သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္း ပင္လည္ဘူးၿမိဳ႕နယ္တြင္း တိုက္ပြဲျပင္းထန္ ႏွစ္ဖက္ထိခိုက္မႈရွိ


စစ္ကိုင္းတုိင္း၊ ပင္လည္ဘူးၿမိဳ႕နယ္တိုက္ပြဲျဖစ္ရာ ႏြယ္လိန္ေက်းရြာနဲ႔ ေလယာဥ္နဲ႔စစ္ကူခ်ေပးတယ္ဆိုတဲ့ ေက်ာက္အင္းကုန္းေက်းရြာ။ (MIMU)

[[Zawgyi/unicode]]

ဖုန္းဆက္သြယ္မႈ၊ အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ခံထားရတဲ့ စစ္ကိုင္းတိုင္း ပင္လည္ဘူးၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္းတပ္ေတြအၾကား ဒီရက္ပိုင္းတိုက္ပြဲ ျပင္းျပင္းထန္ထန္ျဖစ္ခဲ့ၿပီး ႏွစ္ဘက္ ထိခိုက္က်ဆုံးမႈေတြ ျဖစ္ခဲ့ပါတယ္။ တိုက္ပြဲေတြအတြင္း စစ္ေကာင္စီဘက္က ေလေၾကာင္းကေနပါ တိုက္ခိုက္ခဲ့တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ ဒီသတင္းကိုေတာ့ ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတုိင္း ပင္လည္ဘူးၿမိဳ႕နယ္မွာ စစ္ေကာင္စီတပ္နဲ႔ KIA ၊ PDF ပူးေပါင္းတပ္ေတြၾကား မတ္ ၂၉ ရက္ေန႔ ကတည္းက စတင္ တုိက္ပဲြျဖစ္ခဲ့တယ္လို႔ စစ္ေကာင္စီက ဧၿပီ ၁၁ ရက္ေန႔က သတင္းထုတ္ျပန္ပါတယ္။ ဧၿပီလ ၃ ရက္နဲ႔ ၄ ရက္ေန႔ေတြမွာေတာ့ ႏြယ္လိန္ေက်းရြာအနီးမွာ စခန္းခ်ထားတဲ့ KIA နဲ႔ PDF ပူးေပါင္း တပ္စခန္းေတြကို စစ္ေကာင္စီတပ္က တိုက္ခိုက္ခဲ့ေၾကာင္းနဲ႔ ဒီလိုတုိက္ခုိက္စဥ္ KIA နဲ႔ PDF ပူးေပါင္းတပ္ေတြက ပင္လည္ဘူးၿမိဳ႕က နယ္ေျမရဲစခန္းနဲ႔ လံုၿခံဳေရးတပ္ဖဲြ႔ေတြကို သာလြန္အင္အားနဲ႔ ဝင္ေရာက္တုိက္ခုိက္ခဲ့တယ္လုိ႔ သတင္းမွာ ေဖာ္ျပပါတယ္။ စစ္ေကာင္စီတပ္ေတြဘက္က ဧၿပီလ ၉ ရက္ေန႔မွာ ပင္လည္ဘူးၿမိဳ႕ကို ပိတ္ဆို႔ တိုက္ခုိက္ခဲ့ၿပီးေနာက္ ၁၀ ရက္ေန႔မွာေတာ့ KIA နဲ႔ PDF ပူးေပါင္းတပ္ေတြ ဆုတ္ခြာသြားတယ္လို႔ ေျပာထားပါတယ္။

