သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းၿပီး ျမန္မာ့လူအခြင့္အေရးထိုးက်ဟု AI အစီရင္ခံစာေထာက္ျပ


စစ္အာဏာသိမ္းမႈကို ရက္ဆက္ဆႏၵျပေနသူေတြကို လက္နက္အျပည့္နဲ႔ေစာင့္ၾကည့္ေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ားကို ရန္ကုန္ၿမိဳ႕တြင္းမွာေတြ႔ျမင္ေနရစဥ္။ (ေမ ၇၊ ၂၀၂၁)

[[Zawgyi/Unicode]]

အာဏာသိမ္းအၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးအေျခအေနေတြ ထိုးက်သြားခဲ့တယ္လို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးအဖြဲ႔ Amnesty International က ဆိုပါတယ္။

AI အဖြဲ႔က ေတာင္အာဖရိကႏိုင္ငံ Johannesburg ၿမိဳ႕မွာ ႏွစ္စဥ္ထုတ္ျပန္ေနက် အစီအရင္ခံစာကို ထုတ္ျပန္ ခဲ့ရာမွာ ၂၀၂၁ ျမန္မာႏိုင္ငံဆိုင္ရာ အစီရင္ခံစာလည္း ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈဆန႔္က်င္ေရး ဆႏၵျပသူ ၁,၀၀၀ ေက်ာ္ကို လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက သတ္ျဖတ္ခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာကို ဖမ္းဆီးခဲ့တယ္လို႔ အဲဒီ အစီရင္ခံစာက ဆိုပါတယ္။ ဖမ္းဆီးခံရတဲ့သူေတြကိုလည္း ႏွိပ္စက္ညႇင္းပန္းေနသလို ပဋိပကၡျဖစ္ေနတဲ့ ေဒသအတြင္းမွာလည္း အရပ္သားေတြနဲ႔ သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြကို ခြဲျခားျခင္းမရွိဘဲ ပစ္မွတ္ထားတိုက္ခိုက္ေနတယ္လို႔ AI က ေျပာထားပါတယ္။

အၾကမ္းဖက္မႈေတြေၾကာင့္ အိုးအိမ္စြန႔္ခြာေျပးခဲ့ရတဲ့ စစ္ေျပးဒုကၡသည္ေတြကို လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ အကူအညီေပးတာကိုလည္း စစ္တပ္က ပိတ္ဆို႔ထားပါတယ္လို႔ ေဖာ္ျပထားပါတယ္။

စစ္ေျမျပင္မွာပဲသုံးရတဲ့နည္းနာနဲ႔ ေသေစႏိုင္ေလာက္တဲ့ လက္နက္ေတြကို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ မွာ ျမန္မာစစ္တပ္က ၂၀၂၁ မတ္လ ၁၀ ရက္ေန႔မွာ အသုံးျပဳခဲ့တယ္လို႔ ဗြီဒီယို ႐ိုက္ခ်က္ ၅၀ ေက်ာ္ကို စစ္ေဆးၿပီးတဲ့ေနာက္ AI က ေျပာပါတယ္။ ကယား၊ ကရင္၊ ကခ်င္၊ ခ်င္း ျပည္နယ္နဲ႔ စစ္ကိုင္း၊ မေကြးနဲ႔ တနသၤာရီတိုင္းေဒသႀကီးေတြမွာ ေလေၾကာင္းကေန ၿမိဳ႕႐ြာေတြကို တိုက္ခိုက္ခဲ့တယ္လို႔ AI က ဆိုပါတယ္။

၂၀၂၁ ဒီဇင္ဘာ ၃၁ အထိ ၅၀၅ (က) နဲ႔ ဖမ္းဆီးထားသူ ၁၈၉ ေယာက္ ရွိၿပီး အဲဒီ ပုဒ္မနဲ႔ပဲ ဖမ္းဝရမ္းထုတ္ ထားသူ ၁,၅၄၅ ေယာက္ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၂၁ မွာ သတင္းစာဆရာ ၉၈ ေယာက္ကို ဖမ္းဆီးခဲ့ၿပီး ႏွစ္အကုန္အထိ အနည္းဆုံး ၄၆ ေယာက္ကို ဖမ္းထားဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဖမ္းဆီးထားသူေတြ အေပၚ ညႇဥ္းပန္းႏွိပ္စက္မႈေတြရွိခဲ့တဲ့အျပင္ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြလည္း ရွိခဲ့တယ္လို႔ AI အဖြဲ႔ရဲ႕ အစီရင္ခံစာမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စစ်အာဏာသိမ်းပြီး မြန်မာ့လူအခွင့်အရေးထိုးကျဟု AI အစီရင်ခံစာထောက်ပြ

အာဏာသိမ်းအပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ထိုးကျသွားခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဆိုပါတယ်။

AI အဖွဲ့က တောင်အာဖရိကနိုင်ငံ Johannesburg မြို့မှာ နှစ်စဉ်ထုတ်ပြန်နေကျ အစီအရင်ခံစာကို ထုတ်ပြန် ခဲ့ရာမှာ ၂၀၂၁ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူ ၁,၀၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့ပြီး လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့တယ်လို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုလည်း နှိပ်စက်ညှင်းပန်းနေသလို ပဋိပက္ခဖြစ်နေတဲ့ ဒေသအတွင်းမှာလည်း အရပ်သားတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြားခြင်းမရှိဘဲ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ AI က ပြောထားပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးတာကိုလည်း စစ်တပ်က ပိတ်ဆို့ထားပါတယ်လို့ ဖော်ပြထားပါတယ်။

စစ်မြေပြင်မှာပဲသုံးရတဲ့နည်းနာနဲ့ သေစေနိုင်လောက်တဲ့ လက်နက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် မှာ မြန်မာစစ်တပ်က ၂၀၂၁ မတ်လ ၁၀ ရက်နေ့မှာ အသုံးပြုခဲ့တယ်လို့ ဗွီဒီယို ရိုက်ချက် ၅၀ ကျော်ကို စစ်ဆေးပြီးတဲ့နောက် AI က ပြောပါတယ်။ ကယား၊ ကရင်၊ ကချင်၊ ချင်း ပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ လေကြောင်းကနေ မြို့ရွာတွေကို တိုက်ခိုက်ခဲ့တယ်လို့ AI က ဆိုပါတယ်။

၂၀၂၁ ဒီဇင်ဘာ ၃၁ အထိ ၅၀၅ (က) နဲ့ ဖမ်းဆီးထားသူ ၁၈၉ ယောက် ရှိပြီး အဲဒီ ပုဒ်မနဲ့ပဲ ဖမ်းဝရမ်းထုတ် ထားသူ ၁,၅၄၅ ယောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ မှာ သတင်းစာဆရာ ၉၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး နှစ်အကုန်အထိ အနည်းဆုံး ၄၆ ယောက်ကို ဖမ်းထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးထားသူတွေ အပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေရှိခဲ့တဲ့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်း ရှိခဲ့တယ်လို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပြောထားပါတယ်။

================

XS
SM
MD
LG