သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္ လြိဳင္လင္ေလးၿမိဳ႕နယ္တြင္း တိုက္ပြဲျဖစ္ပြား


စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းခဲ့တဲ့ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) KNDF တႏွစ္ျပည့္အထိမ္းအမွတ္ (ဓာတ္ပံု-Karenni Nationalities Defense Force B - 05)


[[Zawgyi/Unicode]]

ကယားျပည္နယ္ လြိဳင္လင္ေလးၿမိဳ႕နယ္ ထီးစဲခါးေက်းအုပ္စုေတြဘက္ ဇြန္လ ၂ ရက္ မေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြဟာ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး စစ္ေၾကာင္းဆင္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္နီေဒသခံအဖြဲ႕ေတြအၾကား ႏွစ္ဘက္ထိေတြ႔တိုက္ပြဲျဖစ္ခဲ့ပါတယ္။ လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ အရပ္သားျပည္သူ တဦးေသဆုံး၊ ၃ ဦးဒဏ္ရာရရွိၿပီး ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးသြားတယ္လို႔ ေဒသခံနဲ႔ KNDF က ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

လြိဳင္လင္ေလးၿမိဳ႕နယ္ ထီးစဲခါးေက်းအုပ္စုေတြဘက္ ဇြန္လ ၂ ရက္ မေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္ဖက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ၿပီး စစ္ေၾကာင္းဆင္လာတယ္လို႔ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ရဲ႕ ျပန္ၾကားေရးတာဝန္ခံ တဦးက ဗြီအိုေအကို ေျပာပါတယ္။ စစ္ေကာင္စီရဲ႕ လြိဳင္လင္ၿမိဳ႕အေျခစိုက္ (၅၃၀) တပ္ရင္းက ထီစဲခါးေက်း႐ြာအုပ္စု လင္ဖုံႀကီး႐ြာနဲ႔ ကုန္းမွီကို႐ြာဘက္ လက္နက္ႀကီးပစ္ခတ္ေနတာပါ။ မေန႔ကေန ဒီေန႔ မနက္ပိုင္းအထိ ေဒသခံ အရပ္သားျပည္သူ တဦးေသဆုံး၊ ၃ ဦးဒဏ္ရာရရွိၿပီး ေနအိမ္တခ်ိဳ႕ ထိခိုက္ပ်က္စီးသြားတယ္လို႔ ေျပာပါတယ္။

အဲ့ဒီေနာက္ မေန႔ညေန ၅ နာရီေလာက္မွာ စစ္ေကာင္စီနဲ႔ KNDF၊ ကရင္နီတပ္မေတာ္(KA) ပူးေပါင္းတို႔ၾကား ႏွစ္ဘက္ထိေတြ႔ တိုက္ပြဲျဖစ္ခဲ့တာလို႔ KNDF ျပန္ၾကားေရးတာဝန္ခံက အခုလို ေျပာပါတယ္။

“လင္ဖုံႀကီးဘက္ကို စစ္ေၾကာင္းထိုးလာတယ္ေပါ့ေနာ္။ ၿပီးေတာ့ စစ္ေၾကာင္းထိုးဖို႔ အရင္ သူတို႔ လမ္းရွင္းတာ လက္နက္ႀကီးနဲ႔ ရမ္းသမ္းပစ္တာ ၿပီးရင္ ႐ြာထဲမွာ ဝင္မီးရႈိ႕တယ္။ ၿပီးေတာ့ အဲ့မွာရွိတဲ့ KNDF တပ္ဖြဲ႔ေတြ၊ ကရင္နီတပ္မေတာ္ (KA) နဲ႔ေပါ့။ အဲ့လိုမ်ိဳးေတြ႕ၿပီးေတာ့ ႏွစ္ဘက္ထိေတြ႔တိုက္ပြဲေတြ ျဖစ္ၿပီးတဲ့ေနာက္မွာ လက္နက္ႀကီးနဲ႔ ထပ္ပစ္တယ္လို႔ ေျပာပါတယ္။ လက္နက္ႀကီးက မနက္အေစာႀကီးပိုင္းလည္း ပစ္တယ္။ ၿပီးေတာ့ ညေနပိုင္းမွာလည္း ဒါ ဟိုရမ္းသမ္းပစ္တယ္။ လက္နက္ႀကီးနဲ႔ ေက်း႐ြာေတြကို ဒါပစ္မွတ္ထားၿပီးေတာ့ ပစ္တဲ့အေနအထားျဖစ္ပါတယ္။ (ေဒသခံ)ဒဏ္ရာရတဲ့လူေတြက စုစုေပါင္း ၃ဦးေပါ့ေနာ္။ ၃ဦး ဒဏ္ရာရတယ္။ အမ်ိဳးသားတဦးကေတာ့ ဆုံးသြားတယ္ေပါ့ စုစုေပါင္း ၄ ဦးထိတာေပါ့ေနာ္။ အမ်ိဳးသားတဦးကေတာ့ ဆုံးသြားတယ္ခင္ဗ်။”

လတ္တေလာ လြိဳင္လင္ေလးၿမိဳ႕နယ္ဘက္က တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီကေတာ့ တစုံတရာ ထုတ္ျပန္ေၾကညာတာမ်ိဳး မေတြ႕ရေသးပါဘူး။

လက္နက္ႀကီးပစ္ခတ္မႈနဲ႔ တိုက္ပြဲအေျခအေနေၾကာင့္ လင္ဖုံႀကီးေက်း႐ြာ၊ ကုန္းမွီကိုေက်း႐ြာဘက္က ေဒသခံေတြ အိုးအိမ္စြန႔္ခြာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကတယ္လို႔ ေဒသခံက ေျပာပါတယ္။ ဒီေန႔မွာေတာ့ တိုက္ပြဲအေျခအေန ၿငိမ္သက္ေနေပမယ့္ အရပ္သားတဦး ႐ြာအျပန္မွာ ပစ္ခတ္ခံရတယ္လို႔ ေဒသခံက ေျပာပါတယ္။

“ဒီေန႔ကေတာ့ မျဖစ္ဘူး။ ဒီေန႔ကေတာ့ အဲ့သူတို႔ တပ္ရင္းနားက ျဖတ္တဲ့လူကိုေတာ့ ပစ္လိုက္ေသးတယ္၊ အဲ့ဒါေတာ့ ရွိတယ္။ ႏွစ္ဘက္ပစ္တာေတာ့ မရွိဘူးဗ်။ သိသေလာက္ကေတာ့ ဟိုေန႔က လက္နက္ႀကီးထိလို႔ တေယာက္ေတာ့ ဆုံးတယ္။ ဒီေန႔တေယာက္ေပါ့ေနာ္။ ဒီေန႔တေယာက္က မဆုံးဘူးဗ်၊ ဒီေန႔ တေယာက္က ဘယ္လက္ေကာက္ဝတ္နားေပါ့ (ဒဏ္ရာရ) ။ သူ႔အိမ္က အဲ့ဒီလြိဳင္လင္ေလးက ၅၃၀ တပ္ရွိတာေရာ သူ႔က အဲ့ဒီနဲ႔မလွမ္းမကမ္းမွာ ရွိတာ၊ အဲ့ဒါ သူ႔အိမ္ကို သြားၿပီးေတာ့ ပစၥည္းျပန္ယူတဲ့အခ်ိန္ ဟိုကလွမ္းပစ္လိုက္တာ။”

အလာတူ ကယားနယ္ထဲက ဖ႐ူဆိုၿမိဳ႕နယ္မွာလည္း မေန႔က တိုက္ပြဲျဖစ္ပြားေနပါတယ္။ ကယားနယ္ထဲက လြိဳင္ေကာ္၊ ေဘာလခဲ၊ ဒီးေမာ့ဆို၊ ဖ႐ူဆို စတဲ့ ၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီတပ္နဲ႔ ကရင္နီကာကြယ္ေရးပူးေပါင္းအဖြဲ႔ေတြၾကား မၾကားမၾကား ပစ္ခတ္မႈေနရွိေနတာပါ။ ေဒသခံေတြလည္း အခုခ်ိန္ထိ ဆက္လက္တိမ္းေရွာင္ေနၾကရၿပီး၊ အကူအညီေတြလည္း လိုအပ္ေနတယ္လို႔သိရပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========


[[Unicode]]

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ် ထီးစဲခါးကျေးအုပ်စုတွေဘက် ဇွန်လ ၂ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဆင်နေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသခံအဖွဲ့တွေအကြား နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံနဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

လွိုင်လင်လေးမြို့နယ် ထီးစဲခါးကျေးအုပ်စုတွေဘက် ဇွန်လ ၂ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းဆင်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ တဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ လွိုင်လင်မြို့အခြေစိုက် (၅၃၀) တပ်ရင်းက ထီစဲခါးကျေးရွာအုပ်စု လင်ဖုံကြီးရွာနဲ့ ကုန်းမှီကိုရွာဘက် လက်နက်ကြီးပစ်ခတ်နေတာပါ။ မနေ့ကနေ ဒီနေ့ မနက်ပိုင်းအထိ ဒေသခံ အရပ်သားပြည်သူ တဦးသေဆုံး၊ ၃ ဦးဒဏ်ရာရရှိပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

အဲ့ဒီနောက် မနေ့ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီနဲ့ KNDF၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတို့ကြား နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာလို့ KNDF ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။

“လင်ဖုံကြီးဘက်ကို စစ်ကြောင်းထိုးလာတယ်ပေါ့နော်။ ပြီးတော့ စစ်ကြောင်းထိုးဖို့ အရင် သူတို့ လမ်းရှင်းတာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာ ပြီးရင် ရွာထဲမှာ ဝင်မီးရှို့တယ်။ ပြီးတော့ အဲ့မှာရှိတဲ့ KNDF တပ်ဖွဲ့တွေ၊ ကရင်နီတပ်မတော် (KA) နဲ့ပေါ့။ အဲ့လိုမျိုးတွေ့ပြီးတော့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ လက်နက်ကြီးနဲ့ ထပ်ပစ်တယ်လို့ ပြောပါတယ်။ လက်နက်ကြီးက မနက်အစောကြီးပိုင်းလည်း ပစ်တယ်။ ပြီးတော့ ညနေပိုင်းမှာလည်း ဒါ ဟိုရမ်းသမ်းပစ်တယ်။ လက်နက်ကြီးနဲ့ ကျေးရွာတွေကို ဒါပစ်မှတ်ထားပြီးတော့ ပစ်တဲ့အနေအထားဖြစ်ပါတယ်။ (ဒေသခံ)ဒဏ်ရာရတဲ့လူတွေက စုစုပေါင်း ၃ဦးပေါ့နော်။ ၃ဦး ဒဏ်ရာရတယ်။ အမျိုးသားတဦးကတော့ ဆုံးသွားတယ်ပေါ့ စုစုပေါင်း ၄ ဦးထိတာပေါ့နော်။ အမျိုးသားတဦးကတော့ ဆုံးသွားတယ်ခင်ဗျ။”

လတ်တလော လွိုင်လင်လေးမြို့နယ်ဘက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ ထုတ်ပြန်ကြေညာတာမျိုး မတွေ့ရသေးပါဘူး။

လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲအခြေအနေကြောင့် လင်ဖုံကြီးကျေးရွာ၊ ကုန်းမှီကိုကျေးရွာဘက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမယ့် အရပ်သားတဦး ရွာအပြန်မှာ ပစ်ခတ်ခံရတယ်လို့ ဒေသခံက ပြောပါတယ်။

“ဒီနေ့ကတော့ မဖြစ်ဘူး။ ဒီနေ့ကတော့ အဲ့သူတို့ တပ်ရင်းနားက ဖြတ်တဲ့လူကိုတော့ ပစ်လိုက်သေးတယ်၊ အဲ့ဒါတော့ ရှိတယ်။ နှစ်ဘက်ပစ်တာတော့ မရှိဘူးဗျ။ သိသလောက်ကတော့ ဟိုနေ့က လက်နက်ကြီးထိလို့ တယောက်တော့ ဆုံးတယ်။ ဒီနေ့တယောက်ပေါ့နော်။ ဒီနေ့တယောက်က မဆုံးဘူးဗျ၊ ဒီနေ့ တယောက်က ဘယ်လက်ကောက်ဝတ်နားပေါ့ (ဒဏ်ရာရ) ။ သူ့အိမ်က အဲ့ဒီလွိုင်လင်လေးက ၅၃၀ တပ်ရှိတာရော သူ့က အဲ့ဒီနဲ့မလှမ်းမကမ်းမှာ ရှိတာ၊ အဲ့ဒါ သူ့အိမ်ကို သွားပြီးတော့ ပစ္စည်းပြန်ယူတဲ့အချိန် ဟိုကလှမ်းပစ်လိုက်တာ။”

အလာတူ ကယားနယ်ထဲက ဖရူဆိုမြို့နယ်မှာလည်း မနေ့က တိုက်ပွဲဖြစ်ပွားနေပါတယ်။ ကယားနယ်ထဲက လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကြား မကြားမကြား ပစ်ခတ်မှုနေရှိနေတာပါ။ ဒေသခံတွေလည်း အခုချိန်ထိ ဆက်လက်တိမ်းရှောင်နေကြရပြီး၊ အကူအညီတွေလည်း လိုအပ်နေတယ်လို့သိရပါတယ်။
===========

XS
SM
MD
LG