ဒီတိုက္ပဲြေတြအတြင္းမွာ စစ္ေကာင္စီတပ္ဘက္က ထိခုိက္က်ဆံုးတာ ႐ွိခဲ့တယ္လို႔ ေျပာၿပီး အတိအက် မေဖာ္ျပေပမဲ့ KIA၊ PDF ပူးေပါင္းတပ္ဘက္က အေလာင္း ၈ ေလာင္းနဲ႔ လက္နက္ ခဲယမ္းေတြ သိမ္းဆည္းရမိေၾကာင္း စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ပါတယ္။ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္ခ်က္မွာ KIA နဲ႔ PDF ပူးေပါင္းတပ္ဖဲြ႔ေတြဟာ ႏိုင္ငံပိုင္အေဆာက္အဦးေတြ၊ အမ်ားျပည္သူနဲ႔ သက္ဆုိင္တဲ့ ေဆးရံု၊ ေက်ာင္း၊ လူေနအိမ္ စတာေတြကို အကာအကြယ္ယူ တုိက္ခိုက္ ဂ်နီဗာကြန္ဗန္းရွင္းနဲ႔ အျပည္ျပည္ဆိုင္ရာ ဥပေဒအရ စစ္ရာဇဝတ္မႈေျမာက္ေၾကာင္း စြပ္စဲြထားပါတယ္။ PDF တပ္ဖဲြ႔ေတြဘက္ကလည္း စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္ တဲ့ အတြက္ လူေနအိမ္ေတြကို ထိခိုက္ပ်က္စီးတယ္လို႔ ေျပာပါတယ္။ အရပ္သားေတြလည္း ပစ္သတ္ခံရတယ္လို႔ ခုလိုေျပာပါတယ္။

“တိုက္တာကေတာ့ သိမ္းဖုိ႔ရာ တုိက္တာပါပဲ။ သို႔ေသာ္ ေလယာဥ္ပစ္ကူလာတဲ့အခါက်ေတာ့ ျပန္ဆုတ္ရတာေပါ့။ ကြင္းျပင္မွာက်ေတာ့ အထိနည္းနည္းနာၾကမွာစိုးလုိ႔။ အဲဒီရဲစခန္းဝင္းမွာ ေျခကုပ္ယူထားတာေလ။ ေျခကုပ္ယူထားတဲ့အခါ PDF ေတြ ဝင္ခ်တဲ့အခါက်ေတာ့ သူတုိ႔က ေလယာဥ္နဲ႔ ဗံုးလာၾကဲတဲ့အခါက်ေတာ့ လူေနအိမ္ေတြ အေတာ္ မ်ားမ်ား ပ်က္စီးသြားတာပဲ။ အိမ္ေျခ ၂၀ ေလာက္ရိွမယ္ဗ်။ ထိခိုက္မႈက်ေတာ့ အရပ္သားမွာ တအားၾကီး မထိဘူးဗ်။ အဲဒီေက်ာက္အင္းကုန္းဆုိတဲ့ရြာမွာ ေလယာဥ္နဲ႔ စစ္ကူလာခ်တဲ့ေန႔ကေတာ့ အရပ္သား ၃ ေယာက္ကိုေတာ့ ပစ္သတ္သြားတာေပါ့။ စစ္ေကာင္စီက ပစ္သတ္သြားတာ။”

အရပ္သားေသဆံုးမႈနဲ႔႔ပတ္သက္လို႔ ဗီြအိုေအက သီးျခား အတည္ျပဳႏိုင္ျခင္း မ႐ွိေသးပါဘူး။ တုိက္ပဲြျဖစ္ပြားတဲ့ ဧၿပီ ၇ ေန႔ကေန ၁၀ ရက္ေန႔အထိ စစ္တပ္က ေလေၾကာင္းကေန အၾကိမ္ၾကိမ္တုိက္ခုိက္ခဲ့ေၾကာင္းနဲ႔ ေဒသခံရြာသားေတြ ေထာင္ခ်ီတိမ္းေရွာင္ေနရေၾကာင္း ေျပာပါတယ္။ ပင္လည္ဘူးဘက္မွာ အခု ၁ ရက္ ၂ ရက္အတြင္း တုိက္ပဲြေတြ ၿငိမ္သက္ေနေပမယ့္ ေကာလင္း၊ ဝန္းသိုဘက္မွာ တိုက္ပဲြျဖစ္ပြားေနတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဗီအုိေအအေနနဲ႔ေတာ့ အဲဒီဘက္ ဆက္သြယ္လုိ႔ မရလို႔ အတည္မျပဳႏိုင္ေသးပါဘူး။

KIA ရဲ့ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မႉးႀကီးေနာ္ဘူကေတာ့ ပင္လည္ဘူးတိုက္ပဲြျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေအာက္ေျခက တရား၀င္ သတင္းပို႔လာတာ မရိွေၾကာင္း ေျပာပါတယ္။

“အဲဒီသတင္းကေတာ့ က်ေနာ္တုိ႔ဆီမွာ မတက္ဘူးခင္ဗ်။ လိုင္းေပၚမွာေတာ့တက္တယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ တရားဝင္သတင္းတက္တာ မရိွဘူး။ အဲဒါ က်ေနာ္တုိ႔လည္း အတည္ျပဳေျပာလုိ႔ မရဘူး။ စစ္ကိုင္းတုိင္း နယ္စပ္ဘက္ကမွာကေတာ့ က်ေနာ္တုိ႔ လူေတြ လႊတ္ထားတာေတာ့ အမ်ားၾကီး ရိွတယ္။ စစ္ကိုင္းတိုင္းအစပ္က PDF ေတြနဲ႔ ပူးေပါင္းၿပီးမွ ေပါ့ေနာ္။ လုပ္ငန္းဝင္တာ အမ်ားႀကီးရိွတယ္။ ဆုိေတာ့ သူတုိ႔ ေရွ႕တန္းက တပ္မႉးေတြ ဝင္ခုိင္းသလား အဲဒါေတာ့ မသိဘူး။ ဒါေပမဲ့ က်ေနာ္တုိ႔ ဒီကေန၊ ဗဟုိကေန တိုက္ရိုက္ ကြပ္ကဲတာေတာ့ မရိွဘူး။”

KIA က ဗိုလ္တေယာက္က်ဆံုးတယ္လို႔သတင္းေတြ အြန္လိုင္းမွာေတြ႔ရေပမယ့္ ဒါကိုလည္း အတည္ျပဳခ်က္ မေပးႏုိင္ဘူးလုိ႔ ဗိုလ္မွဴးႀကီးေနာ္ဘူကေျပာပါတယ္။ စစ္ကိုင္းတုိင္း အထက္ပိုင္း ပင္လည္ဘူး၊ ေကာလင္း၊ ဝန္းသို စတဲ့ၿမိဳ႕နယ္ေတြမွာ ၂၀၂၁ ခုႏွစ္ ႏွစ္လယ္ပိုင္းက စတင္ၿပီး တိုက္ပဲြေတြျပင္းထန္ခဲ့သလို စက္တင္ဘာလအတြင္းမွာ ဖုန္း၊ အင္တာနက္ စတဲ့ ဆက္သြယ္ေရးလုိင္းေတြကို ျဖတ္ေတာက္ခဲ့တာေၾကာင့္ သတင္းရယူဖို႔ အခက္အခဲေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[unicode]]

စစ်ကိုင်း ပင်လည်ဘူးမြို့နယ်တွင်း တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်မှုရှိ

ဖုန်းဆက်သွယ်မှု၊ အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းတိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား မတ် ၂၉ ရက်နေ့ ကတည်းက စတင် တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ကောင်စီက ဧပြီ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာတော့ နွယ်လိန်ကျေးရွာအနီးမှာ စခန်းချထားတဲ့ KIA နဲ့ PDF ပူးပေါင်း တပ်စခန်းတွေကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီလိုတိုက်ခိုက်စဉ် KIA နဲ့ PDF ပူးပေါင်းတပ်တွေက ပင်လည်ဘူးမြို့က နယ်မြေရဲစခန်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို သာလွန်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်တွေဘက်က ဧပြီလ ၉ ရက်နေ့မှာ ပင်လည်ဘူးမြို့ကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီးနောက် ၁၀ ရက်နေ့မှာတော့ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ဆုတ်ခွာသွားတယ်လို့ ပြောထားပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးတာ ရှိခဲ့တယ်လို့ ပြောပြီး အတိအကျ မဖော်ပြပေမဲ့ KIA၊ PDF ပူးပေါင်းတပ်ဘက်က အလောင်း ၈ လောင်းနဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ နိုင်ငံပိုင်အဆောက်အဦးတွေ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ ကျောင်း၊ လူနေအိမ် စတာတွေကို အကာအကွယ်ယူ တိုက်ခိုက် ဂျနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုမြောက်ကြောင်း စွပ်စွဲထားပါတယ်။ PDF တပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက် တဲ့ အတွက် လူနေအိမ်တွေကို ထိခိုက်ပျက်စီးတယ်လို့ ပြောပါတယ်။ အရပ်သားတွေလည်း ပစ်သတ်ခံရတယ်လို့ ခုလိုပြောပါတယ်။

“တိုက်တာကတော့ သိမ်းဖို့ရာ တိုက်တာပါပဲ။ သို့သော် လေယာဉ်ပစ်ကူလာတဲ့အခါကျတော့ ပြန်ဆုတ်ရတာပေါ့။ ကွင်းပြင်မှာကျတော့ အထိနည်းနည်းနာကြမှာစိုးလို့။ အဲဒီရဲစခန်းဝင်းမှာ ခြေကုပ်ယူထားတာလေ။ ခြေကုပ်ယူထားတဲ့အခါ PDF တွေ ဝင်ချတဲ့အခါကျတော့ သူတို့က လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အခါကျတော့ လူနေအိမ်တွေ အတော် များများ ပျက်စီးသွားတာပဲ။ အိမ်ခြေ ၂၀ လောက်ရှိမယ်ဗျ။ ထိခိုက်မှုကျတော့ အရပ်သားမှာ တအားကြီး မထိဘူးဗျ။ အဲဒီကျောက်အင်းကုန်းဆိုတဲ့ရွာမှာ လေယာဉ်နဲ့ စစ်ကူလာချတဲ့နေ့ကတော့ အရပ်သား ၃ ယောက်ကိုတော့ ပစ်သတ်သွားတာပေါ့။ စစ်ကောင်စီက ပစ်သတ်သွားတာ။”

အရပ်သားသေဆုံးမှုနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ တိုက်ပွဲဖြစ်ပွားတဲ့ ဧပြီ ၇ နေ့ကနေ ၁၀ ရက်နေ့အထိ စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒေသခံရွာသားတွေ ထောင်ချီတိမ်းရှောင်နေရကြောင်း ပြောပါတယ်။ ပင်လည်ဘူးဘက်မှာ အခု ၁ ရက် ၂ ရက်အတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ကောလင်း၊ ဝန်းသိုဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဗီအိုအေအနေနဲ့တော့ အဲဒီဘက် ဆက်သွယ်လို့ မရလို့ အတည်မပြုနိုင်သေးပါဘူး။

KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ပင်လည်ဘူးတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အောက်ခြေက တရားဝင် သတင်းပို့လာတာ မရှိကြောင်း ပြောပါတယ်။

“အဲဒီသတင်းကတော့ ကျနော်တို့ဆီမှာ မတက်ဘူးခင်ဗျ။ လိုင်းပေါ်မှာတော့တက်တယ်။ ဒါပေမယ့် ကျနော်တို့ တရားဝင်သတင်းတက်တာ မရှိဘူး။ အဲဒါ ကျနော်တို့လည်း အတည်ပြုပြောလို့ မရဘူး။ စစ်ကိုင်းတိုင်း နယ်စပ်ဘက်ကမှာကတော့ ကျနော်တို့ လူတွေ လွှတ်ထားတာတော့ အများကြီး ရှိတယ်။ စစ်ကိုင်းတိုင်းအစပ်က PDF တွေနဲ့ ပူးပေါင်းပြီးမှ ပေါ့နော်။ လုပ်ငန်းဝင်တာ အများကြီးရှိတယ်။ ဆိုတော့ သူတို့ ရှေ့တန်းက တပ်မှူးတွေ ဝင်ခိုင်းသလား အဲဒါတော့ မသိဘူး။ ဒါပေမဲ့ ကျနော်တို့ ဒီကနေ၊ ဗဟိုကနေ တိုက်ရိုက် ကွပ်ကဲတာတော့ မရှိဘူး။”

KIA က ဗိုလ်တယောက်ကျဆုံးတယ်လို့သတင်းတွေ အွန်လိုင်းမှာတွေ့ရပေမယ့် ဒါကိုလည်း အတည်ပြုချက် မပေးနိုင်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို စတဲ့မြို့နယ်တွေမှာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းက စတင်ပြီး တိုက်ပွဲတွေပြင်းထန်ခဲ့သလို စက်တင်ဘာလအတွင်းမှာ ဖုန်း၊ အင်တာနက် စတဲ့ ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် သတင်းရယူဖို့ အခက်အခဲတွေ ရှိနေပါတယ်။
================

XS
SM
MD
LG