သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်း ကန်ပက်လက်မြို့နယ်အတွင်းတိုက်ပွဲ ဒေသခံများ ဘေးလွတ်ရာပြေးရ


 ဇွန်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ထန်တလန်မြို့က သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်း မီးမခခင်မြင်ရစဉ်။ (Crd: Salai Isaac Khen & Zelan)
ဇွန်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ထန်တလန်မြို့က သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်း မီးမခခင်မြင်ရစဉ်။ (Crd: Salai Isaac Khen & Zelan)

[[Zawgyi/Unicode]]

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ကြား မနေ့ကရော ဒီနေ့ဇွန်လ (၁၀) ရက်နေ့မှာပါ တိုက်ပွဲဖြစ်နေပြီး တိုက်ပွဲအတွင်း ရွာသားတချို့အဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်အတွင်း ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး နှစ်ခြင်းဘုရားကျောင်းကြီး မီးရှို့ ဖျက်ဆီးခံရပါတယ်။ ချင်းပြည်နယ်တွင်း ဒီအခြေအနေတွေကို ရန်ကုန်ကနေ သတင်းပေးပို့ထားတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း အထက်လက်မွန်ရွာ နားမှာ ဇွန်လ (၉) ရက်နေ့နဲ့ ဒီနေ့ဇွန်လ (၁၀) ရက်နေ့တွေမှာ တိုက်ပွဲဖြစ်နေတာပါ။ တိုက်ပွဲအတွင်း ရွာသားတချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ ကန်ပက်လက်မြို့ခံတဦးကပြောပါတယ်။

“ကန်ပက်လက်ဘက်စစ်ကြောင်းထိုးလာတာ မနေ့ တနာရီလောက်ဖြစ်တယ်။ အပြင်းထန် တိုက်ပွဲဖြစ်နေတုန်းပဲ။ ဒီနေ့လည်း ဖြစ်နေတုန်း။ (၁၇၄) ကနေပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ အမြောက်တွေနဲ့လှမ်းထုတယ်။ အသေအပျောက် ဘာမှမသိရသေးဘူး။ ရွာသား (၃) ဦးအဖမ်းခံရတယ်။ ကွင်းထဲမှာသူတို့နှိပ်စက်တာ၊ ရိုက်တာ ကန်တာတော့.. အဲဒီမနေ့က (၃) ဦး ဖမ်းတယ်။ ကျန်တဲ့သူတွေက မသိရသေးဘူး။ (၃) ဦးမကလောက်ဘူးလို့ပြောကြတာပေါ့။’’

CDF-Kanpetlet အပါအဝင်မဟာမိတ်တွေဖြစ်တဲ့ The Youth Force (Saw,Kyaukhtu)၊ PDF (ညောင်ရမ်း)၊ Saw PDF တပ်ရင်း (၂) (YRPA) တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ဒီတိုက်ပွဲတွေမှာ ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။ တိုက်ပွဲကြောင့် အထက်လက်မွန်ရွာသားတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း ဆောမြို့နယ်ကို ဆက်သွယ်ထားတဲ့ကားလမ်းကိုတော့ စစ်ကောင်စီတပ်ဘက်က ပိတ်ပင်ထားပါတယ်။ အခုလိုလမ်းကြောင်းပိတ်ပင်ထားတဲ့အတွက် ကန်ပက်လက်ဒေသခံတွေ စားနပ် ရိက္ခာသယ်ယူရေးမှာ အခက်တွေ့ နေပါတယ်။

“လမ်းကြောတွေ စားနပ်ရိက္ခာပို့ဆောင်တဲ့လမ်းတွေ ကန်ပက်လက်နဲ့ဆောကြားမှာ သူတို့ စစ်ကောင်စီက လမ်းတွေ ဘာတွေ ပိတ်တယ်။ စားနပ်ရိက္ခာအတွက်တော့ တောဘက် ကနေ သယ်ယူပို့ဆောင်ထမ်းတာတော့ အဲဒီလိုမျိုး လုပ်ပေးကြတယ်။ ရွာမှာရှိတဲ့မိန်းကလေးတွေ၊ အဖွါးတွေကနေ အဲဒီလိုသယ်ပေးပြီးမှ ယောင်္ကျားတွေကတော့ အဲဒီသွားသွားလာလာ သိပ်မလုပ်ဘူးပေါ့။’’

