သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွမ္းေတာင္ပိုင္း ဒုကၡသည္တေသာင္းဝန္းက်င္ ေနထိုင္စားေသာက္မႈ ပိုခက္ခဲလာ


ရွမ္း၊ ကရင္နဲ႔ကယားနယ္စပ္ေဒသ တိုက္ပြဲမ်ား။ (Crd: MIMU)

[[Zawgyi/Unicode]]

ရွမ္းျပည္ေတာင္ပိုင္းက စစ္ေျပးဒုကၡသည္ တေသာင္းဝန္းက်င္အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈအပါအဝင္ အေျခခံလိုအပ္ခ်က္ေတြ ရွိေနသလို သူတို႔ေတြ ေနရပ္ျပန္ႏိုင္ဖို႔ရာ မိုင္းအသိပညာေပးလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔လိုတယ္လို႔ ကူညီေရးသမားေတြကေျပာပါတယ္။ ရန္ကုန္က ေပးပို႔တဲ့သတင္း မအင္ၾကင္းႏိုင္ေျပာျပမွာပါ။

ရွမ္းျပည္နယ္ေတာင္ပိုင္းနဲ႔ ကယားျပည္နယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြအၾကား လနဲ႔ခ်ီၾကာတဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံအမ်ားအျပား အိုးအိမ္စြန႔္ခြာေနၾကရတာပါ။ အမ်ားစုကေတာ့ ရွမ္းျပည္ေတာင္ပိုင္း ဆီဆိုင္ၿမိဳ႕နယ္၊ ေမာက္မယ္ၿမိဳ႕နယ္နဲ႔ ဆိုက္ေခါင္အရပ္က ေက်း႐ြာေတာထဲ ယာယီတဲေတြ ထိုးၿပီး ေနထိုင္ၾကရပါတယ္။ အကူအညီ စားနပ္ရိကၡာေတြေရာ၊ ေနထိုင္ဖို႔ အိပ္ယာခင္းေတြေရာ လိုအပ္ခ်က္ေတြရွိေနတယ္လို႔ အကူအညီေပးသူေတြက ေျပာပါတယ္။ ေက်ာင္းေတြဖြင့္ခ်ိန္နဲ႔ ဗုဒၶဘာသာဝါတြင္းကာလေရာက္ေတာ့မွာမို႔လည္း စာသင္ေက်ာင္းနဲ႔ ဘာသာေရးအေဆာက္အအုံေတြမွာ ခိုလႈံေနၾကသူေတြအတြက္ ေနရာထိုင္ခင္းအသစ္ ျပန္လုပ္ေပးရမယ္လို႔ ကူညီေဆာင္႐ြက္ေပးေနတဲ့ ခြန္ေက်ာ္ေဆြက ေျပာပါတယ္။

"စာသင္ေက်ာင္းမွာ ေနတဲ့သူေတြက ေက်ာင္းျပန္ဖြင့္တဲ့အခါက်ေတာ့ သူတို႔ေတြျပန္ေ႐ႊ႕ရတာေပါ့။ Camp ေတြလုပ္ရတဲ့အခါက်ေတာ့ သူတို႔လည္းအခက္အခဲရွိေတာ့ အလႉရွင္ခ်ိတ္ၿပီးေတာ့ တာလပတ္ေတြ၊ မိုးကာေတြ လုပ္ေပးလိုက္တာေပါ့။ တခ်ိဳ႕ေတြကလည္း ဘုန္းႀကီးေက်ာင္းေရာက္တယ္။ ဘုန္းႀကီးေက်ာင္းဆိုတာ ဇရပ္ထဲမွာေနတာရွိတယ္၊ ဘုရားပရဝဏ္အတြင္းမွာ ေနတဲ့အုပ္စုလည္းရွိတယ္။ အဲဒီအုပ္စုက်ေတာ့ ဝါဝင္ေတာ့မယ္ဗ်။ ဝါဝင္တဲ့အခါက်ေတာ့ ဥပုသ္သည္လည္းရွိတယ္။ ဥပုသ္သည္ရွိေတာ့ သူတို႔အတြက္ေနစရာ ျပန္လုပ္ေပးဖို႔ေတာ့ လိုအပ္တယ္ဗ်။"

