သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြေနရပ္ျပန္ႏိုင္ေရး ဖိအားေပးၾကဖို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ တိုက္တြန္း


ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina ၇၇ ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံမိန္႔ခြန္းေျပာၾကားစဥ္။ (စက္တင္ဘာ ၂၃၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္ႏိုင္ငံေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရးအတြက္ ျမန္မာစစ္ေကာင္စီကို ဖိအားတိုးေပးဖို႔လိုေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က AFP သတင္းဌာနနဲ႔ သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ ေျပာဆိုသြားပါတယ္။

“ေသခ်ာတာကေတာ့ သူတို႔အားလုံးကို သူတို႔ေနရပ္ရင္းႏိုင္ငံျပန္ၿပီး ပုံမွန္ဘဝမွာရပ္တည္ေနထိုင္ခြင့္ ရတာကို လိုလားပါတယ္။ ဒါေၾကာင့္ သူတို႔ကို ေဘးကင္းလုံၿခဳံစြာ ေနရပ္ျပန္ႏိုင္ဖို႔နဲ႔ အစစ တာဝန္ယူဖို႔အတြက္ ျမန္မာအစိုးရကို ႏိုင္ငံတကာအသိုင္းအဝိုင္းက ဖိအားတိုးေပးေစခ်င္ပါတယ္။” လို႔ AFP သတင္းဌာနနဲ႔ ၿပီးခဲ့တဲ့သီတင္းပတ္က သီးသန႔္ေတြ႕ဆုံေမးျမန္းခန္းမွာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ေျပာသြားပါတယ္။ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရွိေနသေ႐ြ႕ တာဝန္ယူရတာေၾကာင့္ ေဒသခံဘဂၤလားေဒ့ရွ္ႏိုင္ငံသားေတြရဲ႕ စိုက္ပ်ိဳးႏိုင္တဲ့ေျမယာေတြဆုံးရႈံးသလို သဘာဝပတ္ဝန္းက်င္လည္းပ်က္စီးေနရေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ Sheikh Hasina က ေျပာပါတယ္။

ေသာၾကာေန႔ကလည္း ကုလသမဂၢအေထြေထြညီလာခံမွာ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က သန္းနဲ႔ခ်ီ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္အေရးျပႆနာဟာ သူတို႔ႏိုင္ငံလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္လာေနတာမို႔ ဒီဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ႏိုင္ေရး ကုလသမဂၢက ကူညီေပးဖို႔ ေျပာဆိုသြားပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို အသိအမွတ္မျပဳေပမယ့္ ဒုကၡသည္ေတြ ေနရပ္ျပန္လည္လက္ခံေရးကို စိစစ္လက္ခံမယ္လို႔ေတာ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ သေဘာတူထားပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္ေနရျပန္ပို႔ေရး အစီအစဥ္ေတြဟာ ႏွစ္နဲ႔ခ်ီၾကန္႔ၾကာေနၿပီး ေဆြးေႏြးညႇိႏႈိင္းမႈေတြအမ်ားအျပားလုပ္ခဲ့ေပမယ့္ အခုအခ်ိန္အထိ တဦးတေယာက္မွ ေနရပ္ျပန္ပို႔ႏိုင္ေသးတာ မရွိေသးတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္က ကုလသမဂၢ အေထြေထြညီလာခံမွာ ေျပာသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာစစ်ကောင်စီကို ဖိအားတိုးပေးဖို့လိုကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

“သေချာတာကတော့ သူတို့အားလုံးကို သူတို့နေရပ်ရင်းနိုင်ငံပြန်ပြီး ပုံမှန်ဘဝမှာရပ်တည်နေထိုင်ခွင့် ရတာကို လိုလားပါတယ်။ ဒါကြောင့် သူတို့ကို ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ဖို့နဲ့ အစစ တာဝန်ယူဖို့အတွက် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားတိုးပေးစေချင်ပါတယ်။” လို့ AFP သတင်းဌာနနဲ့ ပြီးခဲ့တဲ့သီတင်းပတ်က သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပြောသွားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေရှိနေသရွေ့ တာဝန်ယူရတာကြောင့် ဒေသခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့ စိုက်ပျိုးနိုင်တဲ့မြေယာတွေဆုံးရှုံးသလို သဘာဝပတ်ဝန်းကျင်လည်းပျက်စီးနေရကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

သောကြာနေ့ကလည်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က သန်းနဲ့ချီ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးပြဿနာဟာ သူတို့နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာနေတာမို့ ဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂက ကူညီပေးဖို့ ပြောဆိုသွားပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို အသိအမှတ်မပြုပေမယ့် ဒုက္ခသည်တွေ နေရပ်ပြန်လည်လက်ခံရေးကို စိစစ်လက်ခံမယ်လို့တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူထားပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်နေရပြန်ပို့ရေး အစီအစဉ်တွေဟာ နှစ်နဲ့ချီကြန့်ကြာနေပြီး ဆွေးနွေးညှိနှိုင်းမှုတွေအများအပြားလုပ်ခဲ့ပေမယ့် အခုအချိန်အထိ တဦးတယောက်မှ နေရပ်ပြန်ပို့နိုင်သေးတာ မရှိသေးတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောသွားပါတယ်။

XS
SM
MD
LG