သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေရနံပိတ္ပင္ဖို႔ EU အတြင္း သေဘာတူညီခ်က္ရရွိ


ယူကရိန္းကိုဝင္ေရာက္က်ဴးေက်ာ္တဲ့အတြက္ ႐ုရွားကေရနံေတြပိတ္ဆို႔ဒဏ္ခတ္ေရး အီးယူသမဂၢအဖြဲ႔ေတြရဲ႕ ဘရပ္ဆဲလ္အစည္းအေဝးမွာ အီတလီဝန္ႀကီးခ်ဳပ္ Mario Draghi (ေမ ၃၁၊၂၀၂၂)

[[Zawgyi/Unicode]]

EU ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြဆီ ႐ုရွားတင္ပို႔ေနတဲ့ေရနံအမ်ားစုကို ပိတ္ပင္ တားျမစ္ဖို႔ EU ေခါင္းေဆာင္ေတြ သေဘာတူလိုက္တဲ့အတြက္ ႐ုရွားအေနနဲ႔ ဝင္ေငြပိုနည္းသြားၿပီး စစ္စရိတ္သံုးစြဲမႈ ပိုၿပီးၾကပ္သြားလိမ့္မယ္လို႔ EU ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Josep Borrell က ေျပာၾကားလိုက္ပါတယ္။

လက္ရွိမွာ EU ႏိုင္ငံေတြက ႐ုရွားရဲ႕ေရနံေတြကို အမ်ားဆုံးဝယ္ယူေနတာျဖစ္လို႔ ေနာက္ဆိုရင္ တျခားႏိုင္ငံေတြကို ႐ုရွားက ေလွ်ာ့ေဈးနဲ႔ ေရာင္းရေတာ့မွာျဖစ္တယ္လို႔ အႀကီးအကဲ Borrell ကေျပာပါတယ္။ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္စစ္ ဝင္တိုက္တဲ့အေပၚ အေရးယူ ဒဏ္ခတ္တဲ့အေနနဲ႔ အခု ၂၀၂၂ ခုႏွစ္မကုန္ခင္ ႐ုရွားက တင္ပို႔ေနတဲ့ထဲက ၃ ပုံ ၂ ပုံျဖစ္တဲ့ ေရလမ္းေၾကာင္းကေန တင္ပို႔တဲ့ ႐ုရွားေရနံအားလုံးကို EU ႏိုင္ငံေတြမွာ တားျမစ္မွာျဖစ္ပါတယ္။

Hungary ႏိုင္ငံရဲ႕ကန႔္ကြက္မႈေၾကာင့္ ပိုက္လိုင္းေတြကေန တင္ပို႔မႈကိုတားျမစ္ဖို႔ သေဘာတူခ်က္ မရခဲ့ပါဘူး။ ဒါေပမယ့္ ပိုလန္နဲ႔ ဂ်ာမနီႏိုင္ငံတို႔က သူတို႔ပိုက္လိုင္းေတြကေန တင္သြင္းေနတဲ့ ႐ုရွားေရနံေတြကို ရပ္မယ္လို႔ ကတိျပဳခဲ့ၾကတဲ့အတြက္ EU ႏိုင္ငံေတြဆီ ႐ုရွားတင္သြင္းေနတဲ့ ေရနံ ၉၀% ေလာက္ကို ပိတ္ဆို႔ တားဆီးလိုက္မွာ ျဖစ္ပါတယ္။ EU က ႐ုရွားဆီက ေရနံတင္ပို႔မႈကို ပိတ္ပင္မွာျဖစ္ေပမယ့္ သဘာဝဓါတ္ေငြ႔တင္သြင္းမႈ တားဆီးေရးကိုေတာ့ မလုပ္ေသးပါဘူး။

