သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ခ်င္းျပည္နယ္တြင္း ငွက္ဖ်ားေရာဂါအျဖစ္မ်ားလာ


ေတာထဲတြင္ ထြက္ေျပးခိုလံႈေနၾကရသည့္ မင္းတပ္ စစ္ေရွာင္မ်ား (ဓာတ္ပံု - AFP PHOTO / CHIN WORLD) ၂၀ ေမ ၂၀၂၁

[[Zawgyi/Unicode]]

ကာကြယ္ကုသေရး ေဆးဝါးေတြ အခ်ိန္မီမရတာ၊ လူသူေဝးတဲ့ေနရာေတြမွာ အခ်ိန္ၾကာျမင့္စြာ စစ္ေဘးေရွာင္ေနရတာေတြေၾကာင့္ အခုႏွစ္ထဲ ခ်င္းျပည္နယ္မွာ ငွက္ဖ်ားျဖစ္တဲ့သူ ျပန္ၿပီးမ်ားလာတယ္လို႔ ခ်င္းအရပ္ဘက္ ဆရာဝန္မ်ားအဖြဲ႔က ဗြီအိုေအကို ေျပာပါတယ္။ စစ္ပြဲေတြေၾကာင့္ စစ္ေကာင္စီက လမ္းပမ္းဆက္သြယ္ေရးကို ကန႔္သတ္၊ ျဖတ္ေတာက္ေနတာက ဒီအေျခအေနကို ပိုၿပီး ဆိုး႐ြားလာေစတယ္လို႔ သူတို႔ကေျပာပါတယ္။ ရန္ကုန္ကေန ဒီသတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ထဲ စစ္ေရးပဋိပကၡေတြတိုးလာသလို လမ္းပမ္းဆက္သြယ္ေရး ျပတ္ေတာက္တာ၊ တခ်ိဳ႕ေဒသခံေတြက တေနရာနဲ႔တေနရာကို ေျပာင္းေ႐ႊ႕ခိုလႈံ ေနရတာေတြေၾကာင့္ အေရးေပၚက်န္းမာေရး ေစာင့္ေရွာက္မႈေတြရဖို႔ အခက္အခဲရွိတယ္လို႔ ခ်င္းအရပ္ဘက္အဖြဲ႕ေတြက ေျပာပါတယ္။ အဓိကေတာ့ ေဆးဝါးနဲ႔ ေစာင္၊ ျခင္ေထာင္လိုပစၥည္းေတြ အလုံအေလာက္ မစီမံေပးႏိုင္တဲ့အတြက္ အခုႏွစ္မိုးတြင္းမွာ ငွက္ဖ်ားျဖစ္တဲ့အေရအတြက္ ျပန္ၿပီးမ်ားလာတယ္လို႔ ခ်င္းအရပ္ဘက္ ဆရာဝန္မ်ားအဖြဲ႕က ေဒါက္တာဆလိုင္းတင္မိုးက ဗြီအိုေအကို ေျပာပါတယ္။

"စစ္ေဘးဒုကၡသည္ေတြ မ်ားလာတယ္၊ စစ္ေဘးေရွာင္ေတြ မ်ားလာတယ္ အေ႐ႊ႕အေျပာင္းေတြ မ်ားလာတဲ့ အေနအထားမ်ိဳးမွာ သူတို႔ကေတာထဲမွာပဲ ေနၾကတာနဲ႔ ျခင္ကိုက္ခံရတာနဲ႔ ကာကြယ္ေရးအပိုင္းမွာ ဒီျခင္ေထာင္အပိုင္းေတြေရာ ေသာက္ေရအပိုင္းေတြေရာ ျဖစ္မွာေပါ့ေနာ္။ ဆိုေတာ့ အမ်ားႀကီးေပါ့။ အဲဒါမ်ိဳးေၾကာင့္ အခုေနာက္ပိုင္း အေတြ႕မ်ားလာတာျဖစ္တယ္။ တခ်ိဳ႕ေတြကလည္း ေျပးရင္းလႊားရင္းနဲ႔ဆိုေတာ့ ေတာထဲသြားရတဲ့ IDP camp ေတြမွာဆို ပါခ်င္မွလည္းပါမွာေပါ့၊ တခ်ိဳ႕ကလည္း ျခင္ေထာင္ ေထာင္ရမဲ့အစား ေစာင္အျဖစ္လည္း သုံးခ်င္သုံးမွာေပါ့။ အဓိကေတာ့ ကာကြယ္ေရးအပိုင္းေပါ့၊ ကာကြယ္ေရးအပိုင္းမွာ အားနည္းသြားလို႔ ငွက္ဖ်ားေရာဂါျဖစ္တာ မ်ားလာတာေပါ့။ "

ခ်င္းေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္မွာ အရင္ကတည္းက ငွက္ဖ်ားကူးစက္တာ ပုံမွန္ရွိေပမယ့္ အခုေနာက္ပိုင္းမွာ ကန္ပက္လက္၊ မတူပီ၊ မင္းတပ္နဲ႔ ဟားခါးၿမိဳ႕ေပၚမွာပါ အျဖစ္မ်ားလာတာပါ။ က်န္တဲ့တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာလည္း ငွက္ဖ်ားလကၡဏာေတြ ျမင္ရေပမယ့္ အေရးေပၚ စမ္းသပ္ကိရိယာေတြ အလုံအေလာက္မရွိလို႔ တိတိက်က်ေျပာဖို႔ ခက္ခဲေၾကာင္း ခ်င္းအရပ္ဘက္အဖြဲ႕ တခ်ိဳ႕က ေျပာပါတယ္။

အခုဆိုရင္ စစ္ေဘးေရွာင္စခန္းတခ်ိဳ႕မွာ ငွက္ဖ်ားေၾကာင့္ ေသဆုံးသူေတြရွိလာတယ္လို႔ မင္းတပ္စစ္ေရွာင္စခန္းရဲ႕ တာဝန္ခံက ဗြီအိုေအကို ေျပာပါတယ္။ စစ္ပြဲေတြေၾကာင့္ လမ္းပမ္းဆက္သြယ္ေရး ျပတ္ေတာက္သြားတဲ့အတြက္ ေဆး႐ုံကိုပို႔ၿပီး ကုသေပးဖို႔လည္း သူတို႔အတြက္ ခက္ခဲေနတာပါ။

"အသြားအလာလည္း အကန႔္အသတ္နဲ႔ဆိုေတာ့ လူနာအေရးေပၚမွ ပလက္ဝၿမိဳ႕ကို ပို႔ရတာေပါ့ေနာ္။ ေဆး႐ုံေတြက သိပ္ၿပီးမွ ဆရာ၊ဆရာမေတြလည္း ငွက္ဖ်ားနဲ႔ပတ္သက္လာရင္ ဂ႐ုမစိုက္သလို ျဖစ္သြားတယ္။ ေနာက္ဆုံးေျပာမယ္ဆိုရင္ေတာ့ အသက္အႏၲရာယ္ပါ ဆုံးရႈံးမႈအမ်ားႀကီး ရွိတယ္။ ငွက္ဖ်ားဦးေႏွာက္ထိၿပီး ေသသြားသူေတြ အမ်ားႀကီးပဲ။ ကေလးသူငယ္ေတြ၊ လူႀကီးေတြလည္းေသရတယ္။ အဲဒီငွက္ဖ်ား ဦးေႏွာက္ထဲေရာက္ၿပီးမွ။"

ခ်င္းျပည္နယ္မွာ အခုလိုအေျခအေနဆိုးမတိုင္ခင္မွာ ကရင္နဲ႔ကယားျပည္နယ္ဘက္ ငွက္ဖ်ားကူးစက္မႈေတြ ႀကီးႀကီးမားမား ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ လိုအပ္တဲ့ေဆးဝါးနဲ႔ အကူအညီေတြက အဲဒီဘက္ေတြကို အရင္ဆုံးေရာက္ခဲ့သလို တခ်ိဳ႕ကလည္း ႀကိဳတင္စုေဆာင္းမႈေတြရွိေနတဲ့အတြက္ ေစ်းကြက္ထဲ ငွက္ဖ်ားကာကြယ္ေဆးတခ်ိဳ႕ ဝယ္မရတာေတြ ျဖစ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံဟာ က်န္ခဲ့တဲ့သုံးေလးႏွစ္ထဲမွာ ငွက္ဖ်ားျဖစ္ပြားႏႈန္းက်သြားေပမဲ့ အခုႏွစ္မွာေတာ့ လိုအပ္တဲ့ေဆးဝါးနဲ႔ ကုသေရးေတြမရေတာ့လို႔ တခ်ိဳ႕ေနရာေတြမွာ တေၾကာ့ျပန္ကူးစက္လာမွာ စိုးရိမ္ရပါတယ္။ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံကေတာ့ ငွက္ဖ်ားလုံးဝကင္းစင္သြားၿပီလို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အခုဇြန္လထဲမွာ ေၾကညာထားပါတယ္။ ဒါေပမဲ့ လာအို၊ ဗီယက္နမ္၊ ထိုင္းနဲ႔ ျမန္မာတို႔လို ငွက္ဖ်ားအႏၲရာယ္ႀကီးတဲ့ ႏိုင္ငံေတြနဲ႔ထိစပ္ေနလို႔ ဂ႐ုစိုက္ဖို႔လည္း WHO ကသတိေပးထားပါတယ္။

#MyanmarHealth #Malaria #VOABurmese #ခ်င္းျပည္နယ္ #ငွက္ဖ်ား #မင္းတပ္၊မတူပီ၊ကန္ပက္လက္၊ဟားခါး #ဗီြအိုေအ
=============

[[Unicode]]

ချင်းပြည်နယ်တွင်း ငှက်ဖျားရောဂါအဖြစ်များလာ

ကာကွယ်ကုသရေး ဆေးဝါးတွေ အချိန်မီမရတာ၊ လူသူဝေးတဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ စစ်ဘေးရှောင်နေရတာတွေကြောင့် အခုနှစ်ထဲ ချင်းပြည်နယ်မှာ ငှက်ဖျားဖြစ်တဲ့သူ ပြန်ပြီးများလာတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ စစ်ပွဲတွေကြောင့် စစ်ကောင်စီက လမ်းပမ်းဆက်သွယ်ရေးကို ကန့်သတ်၊ ဖြတ်တောက်နေတာက ဒီအခြေအနေကို ပိုပြီး ဆိုးရွားလာစေတယ်လို့ သူတို့ကပြောပါတယ်။ ရန်ကုန်ကနေ ဒီသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်ထဲ စစ်ရေးပဋိပက္ခတွေတိုးလာသလို လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်တာ၊ တချို့ဒေသခံတွေက တနေရာနဲ့တနေရာကို ပြောင်းရွှေ့ခိုလှုံ နေရတာတွေကြောင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေရဖို့ အခက်အခဲရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အဓိကတော့ ဆေးဝါးနဲ့ စောင်၊ ခြင်ထောင်လိုပစ္စည်းတွေ အလုံအလောက် မစီမံပေးနိုင်တဲ့အတွက် အခုနှစ်မိုးတွင်းမှာ ငှက်ဖျားဖြစ်တဲ့အရေအတွက် ပြန်ပြီးများလာတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က ဒေါက်တာဆလိုင်းတင်မိုးက ဗွီအိုအေကို ပြောပါတယ်။

"စစ်ဘေးဒုက္ခသည်တွေ များလာတယ်၊ စစ်ဘေးရှောင်တွေ များလာတယ် အရွှေ့အပြောင်းတွေ များလာတဲ့ အနေအထားမျိုးမှာ သူတို့ကတောထဲမှာပဲ နေကြတာနဲ့ ခြင်ကိုက်ခံရတာနဲ့ ကာကွယ်ရေးအပိုင်းမှာ ဒီခြင်ထောင်အပိုင်းတွေရော သောက်ရေအပိုင်းတွေရော ဖြစ်မှာပေါ့နော်။ ဆိုတော့ အများကြီးပေါ့။ အဲဒါမျိုးကြောင့် အခုနောက်ပိုင်း အတွေ့များလာတာဖြစ်တယ်။ တချို့တွေကလည်း ပြေးရင်းလွှားရင်းနဲ့ဆိုတော့ တောထဲသွားရတဲ့ IDP camp တွေမှာဆို ပါချင်မှလည်းပါမှာပေါ့၊ တချို့ကလည်း ခြင်ထောင် ထောင်ရမဲ့အစား စောင်အဖြစ်လည်း သုံးချင်သုံးမှာပေါ့။ အဓိကတော့ ကာကွယ်ရေးအပိုင်းပေါ့၊ ကာကွယ်ရေးအပိုင်းမှာ အားနည်းသွားလို့ ငှက်ဖျားရောဂါဖြစ်တာ များလာတာပေါ့။ "

ချင်းတောင်ပိုင်း ပလက်ဝမြို့နယ်မှာ အရင်ကတည်းက ငှက်ဖျားကူးစက်တာ ပုံမှန်ရှိပေမယ့် အခုနောက်ပိုင်းမှာ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်နဲ့ ဟားခါးမြို့ပေါ်မှာပါ အဖြစ်များလာတာပါ။ ကျန်တဲ့တချို့မြို့နယ်တွေမှာလည်း ငှက်ဖျားလက္ခဏာတွေ မြင်ရပေမယ့် အရေးပေါ် စမ်းသပ်ကိရိယာတွေ အလုံအလောက်မရှိလို့ တိတိကျကျပြောဖို့ ခက်ခဲကြောင်း ချင်းအရပ်ဘက်အဖွဲ့ တချို့က ပြောပါတယ်။

အခုဆိုရင် စစ်ဘေးရှောင်စခန်းတချို့မှာ ငှက်ဖျားကြောင့် သေဆုံးသူတွေရှိလာတယ်လို့ မင်းတပ်စစ်ရှောင်စခန်းရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ စစ်ပွဲတွေကြောင့် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်သွားတဲ့အတွက် ဆေးရုံကိုပို့ပြီး ကုသပေးဖို့လည်း သူတို့အတွက် ခက်ခဲနေတာပါ။

"အသွားအလာလည်း အကန့်အသတ်နဲ့ဆိုတော့ လူနာအရေးပေါ်မှ ပလက်ဝမြို့ကို ပို့ရတာပေါ့နော်။ ဆေးရုံတွေက သိပ်ပြီးမှ ဆရာ၊ဆရာမတွေလည်း ငှက်ဖျားနဲ့ပတ်သက်လာရင် ဂရုမစိုက်သလို ဖြစ်သွားတယ်။ နောက်ဆုံးပြောမယ်ဆိုရင်တော့ အသက်အန္တရာယ်ပါ ဆုံးရှုံးမှုအများကြီး ရှိတယ်။ ငှက်ဖျားဦးနှောက်ထိပြီး သေသွားသူတွေ အများကြီးပဲ။ ကလေးသူငယ်တွေ၊ လူကြီးတွေလည်းသေရတယ်။ အဲဒီငှက်ဖျား ဦးနှောက်ထဲရောက်ပြီးမှ။"

ချင်းပြည်နယ်မှာ အခုလိုအခြေအနေဆိုးမတိုင်ခင်မှာ ကရင်နဲ့ကယားပြည်နယ်ဘက် ငှက်ဖျားကူးစက်မှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ဆေးဝါးနဲ့ အကူအညီတွေက အဲဒီဘက်တွေကို အရင်ဆုံးရောက်ခဲ့သလို တချို့ကလည်း ကြိုတင်စုဆောင်းမှုတွေရှိနေတဲ့အတွက် ဈေးကွက်ထဲ ငှက်ဖျားကာကွယ်ဆေးတချို့ ဝယ်မရတာတွေ ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကျန်ခဲ့တဲ့သုံးလေးနှစ်ထဲမှာ ငှက်ဖျားဖြစ်ပွားနှုန်းကျသွားပေမဲ့ အခုနှစ်မှာတော့ လိုအပ်တဲ့ဆေးဝါးနဲ့ ကုသရေးတွေမရတော့လို့ တချို့နေရာတွေမှာ တကြော့ပြန်ကူးစက်လာမှာ စိုးရိမ်ရပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ငှက်ဖျားလုံးဝကင်းစင်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အခုဇွန်လထဲမှာ ကြေညာထားပါတယ်။ ဒါပေမဲ့ လာအို၊ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာတို့လို ငှက်ဖျားအန္တရာယ်ကြီးတဲ့ နိုင်ငံတွေနဲ့ထိစပ်နေလို့ ဂရုစိုက်ဖို့လည်း WHO ကသတိပေးထားပါတယ်။

#MyanmarHealth #Malaria #VOABurmese #ချင်းပြည်နယ် #ငှက်ဖျား #မင်းတပ်၊မတူပီ၊ကန်ပက်လက်၊ဟားခါး #ဗွီအိုအေ
=============

XS
SM
MD
LG