သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နယူးေယာက္ ပစ္ခတ္မႈ အလိုရွိသူကိုအပူတျပင္းရွာေဖြေနဆဲ 


 New York City ရဲဌာနက ေျမေအာက္ရထားေပၚမွာ ပစ္ခတ္သူအျဖစ္ ဆုေငြထုတ္ၿပီး အပူတျပင္းရွာေဖြေနသူ ၆၂ ႏွစ္အရြယ္ Frank R. James

[[Zawgyi/Unicode]]

လူ ၂၀ ေက်ာ္ဒဏ္ရာရခဲ့တဲ့ နယူးေယာက္ ေျမေအာက္ရထား ပစ္ခတ္မႈတြင္း အလိုရွိသူတဦးကို ဆက္ရွာေဖြေနပါတယ္။ မေန႔ အဂၤါေန႔မနက္ ႐ုံးတက္ခ်ိန္ လူအသြားအလာမ်ားခ်ိန္မွာ ျဖစ္ခဲ့တဲ့ပစ္ခတ္မႈမွာ အလိုရွိသူအျဖစ္ အသက္ ၆၂ အ႐ြယ္ Frank R James ကို သတ္မွတ္ထားတယ္လို႔ နယူးေယာက္ ရဲေထာက္လွမ္းေရးအရာရွိခ်ဳပ္ Jim Essig က မေန႔ညေနက ေျပာပါတယ္။

Wisconsin၊ Philadelphia နဲ႔ Pennsylvania ျပည္နယ္ ၃ ခုလုံးမွာ ေနရပ္လိပ္စာယူထားတဲ့ James အေနနဲ႔ Van ကားတစီးကို ငွားၿပီး ပစ္ခတ္မႈျဖစ္တဲ့ Brooklyn ဘူတာ႐ုံကေန ၅ မိုင္နီးပါးအကြာမွာ ကားကိုရပ္ခဲ့တာပါ။ အခင္းျဖစ္တဲ့ေနရာမွာ ဒီကားေသာ့ကို ေတြ႕ခဲ့ရတယ္လို႔လည္း ရဲေတြက ဆိုပါတယ္။

အနည္းဆုံး လူ ၂၃ ဦး ဒဏ္ရာရခဲ့တဲ့ ဒီ ပစ္ခတ္မႈနဲ႔ ဆက္စပ္ၿပီး ရွာေဖြေဖာ္ထုတ္ႏိုင္ဖို႔ James ကို အပူတျပင္း လိုက္ရွာေနတယ္လို႔လည္း အရာရွိခ်ဳပ္ Essig က သတင္းေထာက္ေတြကိုေျပာပါတယ္။

James အေနနဲ႔ Philadephia ျပည္နယ္မွာ ဒီ Van ေပါင္မုန္႔ပုံကားကိုငွားရမ္းခဲ့တာလို႔ သိရပါတယ္။ သူ႔ကို သတင္းေပးသူအတြက္ ဆုေငြ ေဒၚလာ ၅ ေသာင္းခ်ီးျမႇင့္မယ္လို႔ အရာရွိခ်ဳပ္ Essig က ေျပာပါတယ္။

နယူးေယာက္ၿမိဳ.ထဲ Brooklyn အရပ္ရဲ႕ လူမ်ိဳးစုံၿပီး အလုပ္နဲ႔ အပန္းေျဖပန္းၿခံအသြားအလာမ်ားတဲ့ ၃၆ လမ္း ေျမေအာက္ဘူတာမွာ ျဖစ္တဲ့ ဒီပစ္ခတ္မူအတြင္း ဒဏ္ရာရသူေတြထဲက ၅ ဦးက ျပင္းထန္ေပမဲ့ အသက္အႏၲရယ္မစိုးရိမ္ရေတာ့ဘူးလို႔ေတာ့ ရဲေတြက ဆိုပါတယ္။

မေန႔ အဂၤါ မနက္ ၈ နာရီခြဲေလာက္မွာ ဒီဘူတာ႐ုံကို ေျမေအာက္ရထား ဆိုက္လာခ်ိန္ အစိမ္းေရာင္ အလုပ္သမားဝတ္စုံနဲ႔ ဓာတ္ေငြ႔ကာ မ်က္ႏွာဖုံးတပ္ အမ်ိဳးသားတဦးက ရထားတြဲအတြင္း မီးခိုးဗုံးေဖါက္ခြဲၿပီးမွ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာပါ။

