သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ သတင္းမီဒီယာ ပိတ္ပင္ ထိန္းခ်ဳပ္မႈ ေအာင္ျမင္ပါရဲ႕လား


ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္ေတြကို ကမာရြတ္ၿမိဳ႕နယ္ တရားရံုးမွာ စစ္ေဆးေနစဥ္ အျပင္က ေစာင့္ေနတဲ့ လံုျခံဳေရးတပ္သားမ်ား (မတ္လ ၁၂၊ ၂၀၂၁)
တိုက္႐ိုက္ လင့္ခ္

ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီးဌာနဟာ အသိေပးေၾကညာခ်က္ တစ္ေစာင္ ထုတ္ျပန္ပါတယ္။ အဲဒီ ေၾကညာခ်က္ထဲမွာ ျမန္မာႏိုင္ငံ အေျခစိုက္ ႏိုင္ငံျခား သတင္းေထာက္ တစ္ခ်ိဳ႕ဟာ လက္ရွိ သူတို႔ရဲ႕ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ အစိုးရကို သတင္းေတြမွာ military council, military junta, junta ဆိုၿပီး သတင္းေတြမွာ ေရးသားေဖာ္ျပေနတာ၊ အေျခအျမစ္ မရွိတဲ့ သတင္းမွားေတြကို ကိုးကား ခ်ဲ႕ကား ေရးသား ေဖာ္ျပေနတာကို ေတြ႕ရတဲ့အေၾကာင္း၊ ဒါေၾကာင့္ ေနာက္ဆို အဲလို ေရးသားျခင္းေတြ မလုပ္ၾကဖို႔၊ လုပ္ခဲ့ရင္ တည္ဆဲ ဥပေဒေတြအရ အေရးယူသြားမယ္ ဆိုၿပီး ေဖာ္ျပထားပါတယ္။ ျပန္ၾကားေရး ဝန္ႀကီးဌာနရဲ႕ အဲဒီ ေၾကညာခ်က္ဟာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္တဲ့ စစ္အာဏာသိမ္းမႈ မတိုင္ခင္ကတည္းက ျပည္တြင္းမွာ မွတ္ပုံတင္၊ တရားဝင္ ႐ုံးခန္းဖြင့္လွစ္၊ သတင္းေထာက္ေတြ ထားၿပီး လုပ္ငန္း ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံတကာ မီဒီယာေတြကို သတိေပး ၿခိမ္းေျခာက္လိုက္တဲ့ သေဘာလည္း သက္ေရာက္ေနတာ ေတြ႕ရပါတယ္။ ေျပာရရင္ လက္ရွိ ျမန္မာႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီဟာ သူတို႔ အာဏာရယူၿပီးေနာက္ သတင္းမီဒီယာ လြတ္လပ္ခြင့္ကို ပိတ္ပင္ဖို႔နဲ႔ လိုသလို ပုံေဖာ္ဖို႔ ႀကိဳးစားေနခဲ့တာ အခုဆိုရင္ အခ်ိန္ ၅ လေက်ာ္ ၾကာခဲ့ပါၿပီ၊ သူတို႔ အေကာင္အထည္ ေဖာ္ေနတာ အလုပ္ျဖစ္ မျဖစ္ ၾကည့္ၾကရေအာင္ပါ။

