သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လမိုင္းရဲစခန္းအတြင္းက ပစ္ခတ္လို႔ ပရဟိတလူငယ္တဦးေသဆုံး


ရဲစခန္းတြင္းက ပစ္ခတ္မႈေၾကာင့္ ပရဟိတလူငယ္ ၂၁ ႏွစ္အရြယ္ ကိုလင္းေအာင္ ေသဆံုးခဲ့တဲ့ မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ လမိုင္းၿမိဳ႕အဝင္ဆိုင္းဘုတ္။ (ဓာတ္ပံု-လမိုင္းလူငယ္မ်ားအဖြဲ႔)

[[Zawgyi/Unicode]]

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္ လမိုင္းၿမိဳ႕မွာ ရဲစခန္းအတြင္းကေန ေသနတ္နဲ႔ပစ္ခတ္ခဲ့လို႔ ပရဟိတလူငယ္တဦး ေသဆုံးခဲ့ပါတယ္။ ရဲစခန္းနားေရာက္လာသူကို မသကၤာလို႔ ေသနတ္နဲ႔ပစ္ခတ္ခဲ့တာလို႔ ရဲစခန္းဘက္က ပရဟိတအဖြဲ႕ကို တုံ႔ျပန္ေျပာခဲ့တယ္လို႔သိရပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့သတင္း မဆုမြန္က တင္ျပေပးထားပါတယ္။

ဇူလိုင္လ ၃၁ ရက္ ၿပီးခဲ့တဲ့ တနဂၤေႏြည ၁၁ နာရီဝန္းက်င္မွာ မြန္ျပည္နယ္၊ ေရးခ႐ိုင္မွာရွိတဲ့ လမိုင္းၿမိဳ႕ရဲစခန္းအတြင္းကေန ေသနတ္နဲ႔ပစ္လိုက္လို႔ လူငယ္တဦး ေသဆုံးခဲ့ပါတယ္။ ေသဆုံးသြားသူရဲ႕ ႐ုပ္အေလာင္းသယ္ယူဖို႔ကို လမိုင္းပရဟိတလူငယ္မ်ားအဖြဲ႔ဆီ အကူအညီေတာင္း ဆက္သြယ္ခဲ့ပါတယ္။ ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ေသဆုံးသြားသူရဲ႕ ႐ုပ္အေလာင္းကိုျမင္တဲ့အခ်ိန္မွာ လမိုင္းပရဟိတအသင္းသား ျဖစ္ေနတယ္ဆိုတာ သိခဲ့ရတာလို႔ အသင္းဥကၠ႒ ကိုဝင္းေအာင္က ေျပာပါတယ္။

"ရဲေတြက အခုခ်ိန္ထိ သူတို႔ပါးစပ္ကေန ေျပာေနတုန္းပဲ၊ သူတို႔စခန္းနားေရာက္ လာလို႔ မသကၤာလို႔ ပစ္သတ္လိုက္တာလို႔ သူတို႔ထြက္ဆိုခ်က္က အဲဒီအတိုင္းပဲ။ သူတို႔ပစ္ၿပီးေတာ့ ပရဟိတအသင္းကို ဖုန္းဆက္တာေပါ့ေနာ္။ ငါတို႔စခန္းကို ခ်ဥ္းကပ္လာလို႔ ငါတို႔ေသနတ္နဲ႔ ပစ္သတ္လိုက္တာ ေသသြားၿပီ၊ အဲဒါေၾကာင့္ ဒီ႐ုပ္အေလာင္းကို ေဆး႐ုံကိုတခ်က္ပို႔ေပးပါလို႔ အကူအညီေတာင္းလို႔ က်ေနာ္တို႔သြားတာ။ ဟိုေရာက္မွ က်ေနာ္တို႔အသင္းသားျဖစ္မွန္း သိရတာ။"

ေသဆုံးသြားသူဟာ အသက္၂၁ ႏွစ္အ႐ြယ္ ေမာင္လင္းေအာင္ျဖစ္ၿပီးေတာ့ အသင္း႐ုံးကေန ေနအိမ္ကိုျပန္တဲ့လမ္းမွာ အခုလို ေသနတ္နဲ႔ပစ္သတ္ခံလိုက္ရတာလို႔ ေျပာပါတယ္။ ရဲစခန္းဘက္က သူတို႔ေသနတ္နဲ႔ပစ္လိုက္လို႔ လူတေယာက္ေသသြားတယ္ဆိုတာကို အတိအက်ေျပာထားေပမယ့္ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အခုခ်ိန္ထိ တာဝန္ယူတာမရွိေသးဘူးလို႔ ေဒသခံေတြဆီက သိရပါတယ္။ ပရဟိတအသင္းသားတဦး အခုလို ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ ေသဆုံးသြားတဲ့ျဖစ္ရပ္အေပၚ အမွန္တရားေပၚေပါက္တဲ့အထိ ေဆာင္႐ြက္သြားမယ္လို႔ လမိုင္းပရဟိတအသင္း အဖြဲ႔ဝင္ေတြက ေျပာပါတယ္။ လမိုင္းၿမိဳ႕ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံးကို ဩဂုတ္လ ၂ ရက္၊ ဒီကေန႔မွာ သြားေရာက္ခဲ့တဲ့ အသင္းအတြင္းေရးမႉး ကိုႏိုင္ဝင္းက အမွန္တရားေပၚေပါက္ဖို႔အတြက္ ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။

"က်ေနာ္တို႔ ခုနတုန္းက ေထြ/အုပ္႐ုံးကိုသြားတယ္။ ဘယ္လမ္းေၾကာင္းေတြဝင္ရမွန္း မသိလို႔ သူ႔ဆီမွာ အကူအညီသြားေတာင္းတယ္။ ျဖစ္ေၾကာင္းကုန္စင္ အမွန္တရားကို က်ေနာ္တို႔အားလုံး ေျပာျပတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီးေတာ့ အမွန္တရားတခု ထြက္ေပၚလာရင္ က်ေနာ္တို႔ေက်နပ္တယ္။ ရွင္းရွင္းေျပာရရင္ဗ်ာ ဒီျဖစ္စဥ္ေတြအကုန္လုံးကို သူအကုန္ၾကားသိၿပီးသြားၿပီ။ သူ က်ေနာ့္ကိုဘာေမးလဲ ဆိုေတာ့ ဒိုင္းခနဲ ေသနတ္သံထြက္တဲ့အခါမွာ ရပ္ကြက္ကေတာ့ ၾကားမွာပဲလို႔ ေျပာတယ္။ M 15 နဲ႔ပစ္တာက နည္းတဲ့အသံမဟုတ္ဘူး၊ အသံကက်ယ္တယ္လို႔ ေျပာတယ္။ M 15 နဲ႔ ပစ္တယ္ဆိုေတာ့ ဘာေသနတ္နဲ႔ပစ္တယ္ဆိုတာ က်ေနာ္တို႔ မသိဘူးေလ။ သူကသိတယ္ေလ၊ သူသိတယ္ဆိုတာ ရဲေတြက သူ႔ကိုေျပာျပတာ ျဖစ္မွာေပါ့။ က်ေနာ္တို႔သိတာ ေသနတ္နဲ႔ပစ္တယ္ဆိုတာပဲ သိတာ။"

လမိုင္းရဲစခန္းမွာရွိတဲ့ တာဝန္ရွိသူေတြက စခန္းနားေရာက္လာသူကို ေအာ္ဟစ္သတိေပးၿပီး ေသနတ္နဲ႔ပစ္သတ္ခဲ့တဲ့ ျဖစ္စဥ္မွာ ေသနတ္သံၾကားသူရွိသလို မ်က္ျမင္ေတြ႕သူတခ်ိဳ႕လည္း ရွိခဲ့ေပမယ့္ လုံၿခဳံေရးအေျခအေနေၾကာင့္ သက္ေသထြက္ေပးဖို႔ကို မဝံ့မရဲျဖစ္ေနတယ္လို႔ ကိုႏိုင္ဝင္းက ေျပာပါတယ္။

"အဲဒီရပ္ကြက္ကေတာ့ ၾကားမွာပဲလို႔ သူေျပာတယ္။ က်ေနာ္က သူ႔ကိုေျပာလိုက္တယ္၊ ရပ္ကြက္ကၾကားတာ ဟုတ္တယ္။ ဒါေပမယ့္ က်ေနာ္တို႔ နယ္ဘက္ကလူေတြက ေၾကာက္ၾကတာ မေျပာရဲၾကဘူး။ မေျပာရဲတဲ့အခါက်ေတာ့ တခ်ိဳ႕ေတြက မၾကားဘူးပဲ ေျပာတဲ့လူရွိသလို ၾကားခဲ့တယ္ေျပာတဲ့ လူေတြလည္း ရွိခဲ့တယ္။ မ်က္ျမင္သက္ေသလည္း ရွိတယ္။ အစတုန္းက သူေျပာျပမယ္လို႔ မ်က္ျမင္သက္ေသက က်ေနာ္တို႔ကို ေျပာျပထားၿပီးၿပီ။ ဒါေပမယ့္ ႐ုံးတို႔ဘာတို႔သြားရမွာ သူေၾကာက္ေနတယ္။ အဲလိုမ်ိဳးေတြရွိတယ္။"

