သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဥကၠ႒နဲ႔ မြန္ျပည္သစ္ပါတီ ဒုဥကၠ႒ေတြ႔


စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ မြန္ျပည္သစ္ပါတီ NMSP ဒုဥကၠ႒ ႏိုင္ေအာင္မင္းတို႔ အဖြဲ႔ ဒီကေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့စဥ္။ (ေမ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ မြန္ျပည္သစ္ပါတီ NMSP ဒုဥကၠ႒ ႏိုင္ေအာင္မင္းတို႔ အဖြဲ႔ဟာ ဒီကေန႔ မနက္ပိုင္းက ေနျပည္ေတာ္မွာ ေတြ႔ဆုံခဲ့ပါတယ္။ ဒီေဆြးေႏြးပြဲမွာေတာ့ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပုံေရးဆြဲေရး၊ မြန္ျပည္နယ္ ဖြဲ႕စည္းပုံေရးဆြဲေရး စတာေတြ ေဆြးေႏြးခဲ့သလို လက္ရွိ ႏိုင္ငံေရးအၾကပ္အတည္းကို ေဆြးေႏြးအေျဖရွာဖို႔အတြက္ လည္း ေဆြးေႏြးခဲ့ၾကတယ္လို႔ NMSP ေျပာခြင့္ရက VOA ကို ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုေဇာ္ဝင္းလႈိင္က တင္ျပထားပါတယ္။

မြန္ျပည္သစ္ပါတီ NMSP ဟာ စစ္ေကာင္စီဥကၠ႒နဲ႔ ဒုတိယေျမာက္ေတြ႔ဆုံတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ျဖစ္ပါတယ္။

ႏွစ္ဘက္ေတြ႔ဆုံပြဲမွာ NMSP ဘက္က အဓိက တင္ျပေဆြးေႏြးခဲ့တာေတြကို အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ႏိုင္ေအာင္မေငးက အခုလို ေျပာပါတယ္။

“ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ဖို႔အတြက္ အေျခခံဥပေဒ အျမန္ဆုံးေရးဆြဲၿပီးေတာ့ အျမန္အဆန္အေကာင္အထည္ေဖာ္ဖို႔ ဒါလည္း က်ေနာ္တို႔ ေျပာၾကတယ္။ ေနာက္ေတာ့ တန္းတူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္အျပည့္အဝရွိတဲ့ ျပည္နယ္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း ဒါျပည္နယ္နဲ႔ တိုင္းဆိုင္ရာမွာလည္း အျမန္ဆုံးေရးဆြဲဖို႔ က်ေနာ္တို႔ ေတာင္းဆိုတာေပါ့ေနာ္။ သူတို႔ ဘက္ျခမ္းကေတာ့ က်ေနာ္တို႔ ဒီတင္ျပခ်က္အေပၚမွာ အရင္ကလည္း ဒီအနာဂတ္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ဖို႔အတြက္ သေဘာတူညီခ်က္ရွိထားတဲ့အတြက္ေၾကာင့္ ဒါကိုလည္း အျမန္ဆုံးလုပ္ပါမယ္လို႔ ေျပာတယ္။ ျပည္နယ္ဖြဲ႔စည္းပုံအေျခခံဥပေဒ ေရးဆြဲဖို႔ အတြက္လည္း အျမန္ဆုံးအေကာင္အထည္ေဖာ္ပါမယ္လို႔လည္း က်ေနာ္တို႔ကို ေျပာၾကားခဲ့ပါတယ္ခင္ဗ်။”

အျခား ေဆြးေႏြးျဖစ္တဲ့အခ်က္ေတာ့ NCA လက္မွတ္ထိုးတဲ့အဖြဲ႔ေတြေရာ၊ မထိုးတဲ့အဖြဲ႕ေတြပါ အခ်င္းခ်င္း လြတ္လြတ္လပ္လပ္ေတြ႕ဆုံေဆြးေႏြးပြဲ က်င္းပဖို႔နဲ႔ ေနာက္ တဆင့္အေနနဲ႔ လက္နက္ကိုင္အဖြဲ႕ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ ပါဝင္သင့္ပါဝင္ထိုက္သူေတြ အားလုံးပါဝင္တဲ့ ေဆြးေႏြးပြဲ က်င္းပႏိုင္ေရးကို အႀကံျပဳေဆြးေႏြးခဲ့ပါတယ္။
ဒီေဆြးေႏြးခ်က္အေပၚ စစ္ေကာင္စီဘက္က သေဘာထားကိုေတာ့ ႏိုင္ေအာင္မေငးက အခုလို ဆက္ေျပာပါတယ္။

