သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနတိုးမဟာမိတ္တပ္ေတြ အင္အားတိုးခ်ဲ႕ခ်ဖို႔ ေဘာလ္တစ္ႏိုင္ငံေတြလိုလား


Russia Ukraine War

[[Zawgyi/Unicode]]

ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႔အေနနဲ႔ ေဘာ္လ္တစ္ႏုိင္ငံေတြမွာ ပိုႀကီးမားၿပီး ပိုၿပီးေတာ့ ေရရွည္ျဖစ္မယ့္ စစ္အင္အား တုိးခ်ဲ႕ခ်ထားဖို႔ အဲဒီႏုိင္ငံေတြက လိုလားေနပါတယ္။

စစ္အင္အားႀကီး ႐ုရွားႏုိင္ငံရဲ႕ အိမ္နီးခ်င္းႏုိင္ငံငယ္ေတြျဖစ္တဲ့ အက္စ္တိုးနီးယား၊ လတ္ဗီးယားနဲ႔ လစ္သူေယးနီးယား သံုးႏုိင္ငံဟာ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္ေနခ်ိန္မွာပဲ သူတို႔ႏုိင္ငံေတြမွာ NATO စစ္အင္အား တိုးခ်ဲ႕ခ်ထားဖို႔ တြန္းအားေပးေနၾက တာပါ။

သံုးႏုိင္ငံေပါင္းလူဦးေရ ၆ သန္းေလာက္ပဲရွိတဲ့ ဒီသံုးႏုိင္္ငံကို NATO အဖြဲ႔ဝင္ ႏုိင္ငံေတြထဲမွာ အားအနည္းဆံုး ႏုိင္ငံေတြအျဖစ္ သတ္မွတ္ထားၾကတာပါ။ ေဘာ္လ္တစ္ေဒသ ဒီ သံုးႏုိင္ငံဟာ NATO မဟာမိတ္အဖြဲ႔ထဲကို ၂၀၀၄ ခုႏွစ္က ဝင္ေရာက္ခဲ့ၾကေပမယ့္ NATO အဖြဲ႔ဝင္ တျခားႏုိင္ငံေတြနဲ႔ နယ္နိမိတ္က်ဥ္းက်ဥ္းေလးပဲ ထိစပ္မႈရွိပါတယ္။ ဒါေပမယ့္ ႐ုရွားစစ္အင္အား အခုိင္အမာခ်ထားတဲ့ Kaliningrad ၿမိဳ႕နဲ႔ ႐ုရွားမဟာမိတ္ ဘဲလာ႐ုစ္ႏုိင္ငံတို႔ၾကားထဲမွာ ရွိေနပါတယ္။

အေရွ႕ဥေရာပမွာ ႐ုရွားက ၾသဇာခ်ဲဲ႕ထြင္ဖို႔ ႀကိဳးစားလာတာနဲ႔အမွ် ဆိုဗီယက္ျပည္ေထာင္စုဝင္ ႏုိင္ငံေဟာင္းေတြျဖစ္ၾကတဲ့ ေဘာ္လ္တစ္ သံုးႏုိင္ငံအတြက္ စိုးရိမ္စရာပိုျဖစ္လာပါတယ္။

NATO မဟာမိတ္အဖြဲ႔ရဲ႕ အေရွ႕ဘက္ျခမ္းေဒသေတြမွာ ၂၀၁၄ ခုႏွစ္အထိ NATO တပ္ဖြဲ႔ဝင္ေတြမရွိခဲ့ဘဲ ယူကရိန္းပိုင္ Crimea ေဒသကို ႐ုရွားက သူပိုင္အျဖစ္ သိမ္းသြင္းခဲ့တဲ့ေနာက္ပိုင္းမွာမွ ေဘာ္လ္တစ္ေဒသနဲ႔ ပိုလန္ႏုိ္င္ငံတို႔မွာ NATO တပ္ဖြဲ႔ေလးဖြဲ႔ကို အလွည့္က်ခ်ထားဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ တဲ့ေနာက္ပိုင္းမွာေတာ့ တပ္ဖြဲ႔အေရ အတြက္ ပိုတိုးခဲ့ၿပီး ဒီႏွစ္အေစာပိုင္းနဲ႔ႏိႈႈင္းယွဥ္ရင္ အေရအတြက္ ႏွစ္ဆနီးပါးတိုးၿပီးေတာ့ လက္ရွိမွာ တပ္ဖြဲ႔ဝင္ ၇,၇၀၀ နီးပါး ေဘာလ္တစ္ေဒသမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

