သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးမှု မေလ တတိယပတ်အတွင်း ဖြစ်နိုင်ခြေရှိ


၂၀၁၉  သြဂုတ်လ ၃၁ ရက်နေ့ ကျိုင်းတုံမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်း။ (NRPC) Aug 31, 2019
၂၀၁၉  သြဂုတ်လ ၃၁ ရက်နေ့ ကျိုင်းတုံမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမြင်ကွင်း။ (NRPC) Aug 31, 2019

[[Zawgyi/Unicode]]

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရက်အတိအကျ မသတ်မှတ်နိုင်သေးပေမယ့် ဒီလအတွင်း တတိယပတ်အတွင်းလောက် ဖြစ်နိုင်ဖွယ်ရှိကြောင်း PPST ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ လက်ရှိအခြေအနေမှာ တဖွဲ့ ချင်းနဲ့ တွေ့ဆုံဖို့ ရှိနေပြီး အားလုံးနဲ့ စုပေါင်းတွေ့ဆုံဖို့အတွက်လည်း ညှိနှိုင်းနေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ဖို့ ပြန်ကြားထားတာပါ။ စစ်ကောင်စီဘက်က ဆွေးနွေးပွဲကို အမြန်ဆုံးစတင်နိုင်ဖို့ ရည်မှန်းထားပေမယ့် ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကိုတော့ ထုတ်ပြန်တာမရှိသေးပါဘူး။

NCA လက်မှတ်ရေးထိုးအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ရဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်မယ့် မေလ ၂၉ ရက်နေ့ထက် စောပြီး ကျင်းပဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။

“သူတို့ အစီအစဉ်ဆွဲနေတုန်းပဲ။ နောက်ပြီး Schedule ကလည်း မငြိမ်သေးဘူး။ ကျနော်ထင်တာတော့ အာဆီယံ အထူးကိုယ်စားလှယ်က ၂၉၊ ၃၀ ဆိုရင်တော့ သူတို့က အဲဒီ ရှေ့ပိုင်း ၅ ရက်၊ တပတ်ခွာပြီးတော့ ဖြစ်နိုင်တာပေါ့။ အစည်းအဝေးအပြီးမှာ အာဆီယံနဲ့ တွေ့နိုင်အောင်တော့ တဆက်တည်းသွားမယ့် ပုံရှိတာပေါ့။”

လောလောဆယ်မှာတော့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ တဖွဲ့ချင်း တွေ့ဆုံဖို့ စီစဉ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေအားလုံးနဲ့ တွေ့ဆုံဖို့ကိုလည်း ညှိနှိုင်းနေကြောင်း ဆက်ပြောပါတယ်။

“Collective တွေ့ဖို့လည်း တောင်းထားကြတယ်။ အဲဒါကို ခွင့်ပြုမယ်ဆိုရင်တော့ တဖွဲ့ ချင်းလည်းတွေ့၊ စုပေါင်းလည်း တွေ့ဆိုတဲ့ဟာတွေတော့ ရှိမယ်။ တဖွဲ့ချင်းက သဘောတူပြီးသား တဖွဲ့ချင်းက။ စုပေါင်းပြီးမှတော့ သဘောမတူသေးဘူး။ ညှိနေတုန်းပဲ။”

တဖွဲ့ချင်းအလိုက်တွေ့ဆုံချိန်မှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ဆွေးနွေးကြဖို့ ရှိနေပြီး စုပေါင်းတွေ့ဆုံချိန်မှာတော့ တနိုင်ငံလုံးအရေးကို ဆွေးနွေးဖို့ ရည်ရွယ်ကြောင်းနဲ့ PPST အနေနဲ့ အခြေခံမူ ၃ ချက်၊ နိုင်ငံရေးလုပ်ငန်းစဉ် ၇ ချက်နဲ့ လမ်းပြမြေပုံ ၈ ချက်အပေါ် အခြေခံဆွေးနွေးဖို့ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“အစီအစဉ်ကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ။ ဥပမာ တဖွဲ့ချင်းပြောတော့ သူ့တကွက်၊ ကိုယ့်တကွက်ပဲ ပြောနိုင်မယ်လေ။ တနိုင်ငံလုံးကိစ္စပြောဖို့က အားမရှိဘူး။ Collectively တွေ့ခွင့်ရရင်တော့ PPST ရဲ့ကိုယ်စား လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားမယ်။ PPST လက်မှတ်ထိုးထားတဲ့ NCA ရဲ့အခြေခံမူ ၃ ချက်ကိုလည်း ကိုင်မယ်။ ကျနော်တို့ ခေါ်တာတော့ ၃၊ ၇၊ ၈ လို့ ခေါ်တာပေါ့။ အခြေခံမူ ၃ ချက်ရယ်၊ နိုင်ငံရေးလုပ်ငန်းစဉ် ၇ ချက်ရယ်။ နောက်ဆုံး လမ်းပြမြေပုံ ၈ ချက်ရယ်။ အဲဒါကတော့ အစုအဖွဲ့အနေနဲ့ ကိုင်ထားတဲ့ဟာပေါ့။ တနိုင်ငံလုံးကိစ္စပြောနိုင်ဖို့က အစုအဖွဲ့နဲ့ ပြောမှပဲရမယ်။ ဒါကြောင့် အစုအဖွဲ့နဲ့ တွေ့ခွင့်ပေးဖို့ ကြိုးစားနေကြတယ်ဗျ။”

