သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံတြင္းေငြေပးေခ်မႈအားလုံး ျမန္မာက်ပ္ေငြသုံးဖို႔ ဗဟိုဘဏ္ထုတ္ျပန္


Myanmar currency

[[Zawgyi/Unicode]]

ျမန္မာတႏိုင္ငံလုံး ေငြေပးေခ်မႈကိစၥအားလုံးကို က်ပ္ေငြနဲ႔သာ အသုံးျပဳရမယ္လို႔ ဗဟိုဘဏ္က ထုတ္ျပန္လိုက္ပါတယ္။ ပုဂၢလိကလုပ္ငန္းေတြ၊ အစိုးရအဖြဲ႔အစည္းေတြနဲ႔ ပတ္သက္တဲ့ ေငြေပးေခ်မႈအားလုံးကို ႏိုင္ငံျခားေငြအစား က်ပ္ေငြနဲ႔သာ ေပးေခ်ရမွာျဖစ္တယ္လို႔ ဗဟိုဘဏ္ဒုဥကၠ႒ ဦးဝင္းေသာ္က VOA ျမန္မာပိုင္းကို ခုလိုေျပာပါတယ္။

“ဝန္ႀကီးဌာနေတြကို လိပ္စာတပ္တဲ့အေၾကာင္းက ဝန္ႀကီးဌာနေတြရဲ႕ကြပ္ကဲမႈနဲ႔ ဆက္စပ္ပတ္သက္တဲ့ဟာအားလံုးကို သက္ဆုိင္ရာဝန္ႀကီးဌာနေတြက တာဝန္ယူၿပီးေတာ့ ...လိုက္နာဖို႔ေပါ့ေနာ္။ အဲဒီအတြက္ ဆက္စပ္တဲ့အားလံုးပါသြားတာေပါ့။ ဝန္ႀကီးဌာနေတြတင္မကဘူးေပါ့။ အရက္ဆိုင္ေတြပဲျဖစ္ျဖစ္၊ ဟိုတယ္လ္ေတြပဲျဖစ္ျဖစ္ ဟိုတယ္လ္ရွိရင္ ဟိုတယ္လ္နဲ႔ဆိုင္တာေပါ့။...စည္ပင္သာယာက လုိင္စင္ထုတ္ေပးထားေသာလုပ္ငန္းေတြအက်ုံးဝင္တာေပါ့။ အားလံုး တႏိုင္ငံလံုးေပါ့-အက်ဳံးဝင္ပါတယ္၊ ဒီဥစၥာက။”

ေမလ ၂၅ ရက္ ရက္စြဲနဲ႔ ဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ႏိုင္ငံထဲမွာ ကုန္ပစၥည္းနဲ႔ ဝန္ေဆာင္မႈေတြအတြက္ က်သင့္ေငြကို ႏိုင္ငံျခားေငြနဲ႔ ေပးေခ်တဲ့အတြက္ ႏိုင္ ငံျခားေငြသုံးစြဲမႈ က်ယ္ျပန႔္လာေစတာ၊ ႏိုင္ငံျခားေငြလိုအပ္ခ်က္ ျမင့္မားလာေစတာ၊ ႏိုင္ငံျခားေငြလဲႏႈန္း မတည္မၿငိမ္ ျဖစ္ေစႏိုင္တာေၾကာင့္ ဝန္ႀကီးဌာနေတြ၊ အစိုးရအဖြဲ႔အစည္းေတြမွာ ကုန္ပစၥည္းေတြ ဝယ္ယူေရာင္းခ်ျခင္း၊ ဝန္ေဆာင္မႈလုပ္ငန္းေတြအတြက္ ေပးေခ်ျခင္း၊ ေဈးႏႈန္းေဖာ္ျပျခင္းေတြအားလုံးကို က်ပ္ေငြနဲ႔သာ ေဆာင္႐ြက္ရမယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ကင္းလြတ္ခြင့္ျပဳထားတဲ့ ကိစၥေတြကလြဲလို႔ ျပည္တြင္းမွာ ေနထိုင္သူေတြရဲ႕ ႏိုင္ငံျခားဝင္ေငြကို ႏိုင္ငံျခားေငြအေရာင္းအဝယ္ AD လိုင္စင္ရထားတဲ့ ဘဏ္ေတြမွာ ႏိုင္ငံျခားေငြစာရင္းဖြင့္ၿပီး ၁ ရက္အတြင္း ျမန္မာက်ပ္ေငြနဲ႔ လဲလွယ္ရမယ္လို႔ ဗဟိုဘဏ္က April လကထုတ္ျပန္ထားပါတယ္။ ဒါေၾကာင့္ ျပည္တြင္းမွာ သုံးစြဲေပးေခ်မႈအားလုံးကို ျမန္မာက်ပ္ေငြနဲ႔သာ မျဖစ္မေန သုံးစြဲရမယ္လို႔ ေဖာ္ျပထားပါတယ္။

လက္ရွိျပည္တြင္းက ဟိုတယ္ေတြ၊ တခ်ိဳ႕စားေသာက္ဆိုင္ေတြ၊ ျမန္မာႏိုင္ငံမွာ လာဖြင့္တဲ့ ႏိုင္ငံျခားေက်ာင္းေတြ၊ အမွတ္တရ ပစၥည္းအေရာင္းဆိုင္ေတြနဲ႔ ႏိုင္ငံျခားသားေတြ ေနအိမ္ငွားရမ္းမႈေတြကိုလည္း ႏိုင္ငံျခားေငြနဲ႔ ေပးေခ်ေနေဆာင္႐ြက္ေနၾကတဲ့ အေျခအေနကိုလည္း ဗဟိုဘဏ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဗဟိုဘဏ္က ဧၿပီ ၃ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ အမိန႔္ေၾကျငာစာအရ ျပည္တြင္းသုံးစြဲ ေပးေခ်မႈေတြကို ျမန္မာက်ပ္ေငြနဲ႔ ေဆာင္႐ြက္ဖို႔အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြ၊ တိုင္းနဲ႔ ျပည္နယ္ အစိုးရေတြ ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး စည္ပင္သာယာေရးေကာ္မတီေတြက လိုသလို ေဆာင္႐ြက္ေပးဖို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

နိုင်ငံတွင်းငွေပေးချေမှုအားလုံး မြန်မာကျပ်ငွေသုံးဖို့ ဗဟိုဘဏ်ထုတ်ပြန်

မြန်မာတနိုင်ငံလုံး ငွေပေးချေမှုကိစ္စအားလုံးကို ကျပ်ငွေနဲ့သာ အသုံးပြုရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ငွေပေးချေမှုအားလုံးကို နိုင်ငံခြားငွေအစား ကျပ်ငွေနဲ့သာ ပေးချေရမှာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က VOA မြန်မာပိုင်းကို ခုလိုပြောပါတယ်။

“ဝန်ကြီးဌာနတွေကို လိပ်စာတပ်တဲ့အကြောင်းက ဝန်ကြီးဌာနတွေရဲ့ကွပ်ကဲမှုနဲ့ ဆက်စပ်ပတ်သက်တဲ့ဟာအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက တာဝန်ယူပြီးတော့ ...လိုက်နာဖို့ပေါ့နော်။ အဲဒီအတွက် ဆက်စပ်တဲ့အားလုံးပါသွားတာပေါ့။ ဝန်ကြီးဌာနတွေတင်မကဘူးပေါ့။ အရက်ဆိုင်တွေပဲဖြစ်ဖြစ်၊ ဟိုတယ်လ်တွေပဲဖြစ်ဖြစ် ဟိုတယ်လ်ရှိရင် ဟိုတယ်လ်နဲ့ဆိုင်တာပေါ့။...စည်ပင်သာယာက လိုင်စင်ထုတ်ပေးထားသောလုပ်ငန်းတွေအကျုံးဝင်တာပေါ့။ အားလုံး တနိုင်ငံလုံးပေါ့-အကျုံးဝင်ပါတယ်၊ ဒီဥစ္စာက။”

မေလ ၂၅ ရက် ရက်စွဲနဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာလည်း နိုင်ငံထဲမှာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကျသင့်ငွေကို နိုင်ငံခြားငွေနဲ့ ပေးချေတဲ့အတွက် နိုင် ငံခြားငွေသုံးစွဲမှု ကျယ်ပြန့်လာစေတာ၊ နိုင်ငံခြားငွေလိုအပ်ချက် မြင့်မားလာစေတာ၊ နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ် ဖြစ်စေနိုင်တာကြောင့် ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေမှာ ကုန်ပစ္စည်းတွေ ဝယ်ယူရောင်းချခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်းတွေအားလုံးကို ကျပ်ငွေနဲ့သာ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စတွေကလွဲလို့ ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ နိုင်ငံခြားဝင်ငွေကို နိုင်ငံခြားငွေအရောင်းအဝယ် AD လိုင်စင်ရထားတဲ့ ဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ပြီး ၁ ရက်အတွင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က April လကထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ သုံးစွဲပေးချေမှုအားလုံးကို မြန်မာကျပ်ငွေနဲ့သာ မဖြစ်မနေ သုံးစွဲရမယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိပြည်တွင်းက ဟိုတယ်တွေ၊ တချို့စားသောက်ဆိုင်တွေ၊ မြန်မာနိုင်ငံမှာ လာဖွင့်တဲ့ နိုင်ငံခြားကျောင်းတွေ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေနဲ့ နိုင်ငံခြားသားတွေ နေအိမ်ငှားရမ်းမှုတွေကိုလည်း နိုင်ငံခြားငွေနဲ့ ပေးချေနေဆောင်ရွက်နေကြတဲ့ အခြေအနေကိုလည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က ဧပြီ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်ကြေငြာစာအရ ပြည်တွင်းသုံးစွဲ ပေးချေမှုတွေကို မြန်မာကျပ်ငွေနဲ့ ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင်သာယာရေးကော်မတီတွေက လိုသလို ဆောင်ရွက်ပေးဖို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

================

XS
SM
MD
LG