သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအလွည့္က်ဥကၠ႒ ျမန္မာစစ္ေကာင္စီကို ေဝဖန္


ASEANအလွည့္က်ဥကၠ႒ႏုိင္ငံျဖစ္တဲ့ ကေမၻာဒီးယားရဲ႕ ဒုဝန္ႀကီးခ်ဳပ္နဲ႔ျမန္မာဆုိင္ရာ အာဆီယံအထူးကုိယ္စားလွယ္ Prak Sokhonn (ေမ ၆၊၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ ထင္ရွားတဲ့ ႏိ္ုင္ငံေရးသမားေတြျဖစ္ၾကတဲ့ ၈၈ မ်ဳိးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္ တို႔နဲ႔အတူ ေနာက္ထပ္ ၂ ေယာက္ကို စစ္ေကာင္စီက ကြပ္မ်က္လိုက္တာဟာ အင္မတန္ ျပစ္တင္ရႈတ္ခ်ဖြယ္ေကာင္းတဲ့ လုပ္ရပ္ျဖစ္တဲ့အျပင္ ျမန္မာ့အေရး ၿငိမ္းခ်မ္းစြာ အေျဖရွာႏိုင္ေရး အာဆီယံအဖြဲ႔ရဲ႕ ႀကိဳးပမ္းမႈေတြကို ပံ့ပိုးေပးရာ မေရာက္ ဘူးလို႔ အာဆီယံအဖြဲ႔ရဲ႕ အလွည့္က်ဥကၠ႒ ကေမၻာဒီးယားႏိုင္ငံက ေဝဖန္ ေျပာၾကားလိုက္ပါတယ္။

စစ္ေကာင္စီက အခုလို ကြပ္မ်က္လိုက္တဲ့အေပၚ လြန္စြာ စိတ္မေကာင္းျဖစ္ရၿပီး အင္မတန္ စိတ္ထိခိုက္ရေၾကာင္း မေန႔ ဇူလိုင္လ ၂၅ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ အာဆီယံ ဝန္ႀကီးမ်ားစည္းေဝးပြဲ က်င္းပဖို႔ သီတင္းတပတ္ေလာက္အလိုမွာ ျဖစ္သြားတဲ့ ဒီ ကြပ္မ်က္မႈဟာ ေနာက္ေၾကာင္းျပန္လွည့္သြားေစတဲ့ လုပ္ရပ္ျဖစ္တယ္လို႔လည္း အာဆီယံ အလွည့္က်ဥကၠ႒ ကေမၻာဒီးယားႏိုင္ငံက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ ေသဒဏ္ အမိန္႔ခ်ခံထားရသူေတြကို ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္ ကြပ္မ်က္ျခင္းလည္း ျဖစ္ပါတယ္။

AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔က မေန႔ ဇူလိုင္လ ၂၅ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့စာရင္းမွာေတာ့ ထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေရးအက်ဥ္းသား ၇၆ ေယာက္ ေသဒဏ္ခ်မွတ္ထားရၿပီး ေသဒဏ္အမိန႔္ကို ေရွာင္တိမ္း ေနသူ ၄၁ ဦးရွိတာေၾကာင့္ ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္အထိ စုစုေပါင္း ေသဒဏ္ အမိန႔္ ခ်မွတ္ခံထားရသူ ႏိုင္ငံေရးအက်ဥ္းသား ၁၁၇ ဦး ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

အာဆီယံအလှည့်ကျဥက္ကဋ္ဌ မြန်မာစစ်ကောင်စီကို ဝေဖန်

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို စစ်ကောင်စီက ကွပ်မျက်လိုက်တာဟာ အင်မတန် ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးရာ မရောက် ဘူးလို့ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဝေဖန် ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီက အခုလို ကွပ်မျက်လိုက်တဲ့အပေါ် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး အင်မတန် စိတ်ထိခိုက်ရကြောင်း မနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံ ဝန်ကြီးများစည်းဝေးပွဲ ကျင်းပဖို့ သီတင်းတပတ်လောက်အလိုမှာ ဖြစ်သွားတဲ့ ဒီ ကွပ်မျက်မှုဟာ နောက်ကြောင်းပြန်လှည့်သွားစေတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ သေဒဏ် အမိန့်ချခံထားရသူတွေကို နှစ်ပေါင်း ၃၀ ကျော်အတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကွပ်မျက်ခြင်းလည်း ဖြစ်ပါတယ်။

AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က မနေ့ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့စာရင်းမှာတော့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၆ ယောက် သေဒဏ်ချမှတ်ထားရပြီး သေဒဏ်အမိန့်ကို ရှောင်တိမ်း နေသူ ၄၁ ဦးရှိတာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ စုစုပေါင်း သေဒဏ် အမိန့် ချမှတ်ခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၁၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG