သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝိုင္းေမာ္ၿမိဳ႕နယ္တြင္း တပ္စခန္းတခုကို KIA သိမ္းယူ


ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ေကအိုင္ေအ စစ္ေၾကာင္း။

[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဝိုင္းေမာ္- ကန္ပိုက္တီလမ္း ဆဒုံးၿမိဳ႕နယ္ခြဲရွိ အင္ဝမ္းယန္ရြာနားက စစ္ေကာင္စီရဲ႕တပ္စခန္းကို ဩဂုတ္လ ၂ ရက္ေန႔ အေစာပိုင္း ကခ်င္လြတ္ေျမာက္ေရးတပ္ဖြဲ႔ KIA က တိုက္ခိုက္သိမ္းယူခဲ့ပါတယ္။ ဒီလို သိမ္းယူၿပီးေနာက္ စစ္ေကာင္စီတပ္က အင္အားျဖည့္တင္းတာေတြရွိေနၿပီး တိုက္ပြဲထပ္မွာျဖစ္မွာ စိုးတာေၾကာင့္ ေဒသခံ ျပည္သူေတြဟာ ဆဒုံးဘက္ကို တိမ္းေရွာင္ေနၾကရပါတယ္။ ရန္ကုန္ကေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့လဆန္းပိုင္းကစတင္ၿပီး စစ္ေရးတင္းမာခဲ့သလို ဇူလိုင္လ ၁၀ ရက္ေန႔မွာေတာ့ ဝါးေရွာင္အနီးက နန္ေဇာ္ယန္မွာ တိုက္ပြဲေတြ စတင္ျဖစ္ခဲ့တာပါ။ အခု ဩဂုတ္လ ၂ ရက္ေန႔ မနက္ ၈ နာရီေလာက္မွာေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒုံးၿမိဳ႕နယ္ခြဲအတြင္းက စစ္ေကာင္စီရဲ႕ တပ္စခန္းကို KIA က သိမ္းယူလိုက္ေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“မေန႔က ျဖစ္တဲ့ေနရာက အင္ဝမ္းေကာင္ လို႔ ေခၚတယ္။ အင္ဝမ္းေကာင္ဆိုတာ အင္ဝမ္းကုန္းေပါ့ေနာ္။ စစ္တပ္က အဲဒီမွာ ရွိတယ္။ အဲဒါကို KIA ေတြက လာသိမ္းလိုက္တာေလ။ လာထိုင္ပစ္လိုက္တာ မေန႔က။ သူတို႔ စစ္ကား ႏွစ္စီးနဲ႔ စစ္ကူျပန္ေရာက္လာတယ္။ အခုေတာင္မွ ျဖစ္ေနတယ္လို႔ ၾကားတာ။”

တိုက္ပြဲျဖစ္ပြားရာအနီးက အင္ဝမ္းယန္ရြာက ႐ြာသားေတြဟာ စစ္ေကာင္စီတပ္ဘက္က စစ္ကူေတြ ေရာက္လာတဲ့ေနာက္ တိုက္ပြဲျဖစ္ပြားမွာကို စိုးရိမ္ၿပီး ဆဒုံးၿမိဳ႕ ဘက္ကို တိမ္းေရွာင္သြားေၾကာင္းလည္း ေျပာပါတယ္။

“ အခုျဖစ္ေနတဲ့ေနရာေပါ့။ အင္ဝမ္းယန္ေပါ့။ အခု အဲဒီမွာရွိတဲ့ ႐ြာသူ႐ြာသားေတြအားလုံးက ေရွာင္ေနၾကတာ။ အခု ဆဒုံးဘက္ကို အကုန္လုံးေရွာင္သြားၿပီ။ လူကေတာ့အမ်ားႀကီးေတာ့ မရွိပါဘူး။ အိမ္ေျခကေတာ့ ၄၀- ၅၀ ေတာ့ရွိမယ္ထင္တယ္။ ”

အင္ဝမ္းယန္စခန္းကေန KIA က စစ္လက္နက္ပစၥည္းေတြ သိမ္းဆည္းခဲ့တာရွိေၾကာင္း နဲ႔ ဩဂုတ္၂ ရက္ေန႔ ညေနပိုင္းမွာေတာ့ တိုက္ပြဲမွာ ဒဏ္ရာရတဲ့ စစ္ေကာင္စီတပ္က ဒုတပ္ရင္းမႉးတဦး ေသဆုံးသြားေၾကာင္းလည္း ေျပာပါတယ္။

ကခ်င္သတင္းဌာနတခုျဖစ္တဲ့ The 74 Media သတင္းဌာနကေတာ့ ၂ ရက္ေန႔ ညေနပိုင္းမွာစစ္ကူလာတဲ့ ကားႏွစ္စီးကို KIA က ၾကားျဖတ္တိုက္ခိုက္ခဲ့တာေၾကာင့္ ဒုတပ္ရင္းမႉးအပါအဝင္ ၁၀ ဦးခန႔္ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီတိုက္ပြဲနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ KIA ျပန္ၾကားေရးတာဝန္ရွိသူကို ဆက္သြယ္ ခဲ့ေပမယ့္ ဆက္သြယ္လို႔မရခဲ့သလို တိုက္ပြဲအတြင္း ထိခိုက္ေသဆုံးမႈစာရင္းကိုေတာ့ သီးျခား အတည္ျပဳႏိုင္တာမရွိပါဘူး။

ဇူလိုင္လ ၂၈ ရက္ေန႔ကလည္း ဝိုင္းေမာ္ၿမိဳ႕နယ္က ဝူယန္ျပည္သူ႔စစ္စခန္းကို KIA က ဝင္ေရာက္တိုက္ခိုက္တာရွိခဲ့သလို နန္ေဇာ္ယန္ရြာဘက္မွာလည္း ႏွစ္ဘက္ တပ္ေတြ အၾကား တင္းမာမႈေတြ ရွိေနပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ စစ္ေရးတင္းမာေနတဲ့တခ်ိန္တည္းမွာေတာ့ ဖားကန႔္ၿမိဳ႕နယ္ ဆိပ္မူေက်း႐ြာမွာ အဖြဲ႕အစည္းအမည္မသိရတဲ့ ေသနတ္သမားေတြက ပစ္ခတ္တာေၾကာင့္ ဒုရဲမႉးတဦး ေသဆုံးခဲ့တယ္လို႔ ဖားကန႔္ေဒသခံတဦးက ေျပာပါတယ္။

“ မနက္က ဆိပ္မူမွာ ရဲမႉးတေယာက္ကို ပစ္သြားတယ္လို႔ေတာ့ ၾကားလိုက္တယ္။ ဘယ္သူပစ္သြားမွန္းေတာ့ မသိဘူး။”

အျခားေဒသခံတဦးကေတာ့ ပစ္ခတ္ခံရသူဟာ ဒုရဲမႉး ကိုကိုလႈိင္ျဖစ္ေၾကာင္း ေျပာပါတယ္။

ဖားကန႔္ၿမိဳ႕နယ္ ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းအစပ္ေဒသက ဆယ္ဇင္းေက်း႐ြာ ဘက္မွာလည္း စစ္ေရးတင္းမာမႈေတြ ဆက္ရွိေနၿပီး ေဒသခံ႐ြာသားအခ်ိဳ႕ဟာ အင္းေတာ္ႀကီးေဒသဘက္၊ ေဟာင္ပါးနဲ႔ တာမခန္ဘက္ေတြကို တိမ္းေရွာင္တာေတြ ရွိေနပါတယ္။

ဆယ္ဇင္းေက်း႐ြာဘက္မွာေတာ့ ဇူလိုင္လ ၁၆ ရက္ကေန ၁၉ ရက္ေန႔အထိ တိုက္ ပြဲ ျပင္းထန္ခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းက ၃ ရက္ဆက္ တိုက္ခိုက္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဝိုင်းမော်မြို့နယ်တွင်း တပ်စခန်းတခုကို KIA သိမ်းယူ

