သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔နယ္စပ္ ထိုင္းႏိုင္ငံတြင္းကားေမွာက္မႈ ျမန္မာ ၈ ဦးထိခိုက္ဒဏ္ရာရ


၂၀၂၂၊ ဧျပီလ ၅ ရက္၊ ဖြတ္ဖရျမိဳ့နယ္ထဲမွာ ျမန္မာေတြကုိ တရားမဝင္သယ္လာတဲ့ကား တိမ္းေမွာက္ခဲ့ၿပီး ဒဏ္ရာရခဲ့သူ ျမန္မာႏိုင္ငံသားမ်ား (ထုိင္းလူမႈကယ္ဆယ္ေရး)


[[Zawgyi/Unicode]]

ထိုင္းႏိုင္ငံက ျမန္မာနဲ႔နယ္စပ္ တာ့ခ္ျပည္နယ္၊ ဖြတ္ဖရျမိဳ႕နယ္ထဲမွာ ဧျပီလ ၅ရက္ေန႔က ျမန္မာ ၁၈ ဦးကို လူေမွာင္ခုိသယ္ေဆာင္လာတဲ့ကားတစီး တိမ္းေမွာက္ၿပီး ျမန္မာ ၈ ဦးထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ ဒဏ္ရာရသူေတြကို မဲေဆာက္ေဆးရံုႀကီးနဲ႔ ဖြတ္ဖရေဆးရံုႀကီး တို႔မွာကုသေပးေနပါတယ္။ ဒီသတင္းကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ့ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္ တာ့ခ္ျပည္နယ္ ဖြတ္ဖရျမိဳ႕နယ္ထဲက စိုင္မူဘန္းစမ္ေရာက္ဒြယ္လမ္း၊ ဘန့္ေဟြးႏုတ္ေလြ ့ရြာအနီး လူေမွာင္ ခိုသမားေတြ ေခၚလာတဲ့ကား တိမ္းေမွာက္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံထဲကို တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာ ၁၈ ဦး ကားေပၚ ပါလာတဲ့အတြက္ ၈ ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ျမန္မာျပည္သားမ်ားအေရး ပူးတဲြလွုပ္ရွားမူ့ေကာ္မတီရဲ့ ဥကၠ႒ ဦးမုိးႀကိုးက အခုလိုေျပာပါတယ္။

“ဒိီေန့ ဧျပီလ ၅ ရက္ေန့မနက္ပိုင္းမွာ တာ့ခ္ျပည္နယ္ မဲေဆာက္ျမိဳ့ေတာင္ဘက္မွာရွိတဲ့ ဖြတ္ဖရျမိဳနယ္ထဲမွာ တရားမဝင္ ျမန္မာ ၁၈ ဦးကို သယ္ေဆာင္လာတဲ့ကားက လမ္းေခ်ာ္ျပီး တိမ္းေမွာက္သြားပါတယ္။ ဒီထဲမွာ တရားမဝင္ ျမန္္မာ ၁၈ ဦးထဲက ၈ ဦး ဒဏ္ရာရပါတယ္။ အဲဒီထဲက တဦးကေတာ့ ဒဏ္ရာျပင္းထန္လို့ မဲေဆာက္အေထြေထြကုေဆး႐ံုႀကီးကို ပို့ေဆာင္ထားရပါတယ္။ က်န္တဲ့ ဒဏ္ရာရ ခုနစ္ဦးကေတာ့ ဖြတ္ဖရေဆးရံုႀကီးမွာ ပုိ့ျပီးကုသခံေနရပါတယ္။”

