သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Orion ရဲ႕လကမာၻပတ္စမ္းသပ္မႈ ေအာင္ျမင္ 


[[Zawgyi/Unicode]]

အေမရိကန္အာကာသ စူးစမ္းေလ့လာေရး NASA လႊတ္တင္ထားတဲ့ Orion အာကာသယာဥ္ငယ္ဟာ လကမာၻကို ပထမဆံုး ေအာင္ေအာင္ျမင္ျမင္ပတ္ႏိုင္ခဲ့ၿပီလို႔ NASA က ေျပာပါတယ္။

လကမာၻမ်က္ႏွာျပင္ရဲ႕အထက္ ၈၁ မိုင္ေလာက္နားအထိကပ္ၿပီး လွည့္ပတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ NASA ရဲ႕ ေနာက္ဆံုးထုတ္ျပန္ခ်က္အရ အာကာသယာဥ္ငယ္ဟာ တနာရီမိုင္ ၅ ေထာင္ေက်ာ္ႏႈန္းနဲ႔ ပတ္ခဲ့တာျဖစ္ပါတယ္။ လကမာၻကို ပတ္ေနစဥ္ Orion အာကာသယာဥ္ငယ္နဲ႔ ကမာၻေျမဆက္သြယ္ေရး ေခတၱျပတ္သြားခဲ့ေပမဲ့ NASA ရဲ႕ အာကာသကြန္ရက္နဲ႔ ျပန္လည္ခ်ိန္ဆက္ႏိုင္ခဲ့ပါတယ္။

အာကာသယာဥ္ငယ္ထဲမွာ အာကာသယာဥ္မွဴးေတြ ပါမသြားေပမဲ့ လူပုံတူအ႐ုပ္ ၃ ႐ုပ္ ပါသြားပါတယ္။ ေသာၾကာေန႔က်ရင္လည္း Orion အာကာသယာဥ္ငယ္ဟာ လကမာၻကေန အေဝးဆံုးကို ပ်ံသန္းလည္ပတ္မႈကို လုပ္မွာျဖစ္တယ္လို႔ NASA ကေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ Apollo လကမာၻစူးစမ္းေရး ေနာက္ဆံုးလုပ္ခဲ့ၿပီး ႏွစ္ ၅၀ အၾကာမွာ အခုလို လကမာၻကို အနီးကပ္ဆံုးေလ့လာတဲ့ ခရီးစဥ္ကို ပထမဆံုး ျပန္လုပ္ေနတာျဖစ္ပါတယ္။

Orion ရဲ႕လကမာၻပတ္စမ္းသပ္မႈ ေအာင္ျမင္.mp3
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

Orion ရဲ့လကမ္ဘာပတ်စမ်းသပ်မှု အောင်မြင်

အမေရိကန်အာကာသ စူးစမ်းလေ့လာရေး NASA လွှတ်တင်ထားတဲ့ Orion အာကာသယာဉ်ငယ်ဟာ လကမ္ဘာကို ပထမဆုံး အောင်အောင်မြင်မြင်ပတ်နိုင်ခဲ့ပြီလို့ NASA က ပြောပါတယ်။

လကမ္ဘာမျက်နှာပြင်ရဲ့အထက် ၈၁ မိုင်လောက်နားအထိကပ်ပြီး လှည့်ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။ NASA ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာကာသယာဉ်ငယ်ဟာ တနာရီမိုင် ၅ ထောင်ကျော်နှုန်းနဲ့ ပတ်ခဲ့တာဖြစ်ပါတယ်။ လကမ္ဘာကို ပတ်နေစဉ် Orion အာကာသယာဉ်ငယ်နဲ့ ကမ္ဘာမြေဆက်သွယ်ရေး ခေတ္တပြတ်သွားခဲ့ပေမဲ့ NASA ရဲ့ အာကာသကွန်ရက်နဲ့ ပြန်လည်ချိန်ဆက်နိုင်ခဲ့ပါတယ်။

အာကာသယာဉ်ငယ်ထဲမှာ အာကာသယာဉ်မှူးတွေ ပါမသွားပေမဲ့ လူပုံတူအရုပ် ၃ ရုပ် ပါသွားပါတယ်။ သောကြာနေ့ကျရင်လည်း Orion အာကာသယာဉ်ငယ်ဟာ လကမ္ဘာကနေ အဝေးဆုံးကို ပျံသန်းလည်ပတ်မှုကို လုပ်မှာဖြစ်တယ်လို့ NASA ကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ Apollo လကမ္ဘာစူးစမ်းရေး နောက်ဆုံးလုပ်ခဲ့ပြီး နှစ် ၅၀ အကြာမှာ အခုလို လကမ္ဘာကို အနီးကပ်ဆုံးလေ့လာတဲ့ ခရီးစဉ်ကို ပထမဆုံး ပြန်လုပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG