သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ြးေကာက္ပြဲမေလ်ာ္ဩဇာသုံးမႈ စြဲခ်က္ ေဒၚေအာင္ဆန္းစုၾကည္ျငင္းဆန္


ေဒၚေအာင္ဆန္းစုၾကည္ (ယခင္ သတင္းဓာတ္ပံု - Myanmar State Counsellor Office)

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေပၚ မေလ်ာ္ၾသဇာသံုးၿပီး ၂၀၂၀ ေရြးေကာက္ပြဲ အႏိုင္ရေအာင္လုပ္ခဲ့တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြပ္စြဲထားတဲ့အမႈအတြက္ သူကိုယ္တိုင္ တရားရံုးမွာ ဒီေန႔ ထြက္ဆိုခဲ့ပါတယ္။ သူ႔အေနနဲ႔ ဘာအမွားမွ မလုပ္ခဲ့ဘဲ ဥပေဒနဲ႔အညီသာ ေဆာင္ရြက္ခဲ့တယ္လု႔ိ ေဒၚေအာင္ဆန္းစုၾကည္က ထြက္ဆိုခဲ့ပါတယ္။

မဲစာရင္းေတြ ျပည့္စုံမွန္ကန္ေစေရး တိုင္းနဲ႔ျပည္နယ္ အစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္ေတြ၊ ဌာနဆိုင္ရာ အႀကီးအကဲေတြပါဝင္တဲ့ ပံ့ပိုးကူညီေရးအဖဲြ႔ေတြ ဖြဲ႔စည္းခဲ့တာဟာ ဥပေဒနဲ႔အညီသာ ဖြဲ႔စည္းခဲ့တာျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က တရားရံုးကို ေျပာၾကားခဲ့ပါတယ္။ သူ႔အေနနဲ႔ တည္ဆဲဥပေဒေတြကို ေက်ာ္လြန္လုပ္ေဆာင္ ခဲ့ျခင္းမရွိတာမို႔ သူ႔မွာအျပစ္မရွိဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေခ်ပေျပာၾကားခဲ့တယ္လို႔ စံုစမ္းသိရပါတယ္။

NLD သမၼတ ဦးဝင္းျမင့္၊ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ျပည္ေထာင္ စုဝန္ႀကီး ဦးမင္းသူတို႔ ၃ ေယာက္ကို စစ္ေကာင္စီခန္႔ ေရြးေကာက္ပြဲေကာ္မရွင္က ရာဇသတ္ႀကီးဥပေဒပုဒ္မ ၁၃၀ (က) နဲ႔ ပူးတြဲတရားစြဲခဲ့တာပါ။ ဒီအမႈကို June လမွာ စြဲခ်က္တင္ခဲ့ၿပီးေနာက္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ ပထမဆံုးထြက္ဆိုတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ ရံုးခ်ိန္းမွာလည္း ဦးဝင္းျမင့္က သူအမွားတစံု တရာလုပ္ျခင္းမရွိဘူးလို႔ ထြက္ဆိုခဲ့ပါတယ္။

ေရွ႕သီတင္းပတ္ရံုးခ်ိန္းက်ရင္ေတာ့ ဦးမင္းသူ ထြက္ဆိုဖို႔ရွိပါတယ္။ ရံုးခ်ိန္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ေရာ ဦးဝင္းျမင့္ပါ က်န္းမာေရးေကာင္းမြန္ပံုရတယ္လို႔ သိရပါတယ္။ ပုဒ္မ ၁၃၀(က) ဟာ ျပစ္မႈထင္ရွားရင္ အနည္းဆံုး ၃ ႏွစ္ထိ ခ်မွတ္ႏိုင္တယ္လို႔ ဥပေဒမွာ ေဖာ္ျပထားပါတယ္။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အမႈေပါင္း ၁ ဒါဇင္ေက်ာ္နဲ႔ စစ္ေကာင္စီက တရားစြဲထားၿပီး အခုအခ်ိန္အထိ အမႈ ၆ မႈ အတြက္ ေထာင္ ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်ထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ ေနျပည္ေတာ္ အက်ဥ္းေထာင္မွာ လက္ရွိ အက်ဥ္းခ်ခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရွေးကောက်ပွဲမလျော်ဩဇာသုံးမှု စွဲချက် ဒေါ်အောင်ဆန်းစုကြည်ငြင်းဆန်

NLD အစိုးရလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအောင်လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့အမှုအတွက် သူကိုယ်တိုင် တရားရုံးမှာ ဒီနေ့ ထွက်ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘဲ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လု့ိ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ပါတယ်။

မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေရေး တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေပါဝင်တဲ့ ပံ့ပိုးကူညီရေးအဖွဲ့တွေ ဖွဲ့စည်းခဲ့တာဟာ ဥပဒေနဲ့အညီသာ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးကို ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ တည်ဆဲဥပဒေတွေကို ကျော်လွန်လုပ်ဆောင် ခဲ့ခြင်းမရှိတာမို့ သူ့မှာအပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ချေပပြောကြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

NLD သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြည်ထောင် စုဝန်ကြီး ဦးမင်းသူတို့ ၃ ယောက်ကို စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) နဲ့ ပူးတွဲတရားစွဲခဲ့တာပါ။ ဒီအမှုကို June လမှာ စွဲချက်တင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပထမဆုံးထွက်ဆိုတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းမှာလည်း ဦးဝင်းမြင့်က သူအမှားတစုံ တရာလုပ်ခြင်းမရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ရှေ့သီတင်းပတ်ရုံးချိန်းကျရင်တော့ ဦးမင်းသူ ထွက်ဆိုဖို့ရှိပါတယ်။ ရုံးချိန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ပါ ကျန်းမာရေးကောင်းမွန်ပုံရတယ်လို့ သိရပါတယ်။ ပုဒ်မ ၁၃၀(က) ဟာ ပြစ်မှုထင်ရှားရင် အနည်းဆုံး ၃ နှစ်ထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြထားပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁ ဒါဇင်ကျော်နဲ့ စစ်ကောင်စီက တရားစွဲထားပြီး အခုအချိန်အထိ အမှု ၆ မှု အတွက် ထောင် ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အကျဉ်းထောင်မှာ လက်ရှိ အကျဉ်းချခံထားရပါတယ်။

XS
SM
MD
LG