သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ပုဂၢလိက အာကာသေလ့လာေရးအဖြဲ႔ ႏိုင္ငံတကာ အာကာသစခန္းက ျပန္ထြက္ခြာ


ႏိုင္ငံတကာ အာကာသစခန္း ISS ကိုသြားတဲ့ ပထမဆုံး ပုဂၢလိက အာကာသ ေလ့လာေရးအဖြဲ႔


[[Zawgyi/Unicode]]

ႏိုင္ငံတကာ အာကာသစခန္း ISS ကိုသြားတဲ့ ပထမဆုံး ပုဂၢလိက အာကာသ ေလ့လာေရးအဖြဲ႔ဟာ အခု တနလၤာေန႔မွာေတာ့ ကမာၻေျမကို ျပန္လည္ထြက္ခြာလာပါၿပီ။ ႏွစ္ပတ္ၾကာ ဒီ သိပံၸေလ့လာေရးအဖြဲ႔ကို အာကာသဆိုင္ရာ စီးပြားေရးကုမၸဏီတခုကေန ေစလႊတ္ႏိုင္ခဲ့တဲ့အတြက္ သမိုင္းမွတ္တိုင္တခုအျဖစ္ ခ်ီးက်ဴးခံခဲ့ရပါတယ္။

Axiom အာကာသကုမၸဏီက အဖြဲ႔ဝင္ ေလးဦးပါတဲ့ ဒီအဖြဲ႔ဟာ Space X ကုမၸဏီရဲ႕ Dragon အာကာသယာဥ္ငယ္ကိုသုံးၿပီး တနလၤာေန႔အေစာပိုင္းက ႏိုင္ငံတကာအာကာသစခန္းကေန ျပန္လည္ထြက္ခြာလာတာပါ။ နာရီေပါင္း ၁၆ နာရီၾကာျမင့္မယ့္ ဒီအာကာသယာဥ္ရဲ႕ အျပန္ခရီးစဥ္ဟာ အားလုံးအဆင္ေျပေခ်ာ့ေမြ႔ခဲ့မယ္ဆိုရင္ တနလၤာေန႔ ညေနပိုင္းမွာ ျပန္လည္ေရာက္ရွိလာမွာျဖစ္ၿပီး ဒီယာဥ္ငယ္ဟာ အတၱလႏၲိတ္သမုဒၵရာထဲကို ေလထီးနဲ႔ဆင္းသက္မွာျဖစ္ပါတယ္။

အခုအျပန္ခရီးစဥ္ကို အရင္သီတင္းပတ္ထဲ စတင္ဖို႔ စီစဥ္ထားေပမယ့္ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ ရက္အတန္ၾကာ ေ႐ႊ႕ဆိုင္းခဲ့ရတာပါ။

ႏိုင္ငံစုံပါဝင္တဲ့ အာကာသသိပၸံပညာရွင္အဖြဲ႔ကို NASA အေမရိကန္အာကာသေအဂ်င္စီရဲ႕ အၿငိမ္းစား အာကာသယဥ္မႉးလည္းျဖစ္ Axiom Space ကုမၸဏီရဲ႕ ဒုတိယဥကၠ႒လည္းျဖစ္တဲ့ စပိန္ႏြယ္ဖြား Michael Lopez-Alegria ကဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========


[[Unicode]]

ပုဂ္ဂလိက အာကာသလေ့လာရေးအဖွဲ့ နိုင်ငံတကာ အာကာသစခန်းက ပြန်ထွက်ခွာ

နိုင်ငံတကာ အာကာသစခန်း ISS ကိုသွားတဲ့ ပထမဆုံး ပုဂ္ဂလိက အာကာသ လေ့လာရေးအဖွဲ့ဟာ အခု တနင်္လာနေ့မှာတော့ ကမ္ဘာမြေကို ပြန်လည်ထွက်ခွာလာပါပြီ။ နှစ်ပတ်ကြာ ဒီ သိပ္ပံလေ့လာရေးအဖွဲ့ကို အာကာသဆိုင်ရာ စီးပွားရေးကုမ္ပဏီတခုကနေ စေလွှတ်နိုင်ခဲ့တဲ့အတွက် သမိုင်းမှတ်တိုင်တခုအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

Axiom အာကာသကုမ္ပဏီက အဖွဲ့ဝင် လေးဦးပါတဲ့ ဒီအဖွဲ့ဟာ Space X ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ငယ်ကိုသုံးပြီး တနင်္လာနေ့အစောပိုင်းက နိုင်ငံတကာအာကာသစခန်းကနေ ပြန်လည်ထွက်ခွာလာတာပါ။ နာရီပေါင်း ၁၆ နာရီကြာမြင့်မယ့် ဒီအာကာသယာဉ်ရဲ့ အပြန်ခရီးစဉ်ဟာ အားလုံးအဆင်ပြေချော့မွေ့ခဲ့မယ်ဆိုရင် တနင်္လာနေ့ ညနေပိုင်းမှာ ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး ဒီယာဉ်ငယ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲကို လေထီးနဲ့ဆင်းသက်မှာဖြစ်ပါတယ်။

အခုအပြန်ခရီးစဉ်ကို အရင်သီတင်းပတ်ထဲ စတင်ဖို့ စီစဉ်ထားပေမယ့် ရာသီဥတုဆိုးရွားမှုကြောင့် ရက်အတန်ကြာ ရွှေ့ဆိုင်းခဲ့ရတာပါ။

နိုင်ငံစုံပါဝင်တဲ့ အာကာသသိပ္ပံပညာရှင်အဖွဲ့ကို NASA အမေရိကန်အာကာသအေဂျင်စီရဲ့ အငြိမ်းစား အာကာသယဉ်မှူးလည်းဖြစ် Axiom Space ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ စပိန်နွယ်ဖွား Michael Lopez-Alegria ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။

==========

XS
SM
MD
LG