သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားခါးမြို့နယ်တွင်း သုံးရက်ဆက် တိုက်ပွဲဖြစ်နေ


Kale, Falm and Hakha (MIMU)
စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ နယ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်က ဖလမ်းနဲ့ ဟားခါးမြို့များ။
Kale, Falm and Hakha (MIMU) စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ နယ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်က ဖလမ်းနဲ့ ဟားခါးမြို့များ။

[[Zawgyi/Unicode]]

ချင်းပြည်နယ်ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ကြား (၃) ရက် ဆက် တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ချင်းကာကွယ်ရေးဘက်ကပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ဘက်ကို စစ်ကူပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း ကျေးရွာနေအိမ်တချို့မီးရှို့ခံရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တာကို အလိမ္မာက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ (၃) ရက်ဆက်ဖြစ်ပွါးနေပြီး ဒီကနေ့မှာလည်း ဟားခါးနဲ့ဖလမ်းမြို့နယ်ကြားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပူးထက်နီ ကပြောပါတယ်။

“အခုလည်း ဆက်ဖြစ်နေတယ်။ ဟားခါးနဲ့ဖလမ်းမြို့နယ်ကြားပေါ့နော်။ ဒီအစပ် ကားလမ်းပေါ် ကားလမ်းဘေး ဝဲယာ သူတို့ ကားတန်း ဘေးကလမ်းမကြီးပေါ်သွားပြီးတော့ စစ်ကောင်စီဘက်က လမ်းဘေးဝဲယာ သူတို့ကားလုံခြုံရေးတပ်ကို ကျနော်တို့တိုက်တာပါ။ အခုသိရသလောက်ကတော့ သူတို့ဘက်ကျသွားတာ (၁၉) ယောက် ရှိတယ်။ ကျနော်တို့ဘက်ကတော့ တယောက် ကျတယ်။ ဒဏ်ရာအနည်းငယ်ရတာက (၆) ယောက်တော့ဒဏ်ရာရတာပေါ့နော်။”

ဟားခါးမြို့ကနေ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက်ကိုစစ်ကူပို့မယ့် စစ်ကောင်စီစစ်ကြောင်းကို မေလ (၃) ရက်နေ့ကတည်းက ချင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့ကနေ ကြားဖြတ်တိုက်ခိုက် တာလို့ ပူးထက်နီကပြောပါတယ်။

“စစ်ကား (၁၇) စီးရယ်၊ တင့်ကားနှစ်စီးရယ်၊ ဟားခါးကနေ ဖလမ်းဘက်၊ ကလေးဘက် ဆင်းဖို့ရှိတယ်။ အင်အားက သူတို့ (၁၅၀) လောက်ရှိတယ်။ အဲဒါကို ကျနော်တို့ CAN နဲ့ ဒေသခံကာကွယ်ရေး (၃) ဖွဲ့တို့ ပူးပေါင်းပြီးတော့ လမ်းကနေ ဖြတ် တိုက်တာပေါ့နော်။ အဲတာမေလ (၃) (၄) ရက်နဲ့ အခုလည်း ဆက်ဖြစ်နေတယ်။ အဲဒီမှာ တိုက်ပွဲက (၄) ကြိမ်လောက်ဖြစ်တာပေါ့။”

စစ်ကောင်စီစစ်ကြောင်းကို ချင်းအမျိုးသားတပ်ဦး CNF၊ ဟားခါး CDF ၊ ထန်တလန် CDF၊ ချင်းအမျိုးသားကာကွယ်ရေး အဖွဲ့ CNDF စတဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း ကျေးရွာတချို့လည်း မီးရှို့ခံရတယ်လို့ ဟားခါးဒေသခံတဦးကပြောပါတယ်။

“တိုက်ပွဲက သူတို့ ဟို ရမ်းဖလိုရွာမရောက်ခင်မှာ ချွန်ကျုံးရွာနဲ့လုပ်ထိတ်ရွာမှာ တိုက်ပွဲဖြစ်တယ်လေ။ တိုက်ပွဲက (၃) ရက်နေ့က ဖြစ်တော့ အဲဒီကနေ သူတို့ဆက်သွားတာပေါ့။ ဆက်သွားရင်းနဲ့ သူတို့ ရမ်းဖလိုရွာရောက်တော့ အဲဒီမှာ ရွာကိုမီးရှို့လိုက်တာပေါ့နော်။ (၁၀) အိမ်ကျော်လောက်ပါသွားတယ်။”

ဟားခါး-ဖလမ်းမြို့နယ်ကားလမ်းပေါ်က နှစ်ဘက်တိုက်ပွဲဖြစ်ပွါးရာနေရာက ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ဟားခါး-ဖလမ်းမြို့နယ်ကားလမ်းပေါ် တိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“မနေ့က (၄) ရက်နေ့မှာ ဟားခါးဘက်မှာတော့ ဟားခါးကနေ ဟားခါးနဲ့ကလေးကြားထဲမှာ လုံခြုံရေးယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်တာရှိတယ်။ ပစ်ခတ်တိုက်ခိုက်မှု (၅) မိနစ်ဖြစ်ခဲ့တာရှိတယ်။ ”

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်ကလည်း ဟားခါးမြို့နယ် ချွန်ကျူံးကျေးရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ CDF-Hakha တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိခဲ့ပါတယ်။

လက်ရှိစစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းဒေသမှာလဲ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF အဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု တွေဖြစ်ပွါးနေလို့ ဟားခါးဘက်ကနေ စစ်ကူပို့နေရတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ဘက်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]















===========

XS
SM
MD
LG