သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို ေထာင္ဒဏ္ ထပ္ခ်တဲ့အေပၚ ႏုိင္ငံတကာ ျပစ္တင္ ႐ႈတ္ခ် 


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီတရား႐ုံးက မေန႔ ဧၿပီလ ၂၇ ရက္ေန႔မွာ ေထာင္ဒဏ္ ၅ ႏွစ္ ထပ္မံ ခ်မွတ္လိုက္တာဟာ လုပ္ၾကံ ခ်မွတ္တဲ့ စီရင္ခ်က္ျဖစ္တယ္လို႔ အေမရိကန္အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell က မေန႔က အထက္လႊတ္ေတာ္မွာ ျမန္မာျပည္အေရးနဲ႔ပတ္သက္လို႔ ေျပာၾကားတဲ့မိန္႔ခြန္းထဲ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အၾကမ္းဖက္ႏွိပ္ကြပ္ၿပီး တိုင္းျပည္ကို ေနာက္ေၾကာင္းျပန္ဆြဲေနတဲ့ ျမန္မာစစ္တပ္ ဟာ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္အျပင္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာလူထုကိုလည္း လြန္ခဲ့တဲ့ တႏွစ္တာကာလအတြင္း ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၾသစေၾတးလ်ႏိုင္ငံသား Sean Turnell လို ႏိုင္ငံျခားသားေတြကိုလည္း ကာလရွည္ၾကာ ဖမ္းဆီး ထိန္းသိမ္းထားတယ္ဆိုတာကို အထက္လႊတ္ေတာ္မွာ ေျပာၾကားတဲ့အထဲ McConnell က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

သူ႔ရဲ႕ ႏိုင္ငံေရးလုပ္လာတဲ့ သက္တမ္းတေလွ်ာက္ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရး လႈပ္ရွားမႈနဲ႔အတူ ရပ္တည္ခြင့္ရခဲ့တဲ့အတြက္ ဂုဏ္ယူေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြကို မႏွစ္ကစလို႔ အနီးကပ္ ေစာင့္ၾကည့္ေနခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လို႔ သမၼတ Biden အစိုးရက ဘာေတြလုပ္ေဆာင္မယ္၊ အထူးသျဖင့္ ဘယ္လို ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ၿပီး စစ္အုပ္စုကို ဖိအားေပးမယ္ဆိုတာကို ေစာင့္ဆိုင္းေနေၾကာင္း၊ စစ္မွန္တဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳအဖြဲ႔ကို အေမရိကန္က ဘယ္လို ေထာက္ပံ့မႈေတြ ေပးမလဲ၊ လာမယ့္ အာဆီယံ (အေမရိကန္-အာဆီယံ) ထိပ္သီးစည္းေ၀းပြဲအတြင္း ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ ထြန္းကားေရးအတြက္ ဘယ္လို လုပ္ေဆာင္ၾကမလဲဆိုတာကို ေစာင့္ၾကည့္ေနေၾကာင္း အထက္လႊတ္ေတာ္ လူနည္းစု ေခါင္းေဆာင္ Mitch McConnell က သူ႔ရဲ႕မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီတရား႐ုံးက မေန႔ ဧၿပီလ ၂၇ ရက္ေန႔မွာ ေထာင္ဒဏ္ ၅ ႏွစ္ ထပ္မံ ခ်မွတ္ လိုက္တဲ့အေပၚ ျပင္သစ္ႏိုင္ငံက ျပစ္တင္ ရႈတ္ခ်လိုက္ၿပီး မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကလည္း စိုးရိမ္မိေၾကာင္း ေျပာပါတယ္။ တရား႐ုံးရဲ႕ ဒီ ဆုံးျဖတ္ခ်က္ဟာ ျမန္မာျပည္သူေတြရဲ႕ သေဘာဆႏၵနဲ႔ လုံးဝဆန္႔က်င္ၿပီး ဒီမိုကေရစီနည္းလမ္းအရ ေရြးေကာက္တင္ေျမႇာက္ထားတဲ့ ေခါင္းေဆာင္ေတြကို စစ္ေကာင္စီက ေမွးမွိန္ ေပ်ာက္ကြယ္သြားေအာင္ လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါဟာ မႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္ေကာင္စီက အာဏာသိမ္းယူလိုက္တဲ့ေနာက္ပိုင္း တရားဥပေဒ စိုးမိုးမႈကို မထီမဲ့ျမင္ ျပဳလိုက္ျခင္းျဖစ္တယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အလားတူပဲ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကလည္း ေဒၚေအာင္ဆန္းစုၾကည္အေပၚ အခုလို စီရင္ခ်က္ ခ်လိုက္တဲ့အေပၚ စိုးရိမ္မိေၾကာင္းနဲ႔ ျမန္မာႏိုင္ငံအတြင္း အေျခခံလူ႔အခြင့္အေရးေတြနဲ႔ တရားဥပေဒစိုးမိုးမႈ ေပၚထြန္းလာပါေစ လို႔ မေန႔ကရက္စြဲနဲ႔ Twitter လူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။

အလားတူပဲ ဒၚေအာင္ဆန္းစုၾကည္အေပၚ ျပစ္ဒဏ္ခ်မွတ္လိုက္တာနဲ႔ ႏိုင္ငံေရးအက်ဥ္းသား ၁၃,၀၀၀ ေက်ာ္ကို ဆက္လက္ ထိန္းသိမ္းဖမ္းဆီးထားတဲ့အေပၚ ျမန္မာႏိုင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ Tom Andrews က ေဝဖန္လိုက္ပါတယ္။ တရားဝင္အစိုးရမဟုတ္တဲ့ ျမန္မာစစ္ေကာင္စီက အဓိပၸာယ္မရွိတဲ့ ျပစ္ဒဏ္ေတြခ်မွတ္ေနေၾကာင္း ကုလအထူးကိုယ္စားလွယ္ Tom Andrews က Twitter လူမႈကြန္ယက္မွာ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်ချတဲ့အပေါ် နိုင်ငံတကာ ပြစ်တင် ရှုတ်ချ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက မနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်တာဟာ လုပ်ကြံ ချမှတ်တဲ့ စီရင်ချက်ဖြစ်တယ်လို့ အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က မနေ့က အထက်လွှတ်တော်မှာ မြန်မာပြည်အရေးနဲ့ပတ်သက်လို့ ပြောကြားတဲ့မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်နှိပ်ကွပ်ပြီး တိုင်းပြည်ကို နောက်ကြောင်းပြန်ဆွဲနေတဲ့ မြန်မာစစ်တပ် ဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် ထောင်နဲ့ချီတဲ့ မြန်မာလူထုကိုလည်း လွန်ခဲ့တဲ့ တနှစ်တာကာလအတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံသား Sean Turnell လို နိုင်ငံခြားသားတွေကိုလည်း ကာလရှည်ကြာ ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာကို အထက်လွှတ်တော်မှာ ပြောကြားတဲ့အထဲ McConnell က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ နိုင်ငံရေးလုပ်လာတဲ့ သက်တမ်းတလျှောက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုနဲ့အတူ ရပ်တည်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို မနှစ်ကစလို့ အနီးကပ် စောင့်ကြည့်နေခဲ့ကြောင်း၊ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ သမ္မတ Biden အစိုးရက ဘာတွေလုပ်ဆောင်မယ်၊ အထူးသဖြင့် ဘယ်လို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ပြီး စစ်အုပ်စုကို ဖိအားပေးမယ်ဆိုတာကို စောင့်ဆိုင်းနေကြောင်း၊ စစ်မှန်တဲ့ မြန်မာနိုင်ငံကိုယ်စားပြုအဖွဲ့ကို အမေရိကန်က ဘယ်လို ထောက်ပံ့မှုတွေ ပေးမလဲ၊ လာမယ့် အာဆီယံ (အမေရိကန်-အာဆီယံ) ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် ထွန်းကားရေးအတွက် ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို စောင့်ကြည့်နေကြောင်း အထက်လွှတ်တော် လူနည်းစု ခေါင်းဆောင် Mitch McConnell က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက မနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ် လိုက်တဲ့အပေါ် ပြင်သစ်နိုင်ငံက ပြစ်တင် ရှုတ်ချလိုက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း စိုးရိမ်မိကြောင်း ပြောပါတယ်။ တရားရုံးရဲ့ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒနဲ့ လုံးဝဆန့်ကျင်ပြီး ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို စစ်ကောင်စီက မှေးမှိန် ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ မနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်း တရားဥပဒေ စိုးမိုးမှုကို မထီမဲ့မြင် ပြုလိုက်ခြင်းဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူပဲ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် အခုလို စီရင်ချက် ချလိုက်တဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း အခြေခံလူ့အခွင့်အရေးတွေနဲ့ တရားဥပဒေစိုးမိုးမှု ပေါ်ထွန်းလာပါစေ လို့ မနေ့ကရက်စွဲနဲ့ Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အလားတူပဲ ဒါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ နိုင်ငံရေးအကျဉ်းသား ၁၃,၀၀၀ ကျော်ကို ဆက်လက် ထိန်းသိမ်းဖမ်းဆီးထားတဲ့အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ဝေဖန်လိုက်ပါတယ်။ တရားဝင်အစိုးရမဟုတ်တဲ့ မြန်မာစစ်ကောင်စီက အဓိပ္ပာယ်မရှိတဲ့ ပြစ်ဒဏ်တွေချမှတ်နေကြောင်း ကုလအထူးကိုယ်စားလှယ် Tom Andrews က Twitter လူမှုကွန်ယက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

==================

XS
SM
MD
LG