သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေျခခံစားကုန္ေစ်းႏႈန္းမ်ားတက္လို႔ ေရာင္းသူဝယ္သူအခက္ႀကဳံ


Myanmar Daily Life


[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ အေျခခံစားေသာက္ကုန္ေဈးႏႈန္းေတြ တရိပ္ရိပ္တက္ေနၿပီး သၾကၤန္အၿပီးမွာ ေဈးႏႈန္းေတြပိုတက္လာတာေၾကာင့္ အိမ္ရွင္မေတြေရာ စားေသာက္ကုန္ေရာင္းသူေတြပါ အခက္ေတြ႕ေနၾကပါတယ္။ အသား၊ ငါးေဈးတင္မက အသီးအ႐ြက္နဲ႔ ၾကက္ဥေဈးေတြပါ ေဈးႀကီးေနတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မဆုမြန္က တင္ျပေပးထားပါတယ္။

အေျခခံကုန္စိမ္းနဲ႔ စားေသာက္ကုန္ေစ်းႏႈန္းေတြ ပိုပိုတက္ေနတဲ့ ျမန္မာႏိုင္ငံမွာ သႀကၤန္ၿပီးခ်ိန္မွာ အရင္ထက္ ေစ်းပိုႀကီးသြားတယ္လို႔ ေတာ္ေတာ္မ်ားမ်ား ေျပာျပၾကပါတယ္။ နိစၥဓူဝ စားေသာက္ဖို႔အတြက္ မျဖစ္မေနသုံးရတဲ့ မီးဖိုေခ်ာင္အသုံးစရိတ္ဟာ အရင္ကထက္ပိုၿပီး မ်ားလာတယ္လို႔ အိမ္ရွင္မေတြက ေျပာေနပါတယ္။ အသားနဲ႔ ငါးေစ်းတင္မကဘဲ အသီးအ႐ြက္နဲ႔ ၾကက္ဥ၊ ဘဲဥေစ်းေတြက အစတက္ေနတာပါ။

"ေစ်းေတြ ခါတိုင္းထက္ေစ်းႀကီးတယ္။ ဘဲဥေတာင္ အရင္က ၂၂၀ ၊ အခု ၂၇၀ ။ ဘူးသီးေတာင္မွ တလုံးကို အရင္က ၁ ေထာင္ေက်ာ္၊ အခု ၂ ေထာင္ေက်ာ္။"

စားကုန္ေတြ ေစ်းႀကီးေနတာေၾကာင့္ စီးပြား႐ွာဖို႔ပါ အခက္အခဲျဖစ္ေနတယ္လို႔ စားေသာက္ဆိုင္ဖြင့္ထားသူတဦးကလည္း ခုလို ေျပာျပပါတယ္။

"ကုန္ေစ်းေတြကေတာ့ တက္တယ္ အကုန္လုံး။ ဝယ္ရတာ ခါတိုင္းနဲ႔ကို မတူဘူး။ အသီးအ႐ြက္ေစ်းကအစ တက္တာ။ အခုဆိုရင္ ဆီေစ်းေတြေရာ၊ ကုန္စိမ္းတင္မဟုတ္ဘူး၊ ကုန္ေျခာက္ေတြပါ ေစ်းကတက္ေနေတာ့ေလ။ ညီမတို႔ဆိုရင္ ေစ်းေရာင္းတာ တရက္တရက္ကို မနည္းျမတ္ေအာင္ေတာင္ လုပ္ေနရတယ္။ တခါတေလ အရင္းေတာင္ မရခ်င္ဘူး၊ အဲလိုျဖစ္ေနတယ္။ သၾကၤန္ၿပီးေတာ့ ပစၥည္းေစ်းေတြက ပိုၿပီးေတာ့တက္လာတယ္။ အရင္တုန္းကဆိုရင္ ကုန္စိမ္းကတက္ရင္ ကုန္ေျခာက္ေစ်းကက်တယ္။ ကုန္ေျခာက္ကတက္ရင္ ကုန္စိမ္းေစ်းက်တယ္ ဆိုေတာ့ နည္းနည္းေတာ္ေသး။ အခုဟာက ၂ ခုလုံးက တၿပိဳင္တည္းတက္ေနေတာ့ သိပ္ၿပီးအဆင္မေျပဘူးေပါ့ေနာ္။"

ေစ်းေတြႀကီးလာတဲ့အတြက္ ရန္ကုန္ၿမိဳ႕ထဲမွာေတာင္ အသားစားသံုးသူ နည္းလာတယ္လို႔ မဂၤလာေတာင္ၫႊန႔္ အသားလက္ကားေစ်းကြက္က လုပ္ငန္းရွင္တဦးက ေျပာပါတယ္။ အထူးသျဖင့္ ဆိတ္သားေစ်းက အရင္ကထက္ အဆမတန္တက္ေနၿပီး ရန္ကုန္မွာ ဆိတ္သားထုတ္လုပ္တဲ့ စည္ပင္သားသတ္႐ုံငါးခုကေန တရက္ကို အေကာင္ေရ ၁,၄၀၀ ဝန္းက်င္ပဲ ျဖန႔္ျဖဴးႏိုင္တယ္လို႔ သူကေျပာပါတယ္။

"ဆိတ္ကေတာ့ တပိႆာကို ၅၀၀ ေလာက္တက္တယ္၊ ေပါင္သားကို ၂၅,၀၀၀။ မႏွစ္က ႏွစ္ကုန္တုန္းက သၾကၤန္မွာကို ၁၈,၀၀၀၊ ၁၉,၀၀၀ အဲေလာက္ပဲရွိတာ။ အမဲသားကေတာ့ ဒီအတိုင္းပဲ နည္းနည္းၿငိမ္ေနတယ္။ စီပီ (ၾကက္) က အဆမတန္တက္တယ္။ စည္ပင္သာယာနဲ႔ ပူးေပါင္းေရာင္းတဲ့ ေစ်းကားေတြမွာဆိုရင္ ဆိတ္သား စားလိုမႈအားလည္းနည္းတယ္။ အမဲသား စားလိုအားလည္းနည္းတယ္။ ငါးစားလိုအားလည္းနည္းတယ္၊ ဝက္စားလိုအားလည္း နည္းတယ္။ ေတာ္ေတာ္နည္းတယ္။"

အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္နဲ႔ ကုန္ေျခာက္ေစ်းေတြအားလံုး တက္ေနလို႔ လက္လီ လက္ကားေရာင္းခ်သူေတြ အေရာင္းအဝယ္ေအးေနပါတယ္။ ႏိုင္ငံေရး စီးပြားေရးအေျခအေနေတြေၾကာင့္ ျပည္သူအမ်ားစုက ဝင္ေငြနည္းပါးေနခ်ိန္မွာ အခုလို မျဖစ္မေန ဝယ္ဖုိ႔လိုအပ္တဲ့ အေျခခံစားေသာက္ကုန္ေတြ ေစ်းေတြႀကီးေနတာေၾကာင့္ အမ်ားစုအခက္ႀကံဳေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

အခြေခံစားကုန်ဈေးနှုန်းများတက်လို့ ရောင်းသူဝယ်သူအခက်ကြုံ


မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး သြင်္ကန်အပြီးမှာ ဈေးနှုန်းတွေပိုတက်လာတာကြောင့် အိမ်ရှင်မတွေရော စားသောက်ကုန်ရောင်းသူတွေပါ အခက်တွေ့နေကြပါတယ်။ အသား၊ ငါးဈေးတင်မက အသီးအရွက်နဲ့ ကြက်ဥဈေးတွေပါ ဈေးကြီးနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အခြေခံကုန်စိမ်းနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ပိုပိုတက်နေတဲ့ မြန်မာနိုင်ငံမှာ သြင်္ကန်ပြီးချိန်မှာ အရင်ထက် ဈေးပိုကြီးသွားတယ်လို့ တော်တော်များများ ပြောပြကြပါတယ်။ နိစ္စဓူဝ စားသောက်ဖို့အတွက် မဖြစ်မနေသုံးရတဲ့ မီးဖိုချောင်အသုံးစရိတ်ဟာ အရင်ကထက်ပိုပြီး များလာတယ်လို့ အိမ်ရှင်မတွေက ပြောနေပါတယ်။ အသားနဲ့ ငါးဈေးတင်မကဘဲ အသီးအရွက်နဲ့ ကြက်ဥ၊ ဘဲဥဈေးတွေက အစတက်နေတာပါ။

"ဈေးတွေ ခါတိုင်းထက်ဈေးကြီးတယ်။ ဘဲဥတောင် အရင်က ၂၂၀ ၊ အခု ၂၇၀ ။ ဘူးသီးတောင်မှ တလုံးကို အရင်က ၁ ထောင်ကျော်၊ အခု ၂ ထောင်ကျော်။"

စားကုန်တွေ ဈေးကြီးနေတာကြောင့် စီးပွားရှာဖို့ပါ အခက်အခဲဖြစ်နေတယ်လို့ စားသောက်ဆိုင်ဖွင့်ထားသူတဦးကလည်း ခုလို ပြောပြပါတယ်။

"ကုန်ဈေးတွေကတော့ တက်တယ် အကုန်လုံး။ ဝယ်ရတာ ခါတိုင်းနဲ့ကို မတူဘူး။ အသီးအရွက်ဈေးကအစ တက်တာ။ အခုဆိုရင် ဆီဈေးတွေရော၊ ကုန်စိမ်းတင်မဟုတ်ဘူး၊ ကုန်ခြောက်တွေပါ ဈေးကတက်နေတော့လေ။ ညီမတို့ဆိုရင် ဈေးရောင်းတာ တရက်တရက်ကို မနည်းမြတ်အောင်တောင် လုပ်နေရတယ်။ တခါတလေ အရင်းတောင် မရချင်ဘူး၊ အဲလိုဖြစ်နေတယ်။ သြင်္ကန်ပြီးတော့ ပစ္စည်းဈေးတွေက ပိုပြီးတော့တက်လာတယ်။ အရင်တုန်းကဆိုရင် ကုန်စိမ်းကတက်ရင် ကုန်ခြောက်ဈေးကကျတယ်။ ကုန်ခြောက်ကတက်ရင် ကုန်စိမ်းဈေးကျတယ် ဆိုတော့ နည်းနည်းတော်သေး။ အခုဟာက ၂ ခုလုံးက တပြိုင်တည်းတက်နေတော့ သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။"

ဈေးတွေကြီးလာတဲ့အတွက် ရန်ကုန်မြို့ထဲမှာတောင် အသားစားသုံးသူ နည်းလာတယ်လို့ မင်္ဂလာတောင်ညွှန့် အသားလက်ကားဈေးကွက်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အထူးသဖြင့် ဆိတ်သားဈေးက အရင်ကထက် အဆမတန်တက်နေပြီး ရန်ကုန်မှာ ဆိတ်သားထုတ်လုပ်တဲ့ စည်ပင်သားသတ်ရုံငါးခုကနေ တရက်ကို အကောင်ရေ ၁,၄၀၀ ဝန်းကျင်ပဲ ဖြန့်ဖြူးနိုင်တယ်လို့ သူကပြောပါတယ်။

"ဆိတ်ကတော့ တပိဿာကို ၅၀၀ လောက်တက်တယ်၊ ပေါင်သားကို ၂၅,၀၀၀။ မနှစ်က နှစ်ကုန်တုန်းက သြင်္ကန်မှာကို ၁၈,၀၀၀၊ ၁၉,၀၀၀ အဲလောက်ပဲရှိတာ။ အမဲသားကတော့ ဒီအတိုင်းပဲ နည်းနည်းငြိမ်နေတယ်။ စီပီ (ကြက်) က အဆမတန်တက်တယ်။ စည်ပင်သာယာနဲ့ ပူးပေါင်းရောင်းတဲ့ ဈေးကားတွေမှာဆိုရင် ဆိတ်သား စားလိုမှုအားလည်းနည်းတယ်။ အမဲသား စားလိုအားလည်းနည်းတယ်။ ငါးစားလိုအားလည်းနည်းတယ်၊ ဝက်စားလိုအားလည်း နည်းတယ်။ တော်တော်နည်းတယ်။"

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ကုန်ခြောက်ဈေးတွေအားလုံး တက်နေလို့ လက်လီ လက်ကားရောင်းချသူတွေ အရောင်းအဝယ်အေးနေပါတယ်။ နိုင်ငံရေး စီးပွားရေးအခြေအနေတွေကြောင့် ပြည်သူအများစုက ဝင်ငွေနည်းပါးနေချိန်မှာ အခုလို မဖြစ်မနေ ဝယ်ဖို့လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ဈေးတွေကြီးနေတာကြောင့် အများစုအခက်ကြုံနေကြရပါတယ်။
==============

XS
SM
MD
LG