႐ုရွားရဲ႕ေလာင္စာဝယ္ယူမႈေတြ တားျမစ္ပိတ္ဆို႔ဖို႔ ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာက္ေလွ်ာက္ EU ကိုေတာင္းဆိုေနသလို တနလၤာေန႔ကလည္း ဥေရာကေကာင္စီမွာ ထပ္မံ ပန္ၾကားခဲ့ပါတယ္။ တနလၤာေန႔က EU ၂၇ ႏိုင္ငံလုံး ေခါင္းေဆာင္ေတြ သေဘာတူညီခဲ့တဲ့ထဲမွာ ႐ုရွားက အႀကီးဆုံး Sberbank ကို Swift ေငြေပးေခ်မႈ စနစ္အသုံးျပဳခြင့္ ရပ္ဆိုင္းဖို႔၊ ႐ုရွားအစိုးရပိုင္ ႐ုပ္သံလႊင့္ဌာနေတြရဲ႕ ထုတ္လႊင့္ခ်က္ေတြကို EU ႏိုင္ငံေတြမွာ မျပသဖို႔နဲ႔ ယူကရိန္းစစ္ပြဲမွာ တာဝန္ ရွိသူပုဂၢိဳလ္ေတြကို ေနာက္ထပ္ အေရးယူဒဏ္ခတ္ဖို႔လည္း သေဘာတူညီခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရုရှားရေနံပိတ်ပင်ဖို့ EU အတွင်း သဘောတူညီချက်ရရှိ

EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဆီ ရုရှားတင်ပို့နေတဲ့ရေနံအများစုကို ပိတ်ပင် တားမြစ်ဖို့ EU ခေါင်းဆောင်တွေ သဘောတူလိုက်တဲ့အတွက် ရုရှားအနေနဲ့ ဝင်ငွေပိုနည်းသွားပြီး စစ်စရိတ်သုံးစွဲမှု ပိုပြီးကြပ်သွားလိမ့်မယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ EU နိုင်ငံတွေက ရုရှားရဲ့ရေနံတွေကို အများဆုံးဝယ်ယူနေတာဖြစ်လို့ နောက်ဆိုရင် တခြားနိုင်ငံတွေကို ရုရှားက လျှော့ဈေးနဲ့ ရောင်းရတော့မှာဖြစ်တယ်လို့ အကြီးအကဲ Borrell ကပြောပါတယ်။ ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဝင်တိုက်တဲ့အပေါ် အရေးယူ ဒဏ်ခတ်တဲ့အနေနဲ့ အခု ၂၀၂၂ ခုနှစ်မကုန်ခင် ရုရှားက တင်ပို့နေတဲ့ထဲက ၃ ပုံ ၂ ပုံဖြစ်တဲ့ ရေလမ်းကြောင်းကနေ တင်ပို့တဲ့ ရုရှားရေနံအားလုံးကို EU နိုင်ငံတွေမှာ တားမြစ်မှာဖြစ်ပါတယ်။

Hungary နိုင်ငံရဲ့ကန့်ကွက်မှုကြောင့် ပိုက်လိုင်းတွေကနေ တင်ပို့မှုကိုတားမြစ်ဖို့ သဘောတူချက် မရခဲ့ပါဘူး။ ဒါပေမယ့် ပိုလန်နဲ့ ဂျာမနီနိုင်ငံတို့က သူတို့ပိုက်လိုင်းတွေကနေ တင်သွင်းနေတဲ့ ရုရှားရေနံတွေကို ရပ်မယ်လို့ ကတိပြုခဲ့ကြတဲ့အတွက် EU နိုင်ငံတွေဆီ ရုရှားတင်သွင်းနေတဲ့ ရေနံ ၉၀% လောက်ကို ပိတ်ဆို့ တားဆီးလိုက်မှာ ဖြစ်ပါတယ်။ EU က ရုရှားဆီက ရေနံတင်ပို့မှုကို ပိတ်ပင်မှာဖြစ်ပေမယ့် သဘာဝဓါတ်ငွေ့တင်သွင်းမှု တားဆီးရေးကိုတော့ မလုပ်သေးပါဘူး။

ရုရှားရဲ့လောင်စာဝယ်ယူမှုတွေ တားမြစ်ပိတ်ဆို့ဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတောက်လျှောက် EU ကိုတောင်းဆိုနေသလို တနင်္လာနေ့ကလည်း ဥရောကကောင်စီမှာ ထပ်မံ ပန်ကြားခဲ့ပါတယ်။ တနင်္လာနေ့က EU ၂၇ နိုင်ငံလုံး ခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ထဲမှာ ရုရှားက အကြီးဆုံး Sberbank ကို Swift ငွေပေးချေမှု စနစ်အသုံးပြုခွင့် ရပ်ဆိုင်းဖို့၊ ရုရှားအစိုးရပိုင် ရုပ်သံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကို EU နိုင်ငံတွေမှာ မပြသဖို့နဲ့ ယူကရိန်းစစ်ပွဲမှာ တာဝန် ရှိသူပုဂ္ဂိုလ်တွေကို နောက်ထပ် အရေးယူဒဏ်ခတ်ဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

============

XS
SM
MD
LG