သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဟတ်ယာဉ်သုံးစွဲမှုနဲ့ဆက်နွယ်တဲ့ အဂတိစွဲချက် ကြားနာစစ်ဆေး


Myanmar Democratic Transition ဆွေးနွေးပွဲတက်ရောက်ခဲ့ချိန်က ဒေါ်အောင်ဆန်းစုကြည်။ (ယခင်ပုံဟောင်း)
Myanmar Democratic Transition ဆွေးနွေးပွဲတက်ရောက်ခဲ့ချိန်က ဒေါ်အောင်ဆန်းစုကြည်။ (ယခင်ပုံဟောင်း)

[[Zawgyi/Unicode]]

NLD အစိုးရလက်ထက်က ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့အပေါ် အဂတိလိုက်စားမှု ၅ မှုနဲ့ တရားစွဲထားတဲ့အမှုကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာပါတယ်။

အမှု ၅ ခုလုံးအတွက် တရားလို ဦးအောင်ခန့်က လိုပြသက်သေအနေနဲ့ ဒီနေ့ ကြားနာပွဲမှာ ထွက်ဆိုပါတယ်။ နောက်တကြိမ်ရုံးချိန်းကျရင်တော့ သူ့ကို ပြန်လှန် မေးခွန်းထုတ်မယ်လို့ စုံစမ်းသိရပါတယ်။

NLD အစိုးရရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာငွေ လက်ခံယူတယ်ဆိုတဲ့အမှုအတွက် မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးက စွဲချက်တင်လိုက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
ဦးဖြိုးမင်းသိန်းအပါအဝင် လိုပြသက်သေ ၄ ယောက်ကို ပြန်လည်မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တောင်းဆိုတင်ပြခဲ့တဲ့အတွက် မတ်လ ၇ ရက်နေ့ ရုံးချိန်းကျရင် မေးခွန်းထုတ်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှု ၁၁ မှုနဲ့ တရားစွဲထားပြီး လောလောဆယ် ၁၀ မှုအတွက် တရားရင်ဆိုင်နေရပါတယ်။ နေပြည်တော်အထူးတရားရုံးမှာ ကြားနာနေတဲ့ အဂတိလိုက်စားမှုတွေထဲက ဦးဖြိုးမင်းသိမ်း လာဘ်ထိုးတဲ့ အခေါက်ရွှေ ၇ ပိဿာနဲ့ ဒေါ်လာ ၆ သိန်းယူတယ်ဆိုတဲ့ အမှုနဲ့ ပထမဆုံးစွဲချက်တင်ခံရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြား အမှု ၅ မှုအတွက်လည်း ထောင်ဒဏ် ၆ နှစ်ချခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]






=============

XS
SM
MD
LG