သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္ဒိုပစိတ္ဖိတ္ေဒသ လြတ္လပ္ပြင့္လင့္ျမင္သာမႈရွိေစဖို႔ Quad ေခါင္းေဆာင္ေတြ ကတိျပဳ


အင္ဒိုပစိဖိတ္ေဒသတြင္းေလးႏုိင္ငံ Quad ေခါင္းေဆာင္ေတြ ဂ်ပန္ႏုိင္ငံ၊ တိုက်ဳိၿမိဳ႕ ထိပ္သီးေဆြးေႏြးပြဲ (ေမ ၂၄၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ဒီေန႔ ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕ေတာ္မွာက်င္းပခဲ့တ့ဲ အေမရိကန္၊ ဂ်ပန္ Australia နဲ႔ အိႏၵိယစတဲ့ ၄ ႏိုင္ ငံေခါင္းေဆာင္ေတြရဲ႕ Quad ထိပ္သီးေဆြးေႏြးပြဲမွာ အင္ဒို Pacific ေဒသအတြင္း လြတ္လပ္ ပြင့္လင္းျမင္သာမႈရွိေရး အားေပးသြားမယ္လို႔ ကတိျပဳခဲ့ၾကပါတယ္။

ကမာၻ႔ရာသီဥတု ေျပာင္းလဲ ေဖာက္ျပန္မႈတိုက္ဖ်က္ေရးနဲ႔ ကိုဗစ္ကပ္ေရာဂါ တံု႔ျပန္ေရးတို႔မွာလည္း ပူးေပါင္းေဆာင္ရြက္သြားဖို႔ ကတိျပဳခဲ့ၾကပါတယ္။ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္ဝင္တိုက္တဲ့ကိစၥဟာ ဥေရာပအေရးကိစၥတခုထဲမဟုတ္ဘဲ ကမာၻ႔အေရးျဖစ္တယ္လု႔ိ အေမရိကန္သမၼတ Joe Biden က ထိပ္သီးေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့ပါတယ္။ နယ္ေျမပိုင္နက္၊ တရားဥပေဒစိုးမိုးေရး၊ ႏိုင္ငံတကာ ဥပေဒ၊ လူ႔အအခြင့္အေရးေတြခ်ဳိးေဖာက္မႈေတြ ကမာၻ႔ဘယ္ေနရာမွာမဆိုျဖစ္ေနရင္ ကာကြယ္ရမယ္လို႔သမၼတ Biden ကေျပာၾကားပါတယ္။ ယူကရိန္းမွာျဖစ္သလိုမ်ဳိး အင္ဒို Pacific ေဒသမွာ အျဖစ္ မခံႏိုင္ဘူးလို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကလည္း ေျပာၾကားခဲ့ပါတယ္။

အလားတူအျဖစ္မ်ဳိး အင္ဒို Pacific ေဒသထဲမွာ အျဖစ္ခံလို႔ မရပါဘူး။ ဒီလိုခက္ခဲတဲ့ အေျခအေနေတြၾကားမွာ Quad ၄ ႏိုင္ငံၾကား စည္းလံုးညီၫြတ္မႈရွိတယ္ဆိုတာ ျပသဖို႔လိုအပ္သလို ႏိုင္ငံတကာအသိုင္းအဝိုင္းမွာ အင္ဒို Pacific ေဒသကဟာ လြတ္လပ္ ပြင့္လင္းျမင္သာမႈရွိေအာင္ သႏၷိဌာန္ခ်မွတ္ထားတယ္ဆိုတာ ျပသဖို႔ သိပ္ကို အေရးႀကီးပါတယ္လု႔ိ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Kishida ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

Quad ၄ ႏိုင္ငံထဲမွာ က်ဳးေက်ာ္စစ္ပြဲအတြက္ ႐ုရွားအေပၚ အျပစ္တင္ၿပီး ဒဏ္ခတ္မႈေတြ လုပ္ေနတဲ့ထဲမွာ အိႏၵိယႏိုင္ငံမပါေသးပါဘူး။ ထိပ္သီးေဆြးေႏြးပြဲမွာ မိန္႔ခြန္းေျပာၾကားခဲ့တာမွာလည္း ဝန္ႀကီးခ်ဳပ္ Narendra Modi ကယူကရိန္းစစ္ပြဲအေၾကာင္း ထည့္သြင္းေျပာၾကားျခင္း မရွိခဲ့ပါဘူး။

ကမာၻ႔ရာသီဥတု ေျပာင္းလဲ ေဖာက္ျပန္မႈေနကို ကိုင္တြယ္ေျဖရွင္းဖို႔ အေရးႀကီးတဲ့အေၾကာင္းကိုေတာ့ Australia ဝန္ႀကီးခ်ဳပ္သစ္ Anthony Albanese ကေျပာၾကားခဲ့ၿပီး သူ႔အစိုးရအေနနဲ႔ ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြ လုပ္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အာ႐ွ Pacific ေဒသ ၁၃ ႏိုင္ငံပါဝင္တဲ့ ကုန္သြယ္ေရး အစျပဳမႈအျဖစ္ အင္ဒို Pacific စီးပြားေရး မူေဘာင္ေတြကို အေမရိကန္သမၼတ Biden က တနလၤာေန႔က ေၾကညာခဲ့ပါတယ္။

============

[[Unicode]]

အင်ဒိုပစိတ်ဖိတ်ဒေသ လွတ်လပ်ပွင့်လင့်မြင်သာမှုရှိစေဖို့ Quad ခေါင်းဆောင်တွေ ကတိပြု

ဒီနေ့ ဂျပန်နိုင်ငံ Tokyo မြို့တော်မှာကျင်းပခဲ့တဲ့ အမေရိကန်၊ ဂျပန် Australia နဲ့ အိန္ဒိယစတဲ့ ၄ နိုင် ငံခေါင်းဆောင်တွေရဲ့ Quad ထိပ်သီးဆွေးနွေးပွဲမှာ အင်ဒို Pacific ဒေသအတွင်း လွတ်လပ် ပွင့်လင်းမြင်သာမှုရှိရေး အားပေးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေးနဲ့ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်ရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ကတိပြုခဲ့ကြပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ဝင်တိုက်တဲ့ကိစ္စဟာ ဥရောပအရေးကိစ္စတခုထဲမဟုတ်ဘဲ ကမ္ဘာ့အရေးဖြစ်တယ်လု့ိ အမေရိကန်သမ္မတ Joe Biden က ထိပ်သီးဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။ နယ်မြေပိုင်နက်၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ဥပဒေ၊ လူ့အအခွင့်အရေးတွေချိုးဖောက်မှုတွေ ကမ္ဘာ့ဘယ်နေရာမှာမဆိုဖြစ်နေရင် ကာကွယ်ရမယ်လို့သမ္မတ Biden ကပြောကြားပါတယ်။ ယူကရိန်းမှာဖြစ်သလိုမျိုး အင်ဒို Pacific ဒေသမှာ အဖြစ် မခံနိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကလည်း ပြောကြားခဲ့ပါတယ်။

အလားတူအဖြစ်မျိုး အင်ဒို Pacific ဒေသထဲမှာ အဖြစ်ခံလို့ မရပါဘူး။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကြားမှာ Quad ၄ နိုင်ငံကြား စည်းလုံးညီညွတ်မှုရှိတယ်ဆိုတာ ပြသဖို့လိုအပ်သလို နိုင်ငံတကာအသိုင်းအဝိုင်းမှာ အင်ဒို Pacific ဒေသကဟာ လွတ်လပ် ပွင့်လင်းမြင်သာမှုရှိအောင် သန္နိဌာန်ချမှတ်ထားတယ်ဆိုတာ ပြသဖို့ သိပ်ကို အရေးကြီးပါတယ်လု့ိ ဂျပန်ဝန်ကြီးချုပ် Kishida ကပြောကြားခဲ့တာဖြစ်ပါတယ်။

Quad ၄ နိုင်ငံထဲမှာ ကျုးကျော်စစ်ပွဲအတွက် ရုရှားအပေါ် အပြစ်တင်ပြီး ဒဏ်ခတ်မှုတွေ လုပ်နေတဲ့ထဲမှာ အိန္ဒိယနိုင်ငံမပါသေးပါဘူး။ ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခဲ့တာမှာလည်း ဝန်ကြီးချုပ် Narendra Modi ကယူကရိန်းစစ်ပွဲအကြောင်း ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုနေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတဲ့အကြောင်းကိုတော့ Australia ဝန်ကြီးချုပ်သစ် Anthony Albanese ကပြောကြားခဲ့ပြီး သူ့အစိုးရအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အာရှ Pacific ဒေသ ၁၃ နိုင်ငံပါဝင်တဲ့ ကုန်သွယ်ရေး အစပြုမှုအဖြစ် အင်ဒို Pacific စီးပွားရေး မူဘောင်တွေကို အမေရိကန်သမ္မတ Biden က တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

============

XS
SM
MD
LG