သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုဘဏ်ထုတ် ကျပ်ငွေစက္ကူတွေ အရည်အသွေးပြည့်မီကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ အာမခံပြောဆို 


Myanmar currency
Myanmar currency


[[Zawgyi/Unicode]]

တန်ဖိုးကြီး မြန်မာငွေစက္ကူတွေမှာ ဆေးပျက်တာ၊ ဆေးကွက်တာတွေ တွေ့နေရလို့ လူထုကြားမှာ ဝေဖန်ပြောဆိုနေသလို ငွေစက္ကူအတုတွေ ဖြစ်နေလားဆိုတဲ့ စိုးရိမ်သံသယတွေလည်း ရှိနေကြပါတယ်။ ဗဟိုဘဏ်တာဝန်ရှိသူကတော့ သူတို့ရိုက်နှိပ်တဲ့ ငွေစက္ကူတွေရဲ့ အရည်အသွေး ပြည့်မီတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ခုလိုအခြေအနေမှာ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ပိုနည်းလာတယ်လို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ လည်ပတ်သုံးစွဲနေတဲ့ ကျပ်ငွေ ၅,၀၀၀ နဲ့ ကျပ်ငွေ ၁၀,၀၀၀ တန် ငွေစက္ကူသစ်တွေ ဆေးသားအရောင်ပြန့်ကုန်တာ၊ ပြောင်းသွားတာမျိုးတွေ ဖြစ်နေတာကြောင့် ပြည်သူတွေကြား ငွေစက္ကူအတုတွေလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ထွက်နေပါ တယ်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌကတော့ ဗဟိုဘဏ်ကထုတ်လိုက်တဲ့ ငွေစက္ကူတွေမှာ အတုလို့ ထင်ရနိုင်စရာ အကြောင်းမရှိဘူးလို့ ဗွီအိုအေ ကိုပြောပါတယ်။ ငွေရိုက်နှိပ်တဲ့ စက္ကူကုန်ကြမ်းကို အရင်က ဂျာမနီက တင်သွင်းပေမဲ့ အခု တခြားနိုင်ငံတွေဆီက တင်သွင်းနေရပါတယ်။ ဒါပေမဲ့ ငွေစက္ကူရဲ့ အရည်အသွေးနဲ့ လုံခြုံမှုကိုတော့ အာမခံနိုင်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။

“မရှိပါဘူး၊ ဖြစ်စရာမရှိပါဘူး၊ ကွာလတီက Central Bank လိုနေရာမျိုးက ငွေစက္ကူထုတ်တဲ့အချိန်မှာ အပြင်ကနေ အတုလို့ ထင်ရ လောက်တဲ့ အရည်အသွေးမျိုး ထုတ်စရာမရှိပါဘူး။ ဒါနိုင်ငံတော်နဲ့ပတ်သက်တဲ့အဆင့ ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကွာလတီပိုင်း ဆိုင်ရာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ လုံခြုံမှုရှိဖို့ကတော့ ကျနော်တို့ သက်ဆိုင်ရာ တာဝန်ယူမှုရှိတဲ့နေရာက တာဝန်ယူပြီးလုပ်နေပါတယ်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဂျာမနီနိုင်ငံ မြူးနစ်အခြေစိုက် G&D ကုမ္ပဏီက ပိုက်ဆံထုတ်လုပ်တဲ့ စက္ကူကုန်ကြမ်းတွေကို မြန်မာနိုင်ငံကို မရောင်းချတော့ဘူးလို့ ၂၀၂၁ မတ်လမှာ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ငွေစက္ကူထုတ်လုပ်တဲ့ စက္ကူကုန်ကြမ်းကို နိုင်ငံတချို့ဆီကနေ အစားထိုးပြီး တင်သွင်းနေရတာပါ။

လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေစက္ကူ အရွက်ကြီးတွေရဲ့ ဆေးရောင်ကြောင့် ငွေစက္ကူအတုတွေ ထွက်နေတယ်ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံမှာ ငွေအတု သန်းနဲ့ချီပြီး ပြန့်နှံ့နေတာကို မထိန်းနိုင်တော့ဘူးဆိုတဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ပုံစံမျိုး သတင်းမှားလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဗဟိုဘဏ်ကတော့ ဒီသတင်းတွေဟာ ဘဏ်စနစ်ကို ထိခိုက်အောင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“တည်ငြိမ်လာတဲ့ဟာ တိုးတက်လာတဲ့ Banking sector နဲ့ပတ်သက်ပြီး အဖျက်အမှောင့်လုပ်တဲ့ မရှုစိမ့်နိုင်တဲ့ ဆန့်ကျင်ဘက် အဖွဲ့အစည်းကလုပ်တဲ့ ကိစ္စရပ်ပါပဲ။ ဒီ ၅,၀၀၀ တန် ၁၀,၀၀၀ တန်ကိစ္စတွေကိုပဲ ဒါနဲ့ဆို တတိယအကြိမ် စတုထ္ထအကြိမ် လောက်ရှိပြီ အဲဒီအတွက် ဒီကောလာဟလတွေဟာ ကျနော်တို့အတွက် ဘာမှ Impact မရှိဘူးလို့ပဲ ပြောချင်ပါတယ်။”

အခုလို ငွေစက္ကူနဲ့ပတ်သက်လို့ သတင်းတွေ စိုးရိမ်မှုတွေရှိနေတာကြောင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ပိုနည်းစေတယ်လို့ စီးပွားရေးပညာရှင်တချို့က သုံးသပ်ပါတယ်။ ကျပ်ငွေအပေါ်မှာ ယုံကြည်မှုကျဆင်းတာက တခြား စီးပွားရေး လုပ်ဆောင်မှုတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။

“အခုဖြစ်ပြီးမှဆိုတော့ ထိန်းရသိမ်းရတာ ခက်တယ်ပေါ့ဗျာ။ လူတွေရဲ့ကြားထဲမှာ နဂိုကတည်းကမှ ဘဏ်တွေမှာ ငွေထုတ်မရ ကျပ်ငွေအပေါ်မှာ ယုံကြည်မှု ကျဆင်းနေရတဲ့ကြားထဲ ဒီငွေအတုကိစ္စတွေက ဖြစ်လာပြီဆိုတော့ လူတွေက ပိုပြီးကျပ်ငွေအပေါ်မှာ ကိုင်ထားလိုမှုတွေ တအားနည်းလာတာပေါ့နော်။ ကျပ်ငွေအပေါ်မှာ ယုံကြည်မှု ကျဆင်းလေလေ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ Assets တွေကို မရောင်ရာဆီလူး လိုက်ဝယ်ကြတော့မှာပေါ့။ ဥပမာ မြေတွေဝယ်မယ်၊ တိုက်ခန်းတွေဝယ်မယ်၊ ရွှေတွေဝယ်မယ်၊ ဒေါ်လာ တွေ ဝယ်မယ် ဆိုတော့ ဒီလိုမျိုးကြီး ဖြစ်နေတာကြီးကတော့ မကောင်းဘူးပေါ့ဗျာ။ ဒါတွေက Policy maker တွေက တန်းသိနေရ မှာပေါ့၊ ဘယ်လို Impact တွေဖြစ်မယ် ကြိုတင်ကာကွယ်ရမယ်၊ ကိုင်တွယ်ရမယ်၊ ထိန်းကြောင်းရမယ်ပေါ့။ ကျနော်ထင်တာက နောက်တတိယအချက်က မူးယစ်ဆေးဝါးငွေတွေကလည်း မြို့ထဲကို ဝင်ဖို့လုပ်နေတာကိုး အခြေအနေတွေ သုံးလေးခုလောက် တိုက်ဆိုင်နေတဲ့အချိန်မှာ ဒီငွေအတုကိစ္စက ပေါ်လာတာကိုး။”

လှိုင်သာယာက အထည်ချုပ်လုပ်ငန်းတခုမှာ မတ်လ ၅ ရက်နေ့တုန်းက လစာပေးတဲ့ငွေထဲ အက္ခရာတူ ကျပ်တသောင်းတန် ငွေအတု အများအပြား တွေ့ခဲ့တာကြောင့် ငွေအတုပြဿနာက လူတွေကြားထဲမှာ ပိုပြီး စိုးရိမ်စရာဖြစ်နေကြတာပါ။ အရင်ကလည်း မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့မှာ မြန်မာကျပ်ငွေအတု အမြောက်အများ ဖမ်းဆီးမိတဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]

ဗဟိုဘဏျထုတျ ကပြျငှစေက်ကူတှေ အရညျအသှေးပွည့ျမီကွောငျး ဗဟိုဘဏျဒုဥက်ကဋ်ဌ အာမခံပွောဆို











=================

XS
SM
MD
LG