သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒုံးအနီး တိုက္ပြဲျဖစ္ပြား 


ကခ်င္လြတ္ေျမာက္ေရးတပ္ ေကအိုင္ေအ ကခ်င္တပ္သားတစ္ဦးကို ေရွ႕ တန္းစစ္မ်က္နွာတြင္ေတြ႔ရစဥ္။ (ယခင္မွတ္တမ္းဓာတ္ပံု)


[[Zawgyi/Unicode]]

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္၊ ေ႐ႊေညာင္ပင္အေျခစိုက္ ျမန္မာစစ္တပ္ကို KIA ကေန မေန႔ ၾသဂုတ္ ၄ ရက္ေန႔ ညပိုင္း ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ဒီကေန႔မွာလည္း ဆဒုံးဘက္မွာ တိုက္ပြဲထပ္မံျဖစ္ပြားတာေၾကာင့္ အနီး အနား ေက်း႐ြာက ျပည္သူေတြ ထပ္မံတိမ္းေရွာင္ေနရပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက စစ္ေရးအေျခေန ရန္ကုန္က သတင္းေပးပို႔တာကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ ၿပီးခဲ့တဲ့လက စတင္ၿပီး တိုက္ပြဲေတြ ျဖစ္ပြားခဲ့ရာက ဒီကေန႔မွာလည္း တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနတာပါ။ ဒီလ ၄ ရက္ေန႔ကေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္ ေတာင္ဘက္ျခမ္း ဝိုင္းေမာ္-လိုင္ဇာ- ဗန္းေမာ္လမ္းက ေ႐ႊေညာင္ပင္မွာ တိုက္ပြဲျဖစ္ခဲ့သလို ဒီကေန႔မွေတာ့ ၿမိဳ႕နယ္အေရွ႕ဘက္ျခမ္းက ဝိုင္းေမာ္ -ဆဒုံး-ကန္ပိုက္တီးလမ္းက ဆဒုံးအနီးမွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေဒသခံတဦးက VOA ကို ေျပာပါတယ္။

“မေန႔ကက်ေတာ့ လိုင္ဇာလမ္းမွာ ေ႐ႊေညာင္ပင္ ၃၂၁ မွာ တိုက္ပြဲျဖစ္တယ္။ လက္နက္ႀကီးေတြ ပစ္ခတ္တာ ၾကားရတယ္။ ဒီေန႔လည္း ဆဒုံးအသြားေပါ့။ ဆဒုံးၿမိဳ႕ရဲ႕အဆင္း ဘြမ္ေထာင္နဲ႔ အင္ဝမ္းေကာင္ ၾကားမွာလည္း ဒီမနက္ ၁၀ နာရီလား အဲဒီဝန္းက်င္မွာ ၁၁ နာရီ အဲဒီဝန္းက်မွာ တိုက္ပြဲ တေခါက္ျဖစ္တယ္။”

ဒီလ ၂ ရက္ေန႔က ဆဒုံးၿမိဳ႕အနီးရွိ အင္ဝမ္းေကာင္ ျပည္သူ႔စစ္စခန္းကို KIA က သိမ္းယူခဲ့ပါတယ္။ ဒီလို တိုက္ပြဲျဖစ္ပြားတဲ့ေနာက္ အနီးအနားေက်း႐ြာက ျပည္သူအခ်ိဳ႕ ဆဒုံးဘက္ကို တိမ္းေရွာင္ခဲ့ၾကရပါတယ္။ ဒီေန႔ တိုက္ပြဲျဖစ္ၿပီးေနာက္မွာလည္း အနီးအနားေက်း႐ြာက ျပည္သူေတြ ထပ္မံတိမ္းေရွာင္ေနရေၾကာင္း အခုလို ဆက္ေျပာပါတယ္။

“အဲဒီ အင္ဝမ္းေကာင္တို႔၊ ဘြမ္ေတာင္ေက်း႐ြာ အဲဒီတေလွ်ာက္က ျပည္သူေတြက်ေတာ့ တိမ္းေရွာင္ေနတယ္ဆိုတာ ၾကားတယ္။ ရွစ္က်န္ဆိုတဲ့ ေတာ႐ြာေပါ့။ ေတာင္ယာ အဲဒါမ်ိဳးမွာ တိမ္းေရွာင္သြားတယ္လို႔ ၾကားတယ္။ အင္ဝမ္းေကာင္ဘက္က ျပည္သူေတြက်ေတာ့ ဆဒုံးကေန ကားနဲ႔လာကဲ့ထားတယ္ဆိုတာ ၾကားရတယ္။ အိမ္ေျခ ၃၀ ေက်ာ္က်ေတာ့ ဆဒုံးဘက္ကို ျပန္လာႀကိဳသြားတယ္လို႔ ၾကားတယ္။”

လက္ရွိျဖစ္တဲ့တိုက္ပြဲေတြေၾကာင့္ တ႐ုတ္ျပည္ဘက္သြားတဲ့ ကုန္တင္ကားေတြ ပိတ္မိေနတယ္လို႔လည္း ေျပာပါတယ္္။ KIA ရဲ႕ ျပန္ၾကားေရး တာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္မွာ စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနၿပီး ေရွ႕ဆက္လည္း တိုက္ပြဲေတြ ျဖစ္ႏိုင္တဲ့အေျခအေန ရွိေၾကာင္း သုံးသပ္ပါတယ္။

“ဝိုင္းေမာ္ဘက္က အေျခအေနကေတာ့ သိပ္ၿပီး တည္တည္ၿငိမ္ၿငိမ္ေတာ့ မရွိဘူးခင္ဗ်။ မေန႔ တေန႔ကလည္း ဝိုင္းေမာ္ ေ႐ႊေညာင္ပင္ တပ္စခန္းကို က်ေနာ္တို႔ KIA အမွတ္ ၃ တပ္ရင္းကေန ပစ္တဲ့ ျဖစ္စဥ္ေတြ ရွိပါတယ္။ ေနာက္ၿပီးေတာ့ ဝိုင္းေမာ္ကေန ဆဒုံးဘက္ကို တက္သြားတဲ့ ကားလမ္းေပၚက စကစရဲ႕ တပ္စခန္းေတြကိုလည္း က်ေနာ္တို႔ တပ္ရင္း ၃ ကေန ဝင္တိုက္တဲ့ ျဖစ္စဥ္ေတြ ရွိပါတယ္။ ဆိုေတာ့ အဲဒီဘက္က အေျခအေနကို ၿခဳံၿပီးေတာ့ ေျပာမယ္ဆိုရင္ တင္းမာတဲ့အေနအထားျဖစ္ပါတယ္။ ဆက္ၿပီးမွလည္း တိုက္ပြဲကေတာ့ ျဖစ္ဖြယ္ရွိပါတယ္ခင္ဗ်။”

ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းဘက္မွာလည္း စစ္ေကာင္စီတပ္နဲ႔ KIA အၾကား တင္းမာမႈေတြ ရွိေနဆဲရွိၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကေန မၾကာခန ကင္းေထာက္တာေတြ ရွိေနေၾကာင္း ဆက္ ေျပာပါတယ္။ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းမွာ ဇူလိုင္လ ၁၀ ရက္ေန႔က စတင္ၿပီး တိုက္ပြဲေတြ ႀကိဳးၾကား ျဖစ္လာခဲ့တာပါ။ ဒီတိုက္ပြဲအတြင္းမွာ စစ္ေကာင္စီက ေလေၾကာင္းသုံးတိုက္ခိုက္တာေတြ ရွိခဲ့သလို ဇူလိုင္လ ၂၈ ရက္ေန႔ကေတာ့ ဝူယန္ရြာအေျခစိုက္ ျပည္သူ႔စစ္စခန္းကို KIA က ဝင္ေရာက္တိုက္ခိုက္တာေတြ႕ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========
[[Unicode]]

ဝိုင်းမော်မြို့နယ် ဆဒုံးအနီး တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အခြေစိုက် မြန်မာစစ်တပ်ကို KIA ကနေ မနေ့ သြဂုတ်လ ၄ ရက်နေ့ ညပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီကနေ့မှာလည်း ဆဒုံးဘက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားတာကြောင့် အနီး အနား ကျေးရွာက ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းက စစ်ရေးအခြေနေ ရန်ကုန်က သတင်းပေးပို့တာကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီလ ၄ ရက်နေ့ကတော့ ဝိုင်းမော်မြို့နယ် တောင်ဘက်ခြမ်း ဝိုင်းမော်-လိုင်ဇာ- ဗန်းမော်လမ်းက ရွှေညောင်ပင်မှာ တိုက်ပွဲဖြစ်ခဲ့သလို ဒီကနေ့မှတော့ မြို့နယ်အရှေ့ဘက်ခြမ်းက ဝိုင်းမော် -ဆဒုံး-ကန်ပိုက်တီးလမ်းက ဆဒုံးအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“မနေ့ကကျတော့ လိုင်ဇာလမ်းမှာ ရွှေညောင်ပင် ၃၂၁ မှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေ ပစ်ခတ်တာ ကြားရတယ်။ ဒီနေ့လည်း ဆဒုံးအသွားပေါ့။ ဆဒုံးမြို့ရဲ့အဆင်း ဘွမ်ထောင်နဲ့ အင်ဝမ်းကောင် ကြားမှာလည်း ဒီမနက် ၁၀ နာရီလား အဲဒီဝန်းကျင်မှာ ၁၁ နာရီ အဲဒီဝန်းကျမှာ တိုက်ပွဲ တခေါက်ဖြစ်တယ်။”

ဒီလ ၂ ရက်နေ့က ဆဒုံးမြို့အနီးရှိ အင်ဝမ်းကောင် ပြည်သူ့စစ်စခန်းကို KIA က သိမ်းယူခဲ့ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားတဲ့နောက် အနီးအနားကျေးရွာက ပြည်သူအချို့ ဆဒုံးဘက်ကို တိမ်းရှောင်ခဲ့ကြရပါတယ်။ ဒီနေ့ တိုက်ပွဲဖြစ်ပြီးနောက်မှာလည်း အနီးအနားကျေးရွာက ပြည်သူတွေ ထပ်မံတိမ်းရှောင်နေရကြောင်း အခုလို ဆက်ပြောပါတယ်။

“အဲဒီ အင်ဝမ်းကောင်တို့၊ ဘွမ်တောင်ကျေးရွာ အဲဒီတလျှောက်က ပြည်သူတွေကျတော့ တိမ်းရှောင်နေတယ်ဆိုတာ ကြားတယ်။ ရှစ်ကျန်ဆိုတဲ့ တောရွာပေါ့။ တောင်ယာ အဲဒါမျိုးမှာ တိမ်းရှောင်သွားတယ်လို့ ကြားတယ်။ အင်ဝမ်းကောင်ဘက်က ပြည်သူတွေကျတော့ ဆဒုံးကနေ ကားနဲ့လာကဲ့ထားတယ်ဆိုတာ ကြားရတယ်။ အိမ်ခြေ ၃၀ ကျော်ကျတော့ ဆဒုံးဘက်ကို ပြန်လာကြိုသွားတယ်လို့ ကြားတယ်။”

လက်ရှိဖြစ်တဲ့တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်သွားတဲ့ ကုန်တင်ကားတွေ ပိတ်မိနေတယ်လို့လည်း ပြောပါတယ်။ KIA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဝိုင်းမော်မြို့နယ်မှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး ရှေ့ဆက်လည်း တိုက်ပွဲတွေ ဖြစ်နိုင်တဲ့အခြေအနေ ရှိကြောင်း သုံးသပ်ပါတယ်။

“ဝိုင်းမော်ဘက်က အခြေအနေကတော့ သိပ်ပြီး တည်တည်ငြိမ်ငြိမ်တော့ မရှိဘူးခင်ဗျ။ မနေ့ တနေ့ကလည်း ဝိုင်းမော် ရွှေညောင်ပင် တပ်စခန်းကို ကျနော်တို့ KIA အမှတ် ၃ တပ်ရင်းကနေ ပစ်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ နောက်ပြီးတော့ ဝိုင်းမော်ကနေ ဆဒုံးဘက်ကို တက်သွားတဲ့ ကားလမ်းပေါ်က စကစရဲ့ တပ်စခန်းတွေကိုလည်း ကျနော်တို့ တပ်ရင်း ၃ ကနေ ဝင်တိုက်တဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ ဆိုတော့ အဲဒီဘက်က အခြေအနေကို ခြုံပြီးတော့ ပြောမယ်ဆိုရင် တင်းမာတဲ့အနေအထားဖြစ်ပါတယ်။ ဆက်ပြီးမှလည်း တိုက်ပွဲကတော့ ဖြစ်ဖွယ်ရှိပါတယ်ခင်ဗျ။”

ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား တင်းမာမှုတွေ ရှိနေဆဲရှိပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ မကြာခန ကင်းထောက်တာတွေ ရှိနေကြောင်း ဆက် ပြောပါတယ်။ ဝိုင်းမော်မြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၀ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ကြိုးကြား ဖြစ်လာခဲ့တာပါ။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာတွေ ရှိခဲ့သလို ဇူလိုင်လ ၂၈ ရက်နေ့ကတော့ ဝူယန်ရွာအခြေစိုက် ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်တာတွေ့ရှိခဲ့ပါတယ်။

XS
SM
MD
LG