အခုလို ပစ္ခတ္ခဲ့တဲ့ အေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။ အၾကမ္းဖက္ ဝါဒစြဲ တိုက္ခိုက္မႈလို႔ အမႈဖြင့္ထားတာ ခုခ်ိန္ထိ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

နယူးယောက် ပစ်ခတ်မှု အလိုရှိသူကိုအပူတပြင်းရှာဖွေနေဆဲ

လူ ၂၀ ကျော်ဒဏ်ရာရခဲ့တဲ့ နယူးယောက် မြေအောက်ရထား ပစ်ခတ်မှုတွင်း အလိုရှိသူတဦးကို ဆက်ရှာဖွေနေပါတယ်။ မနေ့ အင်္ဂါနေ့မနက် ရုံးတက်ချိန် လူအသွားအလာများချိန်မှာ ဖြစ်ခဲ့တဲ့ပစ်ခတ်မှုမှာ အလိုရှိသူအဖြစ် အသက် ၆၂ အရွယ် Frank R James ကို သတ်မှတ်ထားတယ်လို့ နယူးယောက် ရဲထောက်လှမ်းရေးအရာရှိချုပ် Jim Essig က မနေ့ညနေက ပြောပါတယ်။

Wisconsin၊ Philadelphia နဲ့ Pennsylvania ပြည်နယ် ၃ ခုလုံးမှာ နေရပ်လိပ်စာယူထားတဲ့ James အနေနဲ့ Van ကားတစီးကို ငှားပြီး ပစ်ခတ်မှုဖြစ်တဲ့ Brooklyn ဘူတာရုံကနေ ၅ မိုင်နီးပါးအကွာမှာ ကားကိုရပ်ခဲ့တာပါ။ အခင်းဖြစ်တဲ့နေရာမှာ ဒီကားသော့ကို တွေ့ခဲ့ရတယ်လို့လည်း ရဲတွေက ဆိုပါတယ်။

အနည်းဆုံး လူ ၂၃ ဦး ဒဏ်ရာရခဲ့တဲ့ ဒီ ပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး ရှာဖွေဖော်ထုတ်နိုင်ဖို့ James ကို အပူတပြင်း လိုက်ရှာနေတယ်လို့လည်း အရာရှိချုပ် Essig က သတင်းထောက်တွေကိုပြောပါတယ်။

James အနေနဲ့ Philadephia ပြည်နယ်မှာ ဒီ Van ပေါင်မုန့်ပုံကားကိုငှားရမ်းခဲ့တာလို့ သိရပါတယ်။ သူ့ကို သတင်းပေးသူအတွက် ဆုငွေ ဒေါ်လာ ၅ သောင်းချီးမြှင့်မယ်လို့ အရာရှိချုပ် Essig က ပြောပါတယ်။

နယူးယောက်မြို.ထဲ Brooklyn အရပ်ရဲ့ လူမျိုးစုံပြီး အလုပ်နဲ့ အပန်းဖြေပန်းခြံအသွားအလာများတဲ့ ၃၆ လမ်း မြေအောက်ဘူတာမှာ ဖြစ်တဲ့ ဒီပစ်ခတ်မူအတွင်း ဒဏ်ရာရသူတွေထဲက ၅ ဦးက ပြင်းထန်ပေမဲ့ အသက်အန္တရယ်မစိုးရိမ်ရတော့ဘူးလို့တော့ ရဲတွေက ဆိုပါတယ်။

မနေ့ အင်္ဂါ မနက် ၈ နာရီခွဲလောက်မှာ ဒီဘူတာရုံကို မြေအောက်ရထား ဆိုက်လာချိန် အစိမ်းရောင် အလုပ်သမားဝတ်စုံနဲ့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတပ် အမျိုးသားတဦးက ရထားတွဲအတွင်း မီးခိုးဗုံးဖေါက်ခွဲပြီးမှ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

အခုလို ပစ်ခတ်ခဲ့တဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှုလို့ အမှုဖွင့်ထားတာ ခုချိန်ထိ မရှိသေးပါဘူး။

===============

XS
SM
MD
LG