ဒုကၡသည္ေတြဟာ တိုက္ပြဲေတြနဲ႔ အိုးအိမ္မဲ့မႈေတြေၾကာင့္ အခ်ိန္ၾကာလာတာနဲ႔အမွ် ႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ပိုမ်ားလာသလို စိတ္ပိုင္းဆိုင္ရာ ကုစားေပးဖို႔ လိုအပ္ခ်က္ေတြလည္းရွိလာတယ္လို႔ ကူညီသူေတြကေျပာပါတယ္။ ဒါ့အျပင့္ တိုက္ပြဲေတြျဖစ္ခဲ့တဲ့ေနရပ္ကို ေဘးအႏၲရာယ္ကင္းကင္းျပန္ႏိုင္ဖို႔ မိုင္းအသိရွိဖို႔လည္း လိုအပ္တယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔ ဒီရွမ္းျပည္နယ္ထဲေရာက္ေနတဲ့ စစ္ေဘးေရွာင္ေတြက တခ်ိဳ႕ကေတာ့ တႏွစ္ေက်ာ္ၾကာၿပီ။ စစ္ေရွာင္ရင္း ေရွာင္ရင္း ၾကာလာတဲ့အခါက်ေတာ့ ၾကည့္ရတာ စိတ္ဓာတ္ေတြက်ဆင္းတာေပါ့။ သူတို႔ရဲ႕စိတ္ဓာတ္ကို ျပန္ျမႇင့္တင္ေပးတဲ့ အခန္းက႑လည္း က်ေနာ္တို႔ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ လိုအပ္တယ္။ ေနာက္တခုကေတာ့ အပိုင္းအားျဖင့္ ၃ ပိုင္းေပါ့ဗ်ာ။ ပထမပိုင္းကေတာ့ အေရးေပၚကူညီတဲ့ဟာ လိုအပ္တယ္၊ ေရရွည္ကူညီတဲ့ဟာ လိုတယ္ေပါ့။ ေနာက္တခုက ျပန္လည္ထူေထာင္ေရးအထိပါ ေဆာင္႐ြက္ဖို႔လိုအပ္တယ္။ ပိုၿပီးေတာ့အေရးႀကီးတာ တခုကေတာ့ မိုင္းရွင္းလင္းတဲ့ မိုင္းပညာေပးလုပ္ငန္းေပါ့၊ အဲဒါပိုၿပီးေတာ့ လိုအပ္တယ္ဗ်။ တခ်ိဳ႕ျပန္သြားၿပီး ဟိုေရာက္တဲ့အခါက်ေတာ့ မိုင္းထိခိုက္တာေတြရွိတယ္ဗ်။ ေသဆုံးတဲ့ဟာေတြ ရွိတဲ့အခါက်ေတာ့ အဲလို က႑ေတြနဲ႔ က်ေနာ္တို႔ ဆက္လက္ၿပီးေတာ့ ေဆာင္႐ြက္ကူညီေပးႏိုင္မယ္ဆိုရင္ေတာ့ သူတို႔အတြက္ပိုၿပီးေတာ့ လုံၿခဳံတဲ့ဘဝကိုရမယ္ဗ်။"

ဆီဆိုင္နဲ႔ ေမာက္မယ္တဝိုက္မွာ စစ္ေရွာင္သူဦးေရ ၃ ေသာင္းဝန္းက်င္အထိ ရွိခဲ့ပါတယ္။ အဲဒီထဲက လြိဳင္ေကာ္ကေနေရာက္လာတဲ့ စစ္ေရွာင္အမ်ားစုကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ စိုက္ပ်ိဳးရာသီမွာ သူတို႔ရဲ႕ ေတာင္ယာေတြဆီ ျပန္ခဲ့တာရွိပါတယ္။ ဒီးေမာ့ဆိုနဲ႔ ဖ႐ူဆိုက လာသူေတြကေတာ့ စစ္ေရွာင္စခန္းေတြမွာ က်န္ေနပါေသးတယ္။ သူတို႔ရဲ႕ေနအိမ္ေတြ မီးရႈိ႕ခံလိုက္ရလို႔ ျပန္စရာ ေနရာလည္းမဲ့ေနပါတယ္။ သူတို႔အတြက္လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္ဖို႔ကို နယ္လွည့္ေဆးကုမယ့္အစီအစဥ္ေတြလည္း ျပင္ဆင္ထားတယ္လို႔ ပအိုဝ္းက်န္းမာေရးလုပ္ငန္း ေဖာ္ေဆာင္ေရးေကာ္မတီ PHWC ရဲ႕ လုပ္ငန္းညႇိႏႈိင္းေဆာင္႐ြက္သူ ခြန္စည္သူက ေျပာပါတယ္။

