သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးၿဗဲၿမိဳ႕တိုက္ပြဲ အရပ္သားႏွစ္ဦးေသဆုံး


ကယားျပည္နယ္နဲ႔ကပ္လ်က္မွာရွိတဲ့ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ မိုးၿဗဲၿမိဳ႕။

[[Zawgyi/Unicode]]


ရွမ္း-ကယားနယ္စပ္ မိုးၿဗဲၿမိဳ႕ထဲမွာ ဇူလိုင္ ၂၅ ရက္ မေန႔က ႏွစ္ဘက္တိုက္ပြဲျပင္းထန္ေနၿပီး စစ္ေကာင္စီဘက္က လက္နက္ႀကီးပစ္ခတ္ေနတယ္လို႔ လူမႈကူညီေရးအဖြဲ႔နဲ႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ စစ္ေရွာင္ျပည္သူေတြ ခိုလႈံေနတဲ့ ေနရာမွာ လက္နက္ႀကီးက်လို႔ အရပ္သားျပည္သူ ၂ ဦး ထိခိုက္ေသဆုံးသြားတယ္လို႔ ေျပာပါတယ္။ မိုးၿဗဲၿမိဳ႕ တိုက္ပြဲအေျခအေန ရန္ကုန္သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

ဇူလိုင္ ၂၅ ရက္ မေန႔ မနက္ပိုင္းမွာ စစ္ေကာင္စီတပ္က အင္အားအလုံးအရင္းနဲ႔ ဖယ္ခုံၿမိဳ႕နယ္ကေန မိုးၿဗဲၿမိဳ႕ထဲကို စစ္ဆင္လႈပ္ရွားလာလို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ မေန႔ညေနပိုင္းက တိုက္ပြဲျပင္ထန္ခဲ့တယ္လို႔ လူမႈကူညီေရးအဖြဲ႔နဲ႔ ၿမိဳ႕ခံက VOA ကို ေျပာပါတယ္။ ဇူလိုင္ ၂၆ ရက္ ဒီေန႔ ေန႔ခင္းေလာက္ပိုင္းအထိ ၿမိဳ႕ထဲမွာ ေပါက္ကြဲအသံေတြ ၾကားခဲ့ရေပမယ့္ ႏွစ္ဘက္ပစ္ခတ္မႈေတြ တည္ၿငိမ္ေနတယ္လို႔ ဆိုပါတယ္။

မေန႔က တိုက္ပြဲေတြအတြင္းမွာ စစ္ေကာင္စီတပ္က လက္နက္ႀကီး ပစ္ကူေတြနဲ႔ အဆက္မျပတ္ ပစ္ခတ္ေနၿပီး စစ္ေရွာင္ျပည္သူေတြ ခိုလႈံေနတဲ့ ေနရာမွာ လက္နက္ႀကီးက်လို႔ အမ်ိဳးသမီး ၂ ဦး ထိခိုက္ေသဆုံးသြားတာလို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။

“မနက္ပိုင္း မနက္ ၉ နာရီထဲမွာ သူတို႔ ဖယ္ခုံကေန မိုးၿဗဲမွာ စစ္ေၾကာင္းထိုးလာတယ္ေလ။ အဲ့ဒီ ၄၂၂ တပ္ထဲမွာ အကုန္လုံးဝင္ထားတယ္ေပါ့။ ေန႔လည္ပိုင္းမွာ သူတို႔ ဆက္ၿပီး စစ္ဆင္းေရးထိုးေနတာေပါ့၊ အဲ့ဒါနဲ႔ ၾကားထဲမွာ တိုက္ပြဲရွိသြားတယ္ေလ။ အဲ့ဒါနဲ႔ သူတို႔ လက္နက္ႀကီးရမ္းသမ္း ပစ္ခတ္ထားလို႔ ျပည္သူ ၂ ဦးေသဆုံးသြားတာေပါ့ေနာ္၊ အထိခိုက္ေတြလည္း ရွိတာေပါ့။ မိုးၿဗဲၿမိဳ႕လယ္မွာတို႔၊ အဲ့ဒီနားမွာ ပြဲကုန္း (၃) အနီးအနားမွာ တိုက္ပြဲျဖစ္သြားတယ္ေပါ့။ အဲ့ဒါနဲ႔ သူတို႔ လြိဳင္ေကာ္ကေနလည္း လက္နက္ႀကီးလည္း ထုလာတယ္။ ျပည္သူတို႔ အိုးအိမ္ရယ္ ပ်က္စီးတယ္။ အေဒၚႀကီး ၂ ေယာက္ကလည္း ေသသြားတယ္ေပါ့ေနာ္။”

