သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕ေတာင္ဘက္ အေရွ႕စီး႐ြာ မီးရႈိ႕ခံရတယ္လို႔ ေဒသခံေတြေျပာဆို


စစ္ကိုင္းတုိင္း၊ ကေလးၿမိဳ႕နယ္ေတာင္ပိုင္း၊ အေရွ႕စီးေက်းရြာ (MIMU)


[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ ေဒသခံကာကြယ္ေရး PDF အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္အၾကား ဒီေန႔ တိုက္ပြဲျပင္းထန္ျဖစ္ရာမွာ အေရွ႕စည္း႐ြာ အိမ္ေျခ (၇၀၀) ေက်ာ္ မီးရႈိ႕ခံရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ကေလးၿမိဳ႕နယ္စစ္ေရးတင္းမာမႈအေျခအေနကိုေတာ့ ရန္ကုန္ ကေပးပို႔တဲ့သတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသမွာ စစ္ေကာင္စီတပ္နဲ႔ ျပည္သူ႔ ကာကြယ္ေရး PDF အဖြဲ႕တို႔ၾကား တိုက္ပြဲေတာက္ေလွ်ာက္ျဖစ္ေနသလို ေလေၾကာင္းရဟတ္ယဥ္သုံး တိုက္ခိုက္တဲ့အထိ ျပင္းထန္ေနတယ္လို႔ ေဒသခံ ဦးဖိုးေအာင္ကေျပာပါတယ္။

“ဒီညေနပိုင္းေပါ့။ ညေနပိုင္း (၃) နာရီေလာက္ကေပါ့။ ဟိုက္စကီးႏွစ္စီးနဲ႔လာၿပီးေတာ့ ေလယာဥ္ပစ္ ခတ္မႈေပါ့ေနာ္။ အဲဒါ လုပ္သြားတယ္သူတို႔။ အဲဒါ အေရွ႕စည္းဘက္။ အေရွ႕စည္းရွားေတာေပါ့ေနာ္။တင္သား-ရွားေတာ။ ေတာက္ေလွ်ာက္ ႐ြာခ်င္းဆက္႐ြာေတြ။ တိုက္ပြဲေတြက ေတာက္ေလွ်ာက္ျဖစ္ေနတယ္။ PDF က တိုက္တဲ့ပုံစံမ်ိဳးေတာ့မဟုတ္ဘူး။ သူတို႔က စစ္ေၾကာင္းထိုးတာေပါ့။ စစ္ေၾကာင္းထိုးၿပီးေတာ့မွ သူတို႔ဘက္က လက္နက္ႀကီးနဲ႔စၿပီးေတာ့ ပစ္လႊတ္တယ္။ တိုက္ပြဲေတြစၿပီးျဖစ္လာတယ္။ ေလေၾကာင္းပစ္ခတ္မႈေတြ ျဖစ္လာတဲ့အခါက်ေတာ့ ျပည္သူေတြလည္း ပုန္းေနရတာေပါ့။ အကာကြယ္ယူၿပီးေတာ့။”

အထူးသျဖင့္ အေရွ႕စီး၊ ရွားေတာ၊ ႏြား႐ြာ၊ တင္သား၊ ရွားဖို-အစရွိတဲ့႐ြာေတြဘက္မွာ တိုက္ပြဲျဖစ္ပြါးေနတာပါ။ ဒါ့အျပင္ ဒီမနက္မွာ အေရွ႕စီး-ရွားဖို႐ြာဘက္ျဖစ္ပြါးတဲ့ တိုက္ပြဲအေျခအေနကိုေတာ့ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္ တဦးက အခုလို ေျပာပါတယ္။

“ေတာင္ပိုင္းကလည္း ေလာေလာဆယ္တိုက္ပြဲျဖစ္ေနတယ္။ ဒီေန႔လည္း အဲဒီရွားဖိုနားမွာ။ အေရွ႕စီးနဲ႔ ရွားဖိုနဲ႔က ၾကားမွာ ႏွစ္႐ြာေတာ့ျခားတယ္။ လမ္းအတိုင္းသြား ဒီအတိုင္းၾကည့္ျမင္ေနရတယ္။ ဒီကေန႔ တိုက္ပြဲအေျခအေနက ေလာေလာဆယ္ က်ေနာ္တို႔ဘက္ ေသနတ္ (၅) လက္ေလာက္ရထားတယ္။ တိုက္ပြဲကျပင္းထန္ေနေသးတာေပါ့။”

ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသ ဒီေန႔တိုက္ပြဲျဖစ္ပြါးမႈအေျခအေနကို မသိရေသးေပမယ့္ မေန႔ကေမလ (၂) ရက္ေန႔ တိုက္ပြဲအေျခအေနကိုေတာ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာပါတယ္။

“ဒီေန႔ျဖစ္တာေတာ့ မသိေသးဘူးေပါ့ဗ်ာ။ ကေလးမွာေတာ့ မေန႔ကေတာ့ က်ေနာ္တို႔ ေန႔လယ္ (၁၂) နာရီေလာက္မွာေတာ့ ကေလးၿမိဳ႕နယ္အေရွ႕စီး႐ြာဘက္မွာ လုံၿခဳံေရးတပ္ေတြကို မိုင္းဆြဲ တိုက္ခိုက္ခဲ့တဲ့ဟာ ရွိတယ္။ ရွားဖို႐ြာရဲ႕အေနာက္ေတာင္ဘက္မွာလည္း PDF အမည္ခံအၾကမ္းဖက္အဖြဲ႕နဲ႔ တိုက္ပြဲျဖစ္ပြါးခဲ့တာရွိပါတယ္။ အဲဒီမွာေတာ့ က်ေနာ္တို႔ဆီက စစ္သည္တခ်ိဳ႕ က်ဆုံးဒဏ္ရာရခဲ့တာရွိပါတယ္။ ေနအိမ္မီးေလာင္တဲ့ဟာေတာ့ မေန႔ကမရွိခဲ့ပါဘူး။”

ၿပီးခဲ့တဲ့တနဂၤေႏြကေန ဒီကေန႔အထိ အေရွ႕စည္း႐ြာဘက္မွာတိုက္ပြဲျဖစ္ပြါးခဲ့ၿပီး မေန႔ကတိုက္ပြဲအတြင္းအေရွ႕စီး႐ြာ မီးရႈိ႕ခံရတယ္လို႔ ေဒသခံဦးဖိုးေအာင္ကဆက္ေျပာပါတယ္။

“အေရွ႕စည္းကေတာ့ ဘုန္းႀကီးေက်ာင္းလည္းပါသြားၿပီး။ ႐ြာလုံးကြၽတ္ေပါ့။ အိမ္ေျခ (၇၀၀) ေက်ာ္။ (၇၀၀) ေက်ာ္သြားၿပီ၊ မီးရႈိ႕ခံရတာ။ စစ္ေကာင္စီကေပါ့ေနာ္။ စစ္ေကာင္စီက။ ဒီေကာင္ေတြကစစ္မတိုက္ဘဲနဲ႔ မီးပဲတိုက္ေနတယ္။ ျပည္သူေတြလည္း ေလာေလာဆယ္ေတာ့ ဒုကၡေတြေရာက္ၿပီေပါ့။”

႐ြာမီးရႈိ႕ခံရလို ႐ြာသားႏွစ္ေထာင္ခန႔္ဟာ မီးေဘးသင့္ၿပီး ေဘးလြတ္ရာတိမ္းေရွာင္ေနၾကရတယ္လို႔ ေဒသတြင္းစစ္ေဘးေရွာင္အကူညီေပးသူတဦးကေျပာပါတယ္။

“စစ္ေရွာင္အေျခအေနက ၄၈၂ ေက်ာင္းကိုေရွာင္ေနၾကတယ္လို႔သိရတယ္။ ၿပီးေတာ့႐ြာနားေလး အဲဒါကို ေျပာင္းသြားၾကတယ္လို႔သိရတယ္။ တ႐ြာလုံးနီးပါး မီးရႈိ႕ခံရတဲ့အခါက်ေတာ့။ ေထာင္ဂဏန္းေလာက္ရွိမယ္ဗ်။ ေလာေလာဆယ္ ေရွာင္ေနၾကေတာ့။ (၂,၀၀၀) ဝန္းက်င္ေတာ့ရွိမွာဗ်။ စားဝတ္ေနေရးက ေတာထဲမွာလည္း ေနေနၾကတာရွိတယ္။ တခ်ိဳ႕ဆိုလို႔ ရွိ ရင္ ကိုယ့္ဟာကိုယ္ ေရွာင္ၾကတာပဲ။”

အေရွ႕စီးေက်း႐ြာဟာ ေနအိမ္ေပါင္း (၈၀၀) ေက်ာ္ရွိၿပီး ေဒသခံေတြကေတာ့ အားလုံးနီးပါးေလာင္ ကြၽမ္းတယ္လို႔ ေျပာၾကေပမယ့္ အိမ္ေျခဘယ္ေလာက္အထိ ေလာင္ကြၽမ္းခဲ့တာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။ စစ္ေကာင္စီ ေျပာခြင့္ရကေတာ့ အေရွ႕စီး႐ြာမီးေလာင္တာ မရွိဘူးလို႔ေျပာပါတယ္။

ဧၿပီလ (၂၇) ေန႔တုန္းက ကေလးၿမိဳ႕နယ္ေတာင္ပိုင္း အေရွ႕စီးေက်း႐ြာဘက္မွာ စစ္ေကာင္စီတပ္နဲ႔ေဒသခံကာကြယ္ေရးအဖြဲ႕တို႔ တိုက္ပြဲျဖစ္စဥ္အတြင္း ေနရပ္ကေန ထြက္ေျပးတိမ္းေရွာင္လာတဲ့ ႐ြာသားေတြ ျမစ္သာျမစ္ကို ျဖတ္ကူးစဥ္ တံတားက်ိဳးက်လို႔ လူ(၇) ဦးထက္မနည္း ေသဆုံးမႈေတြျဖစ္ပြါးခဲ့ပါတယ္။

ဧၿပီလ(၁၁) ရက္ေန႔တုန္းကလည္း ကေလးၿမိဳ႕နယ္၊ ကေလး-ဂန႔္ေဂါလမ္းမေပၚမွာရွိတဲ့ နတ္ေခ်ာင္းေက်း႐ြာမီးရႈိ႕ခံခဲ့ရၿပီး ဧၿပီလ (၁၂) ရက္ေန႔မွာ ေအာင္ခ်မ္းသာ႐ြာကိုလည္း စစ္ေကာင္စီတပ္က မီးရႈိ႕ခဲ့တယ္လို႔ေဒသခံေတြကေျပာပါတယ္။ ဒါေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ သူတို႔အေနနဲ႔ေက်း႐ြာကိုမီးရႈိ႕တာမဟုတ္ဘဲ PDF စခန္းေတြကို ရွင္းလင္းတာလို႔ ေျပာဆိုခဲ့ပါတယ္။

ကေလးၿမိဳ႕ေတာင္ဘက္ေဒသမွာ ဧၿပီလ (၂၇) ရက္ေန႔မွစၿပီး စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြနဲ႔ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ေဒသခံျပည္သူဟာ ျမစ္သာျမစ္တဘက္ကမ္းရွိ ေတာေတာင္ေတြမွာနဲ႔ ေဆြမ်ိဳးသားခ်င္းေတြဆီမွာ စစ္ေဘးေရွာင္ေနၾကရပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား ဒီနေ့ တိုက်ပွဲပြင်းထန်ဖြစ်ရာမှာ အရှေ့စည်းရွာ အိမ်ခြေ (၇၀၀) ကျော် မီးရှို့ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်စစ်ရေးတင်းမာမှုအခြေအနေကိုတော့ ရန်ကုန် ကပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး PDF အဖွဲ့တို့ကြား တိုက်ပွဲတောက်လျှောက်ဖြစ်နေသလို လေကြောင်းရဟတ်ယဉ်သုံး တိုက်ခိုက်တဲ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံ ဦးဖိုးအောင်ကပြောပါတယ်။

“ဒီညနေပိုင်းပေါ့။ ညနေပိုင်း (၃) နာရီလောက်ကပေါ့။ ဟိုက်စကီးနှစ်စီးနဲ့လာပြီးတော့ လေယာဉ်ပစ် ခတ်မှုပေါ့နော်။ အဲဒါ လုပ်သွားတယ်သူတို့။ အဲဒါ အရှေ့စည်းဘက်။ အရှေ့စည်းရှားတောပေါ့နော်။တင်သား-ရှားတော။ တောက်လျှောက် ရွာချင်းဆက်ရွာတွေ။ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်နေတယ်။ PDF က တိုက်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ သူတို့က စစ်ကြောင်းထိုးတာပေါ့။ စစ်ကြောင်းထိုးပြီးတော့မှ သူတို့ဘက်က လက်နက်ကြီးနဲ့စပြီးတော့ ပစ်လွှတ်တယ်။ တိုက်ပွဲတွေစပြီးဖြစ်လာတယ်။ လေကြောင်းပစ်ခတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ပြည်သူတွေလည်း ပုန်းနေရတာပေါ့။ အကာကွယ်ယူပြီးတော့။”

အထူးသဖြင့် အရှေ့စီး၊ ရှားတော၊ နွားရွာ၊ တင်သား၊ ရှားဖို-အစရှိတဲ့ရွာတွေဘက်မှာ တိုက်ပွဲဖြစ်ပွါးနေတာပါ။ ဒါ့အပြင် ဒီမနက်မှာ အရှေ့စီး-ရှားဖိုရွာဘက်ဖြစ်ပွါးတဲ့ တိုက်ပွဲအခြေအနေကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးက အခုလို ပြောပါတယ်။

“တောင်ပိုင်းကလည်း လောလောဆယ်တိုက်ပွဲဖြစ်နေတယ်။ ဒီနေ့လည်း အဲဒီရှားဖိုနားမှာ။ အရှေ့စီးနဲ့ ရှားဖိုနဲ့က ကြားမှာ နှစ်ရွာတော့ခြားတယ်။ လမ်းအတိုင်းသွား ဒီအတိုင်းကြည့်မြင်နေရတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေက လောလောဆယ် ကျနော်တို့ဘက် သေနတ် (၅) လက်လောက်ရထားတယ်။ တိုက်ပွဲကပြင်းထန်နေသေးတာပေါ့။”

ကလေးမြို့နယ်တောင်ပိုင်းဒေသ ဒီနေ့တိုက်ပွဲဖြစ်ပွါးမှုအခြေအနေကို မသိရသေးပေမယ့် မနေ့ကမေလ (၂) ရက်နေ့ တိုက်ပွဲအခြေအနေကိုတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ဒီနေ့ဖြစ်တာတော့ မသိသေးဘူးပေါ့ဗျာ။ ကလေးမှာတော့ မနေ့ကတော့ ကျနော်တို့ နေ့လယ် (၁၂) နာရီလောက်မှာတော့ ကလေးမြို့နယ်အရှေ့စီးရွာဘက်မှာ လုံခြုံရေးတပ်တွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ဟာ ရှိတယ်။ ရှားဖိုရွာရဲ့အနောက်တောင်ဘက်မှာလည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့တာရှိပါတယ်။ အဲဒီမှာတော့ ကျနော်တို့ဆီက စစ်သည်တချို့ ကျဆုံးဒဏ်ရာရခဲ့တာရှိပါတယ်။ နေအိမ်မီးလောင်တဲ့ဟာတော့ မနေ့ကမရှိခဲ့ပါဘူး။”