တဆက်တည်းမှာ ချင်းပြည်နယ် ထန်တလန်မြို့အတွင်းမှာလည်း သက်တမ်းအရင့်ဆုံး ခရစ်ယာန်နှစ်ခြင်းဘုရားကျောင်းကြီး မီးလောင် ပျက်စီးခဲ့တယ်လို့ ထန်တလန်မြို့သင်းအုပ် ဆရာတော် ဆန်ဂျိုးကပြောပါတယ်။

“ဇွန်လ (၉) ရက် ညနေ (၉) နာရီခွဲလောက်မှာ သူတို့စစ်ကောင်စီတပ်တွေက မီးရှို့ တယ်လို့။ ပဏာမ ကြားရတာကတော့ မြို့တွင်းမှာပစ်ခတ်မှုမရှိဘူးလို့ပြောကြတယ်။’’

မီးလောင်သွားတဲ့ TBC ဘုရားကျောင်းဟာ ထန်ထလန်မြို့ရဲ့အကြီးဆုံးနဲ့ မြို့ဂုဏ်ဆောင် ဘုရားကျောင်းတခုလည်း ဖြစ်ပါတယ်။

အခုလို ရှေ့ဟောင်းနှစ်ခြင်းဘုရားကျောင်းမီးလောင်ပျက်စီးခဲ့တဲ့အတွက် ဒေသတွင်း ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတခုလို့ သင်းအုပ်ဆရာတော် ဆန်ဂျိုးကပြောပါတယ်။

“သက်တမ်းက အဲဒီဘုရားကျောင်းက အသင်းတော်တည်ထောင်ရတာကတော့ နှစ်ပေါင်းက ရာဂဏန်းရှိပြီးပေါ့။ ဘုရားကျောင်း ကြီးဆောက်ရတာကတော့ ပျဉ်ထောင်အိမ်ကနေအမျိုးမျိုးဆောက်လာကြပြီးတော့ မှ ၁၉၈၃-၈၄ လောက်ပေါ့ အဲဒီလောက်မှာ ပြီးသွားတာပေါ့။ ဆိုတော့ နှစ်ပေါင်းက အခုကတော့ကြာပြီပေါ့နော်။ တော်တော်နစ်နာဆုံးရှုံးရတာပေါ့။ ကျနော်တို့ချင်းလူမျိုးတွေက အကုန်လုံးကခရစ်ယာန်ဆိုတော့ ကျနော်တို့ဘုရားကျောင်းတွေပေါ့။ ဘုရားကျောင်းတွေနဲ့ကျနော်တို့ရဲ့ ယုံကြည်ခြင်းကအစ ယဉ်ကျေးမှုအဆုံးပေါ့ အကုန်လုံးကဆက်နွယ်နေတာပေါ့။ ထန်တလန်မြို့နယ်အားလုံးက ဘုရားကျောင်းခွဲ တွေပေါ့။ အဲဒီအသင်းတော်ကြီးကနေ ပြီးတော့ခွဲကြတဲ့အသင်းတော်တွေဖြစ်တယ်။ဘာသာရေးကိစ္စပဲမဟုတ်ဘဲနဲ့ လူမှုရေးကိစ္စကအစ၊ ယဉ်ကျေးမှုထိန်းသိမ်းမွမ်းမံတဲ့နေရာတွေပေါ့။ အကုန်လုံးကဆက်နွယ်နေတာပေါ့။ တော်တော်ကို ဆုံးရှုံးသွားတဲ့သဘောပေါ့။’’

မြန်မာစစ်တပ်ကနေ နိုင်ငံတော်အာဏာသိမ်းဆည်းပြီးနောက်ပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း အိမ်ခြေ ၁,၂၀၀ ကျော် နဲ့ ဘုရားကျောင်း (၁၁) ကျောင်း မီးရှို့ခံခဲ့ရပြီးဖြစ်ပါတယ်။ ချင်းပြည်နယ်အတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ ဖလမ်း စတဲ့ မြို့နယ် အတော်များများမှာ ဒေသခံ CDF ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မြန်မာစစ်ကောင်စီအကြား တိုက်ပွဲတွေ ဖြစ်နေတာ တနှစ်ဝန်းကျင်ရှိလာပါပြီ။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]














===============

XS
SM
MD
LG