နေတိုးမဟာမိတ်တပ်တွေ အင်အားတိုးချဲ့ချဖို့ ဘောလ်တစ်နိုင်ငံတွေလိုလား

မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့အနေနဲ့ ဘော်လ်တစ်နိုင်ငံတွေမှာ ပိုကြီးမားပြီး ပိုပြီးတော့ ရေရှည်ဖြစ်မယ့် စစ်အင်အား တိုးချဲ့ချထားဖို့ အဲဒီနိုင်ငံတွေက လိုလားနေပါတယ်။

စစ်အင်အားကြီး ရုရှားနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံငယ်တွေဖြစ်တဲ့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယား သုံးနိုင်ငံဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေချိန်မှာပဲ သူတို့နိုင်ငံတွေမှာ NATO စစ်အင်အား တိုးချဲ့ချထားဖို့ တွန်းအားပေးနေကြ တာပါ။

သုံးနိုင်ငံပေါင်းလူဦးရေ ၆ သန်းလောက်ပဲရှိတဲ့ ဒီသုံးနိုင်ငံကို NATO အဖွဲ့ဝင် နိုင်ငံတွေထဲမှာ အားအနည်းဆုံး နိုင်ငံတွေအဖြစ် သတ်မှတ်ထားကြတာပါ။ ဘော်လ်တစ်ဒေသ ဒီ သုံးနိုင်ငံဟာ NATO မဟာမိတ်အဖွဲ့ထဲကို ၂၀၀၄ ခုနှစ်က ဝင်ရောက်ခဲ့ကြပေမယ့် NATO အဖွဲ့ဝင် တခြားနိုင်ငံတွေနဲ့ နယ်နိမိတ်ကျဉ်းကျဉ်းလေးပဲ ထိစပ်မှုရှိပါတယ်။ ဒါပေမယ့် ရုရှားစစ်အင်အား အခိုင်အမာချထားတဲ့ Kaliningrad မြို့နဲ့ ရုရှားမဟာမိတ် ဘဲလာရုစ်နိုင်ငံတို့ကြားထဲမှာ ရှိနေပါတယ်။

အရှေ့ဥရောပမှာ ရုရှားက သြဇာချဲ့ထွင်ဖို့ ကြိုးစားလာတာနဲ့အမျှ ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းတွေဖြစ်ကြတဲ့ ဘော်လ်တစ် သုံးနိုင်ငံအတွက် စိုးရိမ်စရာပိုဖြစ်လာပါတယ်။

NATO မဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်ခြမ်းဒေသတွေမှာ ၂၀၁၄ ခုနှစ်အထိ NATO တပ်ဖွဲ့ဝင်တွေမရှိခဲ့ဘဲ ယူကရိန်းပိုင် Crimea ဒေသကို ရုရှားက သူပိုင်အဖြစ် သိမ်းသွင်းခဲ့တဲ့နောက်ပိုင်းမှာမှ ဘော်လ်တစ်ဒေသနဲ့ ပိုလန်နိုင်ငံတို့မှာ NATO တပ်ဖွဲ့လေးဖွဲ့ကို အလှည့်ကျချထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက် တဲ့နောက်ပိုင်းမှာတော့ တပ်ဖွဲ့အရေ အတွက် ပိုတိုးခဲ့ပြီး ဒီနှစ်အစောပိုင်းနဲ့နှိုှုင်းယှဉ်ရင် အရေအတွက် နှစ်ဆနီးပါးတိုးပြီးတော့ လက်ရှိမှာ တပ်ဖွဲ့ဝင် ၇,၇၀၀ နီးပါး ဘောလ်တစ်ဒေသမှာ ရှိနေပါတယ်။

XS
SM
MD
LG