“ဒီအႀကံျပဳေဆြးေႏြးခ်က္အေပၚမွာ နစကဥကၠ႒ကေနၿပီးေတာ့ က်ေနာ္တို႔ ၁၀ ဖြဲ႕ၿပီးတဲ့အခါက်ရင္ ဘယ္လိုနည္းလမ္းနဲ႔ အရင္ဆုံး အေကာင္အထည္ေဖာ္ၿပီးေတာ့ က်ေနာ္တို႔ သုံးပြင့္ဆိုင္ တပ္မေတာ္ ေရာအစိုးရေပါ့ေနာ္။ တပ္မေတာ္၊ ၿပီးေတာ့ EAO ေတြေရာ၊ ႏိုင္ငံေရးပါတီေတြ စုဖြဲ႔ၿပီးေတာ့ ဒါကို က်ေနာတို႔ စုေပါင္းၿပီးေတာ့ နည္းလမ္းရွာမယ္။ ရလဒ္တခု ထြက္လာေအာင္ေတာ့ ေျပာၾကဆိုၾကမယ္ေပါ့။ အဲလိုေတာ့ က်ေနာ္တို႔ကိုေတာ့ ေျပာထားပါတယ္ခင္ဗ်။ ”

စစ္ေကာင္စီဘက္ကထုတ္ျပန္တဲ့ ေၾကညာခ်က္မွာေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုင္းရင္းသားမ်ားအားလုံး ႏိုင္ငံေရးတြင္ ပါဝင္ေဆာင္႐ြက္ေရးနဲ႔ ပညာေရးအေျခအေန၊ ပါတီစုံဒီမိုကေရစီစနစ္က်င့္သုံးေရးနဲ႔ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး ကိစၥရပ္ေတြ ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ေနာက္ရက္ေတြမွာေတာ့ မြန္ျပည္သစ္ပါတီ ကိုယ္စားလွယ္အဖြဲ႔ဟာ စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႔နဲ႔ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီတို႔နဲ႔ ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ဒီေဆြးေႏြးပြဲေတြမွာေတာ့ မြန္ျပည္သစ္ပါတီဘက္က အမ်ိဳးသားေရး၊ ပါတီအေရးကိစၥေတြ ထည့္သြင္းေဆြးေႏြးဖို႔ ရွိေနပါတယ္။

ဒီကေန႔ ေတြ႕ဆုံပြဲမွာ စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ဒုဥကၠ႒ ဒုဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ စစ္ေကာင္စီအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္း၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည္နဲ႔ မြန္ျပည္သစ္ပါတီ ဒုဥကၠ႒ ႏိုင္ေအာင္မင္း၊ တြဲဖက္အတြင္းေရးမႉး ႏိုင္ဝင္းလွ၊ ျပည္တြင္းေရးရာ တာဝန္ခံ ဗဟိုအလုပ္မႈေဆာင္ ေကာ္မတီ ႏိုင္ဗညားလယ္တို႔ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။

ဒီလ ၂၀ ရက္ေန႔ကေန ၂၂ ေန႔အထိကေတာ့ စစ္ေကာင္စီ ဥကၠဌဦးေဆာင္တဲ့အဖြဲ႕နဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕တို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

စစ္ေကာင္စီက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ၾကားရာမွာ NCA အပစ္ရပ္အဖြဲ႔က ၇ ဖြဲ႔နဲ႔ အပစ္မရပ္တဲ့အဖြဲ႔ ၃ ဖြဲ႔တို႔က လက္ခံထားပါတယ္။ ဒီဖိတ္ၾကားခ်က္ကို တိုင္းရင္းသားလက္နက္ကိုင္အင္အားႀကီးအဖြဲ႕ေတြျဖစ္တဲ့ ကရင္ KNU၊ ကခ်င္ KIO တို႔နဲ႔အတူ ကရင္နီ KNPP၊ ခ်င္းCNF၊ ေက်ာင္းသားတပ္မေတာ္ ABSDF တို႔က လက္မခံေၾကာင္း ထုတ္ျပန္ခဲ့သလို တအန္း(ပေလာင္) TNLA၊ ကိုးကန႔္ MNDAA နဲ႔ ရခိုင္ AA အဖြဲ႕တို႔လည္း ပါဝင္တက္ေရာက္တာ မရွိပါဘူး။

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြ PDF ေတြကို မဖိတ္ၾကားတဲ့အေပၚမွာေတာ့ ေဝဖန္တာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

စစ်ကောင်စီဥက္ကဋ္ဌနဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌတွေ့

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းတို့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရေး၊ မွန်ပြည်နယ် ဖွဲ့စည်းပုံရေးဆွဲရေး စတာတွေ ဆွေးနွေးခဲ့သလို လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဆွေးနွေးအဖြေရှာဖို့အတွက် လည်း ဆွေးနွေးခဲ့ကြတယ်လို့ NMSP ပြောခွင့်ရက VOA ကို ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီ NMSP ဟာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒုတိယမြောက်တွေ့ဆုံတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။

နှစ်ဘက်တွေ့ဆုံပွဲမှာ NMSP ဘက်က အဓိက တင်ပြဆွေးနွေးခဲ့တာတွေကို အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက အခုလို ပြောပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် အခြေခံဥပဒေ အမြန်ဆုံးရေးဆွဲပြီးတော့ အမြန်အဆန်အကောင်အထည်ဖော်ဖို့ ဒါလည်း ကျနော်တို့ ပြောကြတယ်။ နောက်တော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒါပြည်နယ်နဲ့ တိုင်းဆိုင်ရာမှာလည်း အမြန်ဆုံးရေးဆွဲဖို့ ကျနော်တို့ တောင်းဆိုတာပေါ့နော်။ သူတို့ ဘက်ခြမ်းကတော့ ကျနော်တို့ ဒီတင်ပြချက်အပေါ်မှာ အရင်ကလည်း ဒီအနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် သဘောတူညီချက်ရှိထားတဲ့အတွက်ကြောင့် ဒါကိုလည်း အမြန်ဆုံးလုပ်ပါမယ်လို့ ပြောတယ်။ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ အတွက်လည်း အမြန်ဆုံးအကောင်အထည်ဖော်ပါမယ်လို့လည်း ကျနော်တို့ကို ပြောကြားခဲ့ပါတယ်ခင်ဗျ။”

အခြား ဆွေးနွေးဖြစ်တဲ့အချက်တော့ NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေပါ အချင်းချင်း လွတ်လွတ်လပ်လပ်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပဖို့နဲ့ နောက် တဆင့်အနေနဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကို အကြံပြုဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးချက်အပေါ် စစ်ကောင်စီဘက်က သဘောထားကိုတော့ နိုင်အောင်မငေးက အခုလို ဆက်ပြောပါတယ်။

“ဒီအကြံပြုဆွေးနွေးချက်အပေါ်မှာ နစကဥက္ကဋ္ဌကနေပြီးတော့ ကျနော်တို့ ၁၀ ဖွဲ့ပြီးတဲ့အခါကျရင် ဘယ်လိုနည်းလမ်းနဲ့ အရင်ဆုံး အကောင်အထည်ဖော်ပြီးတော့ ကျနော်တို့ သုံးပွင့်ဆိုင် တပ်မတော် ရောအစိုးရပေါ့နော်။ တပ်မတော်၊ ပြီးတော့ EAO တွေရော၊ နိုင်ငံရေးပါတီတွေ စုဖွဲ့ပြီးတော့ ဒါကို ကျနောတို့ စုပေါင်းပြီးတော့ နည်းလမ်းရှာမယ်။ ရလဒ်တခု ထွက်လာအောင်တော့ ပြောကြဆိုကြမယ်ပေါ့။ အဲလိုတော့ ကျနော်တို့ကိုတော့ ပြောထားပါတယ်ခင်ဗျ။ ”

စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားများအားလုံး နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ရေးနဲ့ ပညာရေးအခြေအနေ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်တွေ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

နောက်ရက်တွေမှာတော့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နဲ့ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေမှာတော့ မွန်ပြည်သစ်ပါတီဘက်က အမျိုးသားရေး၊ ပါတီအရေးကိစ္စတွေ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှ၊ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟိုအလုပ်မှုဆောင် ကော်မတီ နိုင်ဗညားလယ်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီလ ၂၀ ရက်နေ့ကနေ ၂၂ နေ့အထိကတော့ စစ်ကောင်စီ ဥက္ကဌဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားရာမှာ NCA အပစ်ရပ်အဖွဲ့က ၇ ဖွဲ့နဲ့ အပစ်မရပ်တဲ့အဖွဲ့ ၃ ဖွဲ့တို့က လက်ခံထားပါတယ်။ ဒီဖိတ်ကြားချက်ကို တိုင်းရင်းသားလက်နက်ကိုင်အင်အားကြီးအဖွဲ့တွေဖြစ်တဲ့ ကရင် KNU၊ ကချင် KIO တို့နဲ့အတူ ကရင်နီ KNPP၊ ချင်းCNF၊ ကျောင်းသားတပ်မတော် ABSDF တို့က လက်မခံကြောင်း ထုတ်ပြန်ခဲ့သလို တအန်း(ပလောင်) TNLA၊ ကိုးကန့် MNDAA နဲ့ ရခိုင် AA အဖွဲ့တို့လည်း ပါဝင်တက်ရောက်တာ မရှိပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF တွေကို မဖိတ်ကြားတဲ့အပေါ်မှာတော့ ဝေဖန်တာတွေ ရှိနေပါတယ်။
============

XS
SM
MD
LG