သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နဲ့ ပူးပေါင်းသူ ဗြိတိန် ပြန်လက်ခံမလား


IS စစ်သွေးကြွတွေနဲ့ပူးပေါင်းဖို့ ဗြိတိန်က ထွက်ပြေးသွားကြတဲ့ ဆယ်ကျော်သက်မိန်းကလေးများ
IS စစ်သွေးကြွတွေနဲ့ပူးပေါင်းဖို့ ဗြိတိန်က ထွက်ပြေးသွားကြတဲ့ ဆယ်ကျော်သက်မိန်းကလေးများ

IS စစ်သွေးကြွအဖွဲ့နဲ့ပူးပေါင်းဖို့ ဆီးရီးယားနိုင်ငံကိုထွက်ခွါသွားခဲ့သူ ဗြိတိန်နိုင်ငံံဖွါးတွေကို ပြန်ပြီးလက်ခံမလားဆိုတာနဲ့ သူတို့ကို အရေးယူမလား ဆိုတဲ့ ကိစ္စတွေက ဗြိတိန်အစိုးရအတွက် ကြီးမားတဲ့ဖိအားတွေ ဖြစ်နေပါတယ်။

လောလောဆယ် အမေရိကန်ဦးဆောင်တဲ့ ကာ့ဒ်တပ်ဖွဲ့တွေတည်ရှိရာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ IS စစ်သွေးကြွကိုထောက်ခံ ပူးပေါင်းခဲ့တဲ့ ဗြိတိန်နိုင်ငံဖွါးတွေ ဒါဇင်နဲ့ ချီပြီး ရှိနေပါတယ်။ တခြားဥရောပနိုင်ငံတွေလိုပဲ ဗြိတိန်နိုင်ငံကလည်း IS စစ်သွေးကြွ နဲ့ပူးပေါင်းခဲ့တဲ့ သူတို့နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ လက်တွန့်နေခဲ့တာပါ။

IS စစ်သွေးကြွအဖွဲ့နဲ့သွားပြီးပူးပေါင်းခဲ့ကြ သူတွေထဲမှာ တိုက်ခိုက်ရေးအတွက်သွားတဲ့ အမျိုးသားတွေ၊ ဒါမှမဟုတ် ဂျီဟတ်သတို့သမီးအဖြစ် လက်ထပ်ခဲ့ ကြတဲ့ အမျိုးသမီးတွေ အပြင် သူတို့ရဲ့ ကလေးတွေလည်းရှိနေပါတယ်။ သူတို့ရဲ့ မွေးဖွါးရာနိုင်ငံတွေကို ပြန်လာဖို့ လက်ခံခဲ့တဲ့သူက အနည်းအကျဉ်းပဲ ရှိနေပြီး ရာနဲ့ချီတဲ့သူတွေကတော့ မွေးဖွါးရာနိုင်ငံ ရင်းကို ပြန်လာရေး ဥပဒေဆိုင်ရာ၊ ဒါမှမဟုတ်နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ့် အခြေအနေတွေ ကို စောင့်ဆိုင်း နေကြပါတယ်။

သူတို့တွေပြန်လာဖို့ အသနားခံစာတင်ထားတာတွေဟာ တော်တော်များများရှိနေပြီး ဒီအမှုတွေကို မကိုင်တွယ်ဘဲပြစ်ထားတာကိုခံနေကြရပါတယ်။

အခုတပတ်တည်းမှာပဲ ဗြိတိသျှဆယ်ကျော်သက်မိန်းကလေးတဦးက ဗြိတိန်နိုင်ငံကို ပြန်လာချင်တယ်လို့ပြောဆိုတဲ့အကြောင်း The Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖေါ်ပြခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် Shamima Begumဟာ IS စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ သူ့ရဲ့သူငယ်ချင်း ၂ ဦးနဲ့အတူ ဆီးရီးယား နိုင်ငံကို ၂၀၁၅ ခုနှစ်က ထွက်ခွါ သွားခဲ့တာပါ။ ဆီးရီးယားမှာဒါ့ချ် IS စစ် သွေးကြွတဦးနဲ့လက်ထပ်ခဲ့ပြီး ကလေး ၂ ဦး မွေးဖွါးခဲ့ပေမယ့် မကျန်းမာလို့ ကလေး ၂ ဦးလုံး သေဆုံးခဲ့ရပါတယ်။ လောလောဆယ် သူ့မှာ နောက်ထပ်ကိုယ်ဝန်ရှိနေပါပြီ။ ဒီကိုယ်ဝန်ကို စိတ်ချလက်ချနဲ့ လုံလုံခြုံခြုံမွေးမြူနိုင်ဖို့ ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းမှာဖြစ်ပွါးနေတဲ့တိုက်ပွဲတွေအတွင်းကနေ လွန်ခဲ့တဲ့ ၂ ပတ်တုန်းက Begum ထွက်ပြေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG