သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူဆယ္ၿမိဳ႕ေပၚ ရာဇဝတ္မႈေတြထူေျပာလာ


နယ္စပ္ကုန္သြယ္ေရးအခ်က္အျခာက်တဲ့ မူဆယ္ၿမိဳ႕ ျမင္ကြင္း

[[Zawgyi/Unicode]]


ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္-ျမန္မာနယ္စပ္ အဓိကကုန္သြယ္ေရးစခန္းျဖစ္တဲ့ မူဆယ္ၿမိဳ႕မွာ ဒီရက္ပိုင္းအတြင္း ပစ္ခတ္တာေတြ၊ လုယက္တာေတြ မၾကာခန ျဖစ္ေနၿပီး မူးယစ္ေဆးေၾကာင့္ ေသဆုံးမႈေတြလည္း ျမင့္တက္ေနပါတယ္။ ဒီလို ျဖစ္ပြားလာတာဟာ နယ္စပ္ဂိတ္ပိတ္လို႔ အလုပ္အကိုင္ခက္ခဲတာနဲ႔ ေလာင္းကစားဝိုင္းေတြ၊ လက္နက္ကိုင္ ျပည္သူ႔စစ္ေတြနဲ႔ ဆက္စပ္ေနတယ္လို႔ ေဒသခံေတြကေျပာၾကပါတယ္။ ရန္ကုန္ကလာတဲ့ တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕အေျခအေနကို ကိုေဇာ္ဝင္းလႈိင္က တင္ျပေပးထားပါတယ္။

နယ္စပ္ၿမိဳ႕ျဖစ္တဲ့ မူဆယ္ၿမိဳ႕မွာ ပစ္ခတ္တာ၊ ဓါးျပတိုက္တာ၊ ခိုးဆိုးလုယက္တာေတြဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလေလာက္ကစပီး ပိုမိုျမင့္တက္ခဲ့ရာက လက္ရွိအခ်ိန္ အထိလည္း ဆက္လက္ျဖစ္ပြားေနတာပါ။

ဒီရက္ပိုင္းအတြင္း အေျခအေနကို ေဒသခံတဦးက VOA ကို အခုလို ေျပာပါတယ္။

“မေန႔က ည ၁၁ နာရီ ဝန္းက်င္ေလာက္ေပါ့ေနာ္။ စြမ္ေစာ္ဘက္မွာ ဘယ္အဖြဲ႔ အစည္းလဲေတာ့ မသိဘူးေပါ့ဗ်ာ။ ပစ္ခတ္ၾကတယ္လို႔ေတာ့ ၾကားတယ္။ လူတေယာက္ ထိတယ္လို႔ေတာ့ ေျပာတာပဲ။ ေသလား ရွင္လားေတာ့ မေသခ်ာေသးဘူးေပါ့။ အုပ္ခ်ဳပ္ေရးမႈးေတြလည္း ဖုန္းပိတ္ထားေတာ့ က်ေနာ္တို႔ ေမးရင္လည္း မရလို႔ေလ။ လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကေတာ့ မန္ဝိန္း၊ ပန္လုံဘက္က ေနအိမ္တအိမ္မွာ လူတဖြဲ႕က ၃ ေယာက္ ေ႐ႊငါး (Toyota Maark II) နဲ႔လာၿပီးေတာ့မွ ဒျမ (ဓါးျပ) တိုက္တာေပါ့။ အခုတေလာ အဲလို အမ်ားအားျဖင့္ ျဖစ္လာတယ္ဗ်။”

ဓါးျပတိုက္တဲ့အဖြဲ႔ဟာ မီးခံေသတၱာ၊ ေငြသား ၅ သိန္းေက်ာ္နဲ႔ အိမ္ရွင္ေတြဆီက တယ္လီဖုန္းေတြကို သိမ္းယူၿပီးအျပန္မွာ လမ္းမွာ ယာဥ္မေတာ္တဆတိုက္မႈျဖစ္ၿပီး ထြက္ေျပးသြားတာေၾကာင့္ မီးခံေသတၱာေတာ့ ျပန္လည္ရရွိခဲ့ေၾကာင္း ေျပာပါတယ္။

အျခားမူဆယ္ၿမိဳ႕ခံတဦးကလည္း ဒီလ ၈ ရက္ေန႔က ျပည္သူ႔စစ္ေတြ ပစ္ခတ္တာေၾကာင့္ ဆိုင္ကယ္စီးလာတဲ့ လူငယ္ ၃ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၈ ရက္ေန႔ကလည္း ျဖစ္တယ္။ အဲဒါက ဘယ္သူမွ မသိလိုက္ဘူး။ သူတို႔ တားၿပီး စစ္လိုက္တာ။ တားတဲ့ ျပည္သူ႔စစ္ေတြကလည္း ထိုင္ေနတာ။ လူမျမင္ တဲ့ေနရာ လွမ္းတားလိုက္တာ။ ကေလးေတြကလည္း ဘယ္သိမလဲဗ်။ ဆိုင္ကယ္ စီးျဖတ္သြားေတာ့ ပစ္လိုက္တာ ေသသြားတယ္လို႔ ေျပာတယ္။ သူတို႔ ယူသြားတယ္ေျပာတာပဲ ဘယ္သူမွန္းကို မသိလိုက္ဘူး။”

မူဆယ္ၿမိဳ႕က ေလာင္းကစား႐ုံေတြမွာ လုံၿခဳံေရးယူထားတဲ့ ျပည္သူ႔စစ္အဖြဲ႔ေတြက အနည္းဆုံး ၂၀ ေက်ာ္အထက္ ရွိေနေၾကာင္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔ကလည္း မဂၤလာမူဆယ္မွာ ေဒသခံ ၂ ဦးကို ရဲဝတ္စုံ ဝတ္ဆင္ ထားသူေတြက ဓါးျပတိုက္ခဲ့ေၾကာင္း ေ႐ႊဖီေျမသတင္းဌာနက ေဖာ္ျပထားပါတယ္။

ရွမ္းျပည္နယ္ကအေျခစိုက္ ေ႐ႊဖီေျမသတင္းဌာနရဲ႕ အယ္ဒီတာ မိုင္းအႏိုင္က လက္ရွိျဖစ္ေပၚေနတဲ့ ပစ္ခတ္တာေတြ၊ လုယက္တာေတြ တိုးျမင့္လာတဲ့အေပၚ အခုလို သုံးသပ္ေျပာဆိုပါတယ္။

“မူဆယ္က အရင္ကတည္းက ေလာင္းကစားနယ္ေျမျဖစ္တယ္ေပါ့။ ေနာက္ပိုင္းမွာက်ေတာ့ တ႐ုတ္နယ္စပ္ကလည္း ပိတ္တယ္။ အလုပ္အကိုင္ေတြကလည္း မရွိေတာ့ဘူး။ ေနာက္တခုက ေလာင္းကစားဝိုင္းေတြဆိုလည္း ဆယ္ခ်ီေပါ့ေနာ္။ ေပၚေပၚထင္ထင္ကို လုပ္လာၾကတယ္။ ပိုဆိုးလာတယ္။ ဆိုေတာ့ လူေတြက အလုပ္လက္မဲ့ျဖစ္တဲ့အခါက်ေတာ့ တ႐ုတ္ျပည္လည္း ထြက္လို႔မရတဲ့အခါက်ေတာ့ ေလာင္းကစား႐ုံမွာ ေလာင္းကစားေတြ လုပ္ၾကတယ္။ ရႈံးတဲ့အခါက်ေတာ့ အလြယ္လမ္းနည္းကို ပိုလိုက္လာၾကတယ္။ ပိုက္ဆံရွာဖို႔အတြက္လည္း တ႐ုတ္ျပည္ဘက္ကို သြားလို႔ မရတဲ့အခါက်ေတာ့ ဓါးျပတိုက္မႈေတြ ပိုၿပီးေတာ့ ျဖစ္လာတယ္ေပါ့။ ေနာက္တခုက ဓါးျပတိုက္မႈမွာ သုံးေနတဲ့ ပစၥည္းေတြဆိုလည္း မူဆယ္မွာဆို ျပည္သူ႔ စစ္ေတြ လက္နက္ကိုင္ေပါင္းစုံ လႈပ္ရွားတဲ့နယ္ေျမလည္း ျဖစ္တဲ့အခါက်ေတာ့ လက္နက္ကို အလြယ္တကူ ရတဲ့ေနရာလည္းျဖစ္တယ္ေပါ့ေနာ္။”

ဒါ့အျပင္ မူဆယ္အပါဝင္ ရွမ္းျပည္နယ္ေဒသအေတာ္မ်ားမ်ားမွာ မူးယစ္ေဆးဝါး ေရာင္းဝယ္တာေတြ၊ သုံးစြဲတာေတြလည္း ျမင့္တက္လာေနေၾကာင္း ေျပာပါတယ္။

ဧၿပီလ ၂၀ ရက္ေန႔ကေတာ့ မူဆယ္ၿမိဳ႕အတြင္း လုယက္သူ ၂ ဦးကို ျပည္သူ႔စစ္က လိုက္လံဖမ္းဆီး ပစ္ခတ္ရာမွာ အသက္ ၁၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ေသဆုံးခဲ့သလို ေငြလဲဆိုင္ေတြမွာ လုယက္တာ၊ ဓါးျပတိုက္တာေတြ မၾကာခန ျဖစ္ခဲ့ပါတယ္။

မူဆယ္ၿမိဳ႕မွာ ျဖစ္ပြားတဲ့ ရာဇဝတ္မႈအေတာ္မ်ားမ်ားဟာ ေလာင္းကစား႐ုံေတြ၊ ကာရာအိုေက ခမ္းမေတြရွိရာ ေကာင္းမႈတုံ၊ စြမ္ေစာ္၊ မဂၤလာမူဆယ္ဘက္အျခမ္းနဲ႔ စီမံကိန္းဇုံ လမ္းတေလ်ာက္မွာ အျဖစ္မ်ားေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မူဆယ္ၿမိဳ႕ေပၚ ရာဇဝတ္မႈေတြထူေျပာလာ
please wait

No media source currently available

0:00 0:03:38 0:00
တိုက္႐ိုက္ လင့္ခ္

===============

[[Zawgyi/Unicode]]


မူဆယ်မြို့ပေါ် ရာဇဝတ်မှုတွေထူပြောလာ


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်မြို့မှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်တာတွေ၊ လုယက်တာတွေ မကြာခန ဖြစ်နေပြီး မူးယစ်ဆေးကြောင့် သေဆုံးမှုတွေလည်း မြင့်တက်နေပါတယ်။ ဒီလို ဖြစ်ပွားလာတာဟာ နယ်စပ်ဂိတ်ပိတ်လို့ အလုပ်အကိုင်ခက်ခဲတာနဲ့ လောင်းကစားဝိုင်းတွေ၊ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ပစ်ခတ်တာ၊ ဓါးပြတိုက်တာ၊ ခိုးဆိုးလုယက်တာတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပီး ပိုမိုမြင့်တက်ခဲ့ရာက လက်ရှိအချိန် အထိလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီရက်ပိုင်းအတွင်း အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့က ည ၁၁ နာရီ ဝန်းကျင်လောက်ပေါ့နော်။ စွမ်စော်ဘက်မှာ ဘယ်အဖွဲ့ အစည်းလဲတော့ မသိဘူးပေါ့ဗျာ။ ပစ်ခတ်ကြတယ်လို့တော့ ကြားတယ်။ လူတယောက် ထိတယ်လို့တော့ ပြောတာပဲ။ သေလား ရှင်လားတော့ မသေချာသေးဘူးပေါ့။ အုပ်ချုပ်ရေးမှုးတွေလည်း ဖုန်းပိတ်ထားတော့ ကျနော်တို့ မေးရင်လည်း မရလို့လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ မန်ဝိန်း၊ ပန်လုံဘက်က နေအိမ်တအိမ်မှာ လူတဖွဲ့က ၃ ယောက် ရွှေငါး (Toyota Maark II) နဲ့လာပြီးတော့မှ ဒမြ (ဓါးပြ) တိုက်တာပေါ့။ အခုတလော အဲလို အများအားဖြင့် ဖြစ်လာတယ်ဗျ။”

ဓါးပြတိုက်တဲ့အဖွဲ့ဟာ မီးခံသေတ္တာ၊ ငွေသား ၅ သိန်းကျော်နဲ့ အိမ်ရှင်တွေဆီက တယ်လီဖုန်းတွေကို သိမ်းယူပြီးအပြန်မှာ လမ်းမှာ ယာဉ်မတော်တဆတိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတာကြောင့် မီးခံသေတ္တာတော့ ပြန်လည်ရရှိခဲ့ကြောင်း ပြောပါတယ်။

အခြားမူဆယ်မြို့ခံတဦးကလည်း ဒီလ ၈ ရက်နေ့က ပြည်သူ့စစ်တွေ ပစ်ခတ်တာကြောင့် ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ၈ ရက်နေ့ကလည်း ဖြစ်တယ်။ အဲဒါက ဘယ်သူမှ မသိလိုက်ဘူး။ သူတို့ တားပြီး စစ်လိုက်တာ။ တားတဲ့ ပြည်သူ့စစ်တွေကလည်း ထိုင်နေတာ။ လူမမြင် တဲ့နေရာ လှမ်းတားလိုက်တာ။ ကလေးတွေကလည်း ဘယ်သိမလဲဗျ။ ဆိုင်ကယ် စီးဖြတ်သွားတော့ ပစ်လိုက်တာ သေသွားတယ်လို့ ပြောတယ်။ သူတို့ ယူသွားတယ်ပြောတာပဲ ဘယ်သူမှန်းကို မသိလိုက်ဘူး။”

မူဆယ်မြို့က လောင်းကစားရုံတွေမှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက အနည်းဆုံး ၂၀ ကျော်အထက် ရှိနေကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း မင်္ဂလာမူဆယ်မှာ ဒေသခံ ၂ ဦးကို ရဲဝတ်စုံ ဝတ်ဆင် ထားသူတွေက ဓါးပြတိုက်ခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်ကအခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာ မိုင်းအနိုင်က လက်ရှိဖြစ်ပေါ်နေတဲ့ ပစ်ခတ်တာတွေ၊ လုယက်တာတွေ တိုးမြင့်လာတဲ့အပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“မူဆယ်က အရင်ကတည်းက လောင်းကစားနယ်မြေဖြစ်တယ်ပေါ့။ နောက်ပိုင်းမှာကျတော့ တရုတ်နယ်စပ်ကလည်း ပိတ်တယ်။ အလုပ်အကိုင်တွေကလည်း မရှိတော့ဘူး။ နောက်တခုက လောင်းကစားဝိုင်းတွေဆိုလည်း ဆယ်ချီပေါ့နော်။ ပေါ်ပေါ်ထင်ထင်ကို လုပ်လာကြတယ်။ ပိုဆိုးလာတယ်။ ဆိုတော့ လူတွေက အလုပ်လက်မဲ့ဖြစ်တဲ့အခါကျတော့ တရုတ်ပြည်လည်း ထွက်လို့မရတဲ့အခါကျတော့ လောင်းကစားရုံမှာ လောင်းကစားတွေ လုပ်ကြတယ်။ ရှုံးတဲ့အခါကျတော့ အလွယ်လမ်းနည်းကို ပိုလိုက်လာကြတယ်။ ပိုက်ဆံရှာဖို့အတွက်လည်း တရုတ်ပြည်ဘက်ကို သွားလို့ မရတဲ့အခါကျတော့ ဓါးပြတိုက်မှုတွေ ပိုပြီးတော့ ဖြစ်လာတယ်ပေါ့။ နောက်တခုက ဓါးပြတိုက်မှုမှာ သုံးနေတဲ့ ပစ္စည်းတွေဆိုလည်း မူဆယ်မှာဆို ပြည်သူ့ စစ်တွေ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်တဲ့အခါကျတော့ လက်နက်ကို အလွယ်တကူ ရတဲ့နေရာလည်းဖြစ်တယ်ပေါ့နော်။”

ဒါ့အပြင် မူဆယ်အပါဝင် ရှမ်းပြည်နယ်ဒေသအတော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ သုံးစွဲတာတွေလည်း မြင့်တက်လာနေကြောင်း ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့ကတော့ မူဆယ်မြို့အတွင်း လုယက်သူ ၂ ဦးကို ပြည်သူ့စစ်က လိုက်လံဖမ်းဆီး ပစ်ခတ်ရာမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့သလို ငွေလဲဆိုင်တွေမှာ လုယက်တာ၊ ဓါးပြတိုက်တာတွေ မကြာခန ဖြစ်ခဲ့ပါတယ်။

မူဆယ်မြို့မှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုအတော်များများဟာ လောင်းကစားရုံတွေ၊ ကာရာအိုကေ ခမ်းမတွေရှိရာ ကောင်းမှုတုံ၊ စွမ်စော်၊ မင်္ဂလာမူဆယ်ဘက်အခြမ်းနဲ့ စီမံကိန်းဇုံ လမ်းတလျောက်မှာ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
===============

XS
SM
MD
LG