ေဖေဖၚဝါရီ ၁ ရက္ေန႔ မတိုင္ခင္ကေတာ့ ျပည္တြင္းမွာ ေန႔စဥ္ထုတ္ သတင္းစာေတြ၊ အပတ္စဥ္ထုတ္ ဂ်ာနယ္ေတြ၊ ေရဒီယို ႐ုပ္သံလိုင္းေတြနဲ႔ ႐ုပ္သံ သတင္းဌာနေတြက သတင္းလုပ္ငန္းေတြကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ႀကီး လုပ္ခဲ့ၾကတာပါ။ စစ္ေကာင္စီ လက္ထက္မွာေတာ့ ပထမ ဦးဆုံး အစိုးရပိုင္ မီဒီယာ လုပ္ငန္းအားလုံးနဲ႔ အႀကီးဆုံး ပုဂၢလိက မီဒီယာ လုပ္ငန္းႀကီး ၂ခုကို အရင္ဦးဆုံး ထိန္းခ်ဳပ္ခဲ့ပါတယ္။ တဆက္တည္း ဆိုသလို ျပည္တြင္းမွာ အေျခစိုက္ေနတဲ့ သတင္းဌာနတစ္ခ်ိဳ႕ကို ပိတ္ပင္ အေရးယူမႈ လုပ္ခဲ့ၿပီး အဲဒီထဲမွာ DVB, Mizzima, Myanmar Now, 7 Days, ေခတ္သစ္ မီဒီယာ၊ ကမာ႐ြတ္ မီဒီယာနဲ႔ နယ္မီဒီယာ တခ်ိဳ႕ ပါဝင္ခဲ့ပါတယ္။ ႏိုင္ငံ အႏွံ႔အျပားမွာ DVB, Mizzima အပါအဝင္ သတင္းလိုင္း အေတာ္မ်ားမ်ားကို အခမဲ့ ဖမ္းယူၾကည့္ရႈႏိုင္တဲ့ ၂ ေပစေလာင္း ၿဂိဳလ္တုဖမ္းစက္ေတြကို ျဖဳတ္သိမ္းခိုင္းတာ၊ မျဖဳတ္သိမ္းရင္ အေရးယူတာမ်ိဳး လုပ္ခဲ့ပါတယ္။

လက္ရွိ အေျခအေန ပုံႏွိပ္မီဒီယာေတြထဲမွာ အစိုးရပိုင္ သတင္းစာေတြနဲ႔ ပုဂၢလိကပိုင္ သတင္းစာ ၂ ေစာင္၊ အပတ္စဥ္ထုတ္ ဂ်ာနယ္ တစ္ခ်ိဳ႕ပဲ က်န္ရစ္ၿပီး စစ္ေကာင္စီ ၫႊန္ၾကားခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ကိုယ့္ဖာသာကိုယ္ ဆင္ဆာလုပ္၊ တည္းျဖတ္ၿပီးမွ ထုတ္ေဝၾကတာ ေတြ႕ၾကရပါတယ္။ ပုဂၢလိက ေရဒီယို အသံလႊင့္ လုပ္ငန္းေတြနဲ႔ ႐ုပ္သံလႊင့္ လုပ္ငန္းေတြကိုလည္း အျပည့္အ၀ ထိန္းခ်ဳပ္ထားလိုက္ၿပီမို႔ ျပည္သူေတြဟာ အဲဒီ မီဒီယာေတြကေန သတင္းမွန္ေတြ ျပည့္ျပည့္စုံစုံ နားေထာင္၊ ၾကည့္ရႈခြင့္ရဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ ျပည္တြင္းျပည္ပ မီဒီယာ မ်ိဳးစုံကေတာ့ အင္တာနက္ အေျချပဳ ပက္လက္ေဖါင္း တစ္ခ်ိဳ႕ေပၚမွာ ဆက္ၿပီး ျမင္ေတြ႕ႏိုင္ပါေသးတယ္။
၂၀၂၁ ဇန္နဝါရီ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ အင္တာနက္ အသုံးျပဳသူ ၂၃ သန္းေက်ာ္၊ Facebook လို ဆိုရွယ္မီဒီယာေတြ အသုံးျပဳသူ ၂၉ သန္းေက်ာ္နဲ႔ မိုဘိုင္းဖုန္း အသုံးျပဳသူ ၆၉ သန္းေက်ာ္ ရွိတယ္လို႔ ဆိုပါတယ္။ ဥပေဒအရ လူတစ္ေယာက္ဟာ မိုဘိုင္းေအာ္ပေရတာ တစ္ခုရဲ႕ ဆင္းကဒ္ ၂ ခုစီ သုံးခြင့္ရတာ၊ ဆိုရွယ္ မီဒီယာမွာ အေကာင္န႔္ တစ္ခုထက္ ပိုဖြင့္ထားတာေတြေၾကာင့္ အဲေလာက္ အေရအတြက္ မ်ားေနတာလို႔ နားလည္ရပါတယ္။

