သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ဘင်္ဂလားဒေ့ရ်ှ ကုန်တွင်းဆိပ်ကမ်းတွေကတဆင့် ကုန်သွယ်ဖို့ ဆွေးနွေး


ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )
ရခိုင်ပြည်နယ်၊ ကျောက်ဖြူဆိပ်ကမ်းမှာ ကုန်တင်ကုန်ချမြင်ကွင်း။ ( အောက်တိုဘာ ၁၊ ၂၀၁၉ )

[[Zawgyi/Unicode]]

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကုန်တွင်းဆိပ်ကမ်းအထိ တိုက်ရိုက်ကုန်သွယ်နိုင်ဖို့ နှစ်ဘက်ကုန်သည်တွေအကြား ဆွေးနွေးနေတယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးက ကုန်ကျစရိတ်တွေ လျှော့ချပြီး ကုန်တွေကို အတွင်းပိုင်းဆိပ်ကမ်းအထိ တိုက်ရိုက်ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းကတင်ပြပေးထားပါတယ်။

ရခိုင်နဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးနေရာမှာ နယ်စပ်ကုန်းတွင်းပိုင်းကမဟုတ်ဘဲ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်တကောင်းဆိပ်ကမ်းအထိ ကုန်တွေ တင်ဖို့နိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ ဒီလိုမျိုး ကုန်းတွင်းဆိပ်ကမ်းတွေသုံးပြီး တိုက် ရိုက်ကုန်သွယ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက နှစ်ဘက်အစိုးရကြား သဘောတူညီချက်ရှိပြီးသားဖြစ်ပေမယ့် ဒီအတွက် တိုက်ရိုက်သင်္ဘောလိုင်းတခု အမြန်ပြေးဆွဲနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေရဆဲပဲလို့ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦး ကပြောပါ တယ်။

“ လက်ရှိအနေအထားကတော့ ကျနော်တို့သိရသလောက် ၂၀၀၇၊ ၂၀၀၈ လောက်ကတည်းက မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေရှ်အစိုးရတို့ costal shipping line အတွက် agreement တွေကို သဘောတူညီမှုရထားပြီးသားလို့ ကျနော်တို့ သိရပါတယ်၊ သူတို့ညှိနှိုင်းမှုရထားတာကို အကောင်အထည်ဖော်ဖို့အပိုင်းတွေကို ဒီဘက်က costal shipping line တခုတော့ အကောင်အထည်ဖော်နိုင်အောင်လို့ ကျနော်တို့ဘက်က ကြိုးစားနေတာဖြစ်တယ်။ တာဝန်ရှိတဲ့ သူတွေကလည်း ဒါကို မြန်မြန်ဆန်ဆန်လေး အကောင်အထည်ဖော်ပေးမယ်၊ ကုန်သည်တွေ အရေးကြီးဆုံးအပိုင်းကတော့ သင်္ဘောပိုင်ရှင်တွေပေါ့။ Costalသွားနေတဲ့ သင်္ဘောလိုင်း အုပ်စုတွေ နဲ့ပူးပေါင်းပြီးတော့ ညှိနှိုင်းဆောင်ရွက်နေရတဲ့ အခြေအနေပဲရှိပါသေးတယ်။”

နှစ်နိုင်ငံ တိုက်ရိုက်ကုန်သွယ်ရေးမှာ ဘဂင်္လားဒေ့ရ်ှနိုင်ငံဘက်က စစ်တကောင်းဆိပ်ကမ်းကို လျာထားသလို မြန်မာဘက်ကတော့ ကျောက်ဖြူနဲ့ စစ်တွေဆိပ်ကမ်းတွေကို လျာထားတယ်လို့သိရပါတယ်။ ဒီလို ဆိပ်ကမ်းတွေကနေ ကုန်သွယ်မှုလုပ်နိုင်ရင် ကုန်ပစ္စည်းတင်ပို့မှု ပိုမြန်ဆန်လာမယ်လို့လည်း ဦးတင်အောင်ဦး က ယူဆပါတယ်။

“ဘင်္ဂလားဒေ့ရှ်နဲ့ လက်ရှိ ကုန်သွယ်နေတာကတော့ ပို့ကုန်တွေပဲအသာစီးရနေတယ်။ သွင်းကုန်က လုံးဝ မဆိုစလောက်ကိုနည်းတယ်။ မရှိသလောက်ကိုနည်းနေတဲ့ နယ်စပ် ပေါက်တွေပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က ဒီထက်စနစ်တကျဖြစ်အောင် ပြောရမယ်ဆိုရင် ပစ္စည်းတွေကို တဘက်နိုင်ငံ စစ်တကောင်းဆိပ်ကမ်း အဲလောက်အထိ ကျနော်တို့က ပစ္စည်း တွေကို မြန်မြန်ဆန်ဆန်ဖြစ်နိုင်အောင် ကုန်ကျစရိတ်သက်သာအောင် ကျနော်တို့က ကြိုးစား နေရတာဖြစ်ပါတယ်။”

မြန်မာတနိုင်ငံလုံးကကုန်စည်တွေ ကိုရခိုင်ပြည် နယ်စပ်ကုန်သွယ်ရေးကနေတဆင့် ဘင်္ဂလား ဒေရှ့်နိုင်ငံဘက်ကို ပို့ဆောင်နေရတာဟာ နှစ်နိုင်ငံကြားကုန်သည်တွေအတွက် ကုန်ကျစရိတ်များပြားတာတွေနဲ့ သယ်ယူပို့ဆောင်ရေးပိုင်းတွေမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ကုန်သည်တွေကပြောပါတယ်။ အတွင်းပိုင်းဆိပ်ကမ်းအထိ ကုန်တွေ တိုက်ရိုက်တင်ပို့နိုင်မယ်ဆိုရင်တော့ ကုန်းတွင်းပိုင်းသယ်ယူပို့ဆောင်ရေးစရိတ်ကိုလျှော့ချနိုင်မယ်လို့ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦး ကပြောပါ တယ်။

“အဓိကတော့ costal shipping line ပေါ့နော်၊ အဲတာဖြစ်ပြီဆိုတော့မှ ကျနော်တို့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ အတွင်းပိုင်းလောက်အထိ ကျနော်တို့ ကုန်သွယ်မှုရနိုင်မယ့် အနေအထားပါ။ အခုကတော့ ကျနော်တို့ နယ်စပ်လောက်မှာပဲ ရပ်ရတဲ့အတွက် အဲဒီကို တဆင့်ကနေ တဆင့်သယ်ရတဲ့ အခါကျတော့ သူတို့မှာလည်း ကုန်ကျစရိတ်တွေများတယ်။ အဲတာကိုလျှော့ချဖို့ရယ်၊ နောက်တခုကတော့ ပမာဏကြီးတဲ့ သဘောင်္တွေပေါ့လေ ဥပမာ တန် ၂,၀၀၀ တန် ၁,၅၀၀ လောက်ရှိတဲ့ သင်္ဘောတွေနဲ့ သွားနိုင်လို့ရှိရင် ပိုပြီးတော့ ကုန်ကျစရိတ်တွေ သက်သာလာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေရခြင်းဖြစ်ပါတယ်။”

လက်ရှိမှာတော့ မြန်မာနိုင်ငံကထွက်တဲ့ ရေထွက်ပစ္စည်းတွေနဲ့ ဂျင်း၊ ကြက်သွန်၊ ငရုပ်၊ ဇီးယိုတွေစတဲ့ ကုန်ပစ္စည်းတွေကို အဓိကထားပြီး ရခိုင်နယ်စပ်ကုန်သွယ်ရေးကနေဆင့် ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ပို့ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် လည်း နယ်စပ်ကုန်သွယ်ရေးဖြစ်တာကြောင့် ပစ္စည်းတွေ ထင်သလောက်မပို့နိုင်သလို လက်ရှိပြည်တွင်း ကုန်ဈေးနှုန်းတွေ နဲ့ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ကုန်သည်တွေအနေနဲ့ အခက်ကြုံနေရတယ်လို့လည်း ကုန်သည်တွေကပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]











XS
SM
MD
LG