"ေလာေလာဆယ္ကေတာ့ မိုးမ်ားေနတယ္၊ မိုးကဆက္တိုက္႐ြာေနတယ္။ တခ်ိဳ႕စစ္ေရွာင္ camp ေတြမွာ အမိုးအကာေတြက သူတို႔စေရာက္ကတည္းက စေဆာက္ထားတာဆိုေတာ့ တခ်ိဳ႕ဆိုရင္ မိုးကာေတြက ၿပဲကုန္ၿပီေပါ့ေနာ္။ ၿပဲကုန္ေတာ့ အခုကေနရာထိုင္ခင္းေတြက အခက္အခဲျဖစ္ေနတယ္။ ေနာက္ဆက္တြဲကေတာ့ က်န္းမာေရးေပါ့။ က်န္းမာေရးနဲ႔ပတ္သက္လို႔ အခုဆိုရင္ က်ေနာ္တို႔လည္း camp တိုင္းကို မသြားႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ လမ္းခရီးအေျခအေနက တခ်ိဳ႕ camp ေတြဆို ေတာ္ေတာ္ေဝးတယ္ေပါ့ေနာ္။ က်ေနာ္တို႔ဆီမွာ ရံပုံေငြေတြ ဘာေတြဆိုၿပီးေတာ့ သီးျခားစီမံထားတာေတြလည္း မရွိဘူး။ စစ္ေရွာင္ေတြအတြက္ အခုေလာေလာဆယ္ကေတာ့ ေနေရးထိုင္ေရးနဲ႔ က်န္းမာေရးကိစၥေတြက အဓိကလိုအပ္ေနတယ္။ က်ေနာ္တို႔အဖြဲ႕ဆိုရင္လည္း အခုမိုးတြင္းကာလမွာ camp ေတြဆီကို Mobile Medical Team ေတြ က်ေနာ္တို႔ ျပင္ဆင္ထားတာရွိတယ္။ ဒါေပမဲ့ ဒီေဆးဝါးပိုင္းလိုအပ္ခ်က္ အခက္အခဲေတြရွိတယ္။ ၿပီးေတာ့ သြားေရးလာေရးလိုအပ္ခ်က္ အခက္အခဲေတြလည္း ရွိတာေပါ့ေနာ္။ အခုကေတာ့ က်ေနာ္တို႔ကေတာ့ ဘာပဲေျပာေျပာ လူသားခ်င္းစာနာမႈအေနနဲ႔ကေတာ့ စစ္ေရွာင္ေတြရွိေနသမွ်ကေတာ့ က်ေနာ္တို႔ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားဖို႔ရွိပါတယ္။"

ဒီးေမာ့ဆို၊ ဆီဆိုင္နဲ႔ ဖယ္ခုံကေန ေရာက္လာတဲ့ စစ္ေဘးဒုကၡသည္ ၁ ေသာင္းဝန္းက်င္ကေတာ့ ဆီဆိုင္၊ ေမာက္မယ္နဲ႔ ဆိုက္ေခါင္တဝိုက္မွာ ယာယီခိုလႈံေနရတုန္းပါ။ စစ္ေရွာင္သူဦးေရ ၃ ေသာင္းကေန ၁ ေသာင္းအထိ ေလ်ာ့သြားေပမယ့္ အလႉရွင္အင္အားလည္း နည္းသြားလို႔ ေဒသခံေတြကသာ အဓိက ကူညီေဆာင္႐ြက္ေပးေနရတဲ့ အေျခအေနျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရှမ်းတောင်ပိုင်း ဒုက္ခသည်တသောင်းဝန်းကျင် နေထိုင်စားသောက်မှု ပိုခက်ခဲလာ

ရှမ်းပြည်တောင်ပိုင်းက စစ်ပြေးဒုက္ခသည် တသောင်းဝန်းကျင်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အခြေခံလိုအပ်ချက်တွေ ရှိနေသလို သူတို့တွေ နေရပ်ပြန်နိုင်ဖို့ရာ မိုင်းအသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုတယ်လို့ ကူညီရေးသမားတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်း မအင်ကြင်းနိုင်ပြောပြမှာပါ။

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေအကြား လနဲ့ချီကြာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာနေကြရတာပါ။ အများစုကတော့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်နဲ့ ဆိုက်ခေါင်အရပ်က ကျေးရွာတောထဲ ယာယီတဲတွေ ထိုးပြီး နေထိုင်ကြရပါတယ်။ အကူအညီ စားနပ်ရိက္ခာတွေရော၊ နေထိုင်ဖို့ အိပ်ယာခင်းတွေရော လိုအပ်ချက်တွေရှိနေတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။ ကျောင်းတွေဖွင့်ချိန်နဲ့ ဗုဒ္ဓဘာသာဝါတွင်းကာလရောက်တော့မှာမို့လည်း စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ခိုလှုံနေကြသူတွေအတွက် နေရာထိုင်ခင်းအသစ် ပြန်လုပ်ပေးရမယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ခွန်ကျော်ဆွေက ပြောပါတယ်။

"စာသင်ကျောင်းမှာ နေတဲ့သူတွေက ကျောင်းပြန်ဖွင့်တဲ့အခါကျတော့ သူတို့တွေပြန်ရွှေ့ရတာပေါ့။ Camp တွေလုပ်ရတဲ့အခါကျတော့ သူတို့လည်းအခက်အခဲရှိတော့ အလှူရှင်ချိတ်ပြီးတော့ တာလပတ်တွေ၊ မိုးကာတွေ လုပ်ပေးလိုက်တာပေါ့။ တချို့တွေကလည်း ဘုန်းကြီးကျောင်းရောက်တယ်။ ဘုန်းကြီးကျောင်းဆိုတာ ဇရပ်ထဲမှာနေတာရှိတယ်၊ ဘုရားပရဝဏ်အတွင်းမှာ နေတဲ့အုပ်စုလည်းရှိတယ်။ အဲဒီအုပ်စုကျတော့ ဝါဝင်တော့မယ်ဗျ။ ဝါဝင်တဲ့အခါကျတော့ ဥပုသ်သည်လည်းရှိတယ်။ ဥပုသ်သည်ရှိတော့ သူတို့အတွက်နေစရာ ပြန်လုပ်ပေးဖို့တော့ လိုအပ်တယ်ဗျ။"

ဒုက္ခသည်တွေဟာ တိုက်ပွဲတွေနဲ့ အိုးအိမ်မဲ့မှုတွေကြောင့် အချိန်ကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ပိုများလာသလို စိတ်ပိုင်းဆိုင်ရာ ကုစားပေးဖို့ လိုအပ်ချက်တွေလည်းရှိလာတယ်လို့ ကူညီသူတွေကပြောပါတယ်။ ဒါ့အပြင့် တိုက်ပွဲတွေဖြစ်ခဲ့တဲ့နေရပ်ကို ဘေးအန္တရာယ်ကင်းကင်းပြန်နိုင်ဖို့ မိုင်းအသိရှိဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့ ဒီရှမ်းပြည်နယ်ထဲရောက်နေတဲ့ စစ်ဘေးရှောင်တွေက တချို့ကတော့ တနှစ်ကျော်ကြာပြီ။ စစ်ရှောင်ရင်း ရှောင်ရင်း ကြာလာတဲ့အခါကျတော့ ကြည့်ရတာ စိတ်ဓာတ်တွေကျဆင်းတာပေါ့။ သူတို့ရဲ့စိတ်ဓာတ်ကို ပြန်မြှင့်တင်ပေးတဲ့ အခန်းကဏ္ဍလည်း ကျနော်တို့ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ နောက်တခုကတော့ အပိုင်းအားဖြင့် ၃ ပိုင်းပေါ့ဗျာ။ ပထမပိုင်းကတော့ အရေးပေါ်ကူညီတဲ့ဟာ လိုအပ်တယ်၊ ရေရှည်ကူညီတဲ့ဟာ လိုတယ်ပေါ့။ နောက်တခုက ပြန်လည်ထူထောင်ရေးအထိပါ ဆောင်ရွက်ဖို့လိုအပ်တယ်။ ပိုပြီးတော့အရေးကြီးတာ တခုကတော့ မိုင်းရှင်းလင်းတဲ့ မိုင်းပညာပေးလုပ်ငန်းပေါ့၊ အဲဒါပိုပြီးတော့ လိုအပ်တယ်ဗျ။ တချို့ပြန်သွားပြီး ဟိုရောက်တဲ့အခါကျတော့ မိုင်းထိခိုက်တာတွေရှိတယ်ဗျ။ သေဆုံးတဲ့ဟာတွေ ရှိတဲ့အခါကျတော့ အဲလို ကဏ္ဍတွေနဲ့ ကျနော်တို့ ဆက်လက်ပြီးတော့ ဆောင်ရွက်ကူညီပေးနိုင်မယ်ဆိုရင်တော့ သူတို့အတွက်ပိုပြီးတော့ လုံခြုံတဲ့ဘဝကိုရမယ်ဗျ။"

