သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာဒုကၡသည္ေတြ ထိုင္းအကာအကြယ္ေပးဖို႔ Forify Rights တိုက္တြန္း


ထိုင္းျမန္မာနယ္စပ္ကို ထြက္ေျပးခုိလံႈလာၾကတဲ့ ကရင္လူမ်ိဳးဒုကၡသည္မ်ား။ (ယခင္ မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း စစ္တပ္ရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈနဲ႔ ထိုးစစ္ေၾကာင့္ အိမ္နီးခ်င္းထိုင္းႏိုင္ငံထဲကို ထြက္ေျပးလာတဲ့ ျမန္မာတိုင္းရင္းသား ဒုကၡသည္ေတြကို ေနရပ္အတင္းအက်ပ္ ျပန္ပို႔တာမ်ိဳးမလုပ္ဘဲ အကာအကြယ္ေပးဖို႔ ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႔အစည္း တခုျဖစ္တဲ့ Fortify Rights အဖြဲ႔က ထိုင္းအစိုးရကို ဒီေန႔ ေတာင္းဆိုလိုက္ပါတယ္။

ထိုင္းျမန္မာနယ္စပ္မွာ ျမန္မာဒုကၡသည္ေတြ နယ္စပ္ျဖတ္ေက်ာ္ ထြက္ေျပးတဲ့ လက္လုပ္ ယာယီ တံတားတခုကို ထိုင္းစစ္တပ္က ဖ်က္ဆီးေနတဲ့ ဗြီဒီယိုတခု ၿပီးခဲ့တဲ့ ေမလ ၃ ရက္ေန႔က Fortify Rights အဖြဲ႕က ထုတ္ျပန္ခဲ့ၿပီး ဒီ ဗီြဒီယိုဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ၿပီး ထိုင္းႏိုင္ငံမွာလည္း လူအမ်ားအျပား ၾကည့္ရႈခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံ တပ္မဟာ ၃၊ အေျခစိုက္ စစ္တပ္ကေတာ့ ဒါဟာ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ ေမွာင္ခိုကူးတာေတြကို ႏွိမ္ႏွင္းဖို႔အတြက္ျဖစ္ၿပီး လုပ္႐ိုးလုပ္စဥ္ကိစၥ တခုသာျဖစ္တယ္လို႔ ျပန္လည္ တုံ႔ျပန္ပါတယ္။

ထိုင္းႏိုင္ငံဟာ ႏိုင္ငံတကာ ဒုကၡသည္မ်ားဆိုင္ရာ ၁၉၆၇ ခုႏွစ္ ကုလသမဂၢ သေဘာတူညီခ်က္ကို လက္မွတ္ထိုးမထားေပမယ့္ ေနရပ္ျပန္မယ္ဆိုရင္ ေဘးဒုကၡ က်ေရာက္ေနတဲ့ ဒုကၡသည္ေတြကို ကာကြယ္ရမယ့္ တာဝန္ရွိတယ္ဆိုၿပီး Fortify Rights လူ႔အခြင့္အေရးအဖြဲ႔က ေၾကညာခ်က္ ထုတ္ျပန္တာပါ။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံသား ဒုကၡသည္ ၁ ေသာင္း ၇ ေထာင္ ေလာက္ ထိုင္းႏိုင္ငံထဲကို နယ္စပ္ေက်ာ္ ထြက္ေျပးခဲ့တဲ့အေၾကာင္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးရဲ႕ ခန႔္မွန္းခ်က္ကို ကိုးကားၿပီး ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာလည္း အိုးမဲ့အိမ္မဲ့ ထြက္ေျပးေနတဲ့ ဒုကၡသည္ေတြ ၉ သိန္းေက်ာ္ရွိတယ္လို႔ ကုလသမဂၢအဖြဲ႕အစည္းေတြက ခန႔္မွန္းပါတယ္။ နယ္စပ္ေဒသ အထူးသျဖင့္ တိုင္းရင္းသား ေဒသေတြမွာ စစ္တပ္ရဲ႕ ထိုးစစ္ဆင္တာေတြ ပိုတိုးလာေနၿပီး နယ္ျခားေဒသကို ေက်ာ္ၿပီး လူသားခ်င္းစာနာမႈအကူအညီေတြ အေရးေပၚ ေပးဖို႔ လိုေနတဲ့အေၾကာင္း ေဒသတြင္း လူ႔အခြင့္အေရးအဖြဲ႔တခုျဖစ္တဲ့ Alt Asean အဖြဲ႔ကလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြန်မာဒုက္ခသည်တွေ ထိုင်းအကာအကွယ်ပေးဖို့ Forify Rights တိုက်တွန်း

မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထိုးစစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေကို နေရပ်အတင်းအကျပ် ပြန်ပို့တာမျိုးမလုပ်ဘဲ အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထိုင်းအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတဲ့ လက်လုပ် ယာယီ တံတားတခုကို ထိုင်းစစ်တပ်က ဖျက်ဆီးနေတဲ့ ဗွီဒီယိုတခု ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က Fortify Rights အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဒီ ဗွီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ပြီး ထိုင်းနိုင်ငံမှာလည်း လူအများအပြား ကြည့်ရှုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ တပ်မဟာ ၃၊ အခြေစိုက် စစ်တပ်ကတော့ ဒါဟာ နယ်စပ်ဖြတ်ကျော် တရားမဝင် မှောင်ခိုကူးတာတွေကို နှိမ်နှင်းဖို့အတွက်ဖြစ်ပြီး လုပ်ရိုးလုပ်စဉ်ကိစ္စ တခုသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

ထိုင်းနိုင်ငံဟာ နိုင်ငံတကာ ဒုက္ခသည်များဆိုင်ရာ ၁၉၆၇ ခုနှစ် ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးမထားပေမယ့် နေရပ်ပြန်မယ်ဆိုရင် ဘေးဒုက္ခ ကျရောက်နေတဲ့ ဒုက္ခသည်တွေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်ဆိုပြီး Fortify Rights လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်တာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သောင်း ၇ ထောင် လောက် ထိုင်းနိုင်ငံထဲကို နယ်စပ်ကျော် ထွက်ပြေးခဲ့တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာလည်း အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ ၉ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။ နယ်စပ်ဒေသ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်ရဲ့ ထိုးစစ်ဆင်တာတွေ ပိုတိုးလာနေပြီး နယ်ခြားဒေသကို ကျော်ပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ် ပေးဖို့ လိုနေတဲ့အကြောင်း ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Alt Asean အဖွဲ့ကလည်း တိုက်တွန်းထားပါတယ်။

================

XS
SM
MD
LG