တရားမဝင္ ျမန္မာေတြ သယ္ေဆာင္လာတဲ့ကားေတြ တိမ္းေမွာက္မႈဆိုတာက ထုိင္းႏိုင္ငံအတြင္း မၾကာခန ျဖစ္ေနတာပါ။ တခ်ိဳ့မေတာ္တဆ ကားေမွာက္တာေတြဟာ စစ္ေဆးေရးဂိတ္ေတြကိုေရွာင္ကြင္းေမာင္းရတာကေန ျဖစ္ခဲ့ၾကတာပါ။ ဇန္နဝါရီလထဲတုန္းကေတာ့ ကမ္ခ်နဘူရီခရုိင္ Sai Yok ျမိဳ႕နယ္ကေနThong Pha Phum ကိုသြားတဲ့ ကားတစီး ယဥ္တိုက္မႈျဖစ္ျပီး မေတာ္တဆ တိမ္းေမွာက္ခဲ့ရာက ကားထဲမွာပါလာတဲ့ျမန္မာ ၄ ဦးေသဆံုးျပီး ၇ ဦးေလာက္က ျပင္းထန္တဲ့ဒဏ္ရာေတြရခဲ့ပါတယ္။ မတ္လထဲမွာေတာ့ ပရာက်ြတ္ခီရီကန္ျပည္နယ္ထဲမွာ ျဖစ္တဲ့ ကားတုိက္မႈအတြင္း ၆ ဦး ေသဆံုးခဲ့ပါတယ္။ ခ်ံဳေဖာ္ျပည္နယ္ထဲမွာလည္း ျမန္မာ ၃၅ ဦး လိုက္ပါလာတဲ့ကား ရဲစစ္ေဆးတာမခံဘဲ ထြက္ေျပးရင္း ကားေမွာက္သြားခဲ့ပါတယ္။

ထုိင္းႏိုင္ငံထဲမွာ ျမန္မာေတြလုိက္ပါလာတဲ့ကားေတြ မေတာ္တဆ တိမ္းေမွာက္တာ၊ ကားတိုက္တာေတြဟာ လစဥ္နီးပါးျဖစ္ေနပါတယ္။ ထုိင္းျမန္မာနယ္စပ္ေတြကေန တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာေတြကိုလည္း ထိုင္းႏိုင္ငံဘက္မွာ အခုရက္ပိုင္း ဆက္တိုက္ဖမ္းမိေနပါတယ္။ ဧျပီလ ၄ ရက္ေန့ကဖမ္းမိသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ကေလးေတြေတာင္ ပါဝင္ပါတယ္။ အခု ၅ ရက္အတြင္း ဖမ္းမိတဲ့ျမန္မာႏိုင္ငံသား ၂၆၀ ေက်ာ္ ရွိသြားျပီျဖစ္ေႀကာင္း ဦးမုိးႀကိဳးက ဆက္ေျပာျပပါတယ္။

“ဧျပီလ ၄ ရက္ေန့တုန္းကေတာ့ ခ်င္းရိုင္ျပည္နယ္၊ မဲဆိုင္ျမိဳ့နယ္ထဲမွာ တရားမဝင္ ျမန္မာ ၆၀၊ ကေလး ၁၁ ေယာက္- အားလံုး ၇၁ ေယာက္ပါ။ ၂၀၂၂ ခုႏွစ္၊ ဧျပီလထဲမွာေတာ့ တရားမဝင္ျမန္မာ ၂၅၁ ေယာက္နဲ့ ကေလးက ၁၁ ေယာက္။ အခု ၅ ရက္အတြင္းမွာပါ။ ဧျပီလ ၁ ရက္ေန့ကေန ၅ ရက္ေန့ထိ အားလံုး ၂၆၂ ေယာက္ပါ။”

အေထာက္အထားမဲ့ျမန္မာေတြကေတာ့ထုိင္းျမန္မာနယ္စပ္ေတြကေနေနစဥ္၀င္ေရာက္လာေနျပီး ၂၀၂၁ တႏွစ္လံုးအတုိင္းအတာနဲ႔ ဖမ္းမိတဲ့ ႏိုင္ငံျခားေရႊေျပာင္း အလုပ္သမားအေရအတြက္၆ေသာင္းေက်ာ္ေလာက္ရိွမယ္လို႔လည္း ထိုင္းႏိုင္ငံမွာ အလုပ္သမားေရးေဆာင္ရြက္ေနတဲ့အဖဲြ ့ေတြစုေပါင္းထားတဲ့ Migrant Labour Development Network ကစာရင္း ျပဳစုထားပါတယ္။ အဲဒီထဲမွာ ျမန္မာႏိုင္ငံသားေတြက အမ်ားဆံုးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံတွင်းကားမှောက်မှု မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရ

ထိုင်းနိုင်ငံက မြန်မာနဲ့နယ်စပ် တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲမှာ ဧပြီလ ၅ရက်နေ့က မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံကြီးနဲ့ ဖွတ်ဖရဆေးရုံကြီး တို့မှာကုသပေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲက စိုင်မူဘန်းစမ်ရောက်ဒွယ်လမ်း၊ ဘန့်ဟွေးနုတ်လွေ့ရွာအနီး လူမှောင် ခိုသမားတွေ ခေါ်လာတဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၈ ဦး ကားပေါ် ပါလာတဲ့အတွက် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီနေ့ ဧပြီလ ၅ ရက်နေ့မနက်ပိုင်းမှာ တာ့ခ်ပြည်နယ် မဲဆောက်မြို့တောင်ဘက်မှာရှိတဲ့ ဖွတ်ဖရမြိုနယ်ထဲမှာ တရားမဝင် မြန်မာ ၁၈ ဦးကို သယ်ဆောင်လာတဲ့ကားက လမ်းချော်ပြီး တိမ်းမှောက်သွားပါတယ်။ ဒီထဲမှာ တရားမဝင် မြန်မာ ၁၈ ဦးထဲက ၈ ဦး ဒဏ်ရာရပါတယ်။ အဲဒီထဲက တဦးကတော့ ဒဏ်ရာပြင်းထန်လို့ မဲဆောက်အထွေထွေကုဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။ ကျန်တဲ့ ဒဏ်ရာရ ခုနစ်ဦးကတော့ ဖွတ်ဖရဆေးရုံကြီးမှာ ပို့ပြီးကုသခံနေရပါတယ်။”

တရားမဝင် မြန်မာတွေ သယ်ဆောင်လာတဲ့ကားတွေ တိမ်းမှောက်မှုဆိုတာက ထိုင်းနိုင်ငံအတွင်း မကြာခန ဖြစ်နေတာပါ။ တချို့မတော်တဆ ကားမှောက်တာတွေဟာ စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းရတာကနေ ဖြစ်ခဲ့ကြတာပါ။ ဇန်နဝါရီလထဲတုန်းကတော့ ကမ်ချနဘူရီခရိုင် Sai Yok မြို့နယ်ကနေThong Pha Phum ကိုသွားတဲ့ ကားတစီး ယဉ်တိုက်မှုဖြစ်ပြီး မတော်တဆ တိမ်းမှောက်ခဲ့ရာက ကားထဲမှာပါလာတဲ့မြန်မာ ၄ ဦးသေဆုံးပြီး ၇ ဦးလောက်က ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ မတ်လထဲမှာတော့ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ဖြစ်တဲ့ ကားတိုက်မှုအတွင်း ၆ ဦး သေဆုံးခဲ့ပါတယ်။ ချုံဖော်ပြည်နယ်ထဲမှာလည်း မြန်မာ ၃၅ ဦး လိုက်ပါလာတဲ့ကား ရဲစစ်ဆေးတာမခံဘဲ ထွက်ပြေးရင်း ကားမှောက်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာတွေလိုက်ပါလာတဲ့ကားတွေ မတော်တဆ တိမ်းမှောက်တာ၊ ကားတိုက်တာတွေဟာ လစဉ်နီးပါးဖြစ်နေပါတယ်။ ထိုင်းမြန်မာနယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကိုလည်း ထိုင်းနိုင်ငံဘက်မှာ အခုရက်ပိုင်း ဆက်တိုက်ဖမ်းမိနေပါတယ်။ ဧပြီလ ၄ ရက်နေ့ကဖမ်းမိသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေတောင် ပါဝင်ပါတယ်။ အခု ၅ ရက်အတွင်း ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၂၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ဦးမိုးကြိုးက ဆက်ပြောပြပါတယ်။

“ဧပြီလ ၄ ရက်နေ့တုန်းကတော့ ချင်းရိုင်ပြည်နယ်၊ မဲဆိုင်မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၆၀၊ ကလေး ၁၁ ယောက်- အားလုံး ၇၁ ယောက်ပါ။ ၂၀၂၂ ခုနှစ်၊ ဧပြီလထဲမှာတော့ တရားမဝင်မြန်မာ ၂၅၁ ယောက်နဲ့ ကလေးက ၁၁ ယောက်။ အခု ၅ ရက်အတွင်းမှာပါ။ ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ အားလုံး ၂၆၂ ယောက်ပါ။”

အထောက်အထားမဲ့မြန်မာတွေကတော့ထိုင်းမြန်မာနယ်စပ်တွေကနေနေစဉ်ဝင်ရောက်လာနေပြီး ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက်၆သောင်းကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

=============

XS
SM
MD
LG