ဆီဆိုင်နဲ့ မောက်မယ်တဝိုက်မှာ စစ်ရှောင်သူဦးရေ ၃ သောင်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။ အဲဒီထဲက လွိုင်ကော်ကနေရောက်လာတဲ့ စစ်ရှောင်အများစုကတော့ ပြီးခဲ့တဲ့ ဧပြီလ စိုက်ပျိုးရာသီမှာ သူတို့ရဲ့ တောင်ယာတွေဆီ ပြန်ခဲ့တာရှိပါတယ်။ ဒီးမော့ဆိုနဲ့ ဖရူဆိုက လာသူတွေကတော့ စစ်ရှောင်စခန်းတွေမှာ ကျန်နေပါသေးတယ်။ သူတို့ရဲ့နေအိမ်တွေ မီးရှို့ခံလိုက်ရလို့ ပြန်စရာ နေရာလည်းမဲ့နေပါတယ်။ သူတို့အတွက်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ကို နယ်လှည့်ဆေးကုမယ့်အစီအစဉ်တွေလည်း ပြင်ဆင်ထားတယ်လို့ ပအိုဝ်းကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ PHWC ရဲ့ လုပ်ငန်းညှိနှိုင်းဆောင်ရွက်သူ ခွန်စည်သူက ပြောပါတယ်။

"လောလောဆယ်ကတော့ မိုးများနေတယ်၊ မိုးကဆက်တိုက်ရွာနေတယ်။ တချို့စစ်ရှောင် camp တွေမှာ အမိုးအကာတွေက သူတို့စရောက်ကတည်းက စဆောက်ထားတာဆိုတော့ တချို့ဆိုရင် မိုးကာတွေက ပြဲကုန်ပြီပေါ့နော်။ ပြဲကုန်တော့ အခုကနေရာထိုင်ခင်းတွေက အခက်အခဲဖြစ်နေတယ်။ နောက်ဆက်တွဲကတော့ ကျန်းမာရေးပေါ့။ ကျန်းမာရေးနဲ့ပတ်သက်လို့ အခုဆိုရင် ကျနော်တို့လည်း camp တိုင်းကို မသွားနိုင်ဘူး။ ဘာလို့လဲဆိုတော့ လမ်းခရီးအခြေအနေက တချို့ camp တွေဆို တော်တော်ဝေးတယ်ပေါ့နော်။ ကျနော်တို့ဆီမှာ ရံပုံငွေတွေ ဘာတွေဆိုပြီးတော့ သီးခြားစီမံထားတာတွေလည်း မရှိဘူး။ စစ်ရှောင်တွေအတွက် အခုလောလောဆယ်ကတော့ နေရေးထိုင်ရေးနဲ့ ကျန်းမာရေးကိစ္စတွေက အဓိကလိုအပ်နေတယ်။ ကျနော်တို့အဖွဲ့ဆိုရင်လည်း အခုမိုးတွင်းကာလမှာ camp တွေဆီကို Mobile Medical Team တွေ ကျနော်တို့ ပြင်ဆင်ထားတာရှိတယ်။ ဒါပေမဲ့ ဒီဆေးဝါးပိုင်းလိုအပ်ချက် အခက်အခဲတွေရှိတယ်။ ပြီးတော့ သွားရေးလာရေးလိုအပ်ချက် အခက်အခဲတွေလည်း ရှိတာပေါ့နော်။ အခုကတော့ ကျနော်တို့ကတော့ ဘာပဲပြောပြော လူသားချင်းစာနာမှုအနေနဲ့ကတော့ စစ်ရှောင်တွေရှိနေသမျှကတော့ ကျနော်တို့ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်။"

ဒီးမော့ဆို၊ ဆီဆိုင်နဲ့ ဖယ်ခုံကနေ ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၁ သောင်းဝန်းကျင်ကတော့ ဆီဆိုင်၊ မောက်မယ်နဲ့ ဆိုက်ခေါင်တဝိုက်မှာ ယာယီခိုလှုံနေရတုန်းပါ။ စစ်ရှောင်သူဦးရေ ၃ သောင်းကနေ ၁ သောင်းအထိ လျော့သွားပေမယ့် အလှူရှင်အင်အားလည်း နည်းသွားလို့ ဒေသခံတွေကသာ အဓိက ကူညီဆောင်ရွက်ပေးနေရတဲ့ အခြေအနေဖြစ်နေပါတယ်။
==============

XS
SM
MD
LG