တိုက္ပြဲေၾကာင့္ မိုးၿဗဲၿမိဳ႕ထဲက အရပ္သားျပည္သူခိုလႈံေနၾကတဲ့ စည္လုံးညီညာေဘးမဲ့ေက်ာင္းနဲ႔ စက္ေတာ္ရာဘုန္းႀကီးေက်ာင္းေတြမွာ လက္နက္ႀကီးက်ေရာက္ ေပါက္ကြဲလို႔ ထိခိုက္ ေသဆုံးရတာပါ။ မိုးၿဗဲ Rescue Team က သူတို႔ သြားေရာက္ ကူညီခဲ့တာနဲ႔ ပတ္သက္လို႔ အခုလို ေျပာပါတယ္။

“က်မတို႔ မီသေလာက္က်ေတာ့ ဟိုဒါေပါ့ေနာ္… ႏွစ္ေယာက္ေလာက္ဒဏ္ရာရတယ္၊ တေယာက္က်ေတာ့ ဆုံးသြားတာေပါ့ေနာ္။ လက္နက္ႀကီးက်လို႔ ဆုံးသြားတယ္။ ႏွစ္ေယာက္ကက်ေတာ့ လက္နက္ႀကီးလို႔ ဒဏ္ရာအေသးစားေလာက္ေပါ့ေနာ္ စိုးရိမ္စရာအေနအထားေတာ့ မရွိဘူးေပါ့ဟုတ္။ ေဘးမဲ့ေက်ာင္းမွာက်တာ ရွိတယ္ ဒီစက္ေတာ္ရာဘုန္းႀကီးေက်ာင္းေဘးမွာ က်တာရွိတယ္ေပါ့နာ္ ဟုတ္။”

ၿပီးခဲ့တဲ့ ဇူလိုင္ ၁၈ ရက္ေန႔တုန္းကလည္း စစ္ေကာင္စီတပ္ေတြက မိုးၿဗဲၿမိဳ႕အတြင္းကို စစ္ေၾကာင္းဆင္လာၿပီး ကက္သလစ္ဘုရားေက်ာင္းမွာ တပ္စြဲေနထိုင္ကာ လက္နက္ႀကီးနဲ႔ ပစ္ခတ္ေနတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ တိုက္ပြဲျပင္းထန္ခဲ့တယ္လို႔ ၿမိဳ႕ခံေတြက VOA ကို ေျပာထားပါတယ္။ လက္နက္ႀကီးက်ေရာက္လို႔ အနည္းဆုံး အရပ္သားျပည္သူ ၁ ဦး ထိခိုက္ဒဏ္ရာရရွိသလို ေနအိမ္ တလုံးလည္း မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ဆိုပါတယ္။

စစ္ေကာင္စီရဲ႕ စစ္ဆင္းေရးေၾကာင့္ အခုေနာက္ပိုင္း မိုးၿဗဲၿမိဳ႕ထဲမွာ တိုက္ပြဲေတြ ခပ္စိတ္စိတ္ျဖစ္လာၿပီး ေနထိုင္ရတာ လုံၿခဳံမႈမရွိဘဲ ေၾကာက္လန႔္ေနရတယ္လို႔ ၿမိဳ႕ခံက ေျပာပါတယ္။

“ညီမတို႔ဆိုလည္း ေျပးလိုက္လႊားလိုက္၊ ေျပးလိုက္လႊားလိုက္နဲ႔ ရႈပ္ေနၿပီး ေၾကာက္တယ္ေလ။ ဘာမွမသိတာနဲ႔ ေရာက္လာေနတယ္။ အဲ့လိုမ်ိဳးေပါ့ စစ္ေၾကာင္းထိုးလာအခါက်ေတာ့ အခ်ိန္မေ႐ြး တိုက္ပြဲ သူတို႔ဘယ္အခ်ိန္မသိ ေရာက္လာလဲ ကိုယ္လည္း မသိ၊ သူတို႔စစ္ေၾကာင္းထိုးတိုင္းလည္း အဲ့ဒါပဲ ေလွ်ာက္လို႔ တမ်ိဳးေပါ့၊ အဲ့မွာ ၿမိဳ႕ထဲမွာ ထိုင္ေနတဲ့အခါက်ေတာ့ တိုက္ပြဲရွိၿပီး အခု ဒီတေလာအတြင္းဆို ပိုၿပီး စိတ္စိတ္လာတယ္။ လာမယ့္ေနာက္ပိုင္းဆိုလည္း ပိုၿပီးမ်ားလာမယ္လို႔ ထင္တာပဲ။”

တိုက္ပြဲေၾကာင့္ ၿမိဳ႕ခံျပည္သူေတြက ေဘးလြတ္ရာကို မၾကာမၾကာ ေျပးလႊားေနၾကရလို႔ ဒုကၡအမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ လတ္တေလာ တိုက္ပြဲနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က တစုံတရာထုတ္ျပန္တာ မရွိေသးပါဘူး။

မိုးၿဗဲၿမိဳ႕တိုက္ပြဲ အရပ္သားႏွစ္ဦးေသဆုံး.mp3
please wait

No media source currently available

0:00 0:03:26 0:00
တိုက္႐ိုက္ လင့္ခ္

========

[[Unicode]]

မိုးဗြဲမြို့တိုက်ပွဲ အရပ်သားနှစ်ဦးသေဆုံး


ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ထဲမှာ ဇူလိုင် ၂၅ ရက် မနေ့က နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်နေတယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့ မြို့ခံတွေက ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာမှာ လက်နက်ကြီးကျလို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်သေဆုံးသွားတယ်လို့ ပြောပါတယ်။ မိုးဗြဲမြို့ တိုက်ပွဲအခြေအနေ ရန်ကုန်သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဖယ်ခုံမြို့နယ်ကနေ မိုးဗြဲမြို့ထဲကို စစ်ဆင်လှုပ်ရှားလာလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မနေ့ညနေပိုင်းက တိုက်ပွဲပြင်ထန်ခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့နဲ့ မြို့ခံက VOA ကို ပြောပါတယ်။ ဇူလိုင် ၂၆ ရက် ဒီနေ့ နေ့ခင်းလောက်ပိုင်းအထိ မြို့ထဲမှာ ပေါက်ကွဲအသံတွေ ကြားခဲ့ရပေမယ့် နှစ်ဘက်ပစ်ခတ်မှုတွေ တည်ငြိမ်နေတယ်လို့ ဆိုပါတယ်။

မနေ့က တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦး ထိခိုက်သေဆုံးသွားတာလို့ မြို့ခံတဦးက ပြောပါတယ်။

“မနက်ပိုင်း မနက် ၉ နာရီထဲမှာ သူတို့ ဖယ်ခုံကနေ မိုးဗြဲမှာ စစ်ကြောင်းထိုးလာတယ်လေ။ အဲ့ဒီ ၄၂၂ တပ်ထဲမှာ အကုန်လုံးဝင်ထားတယ်ပေါ့။ နေ့လည်ပိုင်းမှာ သူတို့ ဆက်ပြီး စစ်ဆင်းရေးထိုးနေတာပေါ့၊ အဲ့ဒါနဲ့ ကြားထဲမှာ တိုက်ပွဲရှိသွားတယ်လေ။ အဲ့ဒါနဲ့ သူတို့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်ထားလို့ ပြည်သူ ၂ ဦးသေဆုံးသွားတာပေါ့နော်၊ အထိခိုက်တွေလည်း ရှိတာပေါ့။ မိုးဗြဲမြို့လယ်မှာတို့၊ အဲ့ဒီနားမှာ ပွဲကုန်း (၃) အနီးအနားမှာ တိုက်ပွဲဖြစ်သွားတယ်ပေါ့။ အဲ့ဒါနဲ့ သူတို့ လွိုင်ကော်ကနေလည်း လက်နက်ကြီးလည်း ထုလာတယ်။ ပြည်သူတို့ အိုးအိမ်ရယ် ပျက်စီးတယ်။ အဒေါ်ကြီး ၂ ယောက်ကလည်း သေသွားတယ်ပေါ့နော်။”

တိုက်ပွဲကြောင့် မိုးဗြဲမြို့ထဲက အရပ်သားပြည်သူခိုလှုံနေကြတဲ့ စည်လုံးညီညာဘေးမဲ့ကျောင်းနဲ့ စက်တော်ရာဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ထိခိုက် သေဆုံးရတာပါ။ မိုးဗြဲ Rescue Team က သူတို့ သွားရောက် ကူညီခဲ့တာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ကျမတို့ မီသလောက်ကျတော့ ဟိုဒါပေါ့နော်… နှစ်ယောက်လောက်ဒဏ်ရာရတယ်၊ တယောက်ကျတော့ ဆုံးသွားတာပေါ့နော်။ လက်နက်ကြီးကျလို့ ဆုံးသွားတယ်။ နှစ်ယောက်ကကျတော့ လက်နက်ကြီးလို့ ဒဏ်ရာအသေးစားလောက်ပေါ့နော် စိုးရိမ်စရာအနေအထားတော့ မရှိဘူးပေါ့ဟုတ်။ ဘေးမဲ့ကျောင်းမှာကျတာ ရှိတယ် ဒီစက်တော်ရာဘုန်းကြီးကျောင်းဘေးမှာ ကျတာရှိတယ်ပေါ့နာ် ဟုတ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့အတွင်းကို စစ်ကြောင်းဆင်လာပြီး ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲနေထိုင်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မြို့ခံတွေက VOA ကို ပြောထားပါတယ်။ လက်နက်ကြီးကျရောက်လို့ အနည်းဆုံး အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသလို နေအိမ် တလုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆင်းရေးကြောင့် အခုနောက်ပိုင်း မိုးဗြဲမြို့ထဲမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး နေထိုင်ရတာ လုံခြုံမှုမရှိဘဲ ကြောက်လန့်နေရတယ်လို့ မြို့ခံက ပြောပါတယ်။

“ညီမတို့ဆိုလည်း ပြေးလိုက်လွှားလိုက်၊ ပြေးလိုက်လွှားလိုက်နဲ့ ရှုပ်နေပြီး ကြောက်တယ်လေ။ ဘာမှမသိတာနဲ့ ရောက်လာနေတယ်။ အဲ့လိုမျိုးပေါ့ စစ်ကြောင်းထိုးလာအခါကျတော့ အချိန်မရွေး တိုက်ပွဲ သူတို့ဘယ်အချိန်မသိ ရောက်လာလဲ ကိုယ်လည်း မသိ၊ သူတို့စစ်ကြောင်းထိုးတိုင်းလည်း အဲ့ဒါပဲ လျှောက်လို့ တမျိုးပေါ့၊ အဲ့မှာ မြို့ထဲမှာ ထိုင်နေတဲ့အခါကျတော့ တိုက်ပွဲရှိပြီး အခု ဒီတလောအတွင်းဆို ပိုပြီး စိတ်စိတ်လာတယ်။ လာမယ့်နောက်ပိုင်းဆိုလည်း ပိုပြီးများလာမယ်လို့ ထင်တာပဲ။”

တိုက်ပွဲကြောင့် မြို့ခံပြည်သူတွေက ဘေးလွတ်ရာကို မကြာမကြာ ပြေးလွှားနေကြရလို့ ဒုက္ခအမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ လတ်တလော တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

XS
SM
MD
LG