[[Zawgyi/Unicode]]
မေလးရွားႏိုင္ငံမွာ ၾကက္သားေစ်းနဲ႔ ၾကက္သား ထုတ္လုပ္မႈ မတည္ၿငိမ္မခ်င္း တလကို ၾကက္ေကာင္ေရ ၃.၆ သန္းတင္ပို႔မႈကို မေလးရွားအစိုးရက ပိတ္ပင္ထားတာေၾကာင့္ အိမ္နီးခ်င္း စကၤာပူႏိ္ုင္ငံက ေစ်းတခ်ဳိ႕နဲ႔ ဆူပါမားကက္တခ်ဳိ႕က ၾကက္သားတန္းေတြမွာ ၾကက္သားေတြ ျပတ္ေနတယ္လို႔ စကၤာပူကလာတဲ့သတင္းေတြက ေဖာ္ျပေနၾကပါတယ္။
စကၤာပူနဲ႔ ခြဲမရတဲ့ အစားအစာတခုက ၾကက္ဆီထမင္းျဖစ္ၿပီး ၾကက္ဆီထမင္းဆိုင္ေတြ ေနရာအႏွံ႔မွာ ရွိပါတယ္။ အခုေတာ့ ၾကက္သားရွားပါးေနတဲ့အတြက္ ၾကက္ဆီထမင္းအေရာင္းဆိုင္ေတြ ေရာင္းဖို႔ အခက္ေတြ႕ေနၾကပါတယ္။
စကၤာပူႏိုင္ငံကိုတင္သြင္းတဲ့ ၾကက္ ဘဲ ၃ ပံု ၁ ပံုက မေလးရွားႏိုင္ငံက ျဖစ္ပါတယ္။ ၾကက္ေတြကို အေကာင္လိုက္မေလးရွားက တင္သြင္းေနတာပါ။ ဇြန္လ ၁ ရက္ေန႔ကစၿပီး မေလးရွားက ၾကက္တင္ပို႔မႈ မပိတ္ခင္က စကၤာပူမွာ စားသံုးသူေတြက ၾကက္အရွင္ေတြကို အေျပးအလႊား ဝယ္ယူခဲ့ၾကတာပါ။ မလးရွားအစိုးရရဲ႕ ပိတ္ပင္ထားမႈ ဘယ္ေတာ့ အဆံုးသတ္မယ္ဆိုတာေတာ့ မသိရေသးပါဘူး။
စကၤာပူမွာ ၾကက္သားေစ်း ၃၀% အထိေစ်းတက္ႏိုင္တယ္လို႔ ၾကက္ေရာင္းသူေတြ ခန္႔မွန္းေနၾကတဲ့အေၾကာင္း Singapore Straits Times သတင္းစာက ေဖာ္ျပပါတယ္။ မေလးရွားႏိုင္ငံ လယ္ယာစိုက္ပ်ဳိးေရးဝန္ႀကီးဌာနရဲ႕ ကိန္းဂဏန္းေတြအရ ၂၀၂၀ ခုႏွစ္က ၾကက္အရွင္ ၄၉ သန္းေက်ာ္ ႏိုင္ငံျခားကို တင္ပို႔ခဲ့ပါတယ္။
===========
[[Unicode]]
စင်ကာပူနိုင်ငံ ကြက်သားပြတ်လပ်
မလေးရှားနိုင်ငံမှာ ကြက်သားဈေးနဲ့ ကြက်သား ထုတ်လုပ်မှု မတည်ငြိမ်မချင်း တလကို ကြက်ကောင်ရေ ၃.၆ သန်းတင်ပို့မှုကို မလေးရှားအစိုးရက ပိတ်ပင်ထားတာကြောင့် အိမ်နီးချင်း စင်္ကာပူနိုင်ငံက ဈေးတချို့နဲ့ ဆူပါမားကက်တချို့က ကြက်သားတန်းတွေမှာ ကြက်သားတွေ ပြတ်နေတယ်လို့ စင်္ကာပူကလာတဲ့သတင်းတွေက ဖော်ပြနေကြပါတယ်။
စင်္ကာပူနဲ့ ခွဲမရတဲ့ အစားအစာတခုက ကြက်ဆီထမင်းဖြစ်ပြီး ကြက်ဆီထမင်းဆိုင်တွေ နေရာအနှံ့မှာ ရှိပါတယ်။ အခုတော့ ကြက်သားရှားပါးနေတဲ့အတွက် ကြက်ဆီထမင်းအရောင်းဆိုင်တွေ ရောင်းဖို့ အခက်တွေ့နေကြပါတယ်။
စင်္ကာပူနိုင်ငံကိုတင်သွင်းတဲ့ ကြက် ဘဲ ၃ ပုံ ၁ ပုံက မလေးရှားနိုင်ငံက ဖြစ်ပါတယ်။ ကြက်တွေကို အကောင်လိုက်မလေးရှားက တင်သွင်းနေတာပါ။ ဇွန်လ ၁ ရက်နေ့ကစပြီး မလေးရှားက ကြက်တင်ပို့မှု မပိတ်ခင်က စင်္ကာပူမှာ စားသုံးသူတွေက ကြက်အရှင်တွေကို အပြေးအလွှား ဝယ်ယူခဲ့ကြတာပါ။ မလးရှားအစိုးရရဲ့ ပိတ်ပင်ထားမှု ဘယ်တော့ အဆုံးသတ်မယ်ဆိုတာတော့ မသိရသေးပါဘူး။
စင်္ကာပူမှာ ကြက်သားဈေး ၃၀% အထိဈေးတက်နိုင်တယ်လို့ ကြက်ရောင်းသူတွေ ခန့်မှန်းနေကြတဲ့အကြောင်း Singapore Straits Times သတင်းစာက ဖော်ပြပါတယ်။ မလေးရှားနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ ၂၀၂၀ ခုနှစ်က ကြက်အရှင် ၄၉ သန်းကျော် နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်။
===========