ကချင်ပြည်နယ် ဝိုင်းမော်- ကန်ပိုက်တီလမ်း ဆဒုံးမြို့နယ်ခွဲရှိ အင်ဝမ်းယန်ရွာနားက စစ်ကောင်စီရဲ့တပ်စခန်းကို ဩဂုတ်လ ၂ ရက်နေ့ အစောပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဒီလို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေရှိနေပြီး တိုက်ပွဲထပ်မှာဖြစ်မှာ စိုးတာကြောင့် ဒေသခံ ပြည်သူတွေဟာ ဆဒုံးဘက်ကို တိမ်းရှောင်နေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လဆန်းပိုင်းကစတင်ပြီး စစ်ရေးတင်းမာခဲ့သလို ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ဝါးရှောင်အနီးက နန်ဇော်ယန်မှာ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ အခု ဩဂုတ်လ ၂ ရက်နေ့ မနက် ၈ နာရီလောက်မှာတော့ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲအတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းကို KIA က သိမ်းယူလိုက်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က ဖြစ်တဲ့နေရာက အင်ဝမ်းကောင် လို့ ခေါ်တယ်။ အင်ဝမ်းကောင်ဆိုတာ အင်ဝမ်းကုန်းပေါ့နော်။ စစ်တပ်က အဲဒီမှာ ရှိတယ်။ အဲဒါကို KIA တွေက လာသိမ်းလိုက်တာလေ။ လာထိုင်ပစ်လိုက်တာ မနေ့က။ သူတို့ စစ်ကား နှစ်စီးနဲ့ စစ်ကူပြန်ရောက်လာတယ်။ အခုတောင်မှ ဖြစ်နေတယ်လို့ ကြားတာ။”

တိုက်ပွဲဖြစ်ပွားရာအနီးက အင်ဝမ်းယန်ရွာက ရွာသားတွေဟာ စစ်ကောင်စီတပ်ဘက်က စစ်ကူတွေ ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဆဒုံးမြို့ ဘက်ကို တိမ်းရှောင်သွားကြောင်းလည်း ပြောပါတယ်။

“ အခုဖြစ်နေတဲ့နေရာပေါ့။ အင်ဝမ်းယန်ပေါ့။ အခု အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေအားလုံးက ရှောင်နေကြတာ။ အခု ဆဒုံးဘက်ကို အကုန်လုံးရှောင်သွားပြီ။ လူကတော့အများကြီးတော့ မရှိပါဘူး။ အိမ်ခြေကတော့ ၄၀- ၅၀ တော့ရှိမယ်ထင်တယ်။ ”

အင်ဝမ်းယန်စခန်းကနေ KIA က စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းခဲ့တာရှိကြောင်း နဲ့ ဩဂုတ်၂ ရက်နေ့ ညနေပိုင်းမှာတော့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတဦး သေဆုံးသွားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းဌာနတခုဖြစ်တဲ့ The 74 Media သတင်းဌာနကတော့ ၂ ရက်နေ့ ညနေပိုင်းမှာစစ်ကူလာတဲ့ ကားနှစ်စီးကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုစာရင်းကိုတော့ သီးခြား အတည်ပြုနိုင်တာမရှိပါဘူး။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်က ဝူယန်ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်တာရှိခဲ့သလို နန်ဇော်ယန်ရွာဘက်မှာလည်း နှစ်ဘက် တပ်တွေ အကြား တင်းမာမှုတွေ ရှိနေပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတဲ့တချိန်တည်းမှာတော့ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ အဖွဲ့အစည်းအမည်မသိရတဲ့ သေနတ်သမားတွေက ပစ်ခတ်တာကြောင့် ဒုရဲမှူးတဦး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ မနက်က ဆိပ်မူမှာ ရဲမှူးတယောက်ကို ပစ်သွားတယ်လို့တော့ ကြားလိုက်တယ်။ ဘယ်သူပစ်သွားမှန်းတော့ မသိဘူး။”

အခြားဒေသခံတဦးကတော့ ပစ်ခတ်ခံရသူဟာ ဒုရဲမှူး ကိုကိုလှိုင်ဖြစ်ကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ဒေသက ဆယ်ဇင်းကျေးရွာ ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး ဒေသခံရွာသားအချို့ဟာ အင်းတော်ကြီးဒေသဘက်၊ ဟောင်ပါးနဲ့ တာမခန်ဘက်တွေကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

ဆယ်ဇင်းကျေးရွာဘက်မှာတော့ ဇူလိုင်လ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ တိုက် ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG