သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တယ္လီဖုန္းလိုင္းမ်ားျပတ္ေတာက္လို႔ မင္းတပ္ၿမိဳ႕ခံေတြအခက္ႀကဳံ


[[Zawgyi/Unicode]]

စစ္ေကာင္စီတပ္နဲ႔ ေဒသခံခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြ တိုက္ပြဲျဖစ္ပြါးေနတဲ့ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္ ထဲက တခ်ိဳ႕ေနရာေတြမွာ တယ္လီဖုန္းလိုင္းေတြ ျပတ္ေတာက္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ အင္တာနက္လိုင္းေတြ ျပတ္ေတာက္ေနတာကေတာ့ လနဲ႔ခ်ီၾကာေနပါၿပီ။ အခုလို ဆက္သြယ္ေရး ျပတ္ေတာက္ေနလို႔ မင္းတပ္ေဒသခံေတြ အခက္အခဲျဖစ္ေနၾကပါတယ္။ အဲဒီေဒသဘက္မွာ ဒီေန႔အထိလည္း တိုက္ပြဲေတြရွိေနတဲ့အေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက တင္ျပေပးထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္မွာ တယ္လီဖုန္းဆက္သြယ္မႈ ခက္ခဲ ျပတ္ေတာက္ေနတာ တပတ္နီးပါး႐ွိေနၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

မင္းတပ္ကေန မတူပီဘက္ကို စစ္တပ္အင္အား ျဖည့္တင္းလာတဲ့ မတ္လ ၂၆ ရက္ေန႔ကစလို႔ ဖုန္းလိုင္းေတြ မေကာင္းေနတာလို႔ မင္းတပ္ၿမိဳ႕ခံ ကိုမုန္နိုးကေျပာပါတယ္။

“ဖုန္းလိုင္း...တပါတ္ေလာက္ရွိၿပီ၊ ဖုန္းလိုင္းေတြကျပတ္ေနလို႔။ အခုက မင္းတပ္တၿမိဳ႕နယ္လုံးပဲ ေျပာပါတယ္။ဖုန္းလိုင္းက ဥပမာ မနက္ကို မိတယ္။ ညေနဆို မမိဘူး။ အဲဒါမ်ိဳးေတြျဖစ္ေနတယ္။ ေတာ္ေတာ္ မ်ားမ်ားက မနည္းဘူး။ ျပတ္ေနတယ္ေပါ့ေနာ။ ေတာ္ေတာ္မ်ားမ်ားက အခက္ခဲျဖစ္ပါတယ္။ သူတို႔ မတူပီစစ္ေၾကာင္း စစ္ယာဥ္တန္းတက္တဲ့ အေတာအတြင္းလို႔ ေျပာမလား။ အခု ဖုန္းလိုင္းေတြ ျပတ္ေနတဲ့အခါက်ေတာ့ ဆက္သြယ္ မရဘူးေပါ့ေလေနာ။ အင္တာနက္လိုင္း။’’

မင္းတပ္ၿမိဳ႕ထဲမွာ သူေျပာသလို ဖုန္းဆက္သြယ္ေခၚဆိုဖို႔ ခက္ခဲေနသလို မင္းတပ္ၿမိဳ႕အေနာက္ဘက္ျခမ္းေဒသတေလွ်ာက္မွာေတာ့ ဖုန္းလိုင္းေတြ လံုးဝျပတ္ေတာက္ေနတာပါ။ အထူးသျဖင့္ စစ္ေကာင္စီတပ္ေတြ သြားလာေနတဲ့ မင္းတပ္ မတူပီလမ္းတေလွ်ာက္မွာ ဖုန္းလိုင္းေတြ အျဖတ္ခံထားရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အင္တာနက္လိုင္းေတြ အဲဒီဘက္မွာျပတ္ေတာက္ေနတာ လနဲ႔ခ်ီၾကာေနပါၿပီ။ ဒါနဲ႔ပတ္သက္လို႔ ခ်င္းနိုင္ငံေရးေလ့လာသူ ကိုေထာင္ရ္က အခုလိုေျပာပါတယ္။

“အဓိကေတာ့ ဒီမင္းတပ္-မတူပီလမ္းမွာက စစ္ေကာင္စီယာဥ္တန္းက ဟိုအရင္တေခါက္ကဆိုရင္လည္း မတူပီဘက္ကို ရိကၡာပို႔ရင္းနဲ႔ ခ်ီတက္တဲ့ဟာရွိတယ္။ အဲဒီတုန္းကလည္း ေတာ္ေတာ္ေလး တိုက္ခိုက္ခံခဲ့ရတယ္ေပါ့ေနာ္။ ေတာ္ေတာ္ေလး အထိနာခဲ့တဲ့ဟာေလးေတြရွိတယ္။ အခုတေခါက္လည္း သူတို႔ မင္းတပ္ဘက္ကေန မတူပီဘက္ကို စစ္အင္အား ျဖည့္တင္းဖို႔အတြက္ အခု သူတို႔ကသြားေနတယ္ဆိုေတာ့ အဲဒါကို ျပန္ၿပီးေတာ့အတိုက္ ခိုက္ခံရမွာကို သူတို႔ကႀကိဳတြက္ၿပီးသား။ သူတို႔အထိမနာရေအာင္ဆိုၿပီးေတာ့ ဆက္သြယ္ေရးလိုင္း အင္တာနက္ လိုင္းအျပင္ အခုဆိုရင္ ဖုန္းလိုင္းေတြ သူတို႔ပိတ္လိုက္တယ္။ ပိတ္လိုက္တဲ့အတြက္ေၾကာင့္မို႔လို႔ ကာကြယ္ေရးတပ္ဘက္ကေန သူတို႔ရဲ႕ စစ္ေရးအရ ညႊန္ၾကားမွဳေတြက ဒီအခ်ိတ္အဆက္က ဒီအားနည္းသြားမယ့္ဟာေလးေတြ ျဖစ္လာတယ္ေပါ့ေနာ္။ ဆိုေတာ့ ေရွ႕တန္းနဲ႔ ေနာက္တန္း အခ်ိတ္ဆက္ေလးေတြ နည္းနည္းေလးျဖစ္လာတယ္ေပါ့။ စစ္ေကာင္စီကေန ဆက္သြယ္ေရးလုပ္ငန္းေတြကို သူျဖတ္လိုက္တာလို႔- အဲဒီလိုေတာ့ သုံးသပ္ရတာေပါ့ေနာ္။’’

တယ္လီဖုန္း အင္တာနက္လိုင္းျဖတ္ေတာက္ခံရတဲ့အတြက္ ဆက္သြယ္ေရးလိုင္းနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္တဲ့ လုပ္ငန္းေတြ အခက္ေတြ႔လာတယ္လို႔ ကိုေထာင္ကပဲ ဆက္ေျပာပါတယ္။

“အင္တာနက္လု္ိင္းေတြ၊ ဖုန္းလိုင္းေတြအျဖတ္ခံရေတာ့ ေတာ္ေတာ္ေလး ဒီ ေဒသခံေတြအတြက္က ဒုကၡေရာက္ တာေတာ့ ေသခ်ာတာေပါ့။ အခုခ်ိန္မွာက လူတိုင္းက ဖုန္းနဲ႔အင္တာနက္နဲ႔ အဲဒီလိုမ်ိဳးေတြနဲ႔ အသုံးျပဳေနတဲ့သူျဖစ္ တယ္ေပါ့ေနာ္။ Online ကေန အလုပ္လုပ္တဲ့သူေတြေရာ ဒီဖုန္းအသုံးျပဳၿပီးေတာ့ စီးပြါးကူးသန္းေရာင္းဝယ္တဲ့သူေတြ အမ်ားႀကီး ရွိတယ္ေလ။ ဆက္သြယ္ေရးလိုင္းေတြျဖတ္ေတာက္ခံရရင္ေတာ့ သူတို႔ရဲ႕လုပ္ငန္းေတြ ပိုၿပီးေတာ့ရပ္ တန္႔သြားမယ့္ အလားအလာေတြ ၾကံဳရမွာေပါ့ေနာ္။”

အခုလို ဆက္သြယ္ေရးေတြျပတ္ေနလို႔ ေဒသခံေတြ အခက္အခဲျဖစ္ေနခ်ိန္မွာ ေနာက္ထပ္အခက္အခဲတခုကေတာ့ အစားေသာက္ေတြကို အကန္႔အသတ္နဲ႔သာ မင္းတပ္ၿမိဳ႕ထဲကို သယ္ေဆာင္ႏိုင္တာျဖစ္ပါတယ္။ မင္းတပ္ၿမိဳ႕ခံေတြအေနနဲ႔ စားနပ္ရိကၡာေတြကို အကန္႔အသတ္နဲ႔သာ သယ္ေဆာင္ခြင့္ရတဲ့ အေျခအေနကို ကိုမုန္နိုးက ခုလိုေျပာျပပါတယ္။

“အခုစားေသာက္ကုန္ေတြ စစ္တပ္ကၿမိဳ႕ထဲကို သယ္ခြင့္မျပဳဘူး။ အကန္႔အသတ္နဲ႔ပဲ သယ္ခြင့္ျပဳတယ္ေပါ့ေနာ္။ယာမကာေတြဆိုလည္း..အရက္ဘီယာေပါ့ေနာ္။ အဲဒါေတြလည္း သယ္ခြင့္မျပဳဘူး။ ေနာက္ၿပီး တျခား စားေသာက္ကုန္ေတြ.. ဆန္ ဆီ ဆား အေျခခံ စားေသာက္ကုန္ေပါ့ေနာ္။ အဲဒါမ်ိဳးေတြလည္း အကန္႔အသတ္နဲ႔ပဲ သယ္ခြင့္ျပဳတယ္။’’

စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကားမွာေတာ့ တိုက္ပြဲေတြ ဒီေန႔ မတ္လ ၂၉ ရက္ေန႔ အထိ ဆက္ၿပီး႐ွိေနပါတယ္။ မင္းတပ္ၿမိဳ႕ထဲက ဗိုလ္မွဴးဟာရွိန္းေရကန္အနီးနဲ႔ မင္းတပ္-မတူပီ ကားလမ္းေပၚမွာ တိုက္ပြဲေတြျဖစ္ခဲ့တယ္လို႔ CDF အဖြဲ႕မင္းတပ္ရဲ႕ ျပန္ၾကားေရးအဖြဲ႔ဝင္ ဆလိုင္းေယာမာန္ က အခုလို ေျပာပါတယ္။

“မင္းတပ္ၿမိဳ႕ေပၚမွာလည္း ဒီေန႔ တိုက္ပြဲျဖစ္ပြါးတယ္။ ၿမိဳ႕ေပၚ ဗိုလ္မွဴးဟာရွိန္းေရကန္လို႕ေခၚတာေပ့ါေနာ္။ အဲဒီ ေရကန္အနားမွာ အဓိကေတာ့ျပန္ျပင္ၾကတယ္။ ျပင္ေနတာကို လုံျခံဳေရးယူေပးေနတဲ့တပ္ကရွိတယ္။ မနက္က သြားပစ္တာ တပ္ဘက္က ႏွစ္ဦးေသ၊ ႏွစ္ဦးဒဏ္ရာရတယ္လို႕ေျပာတယ္ဗ်။ မင္းတပ္-မတူပီလမ္းမွာလည္း စစ္ေကာင္စီယာဥ္တန္းကိုေနာ္။ ယာဥ္တန္းေရွ႕ကလာတဲ့ေရွ႕ေျပးေတြေပါ့ေလ။ အဲဒါကိုတိုက္ခိုက္တာေပါ့။ ဒီေန႕မနက္ေပါ့ေနာ္။ (၁၀) (၁၁)ဝန္းက်င္မွာ မိုင္းခြဲတာေရာ ပစ္ခတ္တာေရာေပါ့ေနာ္၊ အဲဒီလိုလုပ္တာမွာ စကခ (၁၅) ေယာက္ေလာက္ေတာ့ က်ဆုံးတယ္လို႔ ေျပာတယ္ခင္ဗ်။ တိုက္ပြဲက (၂၆) ရက္ေန႔က စတာပါ။ (၂၆) ရက္ေန႔မွာလည္း တိုက္ပြဲျဖစ္တယ္။ စကခ (၁၅) ဦးေလာက္ေတာ့ က်တယ္ေပါ့ေနာ္။ (၂၉) မိုင္မွာေပါ့ေနာ္။ (၂၈) မွာလည္း တိုက္ပြဲျဖစ္တယ္။ အက်ဆုံးေတာ့မသိရဘူး။’’

မေကြးတုိင္း၊ ေက်ာက္ထုၿမိဳ႕ကေန မင္းတပ္ျမိဳ႕ကို ေရာက္ရွိလာတဲ့ တင့္ကား ၂ စီးနဲ႔ ကားအစီး ၈၀ ေက်ာ္ပါတဲ့ စစ္ေကာင္စီယာဥ္တန္းဟာ မတူပီၿမိဳ႕ကို မတ္လ ၂၅ ရက္ေန႔ကစၿပီး စစ္ေၾကာင္းခ်ီသြားေနတာျဖစ္ၿပီး လမ္းေၾကာတေလွ်ာက္မွာ CDF-Mindat တပ္ဖြဲ႔ႏွင့္ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ သူကေျပာပါတယ္။ စစ္ေကာင္စီတပ္နဲ႔ မင္းတပ္ခ်င္းကာကြယ္ေရး CDF အဖြဲ႔ေတြၾကား တိုက္ပြဲေၾကာင့္ ေဒသခံရြာသား ေသာင္းခ်ီ စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရတယ္လို႔ မင္းတပ္စစ္ေဘးေရွာင္ေကာ္မီတီဝင္ေတြက ေျပာပါတယ္။ ခ်င္းျပည္နယ္အတြင္း မင္းတပ္၊ ကန္ပက္လက္၊ မတူပီ၊ ဟားခါး၊ ထန္တလန္၊ ဖလမ္း၊ တီးတိန္ စတဲ့ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ႐ွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

တယ်လီဖုန်းလိုင်းများပြတ်တောက်လို့ မင်းတပ်မြို့ခံတွေအခက်ကြုံ

စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေး CDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပွါးနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ထဲက တချို့နေရာတွေမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကတော့ လနဲ့ချီကြာနေပါပြီ။ အခုလို ဆက်သွယ်ရေး ပြတ်တောက်နေလို့ မင်းတပ်ဒေသခံတွေ အခက်အခဲဖြစ်နေကြပါတယ်။ အဲဒီဒေသဘက်မှာ ဒီနေ့အထိလည်း တိုက်ပွဲတွေရှိနေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တယ်လီဖုန်းဆက်သွယ်မှု ခက်ခဲ ပြတ်တောက်နေတာ တပတ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်ကနေ မတူပီဘက်ကို စစ်တပ်အင်အား ဖြည့်တင်းလာတဲ့ မတ်လ ၂၆ ရက်နေ့ကစလို့ ဖုန်းလိုင်းတွေ မကောင်းနေတာလို့ မင်းတပ်မြို့ခံ ကိုမုန်နိုးကပြောပါတယ်။

“ဖုန်းလိုင်း...တပါတ်လောက်ရှိပြီ၊ ဖုန်းလိုင်းတွေကပြတ်နေလို့။ အခုက မင်းတပ်တမြို့နယ်လုံးပဲ ပြောပါတယ်။ဖုန်းလိုင်းက ဥပမာ မနက်ကို မိတယ်။ ညနေဆို မမိဘူး။ အဲဒါမျိုးတွေဖြစ်နေတယ်။ တော်တော် များများက မနည်းဘူး။ ပြတ်နေတယ်ပေါ့နော။ တော်တော်များများက အခက်ခဲဖြစ်ပါတယ်။ သူတို့ မတူပီစစ်ကြောင်း စစ်ယာဉ်တန်းတက်တဲ့ အတောအတွင်းလို့ ပြောမလား။ အခု ဖုန်းလိုင်းတွေ ပြတ်နေတဲ့အခါကျတော့ ဆက်သွယ် မရဘူးပေါ့လေနော။ အင်တာနက်လိုင်း။’’

မင်းတပ်မြို့ထဲမှာ သူပြောသလို ဖုန်းဆက်သွယ်ခေါ်ဆိုဖို့ ခက်ခဲနေသလို မင်းတပ်မြို့အနောက်ဘက်ခြမ်းဒေသတလျှောက်မှာတော့ ဖုန်းလိုင်းတွေ လုံးဝပြတ်တောက်နေတာပါ။ အထူးသဖြင့် စစ်ကောင်စီတပ်တွေ သွားလာနေတဲ့ မင်းတပ် မတူပီလမ်းတလျှောက်မှာ ဖုန်းလိုင်းတွေ အဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်တာနက်လိုင်းတွေ အဲဒီဘက်မှာပြတ်တောက်နေတာ လနဲ့ချီကြာနေပါပြီ။ ဒါနဲ့ပတ်သက်လို့ ချင်းနိုင်ငံရေးလေ့လာသူ ကိုထောင်ရ်က အခုလိုပြောပါတယ်။

“အဓိကတော့ ဒီမင်းတပ်-မတူပီလမ်းမှာက စစ်ကောင်စီယာဉ်တန်းက ဟိုအရင်တခေါက်ကဆိုရင်လည်း မတူပီဘက်ကို ရိက္ခာပို့ရင်းနဲ့ ချီတက်တဲ့ဟာရှိတယ်။ အဲဒီတုန်းကလည်း တော်တော်လေး တိုက်ခိုက်ခံခဲ့ရတယ်ပေါ့နော်။ တော်တော်လေး အထိနာခဲ့တဲ့ဟာလေးတွေရှိတယ်။ အခုတခေါက်လည်း သူတို့ မင်းတပ်ဘက်ကနေ မတူပီဘက်ကို စစ်အင်အား ဖြည့်တင်းဖို့အတွက် အခု သူတို့ကသွားနေတယ်ဆိုတော့ အဲဒါကို ပြန်ပြီးတော့အတိုက် ခိုက်ခံရမှာကို သူတို့ကကြိုတွက်ပြီးသား။ သူတို့အထိမနာရအောင်ဆိုပြီးတော့ ဆက်သွယ်ရေးလိုင်း အင်တာနက် လိုင်းအပြင် အခုဆိုရင် ဖုန်းလိုင်းတွေ သူတို့ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ကာကွယ်ရေးတပ်ဘက်ကနေ သူတို့ရဲ့ စစ်ရေးအရ ညွှန်ကြားမှုတွေက ဒီအချိတ်အဆက်က ဒီအားနည်းသွားမယ့်ဟာလေးတွေ ဖြစ်လာတယ်ပေါ့နော်။ ဆိုတော့ ရှေ့တန်းနဲ့ နောက်တန်း အချိတ်ဆက်လေးတွေ နည်းနည်းလေးဖြစ်လာတယ်ပေါ့။ စစ်ကောင်စီကနေ ဆက်သွယ်ရေးလုပ်ငန်းတွေကို သူဖြတ်လိုက်တာလို့- အဲဒီလိုတော့ သုံးသပ်ရတာပေါ့နော်။’’

တယ်လီဖုန်း အင်တာနက်လိုင်းဖြတ်တောက်ခံရတဲ့အတွက် ဆက်သွယ်ရေးလိုင်းနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့ လုပ်ငန်းတွေ အခက်တွေ့လာတယ်လို့ ကိုထောင်ကပဲ ဆက်ပြောပါတယ်။

“အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေအဖြတ်ခံရတော့ တော်တော်လေး ဒီ ဒေသခံတွေအတွက်က ဒုက္ခရောက် တာတော့ သေချာတာပေါ့။ အခုချိန်မှာက လူတိုင်းက ဖုန်းနဲ့အင်တာနက်နဲ့ အဲဒီလိုမျိုးတွေနဲ့ အသုံးပြုနေတဲ့သူဖြစ် တယ်ပေါ့နော်။ Online ကနေ အလုပ်လုပ်တဲ့သူတွေရော ဒီဖုန်းအသုံးပြုပြီးတော့ စီးပွါးကူးသန်းရောင်းဝယ်တဲ့သူတွေ အများကြီး ရှိတယ်လေ။ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ခံရရင်တော့ သူတို့ရဲ့လုပ်ငန်းတွေ ပိုပြီးတော့ရပ် တန့်သွားမယ့် အလားအလာတွေ ကြုံရမှာပေါ့နော်။”

အခုလို ဆက်သွယ်ရေးတွေပြတ်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေချိန်မှာ နောက်ထပ်အခက်အခဲတခုကတော့ အစားသောက်တွေကို အကန့်အသတ်နဲ့သာ မင်းတပ်မြို့ထဲကို သယ်ဆောင်နိုင်တာဖြစ်ပါတယ်။ မင်းတပ်မြို့ခံတွေအနေနဲ့ စားနပ်ရိက္ခာတွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ရတဲ့ အခြေအနေကို ကိုမုန်နိုးက ခုလိုပြောပြပါတယ်။

“အခုစားသောက်ကုန်တွေ စစ်တပ်ကမြို့ထဲကို သယ်ခွင့်မပြုဘူး။ အကန့်အသတ်နဲ့ပဲ သယ်ခွင့်ပြုတယ်ပေါ့နော်။ယာမကာတွေဆိုလည်း..အရက်ဘီယာပေါ့နော်။ အဲဒါတွေလည်း သယ်ခွင့်မပြုဘူး။ နောက်ပြီး တခြား စားသောက်ကုန်တွေ.. ဆန် ဆီ ဆား အခြေခံ စားသောက်ကုန်ပေါ့နော်။ အဲဒါမျိုးတွေလည်း အကန့်အသတ်နဲ့ပဲ သယ်ခွင့်ပြုတယ်။’’

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြားမှာတော့ တိုက်ပွဲတွေ ဒီနေ့ မတ်လ ၂၉ ရက်နေ့ အထိ ဆက်ပြီးရှိနေပါတယ်။ မင်းတပ်မြို့ထဲက ဗိုလ်မှူးဟာရှိန်းရေကန်အနီးနဲ့ မင်းတပ်-မတူပီ ကားလမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ CDF အဖွဲ့မင်းတပ်ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဆလိုင်းယောမာန် က အခုလို ပြောပါတယ်။

“မင်းတပ်မြို့ပေါ်မှာလည်း ဒီနေ့ တိုက်ပွဲဖြစ်ပွါးတယ်။ မြို့ပေါ် ဗိုလ်မှူးဟာရှိန်းရေကန်လို့ခေါ်တာပေ့ါနော်။ အဲဒီ ရေကန်အနားမှာ အဓိကတော့ပြန်ပြင်ကြတယ်။ ပြင်နေတာကို လုံခြုံရေးယူပေးနေတဲ့တပ်ကရှိတယ်။ မနက်က သွားပစ်တာ တပ်ဘက်က နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရတယ်လို့ပြောတယ်ဗျ။ မင်းတပ်-မတူပီလမ်းမှာလည်း စစ်ကောင်စီယာဉ်တန်းကိုနော်။ ယာဉ်တန်းရှေ့ကလာတဲ့ရှေ့ပြေးတွေပေါ့လေ။ အဲဒါကိုတိုက်ခိုက်တာပေါ့။ ဒီနေ့မနက်ပေါ့နော်။ (၁၀) (၁၁)ဝန်းကျင်မှာ မိုင်းခွဲတာရော ပစ်ခတ်တာရောပေါ့နော်၊ အဲဒီလိုလုပ်တာမှာ စကခ (၁၅) ယောက်လောက်တော့ ကျဆုံးတယ်လို့ ပြောတယ်ခင်ဗျ။ တိုက်ပွဲက (၂၆) ရက်နေ့က စတာပါ။ (၂၆) ရက်နေ့မှာလည်း တိုက်ပွဲဖြစ်တယ်။ စကခ (၁၅) ဦးလောက်တော့ ကျတယ်ပေါ့နော်။ (၂၉) မိုင်မှာပေါ့နော်။ (၂၈) မှာလည်း တိုက်ပွဲဖြစ်တယ်။ အကျဆုံးတော့မသိရဘူး။’’

မကွေးတိုင်း၊ ကျောက်ထုမြို့ကနေ မင်းတပ်မြို့ကို ရောက်ရှိလာတဲ့ တင့်ကား ၂ စီးနဲ့ ကားအစီး ၈၀ ကျော်ပါတဲ့ စစ်ကောင်စီယာဉ်တန်းဟာ မတူပီမြို့ကို မတ်လ ၂၅ ရက်နေ့ကစပြီး စစ်ကြောင်းချီသွားနေတာဖြစ်ပြီး လမ်းကြောတလျှောက်မှာ CDF-Mindat တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ မင်းတပ်ချင်းကာကွယ်ရေး CDF အဖွဲ့တွေကြား တိုက်ပွဲကြောင့် ဒေသခံရွာသား သောင်းချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ မင်းတပ်စစ်ဘေးရှောင်ကော်မီတီဝင်တွေက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲတွေ ရှိနေပါတယ်။

================

XS
SM
MD
LG