ပြီးခဲ့တဲ့တနင်္ဂနွေကနေ ဒီကနေ့အထိ အရှေ့စည်းရွာဘက်မှာတိုက်ပွဲဖြစ်ပွါးခဲ့ပြီး မနေ့ကတိုက်ပွဲအတွင်းအရှေ့စီးရွာ မီးရှို့ခံရတယ်လို့ ဒေသခံဦးဖိုးအောင်ကဆက်ပြောပါတယ်။

“အရှေ့စည်းကတော့ ဘုန်းကြီးကျောင်းလည်းပါသွားပြီး။ ရွာလုံးကျွတ်ပေါ့။ အိမ်ခြေ (၇၀၀) ကျော်။ (၇၀၀) ကျော်သွားပြီ၊ မီးရှို့ခံရတာ။ စစ်ကောင်စီကပေါ့နော်။ စစ်ကောင်စီက။ ဒီကောင်တွေကစစ်မတိုက်ဘဲနဲ့ မီးပဲတိုက်နေတယ်။ ပြည်သူတွေလည်း လောလောဆယ်တော့ ဒုက္ခတွေရောက်ပြီပေါ့။”

ရွာမီးရှို့ခံရလို ရွာသားနှစ်ထောင်ခန့်ဟာ မီးဘေးသင့်ပြီး ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းစစ်ဘေးရှောင်အကူညီပေးသူတဦးကပြောပါတယ်။

“စစ်ရှောင်အခြေအနေက ၄၈၂ ကျောင်းကိုရှောင်နေကြတယ်လို့သိရတယ်။ ပြီးတော့ရွာနားလေး အဲဒါကို ပြောင်းသွားကြတယ်လို့သိရတယ်။ တရွာလုံးနီးပါး မီးရှို့ခံရတဲ့အခါကျတော့။ ထောင်ဂဏန်းလောက်ရှိမယ်ဗျ။ လောလောဆယ် ရှောင်နေကြတော့။ (၂,၀၀၀) ဝန်းကျင်တော့ရှိမှာဗျ။ စားဝတ်နေရေးက တောထဲမှာလည်း နေနေကြတာရှိတယ်။ တချို့ဆိုလို့ ရှိ ရင် ကိုယ့်ဟာကိုယ် ရှောင်ကြတာပဲ။”

အရှေ့စီးကျေးရွာဟာ နေအိမ်ပေါင်း (၈၀၀) ကျော်ရှိပြီး ဒေသခံတွေကတော့ အားလုံးနီးပါးလောင် ကျွမ်းတယ်လို့ ပြောကြပေမယ့် အိမ်ခြေဘယ်လောက်အထိ လောင်ကျွမ်းခဲ့တာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရကတော့ အရှေ့စီးရွာမီးလောင်တာ မရှိဘူးလို့ပြောပါတယ်။

ဧပြီလ (၂၇) နေ့တုန်းက ကလေးမြို့နယ်တောင်ပိုင်း အရှေ့စီးကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်စဉ်အတွင်း နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေ မြစ်သာမြစ်ကို ဖြတ်ကူးစဉ် တံတားကျိုးကျလို့ လူ(၇) ဦးထက်မနည်း သေဆုံးမှုတွေဖြစ်ပွါးခဲ့ပါတယ်။

ဧပြီလ(၁၁) ရက်နေ့တုန်းကလည်း ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ နတ်ချောင်းကျေးရွာမီးရှို့ခံခဲ့ရပြီး ဧပြီလ (၁၂) ရက်နေ့မှာ အောင်ချမ်းသာရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ကျေးရွာကိုမီးရှို့တာမဟုတ်ဘဲ PDF စခန်းတွေကို ရှင်းလင်းတာလို့ ပြောဆိုခဲ့ပါတယ်။

ကလေးမြို့တောင်ဘက်ဒေသမှာ ဧပြီလ (၂၇) ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူဟာ မြစ်သာမြစ်တဘက်ကမ်းရှိ တောတောင်တွေမှာနဲ့ ဆွေမျိုးသားချင်းတွေဆီမှာ စစ်ဘေးရှောင်နေကြရပါတယ်။

==============

XS
SM
MD
LG