ေသဆုံးသြားသူရဲ႕ ႐ုပ္အေလာင္းကို ဩဂုတ္လ ၁ ရက္၊ မေန႔တုန္းက သၿဂႋဳဟ္ခဲ့ၿပီး မိသားစုဝင္၊ ပရဟိတအဖြဲ႕ဝင္ေတြနဲ႔ အသိတခ်ိဳ႕သာ လိုက္ပါပို႔ေဆာင္ခဲ့တာပါ။ လမိုင္းၿမိဳ႕မွာ ရဲစခန္းက ေသနတ္နဲ႔ပစ္ခတ္လို႔ လူေသဆုံးတာ ဒါပထမဆုံးအႀကိမ္ျဖစ္ၿပီး တရက္ေက်ာ္ၾကာလာခ်ိန္အထိ ေသဆုံးခဲ့သူနဲ႔ပတ္သက္ၿပီး ဆက္သြယ္အေၾကာင္းၾကားလာတာ မရွိသလို တာဝန္ယူတာလည္း မရွိဘူးလို႔ ေဒသခံေတြကေျပာပါတယ္။ ပရဟိတအဖြဲ႕ကေတာ့ သူတို႔ရဲ႕အသင္းသား ေသဆုံးတာနဲ႔ပတ္သက္ၿပီး အမွန္တရားေပၚေပါက္ဖို႔ကို ဆက္ၿပီးေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

လမိုင်းရဲစခန်းအတွင်းက ပစ်ခတ်လို့ ပရဟိတလူငယ်တဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့မှာ ရဲစခန်းအတွင်းကနေ သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပရဟိတလူငယ်တဦး သေဆုံးခဲ့ပါတယ်။ ရဲစခန်းနားရောက်လာသူကို မသင်္ကာလို့ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရဲစခန်းဘက်က ပရဟိတအဖွဲ့ကို တုံ့ပြန်ပြောခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

ဇူလိုင်လ ၃၁ ရက် ပြီးခဲ့တဲ့ တနင်္ဂနွေည ၁၁ နာရီဝန်းကျင်မှာ မွန်ပြည်နယ်၊ ရေးခရိုင်မှာရှိတဲ့ လမိုင်းမြို့ရဲစခန်းအတွင်းကနေ သေနတ်နဲ့ပစ်လိုက်လို့ လူငယ်တဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားသူရဲ့ ရုပ်အလောင်းသယ်ယူဖို့ကို လမိုင်းပရဟိတလူငယ်များအဖွဲ့ဆီ အကူအညီတောင်း ဆက်သွယ်ခဲ့ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကိုမြင်တဲ့အချိန်မှာ လမိုင်းပရဟိတအသင်းသား ဖြစ်နေတယ်ဆိုတာ သိခဲ့ရတာလို့ အသင်းဥက္ကဋ္ဌ ကိုဝင်းအောင်က ပြောပါတယ်။

"ရဲတွေက အခုချိန်ထိ သူတို့ပါးစပ်ကနေ ပြောနေတုန်းပဲ၊ သူတို့စခန်းနားရောက် လာလို့ မသင်္ကာလို့ ပစ်သတ်လိုက်တာလို့ သူတို့ထွက်ဆိုချက်က အဲဒီအတိုင်းပဲ။ သူတို့ပစ်ပြီးတော့ ပရဟိတအသင်းကို ဖုန်းဆက်တာပေါ့နော်။ ငါတို့စခန်းကို ချဉ်းကပ်လာလို့ ငါတို့သေနတ်နဲ့ ပစ်သတ်လိုက်တာ သေသွားပြီ၊ အဲဒါကြောင့် ဒီရုပ်အလောင်းကို ဆေးရုံကိုတချက်ပို့ပေးပါလို့ အကူအညီတောင်းလို့ ကျနော်တို့သွားတာ။ ဟိုရောက်မှ ကျနော်တို့အသင်းသားဖြစ်မှန်း သိရတာ။"

သေဆုံးသွားသူဟာ အသက်၂၁ နှစ်အရွယ် မောင်လင်းအောင်ဖြစ်ပြီးတော့ အသင်းရုံးကနေ နေအိမ်ကိုပြန်တဲ့လမ်းမှာ အခုလို သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာလို့ ပြောပါတယ်။ ရဲစခန်းဘက်က သူတို့သေနတ်နဲ့ပစ်လိုက်လို့ လူတယောက်သေသွားတယ်ဆိုတာကို အတိအကျပြောထားပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုချိန်ထိ တာဝန်ယူတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ပရဟိတအသင်းသားတဦး အခုလို သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ဖြစ်ရပ်အပေါ် အမှန်တရားပေါ်ပေါက်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ လမိုင်းပရဟိတအသင်း အဖွဲ့ဝင်တွေက ပြောပါတယ်။ လမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဩဂုတ်လ ၂ ရက်၊ ဒီကနေ့မှာ သွားရောက်ခဲ့တဲ့ အသင်းအတွင်းရေးမှူး ကိုနိုင်ဝင်းက အမှန်တရားပေါ်ပေါက်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

"ကျနော်တို့ ခုနတုန်းက ထွေ/အုပ်ရုံးကိုသွားတယ်။ ဘယ်လမ်းကြောင်းတွေဝင်ရမှန်း မသိလို့ သူ့ဆီမှာ အကူအညီသွားတောင်းတယ်။ ဖြစ်ကြောင်းကုန်စင် အမှန်တရားကို ကျနော်တို့အားလုံး ပြောပြတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အမှန်တရားတခု ထွက်ပေါ်လာရင် ကျနော်တို့ကျေနပ်တယ်။ ရှင်းရှင်းပြောရရင်ဗျာ ဒီဖြစ်စဉ်တွေအကုန်လုံးကို သူအကုန်ကြားသိပြီးသွားပြီ။ သူ ကျနော့်ကိုဘာမေးလဲ ဆိုတော့ ဒိုင်းခနဲ သေနတ်သံထွက်တဲ့အခါမှာ ရပ်ကွက်ကတော့ ကြားမှာပဲလို့ ပြောတယ်။ M 15 နဲ့ပစ်တာက နည်းတဲ့အသံမဟုတ်ဘူး၊ အသံကကျယ်တယ်လို့ ပြောတယ်။ M 15 နဲ့ ပစ်တယ်ဆိုတော့ ဘာသေနတ်နဲ့ပစ်တယ်ဆိုတာ ကျနော်တို့ မသိဘူးလေ။ သူကသိတယ်လေ၊ သူသိတယ်ဆိုတာ ရဲတွေက သူ့ကိုပြောပြတာ ဖြစ်မှာပေါ့။ ကျနော်တို့သိတာ သေနတ်နဲ့ပစ်တယ်ဆိုတာပဲ သိတာ။"

လမိုင်းရဲစခန်းမှာရှိတဲ့ တာဝန်ရှိသူတွေက စခန်းနားရောက်လာသူကို အော်ဟစ်သတိပေးပြီး သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ သေနတ်သံကြားသူရှိသလို မျက်မြင်တွေ့သူတချို့လည်း ရှိခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် သက်သေထွက်ပေးဖို့ကို မဝံ့မရဲဖြစ်နေတယ်လို့ ကိုနိုင်ဝင်းက ပြောပါတယ်။

"အဲဒီရပ်ကွက်ကတော့ ကြားမှာပဲလို့ သူပြောတယ်။ ကျနော်က သူ့ကိုပြောလိုက်တယ်၊ ရပ်ကွက်ကကြားတာ ဟုတ်တယ်။ ဒါပေမယ့် ကျနော်တို့ နယ်ဘက်ကလူတွေက ကြောက်ကြတာ မပြောရဲကြဘူး။ မပြောရဲတဲ့အခါကျတော့ တချို့တွေက မကြားဘူးပဲ ပြောတဲ့လူရှိသလို ကြားခဲ့တယ်ပြောတဲ့ လူတွေလည်း ရှိခဲ့တယ်။ မျက်မြင်သက်သေလည်း ရှိတယ်။ အစတုန်းက သူပြောပြမယ်လို့ မျက်မြင်သက်သေက ကျနော်တို့ကို ပြောပြထားပြီးပြီ။ ဒါပေမယ့် ရုံးတို့ဘာတို့သွားရမှာ သူကြောက်နေတယ်။ အဲလိုမျိုးတွေရှိတယ်။"

သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၁ ရက်၊ မနေ့တုန်းက သြင်္ဂိုဟ်ခဲ့ပြီး မိသားစုဝင်၊ ပရဟိတအဖွဲ့ဝင်တွေနဲ့ အသိတချို့သာ လိုက်ပါပို့ဆောင်ခဲ့တာပါ။ လမိုင်းမြို့မှာ ရဲစခန်းက သေနတ်နဲ့ပစ်ခတ်လို့ လူသေဆုံးတာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး တရက်ကျော်ကြာလာချိန်အထိ သေဆုံးခဲ့သူနဲ့ပတ်သက်ပြီး ဆက်သွယ်အကြောင်းကြားလာတာ မရှိသလို တာဝန်ယူတာလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပရဟိတအဖွဲ့ကတော့ သူတို့ရဲ့အသင်းသား သေဆုံးတာနဲ့ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ဖို့ကို ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG