဖြစ် ခုလို ကွပ်မျက်လိုက်တာအပေါ် ကျနော်တို့က မြင်ပါတယ်။ ဒီအပေါ်မှာ အလွန့်အလွန်ကို လေးလေးနက်နက်ကြည့်ရမယ်လို့ ကျနော်ထင်ပါတယ်။” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Saifuddin Abdullah က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ အာဆီယံအစည်းအဝေးရဲ့ တပတ်အလိုမှာ ခုလိုလုပ်ခဲ့တာဟာ အချိန်ကိုက်ရွေးချယ်လုပ်လိုက်တာဖြစ်သလားလို့လည်း မစ္စတာ Saifuddin က မေးခွန်း ထုတ်လိုက်ပါတယ်။

စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ကျန်ရစ်သူမိသားစုတွေကို ဝမ်းနည်းကြေကွဲစကားဆိုလိုက်ပြီး စစ်ကောင်စီလုပ်ရပ်ကို လူသိရှင်ကြား ရှုတ်ချကြောင်း လူမှု စာမျက်နှာမှာ ရေးပါတယ်။ အာဆီယံရဲ့အားထုတ်မှုတွေ စိုးရိမ်ရလောက်အောင် ဆိုးဝါးသွားတာဖြစ်တယ်လို့ မစ္စတာ Vivian Balakrishnan က ဆိုပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အကြမ်းဖက်မှုဖြစ်ပြီး လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို လုံးဝ မျက်ကွယ်ပြုလိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Choi Young-sam ကလည်း ဒီကနေ့ ဆိုပါတယ်။

“ခုလို လုပ်ရပ်ကြောင့် မြန်မာနိုင်ငံဟာ တည်ငြိမ် ငြိမ်းချမ်းမလာဘူးဆိုတာကို တောင်ကိုရီးယားအစိုးရက အထူး အလေးအနက်ထားပြောလိုပါတယ်။ ချုပ်တီးဖို့ ခိုင်ခိုင်မာမာ တိုက်တွန်းလိုက်ပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ က ပြောပါတယ်။

#MyanmarASEAN #သေဒဏ်စီရင်ချက် #နိုင်ငံတကာဝေဖန် #မလေးရှား #စင်ကာပူ #တောင်ကိုရီးယား

========

[[Unicode]]








========

XS
SM
MD
LG