သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူဆယ္နဲ႔ ျမစ္ႀကီးနားေပါက္ကြဲမႈ လူအထိအခိုက္မရွိ


Muse မူဆယ္

[[Zawgyi/Unicode]]

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နဲ႔ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာ အခု ဇူလိုင္ ၁၃ ရက္ မနက္ပိုင္းက ေပါက္ကြဲမႈ ၂ ႀကိမ္ျဖစ္ပြားခဲ့ပါတယ္။ မူဆယ္ၿမိဳ႕မွာ အထက္တန္းေက်ာင္း ေဘာလုံးကြင္းထဲ ေပါက္ကြဲတာျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕မွာေတာ့ ေဆာက္လုပ္ဆဲ မီးသတ္႐ုံးေနရာမွာ ေပါက္ကြဲခဲ့တာပါ။ ေပါက္ကြဲမႈ ၂ ခုလုံးမွာ အထိအခိုက္မရွိေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕က ေပါက္ကဲြမႈဟာ ဟုိမြန္ရပ္ကြက္၊ အမွတ္ ၂ အထက္တန္းေက်ာင္း ေဘာလံုးကြင္းမွာ မနက္ ၈ နာရီေလာက္ ေပါက္ကဲြခဲ့တာျဖစ္ပါတယ္။

ဒီေပါက္ကဲြမႈနဲ႔ပတ္သက္ၿပီး မူဆယ္ၿမိဳ႕ခံတဦးက အခုလုိ ေျပာပါတယ္။

“ ေက်ာင္းထဲမွာမဟုတ္ဘူး။ ေက်ာင္းအေနာက္ဘက္မွာ ဖူဆယ္ကြင္း။ ေဘာလံုးကန္တဲ့ ဖူဆယ္ကြင္းထဲမွာ။ အထက ၂ ေလ။ လူအထိအခိုက္ ဘာမွ အထိအခိုက္လည္း မရိွဘူး။ ကေလးေတြကေတာ့ နည္းနည္းလန္႔သြားတာေပါ့။ တခ်ဳိ႕ ကေတာ့ လန္႔ၿပီးမွ ျပန္တာရိွတယ္။”

မိဘတခ်ဳိ႕က စိုးရိမ္ၿပီး သူတုိ႔သားသမီးေတြကို လာေရာက္ေခၚေဆာင္သြားတာေတြ ရိွေပမယ့္ ေက်ာင္းကိုေတာ့ ပိတ္ပစ္တာမရိွေၾကာင္းလည္း ေျပာပါတယ္။

မူဆယ္ ၿမိဳ႕မိ ၿမိဳ႕ဖ တဦးကေတာ့ ေက်ာင္းအေဆာက္အဦးေတြမွာ ေဖာက္ခဲြတာမ်ိဳးမလုပ္သင့္ေၾကာင္းနဲ႔ မူဆယ္ၿမိဳ႕ခံေတြကေတာ့ သတိထားေနထိုင္ေနၾကရေၾကာင္း ေျပာပါတယ္။

“ ေက်ာင္းေတြမွာ ဗံုးကဲြတာေတာ့ မေကာင္းဘူးေပါ့ေနာ္။ ဒါေပမယ့္ အခုဟာ ေက်ာင္းေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ေက်ာင္းနားမွာ သူတို႔ လံုၿခံဳေရးယူထားတဲ့ လံုၿခံဳေရးေတြ လာတဲ့ေနရာေတြကို ကဲြတာလုိ႔ေတာ့ ေျပာတယ္။ အခုက မူဆယ္ၿမိဳ႕ က ေန႔တုိင္းလိုလို ပစ္ခတ္ လုယက္ ခုိးဆိုး ေတာ္ေတာ္ေတာ့ အႏၱရာယ္မ်ားေနတယ္။ က်ေနာ္တို႔ ၿမိဳ႕မိ ၿမိဳ႕ဖေတြအေနနဲ႔ေတာ့ ေနရတာ ေနာက္ေက်ာ မလံုဘူးေပါ့ဗ်ာ။ ကုိယ္ဟာကိုယ္ လုပ္ကိုင္ စားေသာက္တဲ့လူေတြအတြက္ လက္နက္ကိုင္ အဖဲြ႔ေတြကို ေၾကာက္ေနရတာေပ့ါ။”

မူဆယ္ေဒသအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ဝင္ထြက္လႈပ္ရွားေနသလို ျပည္သူ႔စစ္အမည္နဲ႔ လႈပ္ရွားေနတဲ့ လက္နက္ကိုင္အဖဲြ႔ေတြလည္း ရိွေနတာပါ။

ဒီေပါက္ကဲြမႈနဲ႔႔ပတ္သက္ၿပီး စံုစမ္းေနဆဲျဖစ္သလို ေပါက္ကဲြမႈျဖစ္ၿပီးေနာက္မွာ ၿမိဳ႕အတြင္းမွာလည္း စစ္ေဆးတာေတြ တင္းက်ပ္ေနပါတယ္။

ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕မွာလည္း ဒီကေန႔ မနက္ ၄ နာရီေလာက္က ေပါက္ ကဲြမႈ တႀကိမ္ ျဖစ္ခဲ့ပါတယ္။

ဒီေပါက္ကဲြမႈဟာ ကုန္းလယ္ရပ္ကြက္က ဒူးေလးပါတီေခၚ လီဆူအမ်ိဳးသားဖံြ႔ျဖိဳးတိုးတက္ေရးပါတီရံုးမွာ ေပါက္ကဲြတာလုိ႔ ေဒသခံေတြက ေျပာဆုိပါတယ္။

လီဆူပါတီဥကၠ႒ ဦးေရႊမင္းကေတာ့ သူတို႔ပါတီရံုးမွာ ဗံုးကဲြတာမရိွေၾကာင္း အခုလို ျငင္းဆိုပါတယ္။

“ မရိွဘူး။ မရိွဘူး။ က်ေနာ္တုိ႔ပါတီရံုးမွာ ဗံုးကဲြတာ မရိွပါဘူးခင္ဗ်ာ။ KIA ေလာ္ဘီသတင္းဌာနက မမွန္မကန္ ေရးသားေဖာ္ျပတာျဖစ္ပါတယ္။”

အမည္မေဖာ္လုိတဲ႔ ေဒသအုပ္ခ်ဳပ္ေရးအဖဲြ႔ဝင္တဦးကေတာ့ ကုန္းလယ္ရပ္က ေဆာက္လုပ္ဆဲ မီးသတ္ရံုးမွာ ေပါက္ကဲြတာျဖစ္ေၾကာင္းနဲ႔ ေပါက္ကဲြမႈေၾကာင့္ အုတ္တုိင္တတုိင္ အနည္းငယ္ပဲ့သြားတာကလဲြလို႔ အျခား အထိအခိုက္မရိွေၾကာင္း VOA ကို ေျပာပါတယ္။

ဒီေပါက္ကဲြမႈဟာ ဦးေရႊမင္းဦးေဆာင္တဲ့ လီဆူျပည္သူ႔စစ္အဖဲြ႔က စစ္ေကာင္စီတပ္ေတြနဲ႔ ပူးတဲြၿပီး ဝိုင္းေမာ္ၿမိဳ႕နယ္က KIA စခန္းကို တိုက္ခုိက္ေနေၾကာင္း သတင္းေတြ ထြက္ေပၚေနခ်ိန္နဲ႔တိုက္ဆိုင္ေနတာလည္း ျဖစ္ပါတယ္။

၀ိုင္းေမာ္ၿမိဳ႕နယ္က နန္ေဇာ္ယန္ရြာအနီးမွာ အေျခစိုက္ထားတဲ့ KIA တပ္ရင္း ၃ က တပ္စခန္းကို ဒီလ ၁၀ ရက္ေန႔ကတည္းက စစ္ေကာင္စီဘက္က ထုိးစစ္ဆင္ေနၿပီး ၁၁ ရက္ေန႔မွာေတာ့ ေလေၾကာင္းက တုိက္ခုိက္တာေတြပါ ရိွခဲ့ပါတယ္။

ဒီလ ၁၂ ရက္ေန႔မွာေတာ့ စစ္ေကာင္စီဘက္က လက္နက္ၾကီးနဲ႔ ပစ္ခတ္ၿပီး ေျမျပင္ က ထုိးစစ္ဆင္ခဲ့ေၾကာင္း KIO က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီကေန႔မွာေတာ့ ၀ိုင္းေမာ္ၿမိဳ႕နယ္အတြင္း တိုက္ခုိက္တာေတြ ၿငိမ္သက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

#MyanmarViolence #VOABurmese #မူဆယ္ #ျမစ္ႀကီးနား

==============

[[Unicode]]

မူဆယ်နဲ့ မြစ်ကြီးနားပေါက်ကွဲမှု လူအထိအခိုက်မရှိ


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အခု ဇူလိုင် ၁၃ ရက် မနက်ပိုင်းက ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့မှာ အထက်တန်းကျောင်း ဘောလုံးကွင်းထဲ ပေါက်ကွဲတာဖြစ်ပြီး မြစ်ကြီးနားမြို့မှာတော့ ဆောက်လုပ်ဆဲ မီးသတ်ရုံးနေရာမှာ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှု ၂ ခုလုံးမှာ အထိအခိုက်မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ပေါက်ကွဲမှုဟာ ဟိုမွန်ရပ်ကွက်၊ အမှတ် ၂ အထက်တန်းကျောင်း ဘောလုံးကွင်းမှာ မနက် ၈ နာရီလောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး မူဆယ်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ ကျောင်းထဲမှာမဟုတ်ဘူး။ ကျောင်းအနောက်ဘက်မှာ ဖူဆယ်ကွင်း။ ဘောလုံးကန်တဲ့ ဖူဆယ်ကွင်းထဲမှာ။ အထက ၂ လေ။ လူအထိအခိုက် ဘာမှ အထိအခိုက်လည်း မရှိဘူး။ ကလေးတွေကတော့ နည်းနည်းလန့်သွားတာပေါ့။ တချို့ ကတော့ လန့်ပြီးမှ ပြန်တာရှိတယ်။”