အစုအဖွဲ့နဲ့ တွေ့ခွင့်မရရင် တဖွဲ့ချင်းအလိုက် ဆွေးနွေးချိန်မှာ တနိုင်ငံလုံးအရေးတွေ ထည့်သွင်းသွားမှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဘက်ကတော့ ဖက်ဒရယ်အရေးကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း ပြောပါတယ်။

PPST ရဲ့အခြေခံမူ ၃ ချက်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးပါဝင်ဖို့နဲ့ အရပ်သားတွေရဲ့လုံခြုံရေး၊ ကာကွယ်ရေးကို လုပ်ဆောင်ပေးဖို့ဆိုတာ ပါဝင်ပါတယ်။

နိုင်ငံရေးလုပ်ငန်းစဉ် ၇ ချက်မှာတော့ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ပုဂ္ဂိုလ်အားလုံး လွှတ်ပေးပြီး ဆွေးနွေးအဖြေရှာဖို့၊ သက်ဆိုင်သူတွေအားလုံးပါဝင်ဖို့၊ တိုင်းပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနဲ့ ဒီမိုကရေစီမူဘောင်အတွင်း အမြန်ဆုံးပြန်လွှဲပြောင်းပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တာဖြစ်ပါတယ်။

လမ်းပြမြေပုံ ၈ ချက်ကိုတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ကြောင်း ဒီနေ့ရက်စွဲနဲ့ တရားဝင် ကြေညာချက် ထုတ်ပြန်ပါတယ်။

အဓိက ဆွေးနွေးဖွယ်ရှိတာတွေကိုတွေ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးက အခုလို ပြောပါတယ်။

“အဓိက ဆွေးနွေးမယ်ဆိုတဲ့ဟာက အမြဲတမ်းကြိုးစားနေကြတဲ့ တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ရယ်၊ တိုက်ပွဲတွေ လျှော့ချနိုင်အောင်ရယ်။ ပြီးတော့ အဘက်ဘက်မှာ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးမှုတွေ တွေ့ဆုံမှုတွေ ဖြစ်မြောက်လာအောင် အဲဒါမျိုးတော့ တိုက် တွန်းမှာပေါ့နော်။”

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ထိုး ၇ ဖွဲ့က ကရင်အဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU/KNLA –PC ၊ PNLO ပအိုဝ်း၊ NMSP မွန်၊ ALP ရခိုင်၊ RCSS/SSA ရှမ်း၊ LDU လားဟူနဲ့ လက်မှတ် ရေးထိုးမထားတဲ့ အဖွဲ ၃ ဖွဲ့က UWSA ဝရယ်၊ NDAA မိုင်းလား၊ SSPP/SSA ရှမ်း စတဲ့အဖွဲ့တွေက တက်ရောက်ဖို့ စာရင်းပေးထားတာပါ။

လောလောဆယ် တက်ရောက်မယ်လို့စာရင်းပေးထားတဲ့ LDU ခေါ် လားဟူဒီမိုကရက်တစ်ယူနီယံအတွင်းမှာတော့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌက မတက်ရောက်ဖို့နဲ့ အထွေထွေအတွင်းရေးမှူးနဲ့ အလုပ်အမှုဆောင်အချို့က တက်ရောက်ဖို့ ဆိုပြီး သဘောထားကွဲပြားတာတွေ ရှိနေပါတယ်။

#MyanmarPeaceTalks #MyanmarPPST #VOABurmese #ငြိမ်းချမ်းရေးဆွေးနွေးပွဲ #မင်းအောင်လှိုင် #ခွန်ဥက္ကာ #အပစ်ရပ်စာချုပ် #ဗွီအိုအေ
=============


[[Unicode]]


















လောလောဆယျ တကျရောကျမယျလို့စာရငျးပေးထားတဲ့ LDU ခေါျ လားဟူဒီမိုကရကျတဈယူနီယံအတှငျးမှာတော့ ဥက်ကဋ်ဌ၊ ဒုဥက်ကဋ်ဌက မတကျရောကျဖို့နဲ့ အထှထှေအေတှငျးရေးမှူးနဲ့ အလုပျအမှုဆောငျအခြို့က တကျရောကျဖို့ ဆိုပွီး သဘောထားကှဲပွားတာတှေ ရှိနပေါတယျ။

=============

XS
SM
MD
LG