ဒီလို အေျခအေနေၾကာင့္လည္း စစ္ေကာင္စီက ပုံႏွိပ္၊ ေရဒီယို၊ ႐ုပ္သံနဲ႔ ၿဂိဳလ္တုစေလာင္းက ထုတ္လႊင့္တဲ့ မီဒီယာေတြကို ပိတ္ပင္၊ ထိန္းခ်ဳပ္ လိုက္တဲ့တိုင္ ျပည္သူေတြဟာ အင္တာနက္ ဝက္ဘ္ဆိုက္၊ ယူက်ဳနဲ႔ facebook လို ပက္လက္ေဖါင္းေတြကေန သတင္းဌာန ေပါင္းစုံက ေဖာ္ျပေနတဲ့ သတင္းေတြကို ဖတ္ရႈ၊ ၾကည့္ရႈ၊ နားေထာင္ခြင့္ ရေနတာ ျဖစ္ပါတယ္။ အဲလို အေျခအေနကို စစ္ေကာင္စီဘက္က ဒီအတိုင္း လက္ပိုက္ၾကည့္ေနတာေတာ့ မဟုတ္ပါဘူး။ အင္တာနက္ ျဖတ္ေတာက္ဖို႔နဲ႔ သတင္းဌာနေတြကို ပိတ္ဆို႔ဖို႔ ႀကိဳးစားမႈေတြေတာ့ ရွိခဲ့ပါတယ္။

စစ္ေကာင္စီဟာ ေဖေဖၚဝါရီ လဆန္းပိုင္းက အခ်ိန္ကာလ တစ္ခု အင္တာနက္ကို လုံး၀ ျဖတ္ေတာက္ခဲ့ပါတယ္။ ေနာက္ပိုင္း အခ်ိန္တစ္ခု သတ္မွတ္ၿပီး ပုံမွန္ အင္တာနက္ ျဖတ္ေတာက္တာ လုပ္ပါတယ္။ ဧၿပီလ အေရာက္မွာေတာ့ အင္တာနက္ ဝန္ေဆာင္မႈ ၅ မ်ိဳးရွိတဲ့အထဲ လူသုံး အမ်ားဆုံး ျဖစ္တဲ့ မိုဘိုင္းေဒတာ၊ ဝိုင္ဖိုင္နဲ႔ ဘေရာ့ဘင္း ဝန္ေဆာင္မႈ ၃ မ်ိဳးကို ပိတ္ပင္လိုက္ၿပီး ေကဘယ္ႀကိဳးလိုင္းနဲ႔ သုံးတဲ့ ဝန္ေဆာင္မႈ နဲ႔ စီးပြားေရး လုပ္ငန္းသုံး ဝန္ေဆာင္မႈ ၂ မ်ိဳးကိုပဲ ခြင့္ျပဳေပးပါေတာ့တယ္။ အဲလို အင္တာနက္ ဝန္ေဆာင္မႈ ၂ မ်ိဳးပဲ အသုံးျပဳခြင့္ျပဳေတာ့တဲ့ အတြက္ လူေပါင္း သန္း ၂၀ ေက်ာ္ေလာက္ အင္တာနက္ အသုံးျပဳခြင့္မရ ဆိုတဲ့ အေျခအေန ေရာက္သြားေစခဲ့ပါတယ္။ အဲဒီအခ်ိန္ကေတာ့ ျပည္သူအမ်ားစုႀကီး သတင္းအေမွာင္ က်သြားတဲ့ အေျခအေန ေရာက္သြားတယ္လို႔ ဆိုရင္လည္း မမွားပါဘူး။ ဒါေပမယ့္လည္း အဲလို အင္တာနက္ကို ျဖတ္ေတာက္လိုက္တာေၾကာင့္ Mobile banking အသုံးျပဳလို႔ မရေတာ့တာ၊ အြန္လိုင္း အသုံးျပဳၿပီး ေဈးေရာင္း၊ ေဈးဝယ္၊ ေငြေပး ေငြယူ၊ ကုန္သြယ္လုပ္ငန္း အပါအဝင္ စီးပြားေရးနဲ႔ အျခား နယ္ပယ္မ်ိဳးစုံကို ႀကီးမားတဲ့ ထိခိုက္မႈေတြကို ျဖစ္ေစခဲ့ပါတယ္။ ဒါတင္မက ႏိုင္ငံတကာ မိုဘိုင္းေအာ္ပေရတာ ကုမၸဏီေတြေရာ၊ ျပည္တြင္းက အင္တာနက္ ဝန္ေဆာင္မႈေပးတဲ့ လုပ္ငန္းေတြပါ အႀကီးအက်ယ္ ထိခိုက္ကုန္ပါေတာ့တယ္။ ဒီလိုနဲ႔ စစ္ေကာင္စီဟာ ေနာက္ပိုင္း အင္တာနက္ ဝန္ေဆာင္မႈ လုပ္ငန္းအားလုံး တစ္ခုစီ ျပန္ခြင့္ျပဳေပးရတဲ့ အေျခအေန ေရာက္လာရျပန္ပါတယ္။ ဒါေပမယ့္ အရင္လို မဟုတ္ေတာ့ပဲ အြန္လိုင္း ပက္လက္ေဖါင္းတစ္ခ်ိဳ႕နဲ႔ သတင္းမီဒီယာ တစ္ခ်ိဳ႕ကို ပိတ္ပင္ေစၿပီးမွ အသုံးျပဳခြင့္ေပးခဲ့တာမ်ိဳးျဖစ္ပါတယ္။

လက္ရွိ အင္တာနက္ ဝန္ေဆာင္မႈ ေပးေနတဲ့ ကုမၸဏီေတြထဲမွာ တစ္ခ်ိဳ႕ ေကဘယ္လ္ႀကိဳးနဲ႔ အိမ္အေရာက္ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီတစ္ခ်ိဳ႕ကေတာ့ facebook အပါအဝင္ ဘယ္သတင္းမီဒီယာ ဝက္ဘ္ဆိုက္ေတြကိုမွ ပိတ္ပင္မထားပါဘူး။ ဒါေပမယ့္ အမ်ားစုေသာ မိုဘိုင္းေဒတာ၊ ဝိုင္ဖိုင္ နဲ႔ ဘေရာ့ဘင္း ဝန္ေဆာင္မႈ ေပးေနတဲ့ ကုမၸဏီေတြကေတာ့ facebook စာမ်က္ႏွာ ပိတ္ထားသလို၊ စစ္ေကာင္စီက လိုင္စင္႐ုပ္သိမ္းလိုက္တဲ့ DVB, Mizzima, Myanmar Now ဝက္ဘ္ဆိုက္ ေတြကို ပိတ္ပင္ထားတာ ေတြ႕ရပါတယ္။ ခုလို စစ္ေကာင္စီရဲ႕ ၫႊန္ၾကားခ်က္ေၾကာင့္ အင္တာနက္ ဝန္ေဆာင္မႈေပးတဲ့ ကုမၸဏီ အမ်ားစုႀကီးဟာ သတင္းမီဒီယာ အားလုံးနီးပါးရဲ႕ ပက္လက္ေဖါင္းျဖစ္တဲ့ Facebook ကို ပိတ္ပင္ထားၾကေပမယ့္ VPN ခံၿပီး အသုံးျပဳလို႔ ရေနေတာ့ ျပည္သူေတြအားလုံး Facebook သုံးလို႔ရ၊ facebook စာမ်က္ႏွာထဲက သတင္းေတြကို သိခြင့္ရေနၾကတာ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ စစ္ေကာင္စီက ပိတ္ပင္ထားတဲ့ မီဒီယာေတြ အပါအဝင္ မဇၨ်ိမ၊ ေခတ္သစ္၊ DVB၊ ဧရာဝတီ၊ ဘီဘီစီ၊ ျမန္မာေနာင္း၊ အာရ္အက္ဖ္ေအ၊ ဗြီအိုေအ ျမန္မာ သတင္းဌာနေတြရဲ႕ ဇြန္လအတြက္ facebook စာမ်က္ႏွာမွာ Interations စုစုေပါင္း ၂၀၄ သန္းေက်ာ္၊ သတင္းဌာန တစ္ခု ပ်မ္းမွ် ၂၅ သန္းဝန္းက်င္ ရွိေနတာ ေတြ႕ရသလို၊ အဲဒီထဲမွာ ပါတဲ့ မီဒီယာတစ္ခ်ိဳ႕ရဲ႕ သတင္းေဖာ္ျပခ်က္ေတြ မမွန္ကန္ေၾကာင္း စစ္ေကာင္စီ သတင္းမွန္ ထုတ္ျပန္ေရး အဖြဲ႕ကေန အခါအားေလ်ာ္စြာ ေျဖရွင္းေနတာကိုလည္း ေတြ႕ျမင္ေနၾကရပါတယ္။ အဓိပၸါယ္ကေတာ့ တားျမစ္ပိတ္ပင္၊ ထိန္းခ်ဳပ္မႈ မ်ိဳးစုံ ၾကားထဲက ျပည္သူေတြဟာ ျပည္တြင္း၊ ျပည္ပ သတင္းဌာနေတြက ေဖာ္ျပတဲ့ သတင္းေတြကို ဖတ္ရႈ၊ နားဆင္၊ ၾကည့္ရႈခြင့္ ရေနဆဲမို႔ စစ္ေကာင္စီရဲ႕ သတင္းမီဒီယာကို ပိတ္ပင္၊ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားမႈ ေအာင္ျမင္မႈ မရ ျဖစ္ေနေၾကာင္းပါ။

---------------------

စစ်ကောင်စီရဲ့ သတင်းမီဒီယာ ပိတ်ပင် ထိန်းချုပ်မှု အောင်မြင်ပါရဲ့လား
စည်သူအောင်မြင့်
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနဟာ အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြား သတင်းထောက် တစ်ချို့ဟာ လက်ရှိ သူတို့ရဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အစိုးရကို သတင်းတွေမှာ military council, military junta, junta ဆိုပြီး သတင်းတွေမှာ ရေးသားဖော်ပြနေတာ၊ အခြေအမြစ် မရှိတဲ့ သတင်းမှားတွေကို ကိုးကား ချဲ့ကား ရေးသား ဖော်ပြနေတာကို တွေ့ရတဲ့အကြောင်း၊ ဒါကြောင့် နောက်ဆို အဲလို ရေးသားခြင်းတွေ မလုပ်ကြဖို့၊ လုပ်ခဲ့ရင် တည်ဆဲ ဥပဒေတွေအရ အရေးယူသွားမယ် ဆိုပြီး ဖော်ပြထားပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ အဲဒီ ကြေညာချက်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပြည်တွင်းမှာ မှတ်ပုံတင်၊ တရားဝင် ရုံးခန်းဖွင့်လှစ်၊ သတင်းထောက်တွေ ထားပြီး လုပ်ငန်း ဆောင်ရွက်နေတဲ့ နိုင်ငံတကာ မီဒီယာတွေကို သတိပေး ခြိမ်းခြောက်လိုက်တဲ့ သဘောလည်း သက်ရောက်နေတာ တွေ့ရပါတယ်။ ပြောရရင် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီဟာ သူတို့ အာဏာရယူပြီးနောက် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်ဖို့နဲ့ လိုသလို ပုံဖော်ဖို့ ကြိုးစားနေခဲ့တာ အခုဆိုရင် အချိန် ၅ လကျော် ကြာခဲ့ပါပြီ၊ သူတို့ အကောင်အထည် ဖော်နေတာ အလုပ်ဖြစ် မဖြစ် ကြည့်ကြရအောင်ပါ။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ မတိုင်ခင်ကတော့ ပြည်တွင်းမှာ နေ့စဉ်ထုတ် သတင်းစာတွေ၊ အပတ်စဉ်ထုတ် ဂျာနယ်တွေ၊ ရေဒီယို ရုပ်သံလိုင်းတွေနဲ့ ရုပ်သံ သတင်းဌာနတွေက သတင်းလုပ်ငန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး လုပ်ခဲ့ကြတာပါ။ စစ်ကောင်စီ လက်ထက်မှာတော့ ပထမ ဦးဆုံး အစိုးရပိုင် မီဒီယာ လုပ်ငန်းအားလုံးနဲ့ အကြီးဆုံး ပုဂ္ဂလိက မီဒီယာ လုပ်ငန်းကြီး ၂ခုကို အရင်ဦးဆုံး ထိန်းချုပ်ခဲ့ပါတယ်။ တဆက်တည်း ဆိုသလို ပြည်တွင်းမှာ အခြေစိုက်နေတဲ့ သတင်းဌာနတစ်ချို့ကို ပိတ်ပင် အရေးယူမှု လုပ်ခဲ့ပြီး အဲဒီထဲမှာ DVB, Mizzima, Myanmar Now, 7 Days, ခေတ်သစ် မီဒီယာ၊ ကမာရွတ် မီဒီယာနဲ့ နယ်မီဒီယာ တချို့ ပါဝင်ခဲ့ပါတယ်။ နိုင်ငံ အနှံ့အပြားမှာ DVB, Mizzima အပါအဝင် သတင်းလိုင်း အတော်များများကို အခမဲ့ ဖမ်းယူကြည့်ရှုနိုင်တဲ့ ၂ ပေစလောင်း ဂြိုလ်တုဖမ်းစက်တွေကို ဖြုတ်သိမ်းခိုင်းတာ၊ မဖြုတ်သိမ်းရင် အရေးယူတာမျိုး လုပ်ခဲ့ပါတယ်။

လက်ရှိ အခြေအနေ ပုံနှိပ်မီဒီယာတွေထဲမှာ အစိုးရပိုင် သတင်းစာတွေနဲ့ ပုဂ္ဂလိကပိုင် သတင်းစာ ၂ စောင်၊ အပတ်စဉ်ထုတ် ဂျာနယ် တစ်ချို့ပဲ ကျန်ရစ်ပြီး စစ်ကောင်စီ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီအောင် ကိုယ့်ဖာသာကိုယ် ဆင်ဆာလုပ်၊ တည်းဖြတ်ပြီးမှ ထုတ်ဝေကြတာ တွေ့ကြရပါတယ်။ ပုဂ္ဂလိက ရေဒီယို အသံလွှင့် လုပ်ငန်းတွေနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကိုလည်း အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီမို့ ပြည်သူတွေဟာ အဲဒီ မီဒီယာတွေကနေ သတင်းမှန်တွေ ပြည့်ပြည့်စုံစုံ နားထောင်၊ ကြည့်ရှုခွင့်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ပြည်တွင်းပြည်ပ မီဒီယာ မျိုးစုံကတော့ အင်တာနက် အခြေပြု ပက်လက်ဖေါင်း တစ်ချို့ပေါ်မှာ ဆက်ပြီး မြင်တွေ့နိုင်ပါသေးတယ်။


၂၀၂၁ ဇန်နဝါရီ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူ ၂၃ သန်းကျော်၊ Facebook လို ဆိုရှယ်မီဒီယာတွေ အသုံးပြုသူ ၂၉ သန်းကျော်နဲ့ မိုဘိုင်းဖုန်း အသုံးပြုသူ ၆၉ သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေအရ လူတစ်ယောက်ဟာ မိုဘိုင်းအော်ပရေတာ တစ်ခုရဲ့ ဆင်းကဒ် ၂ ခုစီ သုံးခွင့်ရတာ၊ ဆိုရှယ် မီဒီယာမှာ အကောင်န့် တစ်ခုထက် ပိုဖွင့်ထားတာတွေကြောင့် အဲလောက် အရေအတွက် များနေတာလို့ နားလည်ရပါတယ်။

ဒီလို အခြေအနေကြောင့်လည်း စစ်ကောင်စီက ပုံနှိပ်၊ ရေဒီယို၊ ရုပ်သံနဲ့ ဂြိုလ်တုစလောင်းက ထုတ်လွှင့်တဲ့ မီဒီယာတွေကို ပိတ်ပင်၊ ထိန်းချုပ် လိုက်တဲ့တိုင် ပြည်သူတွေဟာ အင်တာနက် ဝက်ဘ်ဆိုက်၊ ယူကျုနဲ့ facebook လို ပက်လက်ဖေါင်းတွေကနေ သတင်းဌာန ပေါင်းစုံက ဖော်ပြနေတဲ့ သတင်းတွေကို ဖတ်ရှု၊ ကြည့်ရှု၊ နားထောင်ခွင့် ရနေတာ ဖြစ်ပါတယ်။ အဲလို အခြေအနေကို စစ်ကောင်စီဘက်က ဒီအတိုင်း လက်ပိုက်ကြည့်နေတာတော့ မဟုတ်ပါဘူး။ အင်တာနက် ဖြတ်တောက်ဖို့နဲ့ သတင်းဌာနတွေကို ပိတ်ဆို့ဖို့ ကြိုးစားမှုတွေတော့ ရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖေဖေါ်ဝါရီ လဆန်းပိုင်းက အချိန်ကာလ တစ်ခု အင်တာနက်ကို လုံး၀ ဖြတ်တောက်ခဲ့ပါတယ်။ နောက်ပိုင်း အချိန်တစ်ခု သတ်မှတ်ပြီး ပုံမှန် အင်တာနက် ဖြတ်တောက်တာ လုပ်ပါတယ်။ ဧပြီလ အရောက်မှာတော့ အင်တာနက် ဝန်ဆောင်မှု ၅ မျိုးရှိတဲ့အထဲ လူသုံး အများဆုံး ဖြစ်တဲ့ မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင်နဲ့ ဘရော့ဘင်း ဝန်ဆောင်မှု ၃ မျိုးကို ပိတ်ပင်လိုက်ပြီး ကေဘယ်ကြိုးလိုင်းနဲ့ သုံးတဲ့ ဝန်ဆောင်မှု နဲ့ စီးပွားရေး လုပ်ငန်းသုံး ဝန်ဆောင်မှု ၂ မျိုးကိုပဲ ခွင့်ပြုပေးပါတော့တယ်။ အဲလို အင်တာနက် ဝန်ဆောင်မှု ၂ မျိုးပဲ အသုံးပြုခွင့်ပြုတော့တဲ့ အတွက် လူပေါင်း သန်း ၂၀ ကျော်လောက် အင်တာနက် အသုံးပြုခွင့်မရ ဆိုတဲ့ အခြေအနေ ရောက်သွားစေခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ပြည်သူအများစုကြီး သတင်းအမှောင် ကျသွားတဲ့ အခြေအနေ ရောက်သွားတယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့်လည်း အဲလို အင်တာနက်ကို ဖြတ်တောက်လိုက်တာကြောင့် Mobile banking အသုံးပြုလို့ မရတော့တာ၊ အွန်လိုင်း အသုံးပြုပြီး ဈေးရောင်း၊ ဈေးဝယ်၊ ငွေပေး ငွေယူ၊ ကုန်သွယ်လုပ်ငန်း အပါအဝင် စီးပွားရေးနဲ့ အခြား နယ်ပယ်မျိုးစုံကို ကြီးမားတဲ့ ထိခိုက်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒါတင်မက နိုင်ငံတကာ မိုဘိုင်းအော်ပရေတာ ကုမ္ပဏီတွေရော၊ ပြည်တွင်းက အင်တာနက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေပါ အကြီးအကျယ် ထိခိုက်ကုန်ပါတော့တယ်။ ဒီလိုနဲ့ စစ်ကောင်စီဟာ နောက်ပိုင်း အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအားလုံး တစ်ခုစီ ပြန်ခွင့်ပြုပေးရတဲ့ အခြေအနေ ရောက်လာရပြန်ပါတယ်။ ဒါပေမယ့် အရင်လို မဟုတ်တော့ပဲ အွန်လိုင်း ပက်လက်ဖေါင်းတစ်ချို့နဲ့ သတင်းမီဒီယာ တစ်ချို့ကို ပိတ်ပင်စေပြီးမှ အသုံးပြုခွင့်ပေးခဲ့တာမျိုးဖြစ်ပါတယ်။

လက်ရှိ အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေထဲမှာ တစ်ချို့ ကေဘယ်လ်ကြိုးနဲ့ အိမ်အရောက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ချို့ကတော့ facebook အပါအဝင် ဘယ်သတင်းမီဒီယာ ဝက်ဘ်ဆိုက်တွေကိုမှ ပိတ်ပင်မထားပါဘူး။ ဒါပေမယ့် အများစုသော မိုဘိုင်းဒေတာ၊ ဝိုင်ဖိုင် နဲ့ ဘရော့ဘင်း ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေကတော့ facebook စာမျက်နှာ ပိတ်ထားသလို၊ စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းလိုက်တဲ့ DVB, Mizzima, Myanmar Now ဝက်ဘ်ဆိုက် တွေကို ပိတ်ပင်ထားတာ တွေ့ရပါတယ်။ ခုလို စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကြောင့် အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ အများစုကြီးဟာ သတင်းမီဒီယာ အားလုံးနီးပါးရဲ့ ပက်လက်ဖေါင်းဖြစ်တဲ့ Facebook ကို ပိတ်ပင်ထားကြပေမယ့် VPN ခံပြီး အသုံးပြုလို့ ရနေတော့ ပြည်သူတွေအားလုံး Facebook သုံးလို့ရ၊ facebook စာမျက်နှာထဲက သတင်းတွေကို သိခွင့်ရနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့်လဲ စစ်ကောင်စီက ပိတ်ပင်ထားတဲ့ မီဒီယာတွေ အပါအဝင် မဇ္ဇျိမ၊ ခေတ်သစ်၊ DVB၊ ဧရာဝတီ၊ ဘီဘီစီ၊ မြန်မာနောင်း၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ မြန်မာ သတင်းဌာနတွေရဲ့ ဇွန်လအတွက် facebook စာမျက်နှာမှာ Interations စုစုပေါင်း ၂၀၄ သန်းကျော်၊ သတင်းဌာန တစ်ခု ပျမ်းမျှ ၂၅ သန်းဝန်းကျင် ရှိနေတာ တွေ့ရသလို၊ အဲဒီထဲမှာ ပါတဲ့ မီဒီယာတစ်ချို့ရဲ့ သတင်းဖော်ပြချက်တွေ မမှန်ကန်ကြောင်း စစ်ကောင်စီ သတင်းမှန် ထုတ်ပြန်ရေး အဖွဲ့ကနေ အခါအားလျော်စွာ ဖြေရှင်းနေတာကိုလည်း တွေ့မြင်နေကြရပါတယ်။ အဓိပ္ပါယ်ကတော့ တားမြစ်ပိတ်ပင်၊ ထိန်းချုပ်မှု မျိုးစုံ ကြားထဲက ပြည်သူတွေဟာ ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေက ဖော်ပြတဲ့ သတင်းတွေကို ဖတ်ရှု၊ နားဆင်၊ ကြည့်ရှုခွင့် ရနေဆဲမို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာကို ပိတ်ပင်၊ ထိန်းချုပ်ဖို့ ကြိုးစားမှု အောင်မြင်မှု မရ ဖြစ်နေကြောင်းပါ။

XS
SM
MD
LG