မိဘတချို့က စိုးရိမ်ပြီး သူတို့သားသမီးတွေကို လာရောက်ခေါ်ဆောင်သွားတာတွေ ရှိပေမယ့် ကျောင်းကိုတော့ ပိတ်ပစ်တာမရှိကြောင်းလည်း ပြောပါတယ်။

မူဆယ် မြို့မိ မြို့ဖ တဦးကတော့ ကျောင်းအဆောက်အဦးတွေမှာ ဖောက်ခွဲတာမျိုးမလုပ်သင့်ကြောင်းနဲ့ မူဆယ်မြို့ခံတွေကတော့ သတိထားနေထိုင်နေကြရကြောင်း ပြောပါတယ်။

“ ကျောင်းတွေမှာ ဗုံးကွဲတာတော့ မကောင်းဘူးပေါ့နော်။ ဒါပေမယ့် အခုဟာ ကျောင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျောင်းနားမှာ သူတို့ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတွေ လာတဲ့နေရာတွေကို ကွဲတာလို့တော့ ပြောတယ်။ အခုက မူဆယ်မြို့ က နေ့တိုင်းလိုလို ပစ်ခတ် လုယက် ခိုးဆိုး တော်တော်တော့ အန္တရာယ်များနေတယ်။ ကျနော်တို့ မြို့မိ မြို့ဖတွေအနေနဲ့တော့ နေရတာ နောက်ကျော မလုံဘူးပေါ့ဗျာ။ ကိုယ်ဟာကိုယ် လုပ်ကိုင် စားသောက်တဲ့လူတွေအတွက် လက်နက်ကိုင် အဖွဲ့တွေကို ကြောက်နေရတာပေ့ါ။”

မူဆယ်ဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝင်ထွက်လှုပ်ရှားနေသလို ပြည်သူ့စစ်အမည်နဲ့ လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေတာပါ။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်သလို ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ မြို့အတွင်းမှာလည်း စစ်ဆေးတာတွေ တင်းကျပ်နေပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဒီကနေ့ မနက် ၄ နာရီလောက်က ပေါက် ကွဲမှု တကြိမ် ဖြစ်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုဟာ ကုန်းလယ်ရပ်ကွက်က ဒူးလေးပါတီခေါ် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရုံးမှာ ပေါက်ကွဲတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

လီဆူပါတီဥက္ကဋ္ဌ ဦးရွှေမင်းကတော့ သူတို့ပါတီရုံးမှာ ဗုံးကွဲတာမရှိကြောင်း အခုလို ငြင်းဆိုပါတယ်။

“ မရှိဘူး။ မရှိဘူး။ ကျနော်တို့ပါတီရုံးမှာ ဗုံးကွဲတာ မရှိပါဘူးခင်ဗျာ။ KIA လော်ဘီသတင်းဌာနက မမှန်မကန် ရေးသားဖော်ပြတာဖြစ်ပါတယ်။”

အမည်မဖော်လိုတဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကတော့ ကုန်းလယ်ရပ်က ဆောက်လုပ်ဆဲ မီးသတ်ရုံးမှာ ပေါက်ကွဲတာဖြစ်ကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် အုတ်တိုင်တတိုင် အနည်းငယ်ပဲ့သွားတာကလွဲလို့ အခြား အထိအခိုက်မရှိကြောင်း VOA ကို ပြောပါတယ်။

ဒီပေါက်ကွဲမှုဟာ ဦးရွှေမင်းဦးဆောင်တဲ့ လီဆူပြည်သူ့စစ်အဖွဲ့က စစ်ကောင်စီတပ်တွေနဲ့ ပူးတွဲပြီး ဝိုင်းမော်မြို့နယ်က KIA စခန်းကို တိုက်ခိုက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်နဲ့တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်က နန်ဇော်ယန်ရွာအနီးမှာ အခြေစိုက်ထားတဲ့ KIA တပ်ရင်း ၃ က တပ်စခန်းကို ဒီလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေပြီး ၁၁ ရက်နေ့မှာတော့ လေကြောင်းက တိုက်ခိုက်တာတွေပါ ရှိခဲ့ပါတယ်။

ဒီလ ၁၂ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မြေပြင် က ထိုးစစ်ဆင်ခဲ့ကြောင်း KIO က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့မှာတော့ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ခိုက်တာတွေ ငြိမ်သက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

#MyanmarViolence #VOABurmese #မူဆယ် #မြစ်ကြီးနား

==============

XS
SM
MD
LG